Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 28, 2016

Michael_Jackson‬ ( ကမ္ဘာ့ဂီတသမိုင်းတ လျှောက်အအောင်မြင်ဆုံးဂီတသမား (သို့) ကမ္ဘာကြီးအားဂီတဖြင့်ပြောင်းလဲခဲ့သူ (သို့) လူမည်းတယောက်ရဲ့နာကျည်းစရာအတ္ထုပ္ပတ္တိ

‪#‎Michael_Jackson‬ ( ကမ္ဘာ့ဂီတသမိုင်းတ
လျှောက်အအောင်မြင်ဆုံးဂီတသမား (သို့)
ကမ္ဘာကြီးအားဂီတဖြင့်ပြောင်းလဲခဲ့သူ (သို့)
လူမည်းတယောက်ရဲ့နာကျည်းစရာအတ္ထုပ္ပတ္တိ
…………………………………………………………………………

" ဂီတ က ယဉ်ကျေးမူတခုပါ။
ဂီတ က လူသားတွေရဲ့နေ့စဉ်ဘဝပါ။
ဂီတ က ငြိမ်းချမ်းရေးစကားတခွန်းပါ။ "

မိုက်ကယ် ဂျက်ဆင်
* ၆နှစ်သားကသီချင်းစဆိုတယ်။အသက်
၅၀မှာသေတယ်။ ၄၄နှစ်ကြာဂီတလောကထဲသူ
နေခဲ့တယ်။ ဒီ၄၄နှစ်မှာ ကမ္ဘာကြီးထဲယဉ်ကျေးမူ
လူသားချင်းအသားအရောင်ခွဲခြားမူ ငြိမ်းချမ်းရေး
ဂန္တဝင်သီချင်းတွေ ဂန္တဝင်လုပ်ရက်တွေကိုသူလုပ်
ပြသွားခဲ့တယ်။ TV မရှိတဲ့ အခွေအလွယ်တကူ
ဝယ်လို့မရတဲ့ မဖွံ့ဖြိုးမတိုးတက်တဲ့နိုင်ငံတွေက
လူတွေပါ သူ့ နာမည်ကိုသိခဲ့ကြတယ်။သူ့ကို
ကြိုက်ခဲ့ကြတယ်။ ဒီခေတ်အသက်၂၀အရွယ်လူ
ငယ်တွေရဲ့မိဘတွေ အဖိုးအဖွားတွေ ပြည်ပဂီတ
နဲ့မရင်းနှီးနိုင်တဲ့သူတွေကိုပါ သူ့ကိုသိခဲ့ကြတယ်။


ကမ္ဘာပေါ်ကလူတိုင်းသူ့ကိုသိစေကြိုက်နှစ်သက်
စေခဲ့တယ်။ အမေရီကန်စာရေးဆရာကြီး
William Jaybaz ရဲ့ ၂၀၀၅ခုနှစ် Best Seller
စာအုပ်မှာဒီလိုရေးခဲ့တယ်။
" လင်ကွန်းကို တကမ္ဘာလုံးမသိခဲ့ဘူး
ဒါပေမယ့်မိုက်ကယ့် ကိုတော့
တကမ္ဘာလုံးသိစေခဲ့တယ်။
ပရက်စလေပုံကို တကမ္ဘာလုံး
မမြင်ဖူးကြဘူး မသိကြဘူး။
ဒါပေမယ့် ကမ္ဘာပေါ်ကဘယ်နိုင်ငံ
ရောက်ရောက် မိုက်ကယ်ရဲ့ပုံကို
သိခဲ့ကြတယ်။ "

ဟုတ်မယ်။ နိုင်ငံခြားဂီတတွေနဲ့အလှမ်း
ဝေးနေဆဲအချိန်တခုဖြစ်တဲ့ ၁၉၈၀ ၁၉၉၀နှစ်
တွေလောက်ကမြန်မာလိုနိုင်ငံမှာ မိုက်ကယ်
ဂျက်ဆင်ကိုသိခဲ့ကြတယ်။ သူဘာဆိုလဲမသိကြ
ဘူး။ ဒါပေမယ့်သူလှုပ်ရှားနေတဲ့ကပုံတွေနဲ့
သူ့အသံကမြန်မာလို တရက်ကွက်TVတလုံး
တောင်မရှိသေးတဲ့အဲ့ဒိအချိန်က ဗီဒီယိုရုံတွေမှာ
မိုက်ကယ့်ကိုသိခဲ့ကြိုက်ခဲ့ကြတယ်။ တခြားမစဉ်း
စားနဲ့ ဒီဖက်ခေတ်အသက် ၆၀ ၅၀ ၄၀ အရွယ်
တွေအတွက်မိုက်ကယ်ဟာနိုင်ငံခြားဂီတကိုမြန်
မာကလူအများစုကလွှမ်းမိုးစေခဲ့တဲ့အကြီးမားဆုံး
လူတယောက်ဖြစ်ခဲ့တယ်။ ဒါကိုမငြင်းနဲ့ ပရက်စ
လေ The Beatles နဲ့ မိုက်ကယ်ဘယ်သူကမြန်
မာကလူတွေပိုသိပိုကြိုက်ခဲ့ကြမလဲလူတိုင်းလိုက်
မေးရင် မိုက်ကယ်ကိုပဲလူအများစုကဖြေကြလိမ့်
မယ်။ ဒါကမိုက်ကယ်ဂျက်ဆင်ဆိုတဲ့နာမည်ဟာ
ဘယ်လောက်ထိအရှိန်အဝါကြီးခဲ့လဲဆိုတဲ့ပြယုဂ်
တခုပါပဲ။ ကမ္ဘာပေါ်မှာသူအအောင်မြင်ဆုံးလူ
သားထဲပါခဲ့တယ်။ ဒါပေမယ့်အပျော်ဆုံးဇိမ်ကျကျ
နေခဲ့ရတဲ့လူသားတယောက်တော့မဟုတ်ခဲ့ဘူး။
သူတော်တော်ဆင်းရဲပင်ပန်းကြီးစွာနေခဲ့ရတယ်။
ဂီတကိုအသက်ပါပေးပီးသူနေခဲ့တယ်ကြိုးစားပီး
သူ့၄၄နှစ်တာဂီတသမားဘဝကိုဖြတ်သန်းပီးနေ
ခဲ့ရတယ်။ သူမပျော်ခဲ့ဘူး နာကျင်မူပေါင်းများစွာ
အစော်ကားခံမူ နာမည်အဖျက်ခံရမူများစွာကိုခံရ
ပီးနေခဲ့ရတယ်။ နောက်ဆုံးသူဟာ King Of Pop
ဆိုတဲ့နာမည်ကိုကမ္ဘာမှာရိုက်ထည့်ပီး လောက
ကြီးထဲက ရုပ်ဆိုးဆိုးဇာတ်သိမ်းနဲ့သေသွားခဲ့ရ
တယ်။ ဒါပေမယ့် ဒဿနများစွာ ဂီတယဉ်ကျေး
မူများစွာ လမ်းသစ်များစွာ အတုယူစရာစိတ်ဓာတ်
များစွာကိုသူထားခဲ့တယ်။ လူမည်းထုတရက်လုံး
အတွက် သူအများကြီးလုပ်ပေးသွားခဲ့တယ်။
လူမည်းတွေရဲ့သူရဲကောင်း။ ဒီPostက King Of
Pop တယောက်ကိုအမွှန်းတင်တဲ့Postအနေနဲ့
မဟုတ်ပဲ ကမ္ဘာကြီးထဲကလူနာတယောက်အ
ကြောင်းဆိုပိုမှန်ပါလိမ့်မယ်။ မိုက်ကယ်ဂျက်ဆင်
သူဘယ်လိုဂီတလောကထဲဝင်လာလဲ?သူဘာ
တွေလုပ်ခဲ့လဲ?သူဘယ်လိုနေထိုင်ခဲ့ရလဲ?သူက
ဘာလဲ ? မေးခွန်းတွေရဲ့အစက ၂၀ရာစုအလယ်
ကနေစရလိမ့်မယ်။
.………………………………………………………………………
.
.
.
အချိန်အားဖြင့် ၁၉၅၈ခုနှစ် သြဂုတ်လ၂၉
ရက်နေ့ အမေရီကန်နိုင်ငံ အင်ဒီယားနားကစက်မူ
ဇုံအိမ်ယာတခုမှာနေထိုင်တဲ့ သာမာန်သူဆင်းရဲ
မိသားစုတခုကနေ မိုက်ကယ်ဆိုတဲ့လူမည်းလေး
တယောက်ကိုမွေးဖွားခဲ့ပါတယ်။ သားသမီး၆
ယောက်ထိရှိနေတဲ့JoeJacksonနဲ့Kathreine
Jackson အဖို့တော့မိုက်ကယ့်ကိုမွေးဖွားခဲ့ခြင်း
ကသိပ်အဆင်ပြေလှတယ်တော့မဟုတ်ဘူး။
ဂါရီလို နေ့စဉ်လူသတ်မူ လုယက်မူတွေကြီးစိုး
နေတဲ့မြို့မှာသူတို့မိသားစုဟာထိန့်တလန့်နဲ့နေ
ခဲ့ရပါတယ်။သံရေကျိုလုပ်သားတဦးအဖြစ်လုပ်
နေရတဲ့ဖခင်အဖို့လဲမစားသာလှပါဘူး။ ဒီလို
စက်မူဇုံဝန်ထမ်းဖခင်နဲ့  သာမာန်Pianoသမားမိ
ခင်နဲ့သားသမီးများတဲ့သူတို့မိသားစုအဖို့အိမ်ခန်း
၂ခန်းပဲရှိတဲ့သာမာန်မိသားစုထဲမိုက်ကယ်ဟာ
လူဖြစ်ဖို့အကြောင်းဖန်ခဲ့ပါတယ်။ဒါပေမယ့်မိခင်
ဖြစ်သူဟာမိုက်ကယ်မွေးဖွားလာခြင်းအတွက်အ
ရမ်းပျော်ရွှင်ခဲ့ပါတယ်။ဖခင်ဖြစ်သူJoeကလဲ
ဂီတနဲ့တော့မစိမ်းပါဘူး။ အပျော်တမ်းလက်ဝှေ့သ
မားတယောက်ဖြစ်သလို Bules Bandတခုမှာ
Guitarသမားလုပ်ရင်းမိသားစုစားဝတ်နေရေးအ
တွက်ရုန်းကန်ခဲ့သူပါ။ အကိုဖြစ်သူတွေကလဲ
Guitarသမားတွေ ဂီတဝါသနားအိုးတွေပေါ့။ဒါ
ပေမယ့် သူတို့မြို့ဂါရီကနေပီးကမ္ဘာကျော်သွားတဲ့
အနုပညာသမား ဂီတသမားတယောက်တလေ
တောင်မရှိခဲ့ပါဘူး။ အားတက်စရာမြို့ကြီးပေါ့ဗျာ။
မိုက်ကယ်ဟာ၎နှစ်သားထဲကမိခင်ဖြစ်သူနဲ့အ
နေများခဲ့သလိုမိခင်ဆီကဂီတ ပညာတွေကို
အမွေရခဲ့ပါတယ်။ ၅နှစ်သားမှာမိုက်ကယ်
ဟာမိခင်ဖြစ်သူPianoတီးတဲ့ဝိုင်းတွေ
နောက်တကောက်ကောက်လိုက်ရင်းသီချင်းတွေ
ကိုကောင်းကောင်ဆိုတက်ခဲ့ပါပီ။ ဒါပေမယ့်လူ
ဖြူတွေရှေ့ထွက်ရပ်ပီးသီဆိုဖို့ အထိတော့မိခင်
ဖြစ်သူဟာမိုက်ကယ့်ရဲ့ဂီတပါရမီကိုသိပ်အယုံအ
ကြည်မရှိလှသေးပါဘူး။အကိုတွေကလဲအဖတ်
လုပ်လေ့မရှိတဲ့အပြင် တခါတလေဖခင်ဖြစ်သူရဲ့
ညှင်းပန်းနှိပ်စက်ခြင်းကိုပါခံခဲ့ရတဲ့ကလေးတ
ယောက်ပါ။ အိမ်ကညနေပိုင်းရေဒီယိုဂီတအ
စီအစဉ်တွေလာရင် ရေဒီယိုရှေ့မိုက်ကယ်ဟာ
လိုက်ဆိုလိုက်လေ့ရှိပီး ဖခင်ရှေ့မှာတော့မိုက်
ကယ်ဟာသိပ်သီချင်းဆိုပြရဲလေ့တော့မရှိလှပါ
ဘူး။ဒါကလဲအဖေနဲ့သားကြားက ကြောက်စိတ်
တခုကိုး။ ဒီလိုနဲ့တရက်မိခင်ဖြစ်သူနဲ့လိုက်ရင်း
မိုက်ကယ်အသက်၆နှစ်လောက်မှာပေါ့။မိခင်ဖြစ်
သူအလုပ်လုပ်နေတဲ့ Night Club - Mr.Lucky
မှာဖျောဖြေရေးဝိုင်းထဲက အဆိုရှင်ဟာကျန်းမာ
ရေးမကောင်းလို့ဖျော်ဖြေဖို့ဝိုင်းထဲကလူတွေအ
ခက်တွေ့ခဲ့ပါတယ်။ Kathrine ကဒါကိုဖြေရှင်းဖို့
သူတို့ဝိုင်းဖျော်ဖြေတိုင်းစင်နောက်ကနေလိုက်ဆို
လေ့ရှိတဲ့သားဖြစ်သူမိုက်ကယ်ကို မဝင့်မရဲနဲ့
"သား အမေတို့ကိုကူညီနိုင်လား။ သားလုပ်နိုင်
လား" လို့မေးခဲ့ပါတယ်။ ဂါရီက အဲ့ဒိပွဲဟာမိုက်
ကယ့်ဘဝအတွက်ပထမဆုံးစင်ပေါ်တက်ပီးသီ
ချင်းဆိုခွင့်ရခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ
တော့မိုက်ကယ်ဟာဂီတပါရမီရှိသူတယောက်ဆို
တာကိုမိခင်ဟာတအံ့တသြဖြစ်ခဲ့ပါတယ်။အဲ့ဒိ
နောက်မိုက်ကယ့်ကိုဂီတလမ်းကြောင်းပေါ်
ရောက်ဖို့မိုက်ကယ်နဲ့မိခင်နဲ့ဖခင်ဟာရုန်းကန်ခဲ့
ကြပါတော့တယ်။ အကိုဖြစ်သူတွေဖွဲ့ထားတဲ့
Jackson 5 Bandမှာပါပါဝင်ခွင့်ရခဲ့ပါတယ်။မိုက်
ကယ့်မှာ ideaတခုငယ်ငယ်လေးထဲကရှိခဲ့တယ်။
၁၈၅၀လောက်ကအင်္ဂလန်ဂီတသမိုင်းတွေမှာ
အုပ်စုလိုက်ဆိုရင်းကတဲ့အလေ့အထတခုကို
မိုက်ကယ်ကကြိုက်တယ်။ သူတချိန်မှာဂီတလော
ကထဲကိုဝင်ရင် သီချင်းဆိုရင်းဟန်ချက်ညီညီ
ကပြဖျော်ဖြေဖို့ စိတ်ကူးတခုသူ့မှာအမြဲရှိခဲ့တယ်။
ဒီလိုနဲ့ မိုက်ကယ်အသက်၁၀နှစ်မှာတော့
သူ့ဘဝရဲ့ပထမဆုံးStudioမှာအသံသွင်းခွင့်ရတဲ့
သီချင်း Big Boy နဲ့အတူသီချင်းတချို့ကိုဖခင်
ဖြစ်သူသူငယ်ချင်းRecordsဖြစ်တဲ့Steeltown
ရဲ့အကူအညီနဲ့ထွက်ရှိဖို့ဖြစ်လာခဲ့ပါတယ်။မိုက်
ကယ်အသက်၁၂နှစ်မှာတော့ဒီထဲကသီချင်းတ
ချို့ဟာ Billboardအထိချိတ်လာခဲ့သလိုမိုက်
ကယ်ဟာBillboardသက်တမ်းမှာအသက်အ
ငယ်ဆုံး No.1ဖြစ်လာတဲ့အဆိုတော်လေးတ
ယောက်ဖြစ်ခဲ့ပါတော့တယ်။ ဒါကမိုက်ကယ်
ဂျက်ဆင်ဆိုတဲ့နာမည်ကမ္ဘာကိုပြန့်နှံ့ ဖို့၁၂နှစ်အ
ရွယ်မှာတင်စတင်ခဲ့တဲ့မိုက်ကယ်ရဲ့ပထမဆုံး
ခြေလှမ်းပါ။ ဒါကြောင့်ပဲသူတို့မိသားစုဟာကယ်
လီဖိုးနီးယားကိုပြောင်းရွေ့ခဲ့ကြပီးမိုက်ကယ်ရဲ့
ဂီတလမ်းကြောင်းပေါ်လျှောက်လှမ်းဖို့ဆုံးဖြတ်ခဲ့
ကြပါတယ်။ အဲ့ဒိအချိန်မှာမိုက်ကယ်ဟာကိုယ်
တိုင်သီချင်းရေးနိုင်သလို ဆိုလဲဆိုဖို့ယုံကြည်မူ
အပြည့်ရှိနေခဲ့ပါပီ။ငါကလူမည်းဆိုတာကိုမေ့
ထားပီးလူဖြူတွေပေါတဲ့ကယ်လီဖိုးနီးယားလိုမြို့
ကြီးမှာတိုးဖို့မိုက်ကယ်စတင်ခဲ့ပါပီ။၂နှစ်ကြာပြင်
ဆင်မူတွေလုပ်ခဲ့အပြီး ၁၉၇၂ ခုနှစ် ဇန်နဝါရီလ
၂၄ရက်နေ့မှာတော့ မိုက်ကယ်ရဲ့ပထမဆုံး
Album Go to be there ကိုဖြန့်ချီလာခဲ့ပါတယ်။
ဒီAlbum ဟာ ၁၄နှစ်သားလူမည်းတယောက်အ
တွက်တော့အရမ်းကြီးကျယ်လွန်းတဲ့ဂီတဖန်တီး
မူ Popဂီတကိုအသစ်တဖန်ဆန်းသစ်မူပြောင်းလဲ
မူများစွာပါလာခဲ့ပါတယ်။ Pop Chartsမှာ No.14
R&B Charts မှာ No.3 အထိတက်လာခဲ့သလို
အမေရီကန်မှာတင်အချက်ရေ၉သိန်းကျော်
ရောင်းချခဲ့ရပါတယ်။ အဲ့ဒိနောက်မှာတော့မိုက်
ကယ်ဟာဂီတလောကထဲကပြောင်းလဲမူယဉ်
ကျေးမူ ဆန်းသစ်မူများစွာလုပ်ဖို့စတင်ခဲ့ပါတော့
တယ်။ Albumတွေထွက်လာတယ်။ အမြင့်ဆုံး
ဆိုတဲ့ Grammy ဆုတွေရတယ်။ မထင်ထားတဲ့
စံချိန်တွေကိုလုပ်ခဲ့တယ်။ တ ဆက်ထဲPopဂီတ
ကို၂၀ရာစုအစပုံစံအဟောင်းတွေကနေဆွဲထုတ်
ပစ်တယ်။ ထူးခြားမူကတော့ ကမ္ဘာပေါ်မှာမိုက်
ကယ်ဂျက်ဆင်ဆိုပီး အမှတ်အစားတခုဖြစ်လာ
ဖို့ဘယ်သူနဲ့မှမတူတဲ့သူ့ရဲ့ကကွက်တွေပါပဲ။မထင်
နဲ့အရမ်းမှော်ဆန်တယ်။ လူတယောက်ကနေတာ
ကိုကြောင်ပီးလိုက်ပါစီးမျောစေဖို့မိုက်ကယ်ရဲ့က
ကွက်တွေကဖမ်းစားနိုင်ခဲ့တယ်။ သူ့လိုကတဲ့သူ
တွေအများကြီးရှိတယ်။ဒါပေမယ့်ဂီတသမိုင်းမှာ
ဂီတနဲ့အကတွဲဖက်စီးမျောဖျော်ဖြေတဲ့နေရာမှာ
မိုက်ကယ်ရဲ့ဖန်တီးမူလောက်လွှမ်းမိုးပစ်လိုက်တဲ့
အနုပညာသမား၂၀ရာစုမှာမပေါ်ခဲ့ပါဘူး။ အခန်း
ကျဉ်းလေးတခုမှာသီချင်းရေးရတာကိုကြိုက်
တယ်။ Albumအတွက်သီချင်းတပုဒ်ရွေးပီးတိုင်း
ဒီသီချင်းကိုဘယ်လိုဆန်းသစ်မူတွေထည့်ရမလဲ
ဘယ်လိုဖန်တီးမူအသစ်တွေထပ်ဖြည့်ရမလဲသူ
အမြဲစဉ်းစားတယ်။ သီချင်းအပုဒ် ၃၀၀ ၄၀၀အ
ထက်ရွေးချယ်ပီးမှ Albumထဲထည့်မယ့်သီချင်း
ဆယ်ပုဒ်ကျော်ကိုထပ်ရွေးလေ့ရှိတယ်။Show
တပွဲလုပ်ဖို့ကြံတိုင်း Rehersal ကိုအသေအ ကြေ
လေ့ကျင့်တယ်မွန်းမံတယ်။ မိုက်ကယ်ဂျက်ဆင်
သူဘယ်တော့မှဂီတကိုမလိမ်မခိုခဲ့ဘူး။အသံနာ
နေလို့ နှာစေးနေလို့  မနေ့ကနေမကောင်းလို့ပါ
ဆိုပီးအကြောင်းပြချက်ဘယ်တော့မှမပေးဘူး။
အဲ့လိုအဆိုတော်ထဲ မိုက်ကယ်မပါခဲ့ဘူး။သူ့ကို
ပိုက်ဆံပေးလာကြည့်တဲ့ပရိတ်သတ်အတွက်သူ့
ဟာဘာဖြစ်လို့ဘာဆိုတဲ့အကြောင်းပြချက်ပေး
လေ့မရှိဘူး။ ဆိုနေရင်းသေသွားမယ်ဆိုရင်
တောင်သူဆိုမယ်။ ဘယ်လိုမှသူနာမကျန်းမတ်
တပ်မရပ်နိုင်ရင်သူမဆိုဘူး။ ဒါပေမယ့်ဆိုပီဆို
ရင်သူ့ဟာစင်ပေါ်ရောက်မှအကြောင်းပြချက်ပေး
လေ့မရှိဘူး။ ဒါကြောင့်လဲမိုက်ကယ်ဟာပေါ်ပင်
နာမည်ကြီးချင်တဲ့အဆိုတော်တွေကြားသူအထူး
တလည်နာမည်ကြီးစရာမလိုပဲအောင်မြင်ခဲ့တယ်။
Showတွေမှာပရိတ်သတ်ကိုလိမ်လေ့မရှိလို့
ထိခိုက်ဒဏ်ရာတွေ မတော်တဆတွေဖြစ်ခဲ့တာ
ကလဲများခဲ့တယ်။နောက်တခုက ဒီဖက်ခေတ်ဂီ
တသမားအများစု သရုပ်ဆောင်အများစုမှာမရှိတဲ့
လူအချင်းချင်းလေးစားမူ မိုက်ကယ့်မှာရှိတယ်။
ငါအဆိုတော်ငါမင်းသမီး ငါကအဓိကဆိုပီး
အတီးသမားတွေ သရုပ်ဆောင်ဆိုလူကြမ်းတွေ
ဇာတ်ရံတွေအပေါ်လေးစားမူအားနည်းပီးကြီး
ကျယ်စပြုမူတတ်တဲ့အနုပညာသမားထဲမိုက်
ကယ်မပါခဲ့ဘူး။ Showတခုစီစဉ်တိုင်း Tourတခု
စီစဉ်တိုင်းနောက်ကပံ့ပိုးပေးရတဲ့စက်သမားအ
ကသမားတွေနဲ့မိုက်ကယ်ဟာအမြဲမိသားစုသ
ဖွယ်လေ့ကျင့်တယ် သူတို့ကလိုတာပြောပြရင်
သူပြင်တယ် တလေးတစားသင်ယူတယ်။သီချင်း
သွင်းရင်လဲဒီလိုပဲ။ ဒါကြောင့်လဲမိုက်ကယ်နဲ့အ
လုပ်တွဲလုပ်ရတဲ့လူတိုင်းဟာတခြားသူထက်ပို
ပင်ပန်းကြပေမယ့် အရမ်းပျော်ကြတယ်။နောက်
တခုသူ့ fashion ။ မိုက်ကယ်ဂျက်ဆင်ဆိုတာနဲ့
ဦးထုတ်ရယ် သူ့လက်အိတ်ရယ် သူ့fashion
ရယ်ကကမ္ဘာမှာအမှတ်အသားတခုဖြစ်ခဲ့တဲ့အထိ
လွှမ်းမိုးခဲ့ပါတယ်။ ဒါတင်ပဲလားဆိုမကပါဘူး။
မိုက်ကယ်ဂျက်ဆင် သီချင်းအသစ်ထွက်တယ်
ဟေ့ဆိုတာနဲ့ မေးစရာမလိုအောင်လန်ပြန်ခဲ့သ
လိုတကမ္ဘာလုံးကအားပေးမူကိုရခဲ့ပါတယ်။မိုက်
ကယ်ဂျက်ဆင် ခေတ်မှာသူ့ကိုကျော်မယ့်သူမရှိ
ခဲ့တဲ့အထိ Popဂီတဖက်မှာမိုက်ကယ်ဟာKing
Of Popဆိုတဲ့ဘွဲ့ကြီးကိုရခဲ့ပါတယ်။ ဒါ့အပြင်
Popဂီတသမိုင်းတလျှောက်လုံးမှာကမ္ဘာ့အမြန်
ဆုံးရောင်းအားအကောင်းဆုံးသီချင်း Billboard
No.1 ဖြစ်နေတဲ့သီချင်းဟာလဲ မိုက်ကယ်ရဲ့
We Are The World သီချင်းကြီးကယနေ့အထိ
စံချိန်တင်ထားခဲ့သလို Thriller Albumဟာလဲ
ယနေ့ထိတိုင်ရောင်းအားအကောင်းဆုံးAlbum
အဖြစ်စံချိန်တင်ထားဆဲပါ။

ဒါပေမယ့် မိုက်ကယ်ရဲ့ဂီတသက်တမ်းတ
လျှောက်မှာ နာမည်အဖျက်ခံရမူတွေ သူ့ကိုမ
ကောင်းကြံမူတွေ အထင်လွဲခံရမူတွေ စိတ်ဖိစီးမူ
တွေများစွာလဲကြုံခဲ့ရသူပါ။

" ကမ္ဘာပေါ်မှာ ဒီနေ့ခေတ်လူကြိုက်များ
လာတဲ့ Rock Pop Jazz ဂီတတွေက
Hip Hop ဂီတ ပြီးတော့ဂီတနဲ့အကတွဲ
ဖက်တင်ဆက်မူတွေက ကျတော်တို့
လူမည်းတွေကပဲစတင်ခဲ့တာတကမ္ဘာ
လုံးသိတယ်။ ဒါကိုသူတို့လက်မခံချင်ကြ
ဘူး။ လူမည်းတွေကိုနှိမ်ကြတယ်။စော်
ကား ခွဲခြားကြတယ်။ ဟုတ်တယ်။
ကမ္ဘာပေါ်က ဂီတကိုခံစားတဲ့လူအများစု
က လူလိမ်တွေချည်းပဲ။ အမှန်တရားကို
လက်မခံချင်ကြတဲ့လူလိမ်တွေချည်းပဲ"

Michael Jackson
" Rockဂီတဆိုတာနဲ့ လူတွေက
Elvis Presley နဲ့ Rolling Stones
အဖွဲ့ကိုပဲ Rockဂီတဖခင်လို့ကြွေး
ကြော်ကြဖော်ပြကြတယ်။ ဘယ်မလဲ
ကျုပ်တို့ အာဖရိကက Rockဂီတစတင်
သူလူမည်းတွေရဲ့ပုံ သူတို့နာမည်။ဘယ်
နှယောက်များဖော်ပြခံရဖူးလဲ။ ဘယ်
မဂ္ဂဇင်းတွေဖော်ပြဖူးလဲ။ Rockဂီတက
လူဖြူဂီတမဟုတ်ဘူး ကျတော်တို့လူ
မည်းဂီတစတင်မူတခု။ ဒါကိုလက်ခံ
တဲ့လူဖြူRockဂီတထဲဘယ်နှယောက်
များရှိလို့လဲ။ မာန်မတက်ပါနဲ့ရယ်စရာ
ကြီးပါ။ အကုန်လိမ်ထားကြတယ်။"

Michael Jackson

" လူဖြူဂီတဘုရင်ဆိုတဲ့ Elvis Presley
The Beatles တို့ရဲ့စံချိန်တွေကို
ကျတော်ချိုးခဲ့တယ်။ဒီစာရင်းထွက်ပီး
မကြာဘူး။ ကျတော်ဟာလိင်တူဆက်
ဆံသူ။ အရွယ်မရောက်ကလေးတွေ
ကိုလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်သူလို့
Media တွေကဖြန့်တယ်။ ဘယ်မလဲ
အထောက်အထား ဘယ်မလဲလူမည်း
တွေရဲ့အမှန်တရား။ တကယ်တော့
ဂီတနဲ့ပတ်သတ်ရင်လူဖြူတွေကလိမ်
လည်မူတွေချည်းပဲ။ "

Micheal Jackson
ဒီလိုဖြေကြားမူတွေနဲ့မိုက်ကယ်ရဲ့ရင်ထဲနာ
ကျည်းချက်တွေကိုဖွင့်ချအပြီးမိုက်ကယ်ဟာ
မဟုတ်မမှန် သောက်တလွဲသတင်းတွေကြား
ခါးစီးခံခဲ့ရတယ်။ အပြင်မထွက်ရဲအောင်ဖြစ်ခဲ့ရ
တယ်။ Media တွေလူဖြူတွေရဲ့ယုတ်မာမူကို
၁၀စုနှစ်တစုကြာခံခဲ့ရတယ်။ Rockဂီတကိုစတင်
တဲ့ တောင်အာဖရိသားJoe Moson ဟာရဲ့နာ
မည်အဖျောက်ခံရမူကိုခံပြင်းခဲ့တယ်။ပရက်စလေ
The Beatlesတို့ကိုသူမမုန်းဘူး။ ဒါပေမယ့်အ
မှန်တရားကိုချမပြရဲ မကြေငြာရဲတဲ့လူဖြူတွေကို
သူစိတ်နာခဲ့တယ်။စဉ်းစားကြည့် အဖေနာမည်
နေရာမှာ အဖေရဲ့ကြိုးစားမူအကုန်လုံးကိုသားဖြစ်
သူနာမည်တပ်ပီးကြေငြာခံရတဲ့လူမည်းတွေရဲ့
ခံစားချက်။ ဒီခံစားချက်ကြောင့်မိုက်ကယ်ဟာလူ
မည်းတွေကကမ္ဘာမှာအနှိမ်ခံလူတန်းစားမဟုတ်
ဘူးဆိုတာကိုချပြဖို့ပိုကြိုးစားခဲ့ပါတော့တယ်။ဒါ
ကြောင့်ငြိမ်းချမ်းရေး သဘာဝပတ်ဝန်းကျင်ထိန်း
သိမ်းရေး လူသားချင်းစာနာမူတွေကိုဂီတနဲ့ရော
ပရဟိတတွေနဲ့ပါသူလုပ်ခဲ့တယ်။ ကမ္ဘာအနှံ့က
စစ်ဘေးသင့် အစာရေစာချို့တဲ့တဲ့လူဖြူလူမည်း
တွေအတွက်သူရရှိတဲ့အနုပညာကြေးတွေကို
ပေးလှူတန်းခဲ့တယ်။ ၂၀၀၁ခုနှစ်တနှစ်ထဲတင်
အမေရီကန်ဒေါ်ဘာသန်း၄၀ကျော်သောပမာဏ
ကြီးကိုလှူတန်းခဲ့တယ်။ ဒါကြောင့်လဲမိုက်ကယ်
ဟာနိုင်ဘယ်ဆုဇကာတင်၁၀ဦးစာရင်းမှာ၂ကြိမ်
အထိပါဝင်ခဲ့ပါတယ်။ဒါကဂီတသမားတယောက်
အဖို့အရမ်းကြီးကျယ်လွန်းခဲ့ပါတယ်။ဒါတင်ပဲ
လားဆို မိုက်ကယ်ဟာ ပရဟိတFoundation
များစွာကိုထူထောင်သွားခဲ့ပါတယ်။

* Micheal Jackson Burn Center ( 1984 )
* Micheal Jackson AIDS Center ( 1986.)
* Micheal Jackson EducationFou: ( 1987)
* Save The World ( 1992 )
* Heal The World ( 2001 )
* Micheal Jason ကလေးဆေးရုံကြီး ၂ရုံ
* Micheal Jason ဆီးချိုသွေးချိုကုသဆေးရုံ
* Save The World Hospital

နဲ့ ပရဟိတFoundation ကြီး၄၀ကျော်ကို
မိုက်ကယ်ဟာတည်ထောင်ခဲ့ပါတယ်။ပိုက်ဆံမ
လိုဘူး တကယ်မတတ်နိုင်တဲ့ဆင်းရဲသားတွေ
အတွက်ကမ္ဘာအနှံ့မိုက်ကယ်ဂျက်ဆင်ဟာ
ကူညီဖို့လုပ်ခဲ့ပါတယ်။ ဂီတဖက်မှာမိုက်ကယ်ဟာ
ပရဟိတအလုပ်ဆုံးဂီတသမားအဖြစ် ရုပ်ရှင်ဖက်
ကရှာရွတ်ခန်းလိုမှတ်တမ်းဝင်ထားခဲ့ပါတယ်။
ဒါပေမယ့်လူဖြူတွေအတွက်တော့မိုက်ကယ်ဟာ
နတ်ဆိုးတပါးလိုဆက်ဆံခံခဲ့ရပါတယ်။ကလေး
သူငယ်မုဒိန်းကျင့်မူနဲမိုက်ကယ့်ကိုလက်ထိပ်
ခတ်ခဲ့တယ်။တရားစွဲခဲ့တယ်။နာမည်ဖျက်ခဲ့ကြ
တယ်။ပီးမှမဟုတ်ဘူးဆိုပီးလွှတ်တယ်။သမင်ဖြူ
အရေပြားရောဂါသည်ဆိုပီးသတင်းစာတွေမှာ
ကြေငြာတယ်။ ငွေမည်းသုံးသူဆိုပီးဖမ်းတယ်။
ပီးရင်ပြန်လွှတ်တယ်။ ဒါပေမယ့်နာမည်ဖျက်ပီး
ရင်သတင်းအမှန်ကိုဘယ်တော့မှလူသိရှင်ကြား
မကြေငြာပေးခဲ့ဘူး။ လူဖြူMediaအများစုရဲ့
ယုတ်မာမူကိုမိုက်ကယ်ဆယ်စုနှစ်ကြာခံခဲ့ရတယ်
တချို့သီချင်းတွေကို မိုက်ကယ်ဟာအချုပ်ခန်းထဲ
မှာေ ရးခဲ့ရတယ်။ မိုက်ကယ်ဂျက်ဆင်ဟာAlbum
၁၀ချပ်သာထွက်ခဲ့တယ်။ ဒါပေမယ့်သန်း၇၅၄
သန်းကျော်Albumအချပ်ရေရောင်းအားနဲ့ကမ္ဘာ့
ဂီတသမိုင်းမှာ Albumအချပ်ရေအရောင်းရဆုံး
ဂီတသမားအဖြစ်သမိုင်းဝင်ထားခဲ့ပါတယ်။ဒီကိစ္စ
နဲ့ပတ်သက်ပီးလဲ RIAA ကထုတ်ပြန်ချက်ကြောင့်
ပြသနာများစွာနဲ့မိုက်ကယ်ဟာခံခဲ့ရပါသေးတယ်။
ပြသနာကတော့ Elvis Presley ဟာAlbum
အချပ်ရေသန်း၁၀၀၀ကျော်ရောင်းချခဲ့ရပီးဘာလို့
သန်း၇၅၀ကျော် မိုက်ကယ်ကNo.1ဖြစ်ရသလဲ
ဆိုပီးစောဒကတက်မူများစွာဖြစ်ခဲ့ပါတယ်။ဒါပေ
မယ့် Presley ရဲ့သန်းတထောင်ကျော်သော
Albumအချပ်ရေရောင်းရတယ်ဆိုမူမှာMedia
တွေရဲ့ပုံကြီးချဲ့မူမှတ်တမ်း သာရှိပီး မိုက်ကယ်ရဲ့
၇၅၄သန်းသောAlbum အချပ်ရေကတော့AOW
Asdoication Of Word Records မှတ်တမ်းနဲ့
အတိအကျဖြစ်နေခဲ့မူပါပဲ။ RIAA ကအတိအကျ
စာရင်းကောက်ခဲ့မူမှာတော့ Presley ရဲ့တရားဝင်
ရောင်းချရမူမှာ သန်း၆၉၀ကျော်သာစာရင်းရှိနေ
ခဲ့တာဖြစ်ပါတယ်။ ဒါကလဲလူဖြူအများစုကြီးစိုး
တဲ့ဂီတလောကရဲ့အမှန်တရားတချို့ကိုလိမ်လည်
ထားမူတွေကြောင့်လို့ RIAA ကဖြေရှင်းထားခဲ့ပါ
တယ်။ မိုက်ကယ် - သူဒီကိစ္စတွေကိုသိပ်ပီးခေါင်း
ထဲမထည့်ခဲ့ဘူး။ ငါတစ်ဖြစ်ရမယ် ငါကတစ်ဆို
တာမျိုးသူတခါမှစောတကမတက်ခဲ့သလိုပြသ
နာလဲမရှခဲ့ဘူး။ ဂီနကိုလွတ်လပ်စွာဖန်တီးတင်
ဆက်ရင်းနဲ့ပဲသူနေသွားခဲ့တယ်။ နောက်ပြသနာ
တခုက မိုက်ကယ်ဟာတကိုယ်လုံးခွဲစိတ်ခဲ့ပီး
အသားဖြူအောင်လုပ်ခဲ့တယ်။အလှအပကိုဦး
စားပေးခဲ့တယ်။ လူမည်းဖြစ်ရတာကိုရှက်ခဲ့တယ်
ဆိုတဲ့အချက်ပါပဲ။ တကယ်တမ်းမိုက်ကယ်ဟာ
အရေပြားရောဂါ Vitiligo ဖြစ်ခဲ့မူစတင်ခဲ့ပီး
၁၉၇၂ခုနှစ်ကစဖြစ်ခဲ့တဲ့ဒီရောဂါကြောင့်ပဲမိုက်
ကယ်ဟာတကိုယ်လုံးယိုတကွက်ဒီတကွက်
ဖြူသွားခဲ့ပါတယ်။Showပွဲတွေမှာဒါကိုဖုံးဖို့မိုက်
ကယ်ဟာမိတ်ကပ်အကူအညီကိုယူခဲ့ရာကမိုက်
ကယ်ဟာတမင်အသားဖြူအောင်ခွဲစိတ်ခဲ့တယ်
ဆိုတဲ့သတင်းတွေက အမေရီကန်လူဖြူမဂ္ဂဇင်း
တွေကဖွခဲ့ပါတော့တယ်။၁၉၉၀လောက်မှာတော့
မိုက်ကယ်ဟာဒီရောဂါကြောင့်တကိုယ်လုံးဖြူ
နေခဲ့ပါပီ။ အအေးဓာတ်ပိုလာရင်သေမလောက်ခံ
စားရတဲ့ဒီရောဂါနဲ့နာကျင်မူတွေကိုဖျောက်ပီးဂီတ
ကိုဖန်တီးဖို့ မိုက်ကယ်ဟာအကိုက်ခဲပျောက်
ဆေးတွေ၁၉၉၁ခုနှစ်မှာစတင်သောက်သုံးခဲ့ရပါ
ပီ။ တဖက်မှာလဲMediaတွေလူဖြူတွေသရော်
ခြင်းကိုခံရတဖက်မှာလဲဝေဒနာကိုကျိတ်ခံစားရ
နဲ့ မိုက်ကယ်ဟာMega Starတယောက်ဘဝကို
ရခဲ့ပေမယ့်သာမာန်လူတွေလိုမပျော်ရွှင်ခဲ့ရပါဘူး။
သူ့လိုတယောက်ရှိခဲ့တယ်။ သူကတော့ Kurt
Cobainပါပဲ။မိုက်ကယ့်ကိုဒီလိုသတင်းတွေဖြန့်
ခဲ့လိုလူဖြူတွေတင်မကပဲ ငါတို့လူမျိုးဖြစ်ရတာ
ရှက်တဲ့မင်းကိုမုန်းတယ်ဆိုတဲ့လူမည်းအများစုရဲ့
အမုန်းကိုပါခံခဲ့ရပါတော့တယ်။ဒါပေမယ့်သူ့ရဲ့စစ်
မှန်တဲ့ဂီတအပေါ်ထားတဲ့စိတ်ဓာတ်ကြောင့်မိုက်
ကယ်ဟာStageaပေါ်အမြဲပျံဝဲပီးဖျောဖြေသွား
ခဲ့ပါတယ်။ ဒီလိုမိုက်ကယ့်ကိုရှူံချနာမည်ဖျက်မူ
တွေကြောင့်လဲ မိုက်ကယ်ဟာ ၁၉၇၈ခုနှစ်မေလ
ကစပီး ၁၉၉၃ ဒီဇင်ဘာလအထိ ဘယ်media
နဲ့မီမတွေ့ခဲ့ပဲ interviewတွေprogramတွေကို
ငြင်းဆန်ခဲ့ပါတယ်။ မိုက်ကယ်ရဲ့ပထမဆုံး
mediaတွေရှေ့ပြန်လာခဲ့တာကတော့Presley
ရဲ့သမီး E.lisa နဲ့ လက်ထပ်ခဲ့ချိန်ပါပဲ။ဒါပေမယ့်
Lisa ဟာမိုက်ကယ့်ကိုသိပ်ချစ်လှတယ်တော့
မဟုတ်ပါဘူး။ မိုက်ကယ်ခုလိုဖြူဖတ်ဖြူရော်
ဖြစ်သူအပေါ်သူမရှက်မိကြောင်းmediaတွေကို
အမြဲဖြေခဲ့သလို ဖခင်Presley နာမည်ကိုတပ်
ပီးဖြေထားခဲ့ ဖခင်ကRockဂီတဖခင်မဟုတ်
ကြောင်းမိုက်ကယ်ချပြခဲ့မူတွေအပေါ်သူမရဲ့အ
မုန်းတရားကလဲမိုက်ကယ့်အပေါ်မသေးခဲ့ပါဘူး။
နောက်ဆုံးတနှစ်ကျော်သာရှိသေးတဲ့အိမ်ထောင်
သက်တမ်းမှာပဲမိုက်ကယ့်ကိုအိမ်ထောင်ရေး
ဖောက်ပြန်သူဆိုပီးတရားဆွဲဆိုမူတွေလုပ်ခဲ့ပီး
လမ်းခွဲခဲ့ပါတယ်။ မိုက်ကယ် - သူမိန်းမတွေနဲ့
ပက်သက်ခဲ့တယ်။ ဒါပေမယ့်အချစ်ရေးအိမ်
ထောင်ရေးတော့သူကံမကောင်ခဲ့ဘူး။ဒါပေမယ့်
မိုက်ကယ်အသက်၃၀အတိ ၁၉၈၈ခုနှစ်မှာတင်
Popဂီတသမိုင်းမှာစံချိန်အမြင့်ဆုံးတွေကိုလုပ်ပြ
နိုင်ခဲ့ပီး King Of Pop ဆိုတဲ့ဂီတဘုရင်တပါးအ
ဖြစ်သမိုင်းဝင်ထားခဲ့ပါတယ်။
မိုက်ကယ်ဟာ အသားဖြူအောင်ဒေါ်လာ
သန်းချီအကုန်ကျခံပီးပြုပြင်ခဲ့သူလို့ကမ္ဘာ့blog
အများစုကဖြန့်ခဲ့တယ်။ မြန်မာမဂ္ဂဇင်းအများအ
ပြားမှာရေးသားခဲ့ကြတယ်။ အဲ့ဒိသန်းချီကဘယ်
လောက်ကုန်လဲ ဘယ်ဆေးရုံဘယ်ဆရာဝန်က
လုပ်ပေးခဲ့လဲဘယ်အချိန်ကလုပ်ခဲ့လဲဆိုတဲ့သဲ
လွန်စတခုကိုတောင်အထောက်အထားမပြနိုင်
ကြပါဘူး။ တောပြောတောင်ပြောလူဖြူmedia
တွေsocialnetworkမှာကိုယ့်magazineနာမည်
ရရင်ပီးရောဆိုပီးဖောတာကိုသာလူအများစုသိ
ခဲ့ကြပီးတကယ်တမ်းမိုက်ကယ်အသားတကိုယ်
လုံးဖြူအောင်လုပ်ခဲ့တယ်ဆိုတဲ့အထောက်အ
ထားကိုမပြနိုင်ကြပါဘူး။ (wiki လောက "မိုက်
ကယ်အသားတကိုယ်လုံးဖြူအောင်လုပ်ခဲ့ပါ
တယ်"ဆိုတာလောက်ကိုမပြောနဲ့ englishလို
ရေးတိုင်းအမှန်တရားမဟုတ်သလို လူဖြူmedia
တိုင်းလဲအမှန်တရားမဟုတ်ပါဘူး။) ဒီပြသနာကို
မိုက်ကယ်ရဲ့ ဆရာဝန်တယောက်ဖြစ်ခဲ့တဲ့
Nevies Dawnel က ၂၀၀၃ခုနှစ်မှာသူရေးတဲ့
The Sun အမေရီကန်သတင်းစာမှာဆေးပညာ
အထောက်အထားနဲ့ဖော်ပြသွားခဲ့ပါတယ်။မိုက်
ကယ်ဖြစ်တဲ့ Vitiligo ရောဂါဟာဆေးပညာအရ
မယ်လ်နင် (melanin ) ဓာတ်ဆုံးရှူံးပီးအရေ
ပြားကိုပေးပို့တဲ့အဟာရဓာတ်နည်းပါးမူအရေ
ပြားအဟာရချို့တဲ့မူကြောင့်ဖြစ်ရတာပါ။ဒီလိုရော
ဂါကိုလူမည်းတွေတင်မကပဲလူဖြူတွေပါဖြစ်လေ့
ရှိကြပါတယ်။ ခရုသင်း သမင်ဖြူရောဂါလို့မြန်မာ
မှာခေါ်ကြတယ်။ ဒီရောဂါဟာ နေရောင်ခြည်နဲ့
တိုက်ရိုက်ထိတွေ့ရင်အသားပိုမည်းတတ်တဲ့
နောက်ဆုံးအဆင့်ကိုမိုက်ကယ်ဟာဖြစ်ခဲ့တာပါ။
ဒါကြောင့်မိုက်ကယ်ဟာဒီရောဂါဖြစ်ထဲကအပြင်
ကိုသိပ်မထွက်ခဲ့ရတော့ပဲ ထွက်ရင်တောင်အ
ဝတ်ထူထူ ထီးအမြဲဆောင်းရတဲ့ဝေဒနာသည်ဘ
ဝကိုရောက်ခဲ့ပါတယ်။ ဒါကမျိုးရိုးလိုက်ရောဂါ
ထဲကဖြစ်ပီး Inzine နဲ့ melanin အချိုးမကျမူ
ချို့တဲ့မူများတဲ့လူတွေမှာဖြစ်လေ့ရှိပီးမွေးလာတဲ့
ကလေး 30% ဟာမျိုးရိုးလိုက်ပါတယ်။မိုက်ကယ့်
မိသားစုထဲအမေဖက်ကအမတွေဦးလေးတွေဟာ
ဒီရောဂါကြောင့်သေဆုံးခဲ့ရသလို မိုက်ကယ်ဟာ
လဲအမေဆီကနေမျိုးရိုးလိုက်ခဲ့ရတာပါ။ ဒီရောဂါ
ဖြစ်တဲ့လူအများအပြားကိုGoogleမှာရှာနိုင်သလို
တချို့ဟာ ဆံပင် မျက်လုံး လက်သည်းတွေကအ
စဖြူသွားတတ်ပါတယ်။ မိုက်ကယ်ကလဲဒီရောဂါ
သည်တွေထဲကတယောက်ပါပဲ။ ဒါပေမယ့်လူဖြူ
တွေအတွက်ဒီဖြေရှင်းချက်ကိုမလိုချင်ဘူး။မိုက်
ကယ့်သိက္ခာကျဖို့ပဲလိုချင်ခဲ့တယ်။ဒါကြောင့်မ
ဟုတ်မမှန်သတင်းတွေဖြန့်ခဲ့တယ်။မဟုတ်ဘူးဆို
တာထွက်လာတော့ တိုးတိုးလေးပြောတယ်။
မိုက်ကယ့်ရဲ့ Die Hard Fanဆိုတဲ့မြန်မာကအကို
အမအများစုကအစဒီcaseကိုတလွဲရေးထားမူ
တွေရှိခဲ့တယ်။ ( စော်ကားလိုချင်းမဟုတ်ပါ
အမှန်တရားကိုချပြချင်ရုံသက်သက်ပါ။) ဒီရောဂါ
အကြောင်းကိုလဲ မြန်မာဒေါက်တာခင်မောင်လွင်
ကသူ့ ကျန်းမာရေးProgramမှာဖြေကြားခဲ့တာ
မျိုးတွေ မိုက်ကယ်ကိုဥပမာထားပြောသွားမူတွေ
ကသက်သေပါပဲ။ ဒါကလဲလူမည်းတယောက်က
လူဖြူတွေကိုကျော်ပီးဘုရင်ဖြစ်မူကိုလက်မခံချင်
တဲ့လူဖြူတွေရဲ့အတ္တကြောင့်လို့ပဲပြောရမှာပေါ့။
မိုက်ကယ်ဟာ သူဂီတလောကကိုစဝင်ခဲ့တဲ့
Jackson 5 Band နဲ့လဲအောင်မြင်များစွာယူ
ခဲ့သလို တယောက်ထဲဂီတလောကကိုလျှောက်
လှမ်းခဲ့ရာမှာလဲ ဂီတသမိုင်းရဲ့ရောင်းအားအမြင့်
ဆုံးအမျိုးသားအဆိုတော်တယောက်အဖြစ်သ
မိုင်းဝင်ခဲ့ပါတယ်။ ရှူံချမူ မဟုတ်မမှန်သတင်း
တွေ တရားစွဲခံရမူ သံတိုင်ကြားရောက်ခဲ့တဲ့နေ့
စွဲတွေ နာမည်အဖျက်ခံရမူတွေကြားကနေ King
Of Pop တင်မကပဲ ဂင်းနစ်စံချိန်၈ကြိမ်တင်ထား
ခဲ့တဲ့ King Of Best Seller Musician / King
Of Music လို့တောင်ပြောလို့ရတဲ့အထိ ယနေ့ထိ
ပြိုင်ဖက်ကင်းအဆိုတော်တပါးအဖြစ်သမိုင်းဝင်
ထားခဲ့သူပါ။ ဒါတင်ပဲလားဆိုမဟုတ်ဘူး။ မိတ်
ဆွေတွေရဲ့သားကိုမုဒိန်းကျင့်သူ ကိုယ့်သားကိုယ်
ပြန်မုဒိန်းကျင့်သူအဖြစ်လဲ သတင်းတွေဖြန့်ခံခဲ့ရ
သူပါ။ ဒါပေမယ့် မိုက်ကယ်အမြဲသည်းခံခဲ့တယ်။
သူအမြဲပြူံးပီးပြင်ပလာကမှာနေခဲ့တယ်။သူအမြဲ
Stage ပေါ်မှာမာန်အပြည့်နဲ့ကပြသီဆိုဖျော်ဖြေ
ခဲ့တယ်။ သူ Grammy ၁၃ဆုရခဲ့တယ်။ ကမ္ဘာ့
အကြီးကျယ်ဆုံးဖျော်ဖြေပွဲတင်ဆက်သူအဖြစ်
ဂင်းနစ်စံချိန်တင်ခဲ့တယ်။ ဂင်းနစ်စာအုပ်မှာသူ
၈ကြိမ်တိတိပါထားခဲ့တယ်။ ဒါတင်ဘယ်ကမလဲ
နှစ်၃၀ကြာနေပီဖြစ်တာတောင် မိုက်ကယ်ရဲ့
၁၉၈၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Thriller Album
ကယနေ့ထိ ရောင်းအားနံပတ်တစ် အဖြစ်အမေ
ရီကန်ဂီတသမိုင်းမှာ သန်း၃၀ကျော်သောအချပ်
ရေနဲ့ယနေ့ထိရပ်တည်နေပါသေးတယ်။ World
Music Awards / Grammy / Best Seller
စတဲ့ကမ္ဘာ့အမြင့်ဆုံးဆုတွေကိုသူယူထားခဲ့ပါ
တယ်။

" Heal the world make It a better place
For you and for me.And the entire
human race "

"ကမ္ဘာကြီးကိုသာယာအောင်ဖန်တီးပေးပါ။
ကုသပေးကြပါ။မင်းအတွက်ရော ငါ့အတွက်ရော
လူသားတရပ်လုံးအတွက် ကုသပေးပါ။ "

လို့ရေးသားသီဆိုခဲ့တဲ့မိုက်ကယ်ဟာ သူ့သီချင်း
ထဲကစာသားအတိုင်း ကမ္ဘာကြီးအတွက်လူသား
တွေအတွက်ပရဟိတများစွာ ပေးကမ်းမူများစွာ
Foundationပေါင်းများစွာ ဆေးရုံတွေကလေးသူ
ငယ်စောက်ရှောက်ရေး အစာအဟာရချို့တဲ့မူ
များစွာအတွက် သူလုပ်ခဲ့ပါတယ်။ သူဆုတွေစံ
ချိန်တွေ အမြင့်ဆုံးဂင်းနစ်အထိသူရခဲ့တယ်။ဒါ
ပေမယ့် Stageစင်ပေါ်က ကနေတဲ့မိုက်ကယ်
ရဲ့ဘဝလောက်သူမမက်ခဲ့ဘူး။ Popဂီတတင်မက
ပဲမိုက်ကယ်ဂီတလောကမှာရှိခဲ့တဲ့အချိန်ကာလ
ပဲမိုက်ကယ်ဂီတလောကမှာရှိခဲ့တဲ့အချိန်ကာလ
တခုဟာ အရမ်းပြောင်းလဲခဲ့ပါတယ်။မိုက်ကယ်
ဟာဂီတတင်မကပဲ ရုပ်ရှင်လောကအထိပါ
အောင်မြင်မူများစွာရခဲ့သူပါ။ ရုပ်ရှင်ဂီတဖက်က
အနုပညာသမားတိုင်းလေးစားရတဲ့သူဖြစ်သလို
Metallica က James / U2 တဖွဲ့လုံး /Pantera
က Dime နဲ့ Phil တို့ဟာမိုက်ကယ့်ကိုညီကိုလို
ခင်မင်ခဲ့တဲ့ Metal နဲ့ Rockဖက်ကသူရဲကောင်း
ကြီးပေါ့။ James ပြောဖူးတယ် " မိုက်ကယ်လိုလူ
ူသာမပေါ်ခဲ့ရင် Pop ဂီတကသိပ်အဆန်းတကြယ်
ကြီးတော့ဖြစ်လာမယ်မထင်ဘူးဗျ " ။ ဒီလိုလူ
ကြမ်းကြီးတွေရဲ့ရင်ကိုပါကိုင်လှူပ်ခဲ့တဲ့မိုက်ကယ်
ပါ။ လက်ရှိKing Of Pop ဖြစ်လာတဲ့တယောက်
ဖြစ်တဲ့ ဂျက်စတင်တင်းပါးလိဂ် ကလဲ "ကျတော်
ဂီတကိုစနားထောင်တတ်တဲ့အရွယ်ထဲကမိုက်
ကယ်ဂျက်ဆင်ရဲ့သီချင်းတွေနဲ့ကြီးပြင်းခဲ့တာပါ။
သူကတာဆိုတာကိုကြည့်ရင်း အဆိုတော်တ
ယောက်ဖြစ်ချင်ခဲ့တာပါ။ ဟုတ်တယ် ကျတော်
အဆိုတော်ဖြစ်ဖို့ပထမဆုံးတွန်းအားမိုက်ကယ်ပါ
ပဲ " // Daughtry - " ကျတော်မိုက်ကယ်ဂျက်ဆင်
ကြောင့် သီချင်းသီဆိုမူပညာကိုအများကြီးရခဲ့ပါ
တယ်။ " // U2 Band - " မိုက်ကယ်လိုလူနောက်
တယောက်ပေါ်မယ် ကျတော်မထင်တော့ဘူး"
မိုက်ကယ်ဟာ ဂီတလောကရဲ့အမြင့်ဆုံးဆု
တွေဖြစ်တဲ့ Grammy / World Music တွေအ
ပြင် Albumအချပ်ရေအရောင်းရဆုံးအမျိုးသား
အဆိုရှင်အဖြစ် သန်း၇၅၄သန်းနဲ့စံချိန်တင်ထားခဲ့
သလို အမေရီကန်ဂီတသမိုင်းအသက်အငယ်
ဆုံးဆုရအဆိုရှင် (ယနေ့အထိ ) ။ King Of Pop
ဂင်းနစ်၇ကြိမ်ရ ဂီတသမား။ ကမ္ဘာ့အအောင်မြင်
ဆုံး Family Band အဖြစ် သူတို့ညီကိုတွေနဲ့စ
တင်ခဲ့တဲ့Band Jason 5 က Albumအချပ်ရေ
သန်း၁၅၀ကျော်နဲ့ အအောင်မြင်ဆုံး Bandဆု။
World Biggest Male Singer အဖြစ်ပါသမိုင်း
ဝင်ထားခဲ့ပါတယ်။ ဒီလိုအောင်မြင်မူတွေနဲ့အတူ
မိုက်ကယ်ဟာ ဂီတလောကထဲနှစ်၄၀ကျော်ကြာ
ရပ်တည်ခဲ့ရင်း ကျန်းမာရေးတွေကြောင့်ဂီတအ
လုပ်တွေကနေအနားယူအမီး Show ၅၀ဆိုမယ့်
Tour ကြီးအတွက်ပြန်လည်ပြင်ဆင်ပီးဂီတလော
ကထဲကသူ့ကိုချစ်တဲ့ပရိတ်သတ်တွေရှေ့တဖန်
ပြန်လာမယ်လုပ်နေရာကနေ ၂၀၀၉ခုနှစ် ဇွန်လ
၂၅ရက်နေ့မှာတော့ သေဆုံးသွားပီဆိုတဲ့သတင်း
ဆိုးကြီးဟာ ကမ္ဘာအနှံ့ကိုပြန့်နှံ့ ခဲ့ပီးတကမ္ဘာလုံး
ကိုစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ (အဲ့တုန်းက
ကျတော်တို့သူ့သီချင်းတွေကိုနားထောင်လို့
ကောင်းတုန်းအချိန်ကြီးပေါ့။ ) ဒီသတင်းကအမှန်
လားကောလဟာလလားဆိုတာတွေကြားမိုက်
ကယ်သေဆုံးမူဟာအမှန်ဖြစ်ခဲ့ပါတယ်။ ဒါပေ
မယ့်မိုက်ကယ့်အလောင်းကိုပြန်လည်စစ်ဆေးရာ
မှာတော့ မိုက်ကယ်သေသွားတာမဟုတ်ပါဘူး။
တမင်အသတ်ခံခဲ့ရတာပါပဲ။မိုက်ကယ်Showပွဲ
တွေပြန်ဆိုဖို့လုပ်နေ Rehersal တွေတိုက်နေ
ချိန်ညဖက်အိပ်စက်မူအချိန်တွေနည်းခဲ့ပါတယ်။
နဂိုထဲကအရေပြားရောဂါဒဏ်ရဲ့နာကျင်မူကလဲ
ခံနေရသူလဲဖြစ် ဒါကြောင့်မိုက်ကယ်အိပ်စေရန်
မိုက်ကယ်ရဲ့ဆရာဝန်ဖြစ်သူ Murray ကနေ့စဉ်
ဆေးထိုးပေးခဲ့ပါတော့တယ်။ နောက်ဆုံးဒီဆေး
ရဲ့ဒဏ်တွေကြောင့်မိုက်ကယ်ဟာမသေသင့်ပဲ
သေသွားခဲ့ရပါတော့တယ်။ ဒီဖြစ်ရပ်တွေရဲ့
နောက်ကွယ်မှာမိုက်ကယ်ဟာ၂လတိတိအိပ်
စက်ချိန်မမှန်ခဲ့မူ ဆေးဒဏ်တွေခံရမူတွေနဲ့အတူ
နောက်ဆုံး Rehersal လုပ်အပီးမှာတော့မိုက်
ကယ်ဟာကမ္ဘာကြီးထဲကထွက်သွားခဲ့ရပါတော့
တယ်။ ဒီပြသနာကြောင့် Murrayဟာ ထောင်၎
နှစ် (ပြစ်မူ - မရည်ရွယ်ပဲလူသတ်မူ / အိပ်ဆေး
အလွန်အကျွံထိုးပေးမူ ) တွေနဲ့အတူထောင်ကျ
သွားခဲ့ပါတယ်။ ထောင်ချတဲ့နေ့ကတရားရုံးရှေ့
မှာကယ်လီဖိုးနီးယားကမိုက်ကယ့်ပရိတ်သတ်
တွေဟာအုတ်အုတ်သောင်းသောင်းပွက်လော
ရိုက်ပီးဆရာဝန်ကိုဆဲဆိုခဲ့ကြတဲ့အထိဖြစ်ခဲ့ပါ
တယ်။ ဒါပေမယ့်မိုက်ကယ်ကတော့မရှိတော့ပါ
ဘူး။မိုက်ကယ်သေဆုံးတဲ့2009/6/25 ဟာ
socialnetwork နဲ့ internet သမိုင်းမှာစာရိုက်မူ
အများဆုံးနေ့ postတင်မူအများဆုံးနေ့ internet
အများဆုံးအသုံးပြူတဲ့နေ့ ytube searchအများ
ဆုံးနေ့ twitter / google / facebook အများ
ဆုံးအသုံးပြုခဲ့ကြတဲ့နေ့ အဖြစ်သမိုင်းဝင်ခဲ့ပါ
တယ်။ မိုက်ကယ့်ဇာပနကို LA က Staples
Center အားကစားကွင်းကြီးမှာကျင်းပခဲ့ပါတယ်။
၂၀ရာစုက ကမ္ဘာ့အအောင်မြင်ဆုံးပုဂ္ဂိုလ်တွေဂီတ
သူရဲကောင်းတွေ နိုင်ငံခေါင်းဆောင်တချို့ နဲ့
နယ်ပယ်အသီးသီးကအနုပညာရှင်ထောင်ချီ
တက်ရောက်ခဲ့ပါတယ်။ဒီထဲမှာအာရှNo.1 Metal
Bandကြီးဖြစ်တဲ့ Xjapan လဲတက်ရောက်ခဲ့သ
လို ဒီဇာပနဟာ အနုပညာလောကသားတွေရဲ့
ဇာပနတွေထဲအကြီးကျယ်ဆုံးအဖြစ်သမိုင်းဝင်
သွားခဲ့ပါတယ်။ နိုင်ငံပေါင်း၇၀ကျော်မှာအဲ့ဒိနေ့က
မိုက်ကယ်ဂျက်ဆင်ဇာပနကိုရည်စူးပီးလုပ်ခဲ့ကြ
သလို အာရှကဖီလစ်ပိုင် မိုက်ကယ့်ပရိတ်သတ်
တွေဟာလဲဖီလစ်ပိုင်ပြည်သူ့ဥယဉ်ကြီးမှာကျင်းပ
ပေးခဲ့ကြပါတယ်။ ဒီဇာပနမတိုင်ခင်၂ရက်အလို
ကဒီကွင်းကြီးဟာမိုက်ကယ့်ရံ့Reheralကျင့်ရာ
Stageကြီးဖြစ်ခဲ့ပါတယ်။ဒါပေမယ့်အခုတော့
သူ့ဇာပနကျင်းပရာကွင်းကြီးဖြစ်နေခဲ့ပါလေရဲ့။
ဒီဇာပနကြီးရဲ့အဖွင့်စကားကို တသက်စာဂီတသူ
ရဲကောင်းပညာရှင်ကြီး Smokey Robison ရဲ့
"မိုက်ကယ်ဟာကမ္ဘာ့အတော်ဆုံးဂီတသမားကြီး
တဦးအဖြစ်သမိုင်းထားသွားခဲ့ပါပီ"ဆိုတဲ့စကား
နဲ့လူမည်းသူရဲကောင်းတွေအကြောင်းကိုပြော
ရင်းဇာပနကိုဖွင့်ခဲ့ပါတယ်။အပိတ်အစီအစဉ်မှာ
တော့ ကမ္ဘာ့အအောင်မြင်ဆုံးအဆိုတော်များစွာ
က Stageပေါ်တက်ပီး မိုက်ကယ်ရဲ့ We are the
World သီချင်းကြီးကိုငိုကြွေးရင်းသီဆိုပေးသွား
ခဲ့ပါတယ်။ စစ်ဆေးမူတွေအရ မိုက်ကယ်ဟာ
ကျန်းမာရေးခံနိုင်အားမရှိတော့တဲ့ကြားကနေ
Rehersal တွေကိုဖိလုပ်ခဲ့တယ်။အကိုက်အခဲ
ပျောက်ဆေးနှစ်ရှည်လများ အိပ်ဆေးနှစ်ရှည်လ
များသုံးမူဒဏ်တွေကြောင့် သီချင်းစာသားတွေ
ကိုတောင်မေ့တတ်တဲ့ရောဂါ တွေနဲ့အတူအလူး
အလဲခံစားခဲ့ရပါတဟ်။ ဒါကိုမှ Showပွဲစီစဉ်တဲ့
Company AGE ကငှားပေးခဲ့တဲ့ သောက်ရူး
ဆရာဝန် Dr. Conard Murray ရဲ့ပေါ့ဆမူတွေ
ကြောင့် မိုက်ကယ်ဟာလောကကြီးထဲကအ
သက်၅၀နဲ့ထွက်သွားခဲ့ရပါတယ်။ မိုက်ကယ်သေ
ဆုံးချိန်မှာ မိုက်ကယ်ဟာအရေပြားနာကျင်မူ
ခေါင်းကိုက်ခဲမူ သွေးထဲ Propofol ဆေးပမာဏ
များမူတွေကိုတွေ့ရှိခဲ့ပါတယ်။ Murray ဟာဒီ
Show ၅၀အတွင်းမိုက်ကယ့်အတွက် Propofol
ဆေး 4 ဂါလံကိုအသိဆရာဝန်ဆီကနေတရားမ
ဝင်မှာယူထားခဲ့ပါတယ်။ ဒါကဘိန်းဖြူရေ
သိန်း 1.5 ml ပါ။လူမပြောနဲ့ ဆင်၎ကောင်ကိုတ
ခါထဲအသေသတ်နိုင်တဲ့ပမာဏပါ။ဒါပေမယ့်
ဒီဆေးကိုမသုံးခဲ့ရင်တောင်မိုက်ကယ်ဟာလော
ကကြီးထဲ၃လကြာအောင်နေရတော့မယ့်သူမ
ဟုတ်ခဲ့ပါဘူး။ အကြောင်းကတော့ ကျတော်တို့
ဆယ်တန်းကသင်ဖူးခဲ့တဲ့ RE M NREM ကြောင့်
မိုက်ကယ်ဟာ ၂လကြာမအိပ်စက်ခဲ့သူဖြစ်ခဲ့တာ
ကြောင့် Rapid Eye Movement = REM
နဲ့  Brain Tired Movement = VTM ကြောင့်
၃လအတွင်းသေဆုံးမယ့်သူတယောက်ပါ။ဒါ
ကြောင့်အိမ်ထဲအခကြေးငွေပေးပီးဆရာဝန်များ
စွာနဲ့မန်နေဂျာဖြစ်သူကကျိတ်ကုနေခဲ့ရတဲ့ဝေဒနာ
သည်ပါ။ Moonwalker ကြီးမိုက်ကယ်ဟာဒီလို
ဘဝရဲ့နောက်ဆုံးအချိန်တွေကိုနာကျည်စရာတွေ
နဲ့အဆုံးသတ်ခဲ့ရသူပါ။
၁၉၈၅ ခုနှစ်မှာသာမာန်မိသားစုတခုကနေ
လူဖြစ်လာတယ်။ မိခင်ဖြစ်သူကြောင့်ဂီတလော
ကကိုစတင်လျှောက်လှမ်းဖို့ခြေချခဲ့တယ်။မကြာ
ဘူး Motown Group ရဲ့ခေါင်းဆောင်အဆိုတော်
ဖြစ်ခဲ့တယ်။အမေရီကန်သမိုင်းရဲ့အသက်အငယ်
ဆုံးဆုရအဆိုတော်ဖြစ်ခဲ့တယိ။အကိုတွေနဲ့လုပ်
ခဲ့တဲ့ Jackson 5 ကလဲကမ္ဘာ့အအောင်မြင်ဆုံး
အချပ်ရေသန်း၁၅၀ရောင်းရမူနဲ့အတူ No.1မိ
သားစုတီးဝိုင်းဖြစ်ခဲ့တယ်။ ကမ္ဘာ့အမြင့်ဆုံးဂီတ
ဆုတွေသူရခဲ့တယ်။ တဆက်ထဲကလေးသူ
ငယ်လိင်ဆက်ခံမူ ညည်းပန်းမူကလေးတွေအ
တွက်မိုက်ကယ်ထောင်ပေးထားတဲ့Neverland
ခြံကြီးမှာအရွယ်မရောက်ကလေးသူငယ်တွေကို
အနိုင်ကျင့်မူတွေနဲ့အတူတရားစွဲခံရတယ်။တ
ကိုယ်လုံးခွဲစိတ်တယ် အိမ်မှာဖန်ပေါင်းချောင်ထဲ
နေပီးအသားဖြူအောင်လုပ်တယ်ဆိုပီးလူဖြူ
mediaတွေဖွတယ်။ တကယ်ဖြစ်နေတာကအရေ
ပြားရောဂါသည်။ နောက်ဆုံးတရားစွဲဆိုမူတွေအ
ပြီး အမူတခုမှမဟုတ်မှန်ခဲ့ပေမယ့်မိုက်ကယ့်ရဲ့
နာမည်နဲ့သိက္ခာဟာမြောင်းထဲရောက်သွားတယိ။
ဒိအတွက်အမေရီကန်ဥပဒေကတော့ မသိသလို
နေခဲ့တယ် media တွေ "သားမသိဝူး "ဆိုတဲ့ပုံစံ
တွေနဲ့နေခဲ့တယ်။ ကုန်းကောက်စရာမရှိအောင်
မိုက်ကယ်ဆင်းရဲသွားတယ်။ ဒီအချိန်မှာသူ့ကို
အိမ်ပေါ်ခေါ်တင်ပီး ကျွေးမွေးစောက်ရှောက်ထား
မယ် အထူးဧည့်သည်အဖြစ်ထားမယ်ခေါ်ပီး
မိုက်ကယ့်နာမည်ကိုခုတုံးလုပ်ပီး Albumထုတ်
ဖို့ကြံတာက သူငယ်ချင်း ဘာရိန်းမင်းသား။သူ
ထင်သလောက်လဲမရရော မိုက်ကယ့်ကိုထပ်တ
ရားစွဲတယ်။ မိုက်ကယ်ထပ်ပီးလူယုံသတ်လို့ခံရ
တယ်။ ဒါပေမယ့် သူဂီတလမ်းကပေါ်ပြန်တက်
ပီးအောင်မြင်မူတွေထပ်ယူပြခဲ့တယ်။ သူကျရှူံး
နေချိန်ခွေးလိုနွားလိုဆက်ဆံကြတဲ့သူတွေကို
တောင်သူမငြိုငြင်ခဲ့ဘူး အမြဲမေတ္တာထားခဲ့တယ်။
ပထမဆုံးမိန်းမရတယ် ။ သူအမှန်တရားကိုချပြ
ခဲ့တဲ့ပရက်စလေရဲ့သမီး။ တနှစ်မကြာဘူးသူက
နာမည်ဖျက်တယ်။ တခုလပ်ဖြစ်တယ်။သူငယ်
ချင်းကယုတ်မာတယ်။ မိန်းမကနာမည်ဖျက်
တယ်။ လူဖြူmediaတွေကဘာမဟုတ်မမှန်
လွှင့်ရမလဲအမြဲချောင်းနေတယ်။ ဒီဒဏ်တွေကြား
ကနေ အရေပြားရောဂါနဲ့ ဂီတလောကထဲကို
ဂင်းနစ်စံချိန်ပါချိုးပြခဲ့တယ်။ ဒါပေမယ့်နှစ်၄၀နီး
ပါးလောကကြီးရဲ့ယုတ်မာမူဒဏ်ကိုခံရမူများလာ
တော့ Demerol အကိုက်အခဲပျောက်ဆေးတွေ
Propofol အိပ်ဆေးတွေနဲ့သူဟာဖြတ်သန်းခဲ့ရ
တယ်။ နောက်ဆုံးလောကကြီးထဲကနေ King
Of Pop ကြီးဟာထွက်သွားခဲ့ရရှာပါတော့တယ်။
ဒါပေမယ့်သူထောင်ခဲ့တဲ့
* Micheal Jackson Burn Center
* Micheal Jackson AIDS Center
* Micheal Jackson EducationFoundation
* Save The World
* Heal The World
* Micheal Jason ကလေးဆေးရုံကြီး ၂ရုံ
* Micheal Jason ဆီးချိုသွေးချိုကုသဆေးရုံ
* Save The World Hospital ဆေးရုံတွေနဲ့
သူလုပ်ခဲ့ လှူတန်းခဲ့တဲ့ပရဟိတတွေ ကမ္ဘာပေါ်
ကလူဖြူလူမည်းတွေကိုကူညီမူတွေ အစာအဟာ
ရချို့တဲ့မူ ဆင်းရဲသားတွေကိုကူညီခဲ့မူတွေနဲ့
သူလုပ်ခဲ့တဲ့လူသားချင်းစာနာမူတွေနဲ့ဂီတသမိုင်း
တလျှောက်လုံးမဂန္တဝင်တွင်စေခဲ့တဲ့သူ့ရဲ့အနုပ
ညာတွေကတော့ ဘယ်တော့မှသေဆုံးတော့မှာ
မဟုတ်ပါဘူး။

‪#‎Micheal_Jackson‬ သူသေသွားပီ။
ဒါပေမယ့် သူ့ဂီတနဲ့ သူလုပ်ခဲ့တဲ့လူသားချင်း
စာနာမူတွေကတော့ အခုထိရောနောင်နှစ်ပေါင်း
များစွာအထိပါမသေတော့ဘူး။ လူသေသွားပီ
ဒါပေမယ့် နာမည်အသက်ရှည်နေသေးသူ။

‪#‎Big_Respect_God_Bless_Micheal‬
Ref : RIAA
Twitter
Micheal Jackson Blogs


ထက်ဝန

[ ဒီလိုကမ္ဘာ့ဂီတသူရဲကောင်းတယောက်အ
ကြောင်းရေးရာမှာလိုအပ်ချက်များရှိနိုင်ပါတယ်။
ထို့ကြောင့် မိုက်ကယ်အကြောင်းပိုသိပိုတတ်တဲ့
အကိုအမများသူရဲ့အမာခံများလောက်မသိပါ။
လိုအပ်ချက်များရှိရင်နားလည်ပေးစေချင်ပါတယ်]

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။