အအောင်မြင်ဆုံး
လုပ်ငန်းရှင်များဟာ လုပ်ငန်းခွင်တွင်းမှာ ၀င်ပြီး အသေးစိတ်က
အစလုပ်ကိုင်ခြင်းဖြစ်တဲ့ Working In အစား လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း၊
လုပ်ပုံကိုင်ပုံ နည်းစနစ်များ သတ်မှတ်ခြင်း အစရှိသော Working On ကို ပို၍
အာရုံစိုက် လုပ်ကိုင်ကြပါတယ်။
အကယ်၍ သင့်ရဲ့အလုပ်ဟာ သင်မပါပဲ မလည်ပတ်နိုင်ရင် သင့်ရဲ့ လွတ်လပ်မှု ဆုံးရှုံးပါမယ်။
အကယ်၍ သင့်ရဲ့အလုပ်ဟာ သင်မပါပဲ မလည်ပတ်နိုင်ရင် လုပ်ငန်းကြီးထွားဖို့ ချဲ့ထွင်ဖို့ မဖြစ်နိုင်ပါဘူး။
အဲဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ Working In အစား Working On ကို အာရုံစိုက်ရန် လိုအပ်ပါတယ်။
ဒါတွေက မြန်မာပြည်မှာ မဖြစ်နိုင်ပါဘူးကွာလို့ ဆိုရင်လည်း မှန်ပါတယ်။
ဒါတွေကို သေချာလုပ်ရင် ဖြစ်နိုင်တယ်လို့ မြင်ရင်လည်း မှန်ပါတယ်။
အရာရာဟာ ခေါင်းဆောင်အပေါ်မူတည်၍ မြင့်တက်ကြ နိမ့်ကျကြပါတယ်။
Naing Win Aung
MBA(UK)
Certified John Maxwell Team Member
Certified NLP Master Practitioner
၂၀.၅.၂၀၁၆
#KoNaingGyiNotes

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။