Heaven Jade added 10 new photos.
ဆေးကုသရေးနယ်ပယ်၏ရှေ့ တန်းစစ်မြေပြင်သဖွယ်ဖြစ်သော အရေးပေါ်ဆေးကုသဌါန သို့သေလုမျောပါးပို့ ဆောင်ရောက်ရှိလာသည့်အသဲအသန်လူနာအမျိုးအစားများအနက် အကြောင်းအမျိုးမျိုးဖြင့်အဆိပ်သင့်သည့်လူနာများသည်လည်း တမျိုးအပါအ၀င်ဖြစ်ပါတယ်။
အဆိပ်နှင့်သက်ဆိုင်သောဆေးပညာစာတမ်းများအားလေ့လာခဲ့မိသမျှအချက်အလက်မျာ့း ၊ကုသရေးနယ်ပယ်တွင်ကြုံတွေ့ ခဲ့ရသောအတွေ့ အကြုံ ဖြစ်စဉ်များ၊၊ထိုင်ဝမ်နိုင်ငံထိပ်တန်းဆေးရုံကြီးများတွင်ကျင်းပခဲ့သော အဆိပ်ဗေဒဆိုင်ရာဆေးပညာနှီးနှောဖလှယ်ပွဲမှစာတမ်းတို့ အားခြုံ ငုံလျက် ဆေးလောကပြင်ပမှအများပြည်သူများ ဆင်ခြင်နိုင်စေရန် သိသင့်သည့်အချက်တချို့ အား ထုတ်နှုတ်ဖေါ်ပြအပ်ပါတယ်။ နက်နဲများပြားလှသည့်ဆေးပညာသဘောတရားများမှ အများပြည်သူများသိသင့်ဆင်ခြင်သင့်သည့်အချက်တချို့ အား အပိုင်းလိုက်ခွဲခြားပြီး အချိန်ရသည့်အခါရေးသားဖေါ်ပြပေးပါမယ်။
ကျနော်တို့ ငယ်စဉ်ကတည်းက မြန်မာပြည်တွင်းတွင်လူကြိုက်များခဲ့သော၊လူကြိုက်များနေဆဲဖြစ်သော စားသောက်ကုန်တမျိုးကတော့ (Energy Drink)ခေါ် ခွန်အားဖြည့်ဖျော်ရည်ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတခုမှတင်သွင်းခဲ့သော ကျွဲရိုင်းတံဆိပ်ဆိုလျှင် မြန်မာပြည်သားများ မသိသူမရှိသလောက်ပင်ဖြစ်ပါတယ်။ ယခုတလော ပြည်ပနိုင်ငံများတွင်တစစ လူသိများလာတာကတော့ (Guarana)အစေ့ မှထုတ်လုပ်သော ဖျော်ရည်များနှင့်ကျန်းမာရေးပံ့ပိုးအမည်ခံဆေးဝါးများဖြစ်ကြပါတယ်။
Gurana အား မြန်မာပြည်ဖွါးများနားလည်လွယ်စေအောင်ဆိုရသော် - ပြင်ပသဏ္ဍာန်အားဖြင့် ကော်ဖီစေ့နှင့်ဆင်တူပြီး ကက်ဖီအင်းဓါတ်လည်းမြင့်မားစွာပါဝင်ပါတယ်။ သူ့ ကို ခွန်အားတိုးဖျော်ရည်များတွင်ထည့်သွင်းအသုံးပြုခဲ့ပြီးနာမည်ရလာသည်သာမက ပြည်ပနိုင်ငံများတွင် မျက်မှောက်ခေတ် ကျန်းမာအသက်ရှည်စေသည်ဟုကျော်ငြာသည့်ကိုယ်ခန္ဓာပံ့ပိုးဆေးဝါးများ၊အမျိုးသမီးထုများလွန်စွာစိတ်ဝင်စားသည့်အဆီချ/ခန္ဓာကိုယ်ကျစ်လစ်ဆေးများအထိထုတ်လုပ်ရောင်းချနေကြပါပြီ။ ပြင်ပကမ္ဘာနှင့်လျင်မြန်စွာတံခါးဖွင့်လာသည့်မြန်မာပြည်ဈေးကွက်သို့ လည်း အနှေးနှင့်အမြန်ထိုးဖေါက်မိတ်ဆက်ဝင်ရောက်လာမည်ဟုယူဆမိပါတယ်။(စတင်ရောက်ရှိကောင်းလည်းရောက်ရှိနေလောက်ပါပြီ။)
သို့ သော် လွန်ခဲ့သောနှစ်များကတည်းက Energy Soft Drink ခေါ်လန်းဆန်းဖျော်ရည်အား တပြိုင်နက်သောက်ချခဲ့သည့်အသက်၂၀ကျော်မိန်းခလေးငယ်သေဆုံးမှု ဖြစ်ရပ် အနောက်နိုင်ငံတွင်ဖြစ်ပွါးခဲ့သကဲ့သို့  အထက်ပါ Guarana နှင့်ဆက်စပ်သည့်ခွန်အားဖြည့်ဖျော်ရည်၊ပံ့ပိုးဆေးဝါးသောက်သုံးပြီးနောက် အဆိပ်သင့်လက္ခဏာများဖြင့်အရေးပေါ်အထူးကုဌါနများသို့ ပို့ ဆောင်ရောက်ရှိလာသည့်ဖြစ်စဉ်များ ယခုအခါပေါ်ပေါက်နေပြီဖြစ်ပါတယ်။ပြည်တွင်းပြည်ပမှတရားဝင်/တရားမ၀င်နည်းလမ်းများဖြင့်တင်သွင်းလာသည့်အလားတူပစ္စည်းများအား ချိန်ခါမလပ်စစ်ဆေးကြပ်မတ်နိုင်မှု ၊ဆေးဝါး/စားကုန်များနှင့်ပတ်သက်ပြီးဥပဒေအရပြင်းထန်သောပြစ်ဒဏ်ချမှတ်မှု အားနည်းနေသေးသည့် ဈေးကွက်သစ်မြန်မာပြည်အတွက် ပိုပြီးစိတ်ပူစရာဖြစ်ပါတယ်။
အသက်ငယ်ရွယ်နုပျိုသေးသဖြင့် ကျန်းမာသန်စွမ်းသည်ဟုထင်ရနိုင်သော်လည်း (၁)မွေးရာပါနှလုံးအဆို့ ရှင်မကောင်းသည့်၊မလုံသည့်သူများ (၂)ပင်ကိုယ်နှလုံးခုန်နှုန်းမမှန်ပြီးမြန်ဆန်သည့်သူများ (၃)နှလုံးတွင်းလျှပ်စီးပတ်လမ်းဖြတ်တောက်/ရှို့ ထားသူများ(၄)မွေးရာပါသွေးတိုးရောဂါရှိသူများသည် အထက်ပါ Guarana အဆိပ်သင့်ဖြစ်ရပ်မျိုးနှင့်ကြုံ ခဲ့သောအခါ အသက်သေဆုံးနိုင်သည်အထိအန္တရာယ်များပါသဖြင့်တတ်ကျွမ်းသည့်သမားတော်ညွှန်ကြားချက်မပါဘဲ ခွန်အားတိုးလန်းဆန်းဖျော်ရည်၊ကိုယ်အဆီချဆေး၊သက်ရှည်ပံ့ပိုးဆေး များအား မိမိဆန္ဒဖြင့်သုံးစွဲသောက်သုံးနေသူများ နောင်တရလျက်ဘေးမတွေ့ နိုင်ကြစေရန် - - - Dr.Myo Tun.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။