China denies selling human flesh as tinned corned beef in Zambia in Africa
လူသားစည်သွပ်ဗူး မရောင်းပါလို့ တရုပ်ကငြင်းဆိုလိုက်
လွန်ခဲ့တဲ့ (၁၈) နာရီကသတင်းပါ။ တရုပ်နိုင်ငံခြားရေးဝန်ကြီး ဌာနကနေ အာဖရိကမှာ အမဲသားစည်သွပ်ဗူးတွေထဲမှာ လူသားထည့်ပြီးရောင်းတယ်ဆိုတဲ့သတင်း မဟုတ်မမှန်ကြောင်းပြောဆိုလိုက်တာပါ။
ဇမ်ဘီယာနိုင်ငံ (တက်ဘလွိုက်) အပျော်ဖတ်သတင်းစာတခုက အမည်မသိအမျိုးသမီးတယောက်ကို
ကိုးကား ဖေါ်ပြချက်ဟာ မှားယွင်းတယ်လို့ ဆင်ဟွာသတင်းကဆိုပါတယ်။
အဲဒီအမျိုးသမီးပြောတာက တရုပ်ပြည်မှာ လူသေအလောင်းတွေကို စုဆောင်းပြီး
အထားခံအောင် (မရီနိတ်) လုပ်၊ စည်သွပ်ဗူးထဲထည့်ရောင်းပါသတဲ့။
တရုပ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ (ဟွန် လိုင်း) က တာဝန်မဲ့တဲ့စွဲဆိုချက်လို့ ဆိုလိုက်ပါတယ်။ တရုပ်သံအမတ် (ယန် ယူမင်း) ကလည်း အဲတာဟာ တရုပ်နိုင်ငံရဲ့ပုံရိပ်ကိုပျက်စေအောင်လုပ်တာဖြစ်တယ်လို့  ပြောလိုက်ပါတယ်။ သတင်းနဲ့အတူ တွဲဖေါ်ပြထားတဲ့ဓါတ်ပုံတွေမှာ
လူသေအလောင်းတွေပါတယ်။ အဲတာတွေက Resident Evil 6 ဗီဒီိယိုဂိမ်း ထဲကလို့
ဆိုပါတယ်။ လန်ဒန်မြို့ (စမစ်ဖီးလ်) ဈေးထဲက လူသားအတုတွေလို့လည်းဆိုပါတယ်။
ဇင်ဘာဘွေမှာနေတဲ့ တရုပ်ကွန်မြူနတီက မသေးပါ။ စီးပွါးရေးလုပ်ကောင်းကြလို့ဖြစ်ပါတယ်။ ဇင်ဘာဘွေ လက်ထောက် ကာကွယ်ရေးဝန်ကြီး (မူလန်ဂါ) က စုံစမ်းစစ်ဆေးမယ်လို့ ကတိပေးလိုက်ပါတယ်။
Corned beef ဆိုတာ ဆားနဲ့အထားခံအောင်လုပ်ထားတဲ့ အမဲသားဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၆
http://www.bbc.co.uk/ newsbeat/article/36341367/ china-denies-selling-human- flesh-as-tinned-corned-bee f-in-zambia-in-africa
လူသားစည်သွပ်ဗူး မရောင်းပါလို့ တရုပ်ကငြင်းဆိုလိုက်
လွန်ခဲ့တဲ့ (၁၈) နာရီကသတင်းပါ။ တရုပ်နိုင်ငံခြားရေးဝန်ကြီး
ဇမ်ဘီယာနိုင်ငံ (တက်ဘလွိုက်) အပျော်ဖတ်သတင်းစာတခုက အမည်မသိအမျိုးသမီးတယောက်ကို
တရုပ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ (ဟွန် လိုင်း) က တာဝန်မဲ့တဲ့စွဲဆိုချက်လို့ ဆိုလိုက်ပါတယ်။ တရုပ်သံအမတ် (ယန် ယူမင်း) ကလည်း အဲတာဟာ တရုပ်နိုင်ငံရဲ့ပုံရိပ်ကိုပ
ဇင်ဘာဘွေမှာနေတဲ့ တရုပ်ကွန်မြူနတီက မသေးပါ။ စီးပွါးရေးလုပ်ကောင်းကြလို့
Corned beef ဆိုတာ ဆားနဲ့အထားခံအောင်လုပ်ထားတဲ
ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၆
http://www.bbc.co.uk/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။