အမေရိကန်ဒေါ်လာ
၇၅၀၀ ခန့်ရှိတဲ့ ဘဏ်အကောင့်များ ၊ ၁၈၅၀၀၀ တန်မြေတစ်ကွက် ပိုင်ဆိုင်တဲ့
အိန္ဒိယက အသက် ၃၃ နှစ် အရွယ် Pappu Kumar ဆိုသူ သူတောင်းစား
========================== ===
အိန္ဒိယက အသက် ၃၃ နှစ် အရွယ် Pappu Kumar ဆိုသူ သူတောင်းစားတစ်ယောက်ဟာ အမေရိကန်ဒေါ်လာ ၇၅၀၀ ခန့်ရှိတဲ့ ဘဏ်အကောင့်များ ၊ ၁၈၅၀၀၀ တန်မြေတစ်ကွက် ပိုင်ဆိုင်ထားကြောင်း ရဲတွေက ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ ဒီပမာဏဟာ ပုံမှန်လူတွေထက်တောင် ချမ်းသာနေပါတယ်။
.
လမ်းပေါ်မှာတောင်းနေတဲ့ သူ့ကို ရဲတွေက မသင်္ကာတဲ့အတွက် ရဲစခန်းကိုခေါ်ရာမှာ သူဟာ လုံးဝမဖယ်ပါဘူး။ ရဲတွေအတင်းဖယ်လိုက်တဲ့အခါမှာတော့ ဘဏ်အကောင့် ၊ မြေ၀ယ်ထားတဲ့ စာရွက်စာတမ်းတွေကို တွေ့ရှိရာက ဖုံးကွယ်ထားတဲ့ သူ့အကြောင်းပေါ်သွားပါတော့တယ်။ ဒါတွေအပြင် တကယ့် လုပ်ငန်းရှင်တွေကို ချေးထားတာကလည်း ဒေါ်လာ ၁၅၀၀၀ ရှိပါသေးသတဲ့။
တကယ်တော့ Kumar ဟာ အစကတည်းက တောင်းရမ်းစားသောက်ခဲ့သူ မဟုတ်ပါဘူး။ သူဟာ အထက်တန်းတက်ပြီးနောက် အင်ဂျင်နီယာကျောင်းဆက်တက်ဖို့ စိတ်ကူးခဲ့သူပါ။ အတန်းထဲက တော်တဲ့ ကျောင်းသားတွေထဲမှာလည်း သူပါပါတယ်။
.
ဒါပေမယ့် အက်ဆီးဒင့်တစ်ခုကနေ သူ့လက်တစ်ဖက် အကြောသေသွားပြီးနောက် အဖေဖြစ်သူဟာလည်း ဆုံးပါးသွားတဲ့အတွက် ကျောင်း ဆက်မတက်နိုင်တော့ပါဘူး။ အလုပ်လုပ်ဖို့လည်း မဖြစ်နိုင်တဲ့အပြင် ကျန်ရစ်တဲ့မိသားစုကလည်း သူ့ကိုပစ်ပယ်ခဲ့တဲ့အွက် သူဟာ တောင်းရမ်းဖို့ကို မရွေးချင်ပဲ ရွေးခဲ့ရပါတယ်။
.
နှစ်အနည်းငယ်အတွင်းမှာပဲ သူဟာငွေများများရနိုင်တဲ့ တောင်းရမ်းနည်းတွေကို တွေ့ရှိပြီးတဲ့နောက်မှာ အခုလိုမျိုး ပိုက်ဆံများစွာကို ရလာခဲ့တာပဲ ဖြစ်ပါတယ်။ ရဲတွေက ဒီလောက်ပိုက်ဆံနဲ့ဆို ရောဂါကို
ကုပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားဖို့ တိုက်တွန်းပေမယ့် Kumar က လက်မခံခဲ့ပါဘူး။ သူရောဂါကုလို့ ပုံမှန်လူဖြစ်သွားခဲ့ရင် ဘယ်သူမှ သူ့ကိုပိုက်ဆံလာမပေးတော့ဘူး ၊ ဒီအတွက် ရောဂါကို မကုပဲ ဆက်တောင်းနေဦးမယ် လို့ ဆိုတဲ့ အတွက် ရဲတွေလည်း လက်လျှော့ခဲ့ရပါတော့တယ်။
.
Credit-YathaSon
www.nawnghkio.com
.
Thant Zin Aung
==========================
အိန္ဒိယက အသက် ၃၃ နှစ် အရွယ် Pappu Kumar ဆိုသူ သူတောင်းစားတစ်ယောက်ဟာ အမေရိကန်ဒေါ်လာ ၇၅၀၀ ခန့်ရှိတဲ့ ဘဏ်အကောင့်များ ၊ ၁၈၅၀၀၀ တန်မြေတစ်ကွက် ပိုင်ဆိုင်ထားကြောင်း ရဲတွေက ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ ဒီပမာဏဟာ ပုံမှန်လူတွေထက်တောင် ချမ်းသာနေပါတယ်။
.
လမ်းပေါ်မှာတောင်းနေတဲ့ သူ့ကို ရဲတွေက မသင်္ကာတဲ့အတွက် ရဲစခန်းကိုခေါ်ရာမှာ သူဟာ လုံးဝမဖယ်ပါဘူး။ ရဲတွေအတင်းဖယ်လိုက်တဲ့အခါမှ
တကယ်တော့ Kumar ဟာ အစကတည်းက တောင်းရမ်းစားသောက်ခဲ့သူ မဟုတ်ပါဘူး။ သူဟာ အထက်တန်းတက်ပြီးနောက် အင်ဂျင်နီယာကျောင်းဆက်တက်ဖု
.
ဒါပေမယ့် အက်ဆီးဒင့်တစ်ခုကနေ သူ့လက်တစ်ဖက် အကြောသေသွားပြီးနောက် အဖေဖြစ်သူဟာလည်း ဆုံးပါးသွားတဲ့အတွက် ကျောင်း ဆက်မတက်နိုင်တော့ပါဘူး။ အလုပ်လုပ်ဖို့လည်း မဖြစ်နိုင်တဲ့အပြင် ကျန်ရစ်တဲ့မိသားစုကလည်း သူ့ကိုပစ်ပယ်ခဲ့တဲ့အွက် သူဟာ တောင်းရမ်းဖို့ကို မရွေးချင်ပဲ ရွေးခဲ့ရပါတယ်။
.
နှစ်အနည်းငယ်အတွင်းမှာပဲ သူဟာငွေများများရနိုင်တဲ့ တောင်းရမ်းနည်းတွေကို တွေ့ရှိပြီးတဲ့နောက်မှာ အခုလိုမျိုး ပိုက်ဆံများစွာကို ရလာခဲ့တာပဲ ဖြစ်ပါတယ်။ ရဲတွေက ဒီလောက်ပိုက်ဆံနဲ့ဆို ရောဂါကို
ကုပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားဖို့ တိုက်တွန်းပေမယ့် Kumar က လက်မခံခဲ့ပါဘူး။ သူရောဂါကုလို့ ပုံမှန်လူဖြစ်သွားခဲ့ရင် ဘယ်သူမှ သူ့ကိုပိုက်ဆံလာမပေးတော့ဘူး
.
Credit-YathaSon
www.nawnghkio.com
.
Thant Zin Aung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။