မြန်မာပြည်က ငွေကြေးချမ်းသာတဲ့လူတချို့ ငွေကြေးချမ်းသာပေမယ့် အိမ်သာကောင်းကောင်းမထားဘူး။
ငွေကြေးကိုမလိုအပ်တဲ့၊ လူမြင်သာတဲ့နေရာမှာ သုံးဖြုန်းကြပေမယ့်
တကယ့်အဓိကလိုအပ်တဲ့နေရာမှာ သုံးဖို့ နှမြောတယ်လို့....
ကျွန်မရဲ့ပို့စ်အောက်က ကော်မန့်တစ်ခုမှာဖတ်ရလို့
သူ့ကော်မန့်နဲ့မသက်ဆိုင်ပေမ ယ့် မြန်မာပြည်ကအိမ်သာအကြောင်းေ ရးဖို့ ကျွန်မသတိရလိုက်မိတယ်။
အရင်တုန်းက "ကျွန်မတက်ခဲ့ဖူးသော အိမ်သာများ"ဆိုပြီး ရေးခဲ့ဖူးသေးတယ်။ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အိမ်သာတွေအကြောင်းပေါ့။ အဲဒီတုန်းကရေးခဲ့တဲ့အိမ်သာေ တွက ၁၉၉ဝ နှောင်းပိုင်းအိမ်သာတွေဆိုေ တာ့ အနံ့အသက်တော်တော်စုံခဲ့တာပေါ့။ ဒီတစ်ခေါက် မြန်မာပြည်ပြန်လို့ ခရီးတွေလျှောက်သွားဖြစ်တဲ့အ ခါ လမ်းတစ်လျှောက်က အိမ်သာတွေနဲ့ ကျွန်မ မကင်းခဲ့ပြန်ပါဘူး။
သတိထားမိသလောက် လမ်းမှာကားရပ်နားတဲ့ စားသောက်ဆိုင်တိုင်းလိုလိုရဲ့အိမ်သာဟာ အရင်ကထက်စာရင် တော်တော်ကောင်းပြီး တော်တော်သန့်လာခဲ့ပါပြီ။ အရင်လို နှာခေါင်းပိတ်ပြီး ပြေးလွှားတက်ဖို့မလိုတော့ဘူး ။ အဲဒီလိုစားသောက်ဆိုင်တွေမှာ အိမ်သာတက်ရင် အခမဲ့ပါပဲ။ ဒါပေမယ့် အများပြည်သူသွားလာတဲ့နေရာမျိုးက အိမ်သာတွေကျတော့ ပိုက်ဆံပေးရပါတယ်။ ရွှေတိဂုံဘုရားမှာလည်း ပိုက်ဆံပေးရပါတယ်။
ကျွန်မ နားမလည်တာတစ်ခုက ဘုရားပရဝဏ်အတွင်းမှာရှိတဲ့အိမ်သာကို
တက်တဲ့အခါ ဖိနပ်ပေးမစီးတာပါပဲ။ ဖိနပ်ပေးမစီးတဲ့အပြင်
ခြေထောက်ရေဆေးခွင့်လည်း မပေးပါဘူး။ အိမ်သာဆိုတာ ရောဂါပိုးမွှားပေါင်းစုံနဲ့
အညစ်ပတ်ဆုံးနေရာဖြစ်နိုင်တာ မို့
အိမ်သာသွားတဲ့အခါ ကိုယ့်ဖိနပ်ကိုစီးပြီး မဝင်ရရင်တောင်
အိမ်သာစီးဖိနပ်တွေတော့ ထားပေးသင့်တယ်လို့ ကျွန်မထင်တယ်။ ဘာဖြစ်လို့
အိမ်သာသွားရင် ဖိနပ်စီးခွင့်မပေးသလဲတော့ မပြောတတ်ဘူး။
ဘားအံ့က ကျောက်ကလပ်ဘုရားမှာလည်း အတူတူပါပဲ။ တကယ်ဆို အိမ်သာက ဘုရားကျောင်းနဲ့ခပ်ဝေးဝေးက စားသောက်ဆိုင်တန်းအဆုံးစွန် မှာ လုပ်ထားတာပါ။ ဖိနပ်စီးပြီး စားသောက်ဆိုင်တွေထဲ ဝင်ထွက်လို့ရတယ်။ ဖိနပ်စီးပြီး ကျောင်းဝန်းကျင်တစ်ခုလုံးသွားလာလို့ရပေမယ့် အိမ်သာထဲဝင်တဲ့အခါ ဖိနပ်ချွတ်ခိုင်းပါတယ်။ အိမ်သာက ခြောက်သွေ့ပြီး ခြေချလို့အဆင်ပြေတယ်ဆိုရင်ေ တာ့
မပြောလိုပါဘူး.. ခုဟာက သေးမှန်း ရေမှန်းမသိ စိုရွှဲနေတဲ့နေရာမှာ
ဖိနပ်ပေးမစီးပါဘူး။ ညှပ်ဖိနပ်စီးထားရင် ချွတ်ရအဆင်ပြေပေမယ့် ဘွတ်ဖိနပ်
ခြေအိတ်နဲ့ကျတော့ ခြေထောက်ပေပေနဲ့ ပြန်စီးလို့အဆင်မပြေတော့ပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းရေးကို မသိလို့ ဦးစားမပေးတာလား၊ အယူအဆကြောင့်လာတော့ ကျွန်မလည်း မပြောတတ်ပါဘူး။
မြန်မာပြည်က အများပြည်သူတဲ့သက်ဆိုင်တဲ့ေ နရာတွေက
အိမ်သာတွေဟာ ပိုက်ဆံပေးရပါတယ်။ တချို့အိမ်သာက ပေးရတန်ပေမယ့် တချို့က
ပေးရမတန်ပါဘူး။ ကျုံထော်ရေတံခွန်က ခြေတံရှည်အိမ်သာဆိုရင် အင်ဖက်နဲ့ကာပြီး
ထရံကိုတံခါးလုပ်ထားတဲ့ အိမ်သာပါ။ တံခါးပိတ်မယ်ဆိုရင် ထရံကာတံခါးကို မ,မပြီး
ပိတ်ရပါတယ်။ အိမ်သာကလည်း အနံ့အသက်စုံပြီး ယိုင်နဲနဲပါပဲ။ ဒီလို
အိမ်သာမျိုးကို ဘာလို့ပိုက်ဆံကောက်မှန်း နားမလည်ပါဘူး။
ကိုယ်ဆောက်ထားတဲ့အိမ်သာမို့
ကောက်တာပဲလား မပြောတတ်ဘူး။ ဒါမှမဟုတ် ကောက်တဲ့ပိုက်ဆံကို တစ်နေရာရာ
လိုအပ်တဲ့နေရာမှာ သုံးဖို့လားလည်း မပြောတတ်ဘူး။ ဒီလို အရှက်မလုံတဲ့
အိမ်သာမျိုးတက်မယ့်အစား ဒီလိုမှန်းသိရင် ငါ ရေထဲမှာပေါက်ခဲ့ပါတယ်ကွာ
သူငယ်ချင်းကို ကျွန်မနောက်ခဲ့ပါသေးတယ်။
ကျွန်မတို့ ပြည်ကနေ ရန်ကုန်အပြန်လမ်းက မြို့တစ်မြို့မှာ (ဘာမြို့လည်းမမှတ်မိတော့) ကျွန်မတို့ကြံရည်ဝင်သောက်ပါ တယ်။ ကြံရည်နဲ့ မုန့်ဆိုင်တွဲတဲ့ဆိုင်တစ်ဆိုင်ပေါ့။
အဲဒီမှာ အပေါ့သွားဖြစ်တယ်။ ကျွန်မအံ့သြတာက အဲဒီခြံဝင်းက အကျယ်ကြီးပဲ..
အိမ်သာကတော့ အိမ်သာဖြစ်ရုံ ပြိုတော့မယ့်ပုံနဲ့ ခြံအလယ်တည့်တည့်မှာပေါ့။
အဲဒီအိမ်မှာ သမီးပျို၊ သားပျိုရှိရင် သူတို့လုံလုံခြုံခြုံ စိတ်ချချ
အိမ်သာတက်လို့ရပါမလားလို့ ကျွန်မတွေးမိတယ်။
မြန်မာပြည်ကလူတွေဟာ အရင်ကထက် ခေတ်မီလာကြတယ်။ ဥစ္စာပစ္စည်းတွေလည်း အရင်ကထက် သုံးနိုင်ကိုင်နိုင်လာကြတယ် ။ နာမည်ရှိတံဆိပ်ပစ္စည်းတွေလည်း အသုံးပြုလာနိုင်ကြပါပြီ။ ဒါပေမယ့် ဂုဏ်ပကာသန ပစ္စည်းဥစ္စာပေါများလာပေမယ့် လူနေမှုအဆင့်အတန်းကတော့ နိမ့်ကျနေဆဲပါပဲ။
အရင်တုန်းက "ကျွန်မတက်ခဲ့ဖူးသော အိမ်သာများ"ဆိုပြီး ရေးခဲ့ဖူးသေးတယ်။ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အိမ်သာတွေအကြောင်းပေါ့။ အဲဒီတုန်းကရေးခဲ့တဲ့အိမ်သာေ
သတိထားမိသလောက် လမ်းမှာကားရပ်နားတဲ့ စားသောက်ဆိုင်တိုင်းလိုလိုရ
ကျွန်မ နားမလည်တာတစ်ခုက ဘုရားပရဝဏ်အတွင်းမှာရှိတဲ့အ
ဘားအံ့က ကျောက်ကလပ်ဘုရားမှာလည်း အတူတူပါပဲ။ တကယ်ဆို အိမ်သာက ဘုရားကျောင်းနဲ့ခပ်ဝေးဝေးက စားသောက်ဆိုင်တန်းအဆုံးစွန်
မြန်မာပြည်က အများပြည်သူတဲ့သက်ဆိုင်တဲ့ေ
ကျွန်မတို့ ပြည်ကနေ ရန်ကုန်အပြန်လမ်းက မြို့တစ်မြို့မှာ (ဘာမြို့လည်းမမှတ်မိတော့) ကျွန်မတို့ကြံရည်ဝင်သောက်ပါ
မြန်မာပြည်ကလူတွေဟာ အရင်ကထက် ခေတ်မီလာကြတယ်။ ဥစ္စာပစ္စည်းတွေလည်း အရင်ကထက် သုံးနိုင်ကိုင်နိုင်လာကြတယ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။