သင်နဲ့ပတ်သက်သမျှ ဖေ့စ်ဘွတ်ပေါ်က အချက်အလက်တွေ အားလုံးကို သင်ကိုယ်တိုင် သိမ်းဆည်းထားနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ကို သုံးလာတာ အချိန်ကြာလာတာနဲ့အမျှ သင်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ အပါအဝင် အချက်အလက်တွေ၊ ဖေ့စ်ဘွတ်ပေါ်မှာ သင်လုပ်ဆောင်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ များပြားလာပါတယ်။ ဒီ အချက်အလက် အကြောင်းအရာတွေက ဖေ့စ်ဘွတ်ပေါ်က သင့်ရဲ့သမိုင်းကြောင်းဆိုရင်လည်း မမှားပါဘူး။
သင်နဲ့ပတ်သက်သမျှ ဖေ့စ်ဘွတ်ပေါ်က အချက်အလက်တွေ အားလုံးကို သင်ကိုယ်တိုင် သိမ်းဆည်းထားနိုင်မယ့် နည်းလမ်းကို Duwun ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်။
၁။ ဖေ့စ်ဘွတ်စာမျက်နှာရဲ့ ညာဘက်အပေါ်ထောင့်စွန်းက drop down arrow ကို နှိပ်ပါ။ ပေါ်လာတဲ့ menu ထဲက 'Setting' ရွေးပါ။
၂။ 'Setting' စာမျက်နှာကို ရောက်တဲ့အခါ 'Download a copy' ကို နှိပ်ပါ။
၃။ နောက်ထပ် စာမျက်နှာတစ်ကို ရောက်သွားတဲ့အခါ 'Start My Archive' ကို နှိပ်ပေးပါ။ ဒီအဆင့်တွေ လုပ်ဆောင်ပြီးလို့ ဖေ့စ်ဘွတ်က သင့်ရဲ့ အချက်အလက်တွေကို download ရယူနိုင်တဲ့အခါ သင့်ထံကို အီးမေးလ်ပို့ အကြောင်းကြားပါလိမ့်မယ်။ အီးမေးလ် လက်ခံရရှိမယ့် အချိန်ကာလကတော့ ဖေ့စ်ဘွတ်မှာ သင် တင်ခဲ့တဲ့ ဓာတ်ပုံအပါအဝင် အချက်အလက် အနည်းအများပေါ် မူတည်ပြီး ကြာမြင့်နိုင်ပါတယ်။
ဖေ့စ်ဘွတ်ထံမှ သင့်ရဲ့အချက်အလက်တွေကို download ရယူနိုင်ကြောင်း အီးမေးလ် ရောက်ရှိလာခဲ့အခါ မြန်မြန် download ရယူသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလို download ရယူဖို့အတွက် ဖေ့စ်ဘွတ်က အချိန်ကာလတစ်ခု သတ်မှတ်ထားပြီး ထိုအချိန်ကျော်လွန်ပါက download ရယူနိုင်မှာ မဟုတ်ပါဘူး။
၎။ ဖေ့စ်ဘွတ်က ပေးပို့တဲ့ အကြောင်းကြားမှုမှတစ်ဆင့် zip file တစ်ခုကို download ရယူပါ။
၅။ ဖေ့စ်ဘွတ်ထံမှ download ရယူခဲ့တဲ zip file ကို unzip ပြုလုပ်လိုက်ပါ။ html အမည်နဲ့ folder တစ်ခု၊ photos အမည်နဲ့ folder တစ်ခု၊ index အမည်နဲ့ HTML file တစ်ဖိုင် ရရှိမှာ ဖြစ်ပါတယ်။
ံHTML file ကို ဖွင့်လိုက်မယ်ဆိုရင် -- သင့်ကိုဖိတ်ကြားခဲ့တဲ့ event နဲ့ တက်ရောက်ခဲ့တဲ့ event တွေ၊ သင် add လုပ်ခဲ့တဲ့ friend နဲ့ remove လုပ်ခဲ့တဲ့ friend တွေနဲ့ သင် ဖေ့စ်ဘွတ်အသုံးပြုခဲ့တဲ့ ကွန်ပျူတာ၊ ဖုန်း၊ Tablet တွေရဲ့ IP လိပ်စာ အပါအဝင် ဖေ့စ်ဘွတ်ပေါ်မှာ သင် လုပ်ဆောင်ခဲ့သမျှ အကြောင်းအရာတွေကို သိရှိနိုင်မှာပါ။ သင့်ရဲ့ ဖေ့စ်ဘွတ်သမိုင်းကြောင်း အနေနဲ့ ဒါတွေကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။
- Profile Historyဖေ့စ်ဘွတ်က ရရှိခဲ့တဲ့ 'index.htm' file ကို ဖွင့်လိုက်မယ်ဆိုရင် သင့်ရဲ့ Profile စာမျက်နှာမှာ သင် လုပ်ဆောင်ခဲ့သမျှ relationship status, education, employers, family အပါအဝင် ဖေ့စ်ဘွတ်ကနေ သင် delete လုပ်ခဲ့တဲ့ အရာတွေအားလုံးကို ပြန်ကြည့်နိုင်ပါတယ်။
- Timeline Historyဖေ့စ်ဘွတ်က Timeline မှာ သင်ရေးခဲသမျှ Status တွေ၊ သင် Like လုပ်ခဲ့သမျှ Page သို့မဟုတ် ဝက်ဘ်ဆိုက်တွေနဲ့ သင် လွှင့်တင်ခဲ့သမျှ ဓာတ်ပုံ၊ ဗီဒီယိုတွေ အားလုံးကို တွေ့ရှိနိုင်ပါတယ်။
- Photos and Vidoes Historyဖေ့စ်ဘွတ်ကနေ download ရယူခဲ့တဲ့ zip file ထဲမှာ သင် လွှင့်တင်ခဲ့သမျှ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အားလုံးကို ရရှိနိုင်တဲ့အပြင် အဆိုပါ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရိုက်ကူးခဲ့တဲ့ နေရာ၊ လွှင့်တင်ခဲ့တဲ့ အချိန်နဲ့ အသုံးပြုခဲ့တဲ့ IP လိပ်စာတွေကိုပါ အတိအကျ သိရှိနိုင်မှာ ဖြစ်ပါတယ်။
Source: Facebook
http://www.duwun.com.mm
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။