Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 22, 2016

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ

 
 
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ

လူလူချင်းအတူတူ ခွဲခြားနှိမ့်ချဆက်ဆံတတ်တဲ့ အကျင့်ကို ကျွန်မ ပတ်ဝန်းကျင်မှာ အရင်ကရော အခုရော တော်တော်များများ မြင်တွေ့ခဲ့ ရပါတယ်.။ နောင်လည်းမြင်တွေ့ရဦးမှာပါ.။

လူတစ်ယောက်ကို အထင်သေးစွာ ခွဲခြားနှိမ့်ချ ဆက်ဆံတယ် ဆိုတဲ့နေရာမှာ

(၁) အပြုအမူ ရယ်
(၂) အပြောအဆို ရယ်
(၃) မျက်လုံးအကြည့် ရယ် ဆိုပြီး (၃)မျိုး တွေ့ရပါတယ်။

လူတစ်ဦးနဲ့တစ်ဦးဟာ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်များ (မိသားစု၊ သူငယ်ချင်း၊ ဆရာ စသည်တို့...) မတူညီပဲ ကွဲပြားကြပါတယ်.။ အဲဒါကြောင့် လူ့စရိုက်တွေဟာလည်း အမျိုးမျိုးကွဲပြားနေလေ့ရှိကြပါတယ်.။ ဒါနဲ့ပတ်သက်ပြီး ကျွန်မ ဖတ်ဖူးတဲ့ စာလေးကိုကြားညှပ်ရေးပါရစေ။

■ငယ်ငယ်က အလှောင်အပြောင်တွေကြားမှာကြီးပြင်းခဲ့တဲ့သူဟာ
ကြောက်ရွံ့တတ်တယ်တဲ့.။
■ငယ်ငယ်က အပြစ်တင်ခြင်းကြားမှာ ကြီးပြင်းလာခဲ့သူဟာ
အရွဲ့တိုက်တတ်တယ်တဲ့.။
■ငယ်ငယ်က အယုံကြည်ကင်းမဲ့စွာ ဆက်ဆံခံရတဲ့သူဟာ
သိမ်ငယ်တတ်တယ်တဲ့.။
■ငယ်ငယ်က အားပေးမှုနဲ့ကြီးပြင်းလာတဲ့သူဟာ ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိတယ်တဲ့.။
■ငယ်ငယ်က အမှန်တရားနဲ့ကြီးပြင်းလာတဲ့သူဟာ
တရားမျှတခြင်းကို မြတ်နိုးတယ်တဲ့.။
■ငယ်ငယ်က ချီးမွမ်းခြင်းနဲ့ကြီးပြင်းလာတဲ့သူဟာ
အရာရာကိုတန်ဖိုးထားတတ်တယ်တဲ့.။
■ငယ်ငယ်က မေတ္တာတရားနဲ့ ကြီးပြင်းလာခဲ့ရတဲ့သူဟာ
ချစ်ခြင်းမေတ္တာကိုယုံကြည်တယ်တဲ့။

အဲလို စရိုက်တွေမျိုးစုံရှိတဲ့သူတွေထဲမှာ ကိုယ်လည်း တစ်ယောက်အပါအဝင်ပါပဲ.။ တစ်ချို့ကျ လူတစ်ယောက်ကို ပုံပန်းသဏ္ဍာန်ကြည့်ပြီး ဆုံးဖြတ်လေ့ရှိကြတယ်.။
✔ဝတ်ကောင်းစားလှဝတ်မှ
✔စကားပြောကောင်းမှ
✔နောက်ဆုံးပေါ်ဆိုတာတွေကိုင်နိုင်၊ သုံးနိုင်မှ စသဖြင့်ပေါ့..။

အဲအရာတွေမရှိတဲ့သူဆိုရင်တော့ အပေါ်မှာ ကျွန်မပြောခဲ့သလို အပြုအမူနဲ့တစ်ဖုံ၊ အပြောအဆိုနဲ့တစ်ဖုံ၊ မျက်လုံးအကြည့်နဲ့တစ်ဖုံ ဆက်ဆံကြတော့တာပါပဲ.။ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်မငယ်ငယ်က ဖတ်ဖူးတဲ့"တရုတ်ပုံပြင်" တစ်ပုဒ်ကို သွားသတိရမိတယ်.။

တခါက တရုတ်ပြည်မှာ အမှန်တရားကို အရမ်းမြတ်နိုးပြီး အမှန်တရားနှင့်ပတ်သက်လာလျှင်လည်း လူကြားသူကြားမရှောင် သရော်ပြတတ်တဲ့သူတစ်ယောက်ရှိတယ်.။ (နာမည်တော့ မမှတ်မိတော့ပါ) တနေ့ သူ့မိတ်ဆွေသူဌေးတစ်ယောက်ရဲ့ ဧည့်ခံပွဲတစ်ခုကို အိမ်မှာဝတ်တဲ့ အဝတ်အစားနဲ့ပဲ မပြင်မဆင် သွားရောက်ခဲ့သတဲ့.။ အဲမှာ ဂိတ်အစောင့်က ပေးမဝင်ဘဲ သူ့ကို မောင်းထုတ်လိုက်တော့တယ်.။ (အပေါ်ယံကြည့်ပြီး ဆင်းရဲသား လို့တွေးကာ အထင်အမြင်သေး၍ မောင်းထုတ်ခြင်းဖြစ်သည်)..။ အဲဒါနဲ့သူလဲ အိမ်ပြန် ဝတ်ကောင်းစားလှတွေဝတ်ပြီး နောက်တခါပြန် လာတော့မှ ဂိတ်စောင့်က ပေးဝင်သတဲ့.။သူလည်း စိတ်ပေါက်ပေါက်နဲ့ ဧည့်ခံပွဲမှာ ချထားတဲ့ မုန့်တွေကို အင်္ကျီအိပ်ကပ်ထဲ လောင်းထည့်ပြီး ပါးစပ်က "ငါ့ကိုကျွေးတာမဟုတ်ဘူး" "မင်းကိုကျွေးတာ.... မင်းကိုကျွေးတာ"လို့ အော်ပါတော့ တယ်တဲ့။

အဲဒါကြောင့် လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဘယ်တော့မှ အထင်လည်း အရမ်းမသေးမိပါစေနဲ့.။ အရမ်းလည်း အထင်မကြီးမိပါစေနဲ့.။ အရမ်းအထင်သေးလွန်းပြီး သူတစ်ပါးကို နစ်နာအောင်ပြောဆိုဆက်ဆံရင် တနေ့ ကိုယ်လဲ အဲအကျိုးကို ပြန်ခံစားရမှာဖြစ်တယ်.။ တစ်ဖက်က အငြိုးထားပြီး ကလဲ့စားချေတာတို့ ဘာတို့ဆိုလည်း ကိုယ်ပဲနာကျင်ရဦးမှာ.။ ပြီးတော့ လူတစ်ယောက်ကို အရမ်းအထင်ကြီးမိရင်လည်း ဘာလုပ်လုပ် အပြစ်မမြင်တော့ပဲ တစ်ဖက်သားရဲ့ လှည့်စားလိမ်ညာခြင်းကို ခံရတတ်ပါတယ်။

ဒါကြောင့် လူတစ်ယောက်ရဲ့ ပကာသနတွေ လူမျိုးတွေ အသားအရောင်တွေ ဘေးချိတ်ပြီး ကမ္ဘာပေါ်က လူတွေထဲက လူသားတစ်ယောက်ပါပဲလားဆိုတဲ့အသိနဲ့ တန်းတူညီတူ ဆက်ဆံကြပါ.။အဲဒီ အကျိုးကိုလည်း သင်တနေ့ ကောင်းကောင်းခံစားရမယ်ဆိုတာကို ကျွန်မရဲရဲကြီး အာမခံပါတယ်.။
(အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ)

ဆောင်းပါးရှင် - ရှင်မိုးနွယ်
credit yoyarlay

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။