Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 28, 2016

ကျွဲမြီးဆွဲသောအခါ

ကျွဲမြီးဆွဲသောအခါ
++++++++++++++++

တစ်ခါက လူငယ်တစ်ဦးဟာ လယ်သမားကြီးတစ်ဦးရဲ့ သမီးကို ချစ်ခင်နှစ်သက်နေပါသတဲ့..။ သူဟာ အဲဒီအမျိုးသမီးလေးကို ချစ်မြတ်နိုးလှတာကြောင့် သွားလည်းဒီစိတ်၊ စားလည်းဒီစိတ်ဆိုသလို နေ့ရောညပါ မအိပ်နိုင် မစားနိုင်ဖြစ်လို့လာတယ်။ တစ်နေ့မှာတော့ သူဟာ သူ့ရဲ့ချစ်စိတ်ကို အောင့်အီးနိုင်စွမ်းမရှိတော့တာကြောင့် မိန်းကလေးရဲ့ ဖခင်ဖြစ်တဲ့ လယ်သမားကြီးဆီကို သွားပြီး ဒီလိုပြောဆိုတယ်

"ဦးကြီးခင်ဗျား.. နားနဲ့မနာ ဖ၀ါးနဲ့နာပါခင်ဗျာ။ ကျွန်တော်ဟာ ဦးကြီးရဲ့ သမီးကို အင်မတန် ချစ်မြတ်နိုးမိနေပါတယ်။ တကယ်လို့များ ဦးကြီးဟာ ကျွန်တော့်ကို ဦးကြီးရဲ့သမီးကို လက်ထပ်ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အသက်နဲ့ရင်းပြီး ဦးကြီးရဲ့သမီးကို ရှာဖွေကျွေးမွေးမှာပါခင်ဗျာ"

အဲဒီလို လူငယ်ရဲ့စကားကို ကြားတဲ့အခါ လယ်သမားကြီးက အချိန်အတော်ကြာအောင် ငြိမ်သက် စဉ်းစားနေတယ်။ သူဟာ စဉ်းစားနေလိုက်၊ လူငယ်ကို ကြည့်ပြီး အကဲခတ်လိုက်နဲ့ အတော်ကြာအောင် ပြုလုပ်နေပြန်တယ်။ အဲဒီနောက်မှာတော့ သူက ဒီလိုပြောခဲ့တယ်

"ကောင်းပြီလေ...။ မင်းငါ့သမီးကိုလက်ထပ်ဖို့ ဒီအတိုင်းတော့ ခွင့်ပြုမပေးနိုင်ဘူး..။ ယောက်ျားတစ်ယောက်ဟာ လိုအပ်တဲ့ အားခွန်ဗလနဲ့ လျင်မြန်ဖြတ်လတ်မှုတော့ လိုတယ်လို့ငါထင်တယ်။ အဲဒီအတွက် စမ်းသပ်ချက်တစ်ခုကိုတော့ မင်းကို လုပ်မှဖြစ်မယ်။ မင်းဟာ ဘယ်လောက် ခွန်အားဗလနဲ့ပြည့်စုံလည်း၊ လျှင်မြန်ဖြတ်လတ်လဲဆိုတာကို ငါ့အနေနဲ့စမ်းသပ်ကြည့်ရမယ်။ ဟိုးမှာတွေ့လား.. ငါ့ရဲ့လယ်ကွင်းအစပ်က ကန်သင်းရိုး..။ မင်း..အဲဒီကန်သင်းရိုးပေါ်မှာ သွားပြီး ရပ်စောင့်နေရမယ်..။ မင်းဆီကို ငါက ကျွဲရိုင်းသုံးကောင်းကို တစ်ကောင်ချင်းစီ လွှတ်လိုက်မယ်..။ မင်းဟာ အဲဒီကျွဲသုံးကောင်ထဲက တစ်ကောင်ကောင်ရဲ့ အမြီးကို ပိုင်ပိုင်နိုင်နိုင် ဆွဲနိုင်ရမယ်..။ မင်းအောင်မြင်ရင်.. ငါ့သမီးကို မင်းရမယ်။ မင်းကျွဲမြီးကို မဆွဲနိုင်ဘူးဆိုရင်တော့ ငါ့သမီးကို မင်းလက်ထပ်ခွင့်ရမှာမဟုတ်ဘူး.. ဘယ်လိုလဲ ကောင်လေး.. သဘောတူရဲ့လား"

လူငယ်ဟာ.. အတန်ကြာစဉ်းစားနေခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ စိတ်ဆုံးဖြတ်ပြီးတဲ့နောက်
"လုပ်မယ်ဗျာ" လို့ ယောက္ခမလောင်း လယ်သမားကြီးကို စိန်ခေါ်လိုက်တော့တယ်..။

အဲဒီလိုနဲ့ လူငယ်ဟာ လယ်ကန်သင်း အစပ်မှာ ခြေထောက်နှစ်ချောင်းကို ခပ်ချဲချဲရပ်ရင်း အသင့်အနေအထားနဲ့ စောင့်နေခဲ့တယ်။ ခဏအကြာမှာတော့ လယ်သမားကြီးရဲ့ နွားတင်းကုပ်တံခါးဟာ ပွင့်လာခဲ့တယ်။ အဲဒီလို နွားတင်းကုတ်တံခါးပွင့်လျင်ပွင်ချင်းဘဲ လူငယ်ရဲ့ တစ်သက်တာမှာ အကြီးဆုံးလို့မြင်ခဲ့ဘူးတဲ့ ကျွဲထက် ပိုမိုကြီးမားတဲ့ ကျွဲရိုင်းကြီးတစ်ကောင်ဟာ လူငယ့်ဆီကို ဦးတည်ပြေးလွှားလာနေခဲ့တယ်။

"အောင်မလေး.. နည်းတဲ့ကောင်ကြီးမဟုတ်ဘူးဟ..။ အမြန်ရှောင်မှပဲ။ နောက်ထပ် ကျွဲနှစ်ကောင်ရှိပါသေးတယ်။ ဒီကောင်ကြီးရဲ့ အမြီးကိုဆွဲဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး"
လူငယ်ဟာ အဲဒီလိုတွေးပြီး ကျွဲကြီးကို ရှောင်ရှားလိုက်တယ်။

အဲဒီနောက်မှာလည်း သူဟာ ပြန်လည်အသင့်ပြင်လိုက်ပြီး ဒုတိယမြောက် ကျွဲကို စောင့်စားနေပြန်တယ်..။ ဒီတစ်ကြိမ်မှာလည်း ပထမကျွဲလောက်နီးနီး ကြီးမားတဲ့ ကျွဲကြီးတစ်ကောင် ထွက်လာပြန်တယ်..။ လူငယ်ဟာ

"ဒီကောင်ကြီးလည်း မလွယ်လောက်ဘူးဟ၊ ငါရှောင်ဦးမှပါ၊ နောက်ဆုံးတစ်ကောင်ကျန်သေးတာပဲ" လို့တွေးပြီး နောက်ဆုံးသော ကျွဲကို စောင့်ခဲ့ပြန်တယ်..။

အဲဒီလိုနဲ့လူငယ်ဟာ အသင့်အနေအထားနဲ့ စောင့်စိုင်းပြန်တယ်
"ဒီတစ်ကြိမ်မှာတော့ ဆင်လောက်ပဲကြီးတဲ့အကောင်လာစမ်းပါစေ၊ ငါ့လက်က မလွတ်စေရဘူး" လို့ ပြောပြီး လက်ခမောင်းကို တဖြောင်းဖြောင်းမည်အောင် ခတ်လိုက်တယ်.။
သူစောင့်စိုင်းနေစဉ်မှာပဲ လယ်သမားကြီးဟာ နောက်ထပ် ကျွဲတစ်ကောင်ကို လွှတ်လိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ လူငယ်အတွက် ၀မ်းသာစရာတွေဖြစ်လာခဲ့တယ်..။ အဲဒါကတော့ လယ်သမားကြီးလွှတ်လိုက်တဲ့ ကျွဲဟာ ဆိတ်ကြီးကြီးတစ်ကောင်သာသာ အရွယ်သာရှိတဲ့ ကျွဲပိန်ကလေးဖြစ်လို့နေတာပဲဖြစ်တယ်။

"ဟား..ဟား..။ ယောက္ခမကြီးရေ..ကျေးဇူးပဲဗျာ" လို့ လူငယ်က ခပ်ပြုံးပြုံးနဲ့ ရေရွတ်ပြောဆိုတယ်..။

လူငယ်ဟာ လျင်မြန်စွာနဲ့ပဲ ကျွဲပေါ်ကိုခုန်တက်ကာ ကျွဲမြီးကိုဆွဲလိုက်တယ်..။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာလည်း သူကံမကောင်းအကြောင်းမလှ ဖြစ်ခဲ့ပြန်တယ်။

အကြောင်းကတော့ တတိယမြောက်ကျွဲမှာ အမြီးမပါလို့ပဲဖြစ်တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်..။ ကျွန်တော်တို့ဟာ ပုံပြင်ထဲက လူငယ်လေးနဲ့ တူတယ်လို့ဆိုမယ်။ လယ်သမားရဲ့သမီးချောနဲ့တူတဲ့ အောင်မြင်ကြီးပွားခြင်းကို မက်မက်မောမော အရယူလိုသူမျာဖြစ်တယ်လို့ဆိုချင်တယ်..။ ဘ၀ရဲ့ လယ်ကန်သင်းပေါ်မှာ အကြိမ်ကြိမ်အသင့်ပြင်ရင်း အခွင့်အရေးကျွဲမြီးတွေကို ဆွဲဖို့ ကြိုးစားသူများဖြစ်တယ်။ အဲဒီလို ကြိုးစားနေပေမယ့်လည်း အခွင့်အရေးကောင်းတွေ ကိုယ့်ရှေ့မှာ ဆိုက်ရောက်လာတဲ့အခါမှာတော့ "ပင်ပန်းလွန်းတယ်" "ဒါ့ထက်ကောင်းတာရှိဦးမှာပါလေ" "နောက်တစ်ခုစောင့်ဦးမယ်၊ စောသေးတယ်" စတဲ့ဆင်ခြေတွေနဲ့အတူ ကျွဲမြီးတွေကို ဆွဲဖို့ တုံ့ဆိုင်းနေတတ်ကြတယ်လို့ဆိုတယ်။ အဲဒီလိုတုံ့ဆိုင်းရင်းနဲ့ပဲ ကိုယ့်ရမှာမဲ့ အခွင့်အရေးတွေဟာ တစ်ခုပြီးတစ်ခု ကိုယ့်အနားက ထွက်ခွာသွားတတ်သေးတယ်။ တကယ်တမ်း လူငယ်လို အားအင်အပြည့် လက်ခမောင်းခတ်ခါ "ဒီတစ်ခါ အခွင့်အရေးကိုတော့ လက်လွတ်မခံတော့ဘူး" လို့ ကြွေးကြော် စောင့်ဆိုင်းချိန်မှာတော့ အခွင့်အရေးတစ်စုံတစ်ရာမှ ရောက်မလာတော့ဘဲ ဖြစ်နေတတ်တယ်လို့ဆိုတယ်။ ဆိုလိုတာကတော့ အခွင့်အရေးရတုံးရခိုက်မှာ ရွှေ့ဆိုင်းနေ၊ တုံ့ဆိုင်းတွေဝေ ကြောက်ရွံ့မနေဘဲ အမိအရ ဆုတ်ကိုင်သင့်လှတယ်။

လောကမှာရှိနေကြတဲ့လူတိုင်းဟာ အခွင့်အရေးဆိုတဲ့လှေခါးထစ်၊ ကျွဲမြီးတွေကိုဆွဲဖို့ ရည်ရွယ်စောင့်ဆိုင်း နေကြသူချည်းပဲဖြစ်တယ်လို့ဆိုမယ်။ အဲဒီလို အခွင့်အရေးတွေကို အမိအရဆုတ်ကိုင်ပြီး အောင်မြင်မှုကို ကြိုးစားကြသူများထဲမှာ နှစ်မျိုးနှစ်စားတော့ ကွဲနေကြပြန်တယ်။ တစ်မျိုးသော သူတွေဟာ "luck or in circumstance" ဆိုတဲ့အခြေအနေနဲ့ ကံတရားအပေါ်ကို ယုံကြည်မှုလွန်ကဲနေ၊ တွက်ဆနေတတ်တဲ့ ပုံပြင်ထဲက လူငယ်လိုဖြစ်ကြပြီး၊ နောက်တစ်မျိုးကတော့ "Cause and effect" လို့ခေါ်မယ့် အကျိုးအကြောင်းအပေါ်မှာသာ ယုံကြည်ကြသူတွေပဲဖြစ်တယ်။
ပထမတစ်မျိုးဖြစ်တဲ့ luck or circumstance ကတော့ "ဖြစ်နိုင်ပါ့မလား၊ နောင်အခွင့်အရေးတွေလည်း ရှိနေပါသေးတယ်လေ၊ ဒါကတော့ ပင်ပန်းလွန်းတယ်ထင်တယ်" လို့ ပြောဆိုလေ့ရှိပြန်တယ်။ နောက်တစ်မျိုးဖြစ်တဲ့ "Cause and effect" ကတော့ "ငါ့ရဲ့ရည်ရွယ်ချက်ဟာ ဒါပဲဖြစ်တဲ့အတွက် ဒါကိုလုပ်မှသာ အကျိုးရလာမှာဖြစ်တဲ့အတွက် အောင်မြင်ခြင်းကို ရနိုင်မယ်" ဆိုတဲ့ လူစားမျိုးပဲဖြစ်တယ်..။

“Shallow men believe in luck or in circumstance. Strong men believe in cause and effect.”

ဆိုတဲ့စကားလို "ပေါ့တန်သောလူတွေဟာ ကံတရားနဲ့အခြေအနေကိုသာသုံးသပ်တတ်ပြီး၊ ကြံ့ခိုင်တဲ့လူတွေကတော့ အကျိုးအကြောင်းကိုသာ ဆင်ခြင်တယ်" လို့ ဆိုလိုတာပဲဖြစ်တယ်။ ကျွန်တော်တို့တွေဟာလည်းပဲ ကံတရားရဲ့ဖေးမမှုနဲ့ နောင်လာမဲ့ အခွင့်အရေးတွေကို စောင့်မျှော်နေမယ့်အစား လတ်တလောရောက်လာတဲ့ အခွင့်အရေးတွေကိုသာ အမိအရ ဆုတ်ကိုင်သင့်တယ်လို့ဆိုချင်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ လယ်သမားရဲ့သမီးချောနဲ့ ဝေးကွာတဲ့ လူငယ်ရဲ့အဖြစ်မျိုးသာ ဖြစ်မယ်လို့ ဆိုလိုတာပဲဖြစ်တယ်။

အခွင့်အရေးကျွဲမြီးများကို အမိအရ ဆွဲနိုင်ကြပါစေဗျာ
(ဖြိုးသုတ)

******************************************************************
Note: ကျွန်တော်သည် အတွေးအမြင်စာပေများကို အစဉ်မပြတ် ရေးသားနေသော စာရေးသူတစ်ဦးဖြစ်ပါသည်။ ထိုသို့ ရေးသားရာတွင် ကျွန်တော်ရေးသားသော ပို့စ်များကို ဖတ်ရှုသူများ၊ မျှဝေသူများရှိနေသောကြောင့်လည်း များစွာ ပီတိဖြစ်ရပါသည်။ ကျွန်တော်၏ ပရိတ်သတ်များကိုလည်း လွတ်လပ်စွာ ရှယ်စေချင်ပါသည်။ သို့သော် အချို့သော Facebook ရှိနာမည်ကြီး Page များ၊ Community များသာမက၊ Blog တချို့သည်လည်း သည် ကျွန်တော်၏ ပို့စ်များကို Share ပြုလုပ်ခြင်းမရှိဘဲ၊ ကျွန်တော့်ထံလည်း ခွင့်တောင်းခြင်းမရှိဘဲ Copy ကူးယူတာ တင်ကြပါသည် Credit ပေးသည်ဆိုသော်လည်း ထိုသို့ ပြုလုပ်ခြင်းသည် ကျွန်တော့်ပရိသတ်နှင့် ကျွန်တော့်ကြားတွင် တိုက်ရိုက်ထိတွေ့ခွင့် များစွာ ဆုံးရှုံးစေပါသည်။ သို့ပါ၍ ကျွန်တော်ရေးသားသမျှကို ကော်ပီယူလိုပါကလည်းကောင်း၊ မိမိတို့ကိုယ်ပိုင်ဆိုဒ်များတွင် ကူးယူတင်လိုပါကလည်းကောင်း ကျွန်တော့်ထံခွင်တောင်းစေချင်ပါသည်။ ထိုသို့ ခွင့်တောင်းခြင်းသည် လူယဉ်ကျေးများ၏ အပြုအမူဖြစ်သလို ကျွန်တော်ကဲ့သို့သော စာရေးသားသူများအတွက် ဖွံ့ဖြိုးခွင့်၊ ကြိုးစားသလောက် အရာရောက်ခွင့်ကို ပေးသည်နှင့်တူပါသည်။
ကျေးဇူးတင်စွာဖြင့်
ဖြိုးသုတ
********************************************

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။