ဒူဝမ်ချန်း - အမေရိကားမှာ ဘီလျံနာဖြစ်သွားတဲ့ FOREVER 21 ကုန်တိုက်ပိုင်ရှင် ကိုးရီးယာလူမျိုး။
တောင်ကိုးရီးယားနိုင်ငံက လူငယ်တယောက်ဟာ ကြီးပွားချမ်းသာချင်လို့ ဘွဲ့တခှုမရှိ၊ အင်္ဂလိပ်စကားလဲ ကောင်းကောင်းမပြောတတ်၊ ဒေါ်လာငွေ နဲနဲလေးကို ကိုင်ဆောင်ပြီး သူ့မိန်းမနဲ့အတူ ဆွေမျိုးအသိမရှိတဲ့ အမေရိကန်နိုင်ငံကို အရဲစွန့်ထွက်လာခဲ့တယ်။ အဲဒီကို ရောက်စမှာ စားသောက်ဆိုင်မှာ ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေးလုပ်၊ ဓါတ်ဆီဆိုင်မှာ ဆီဖြည့်ပြီး ဝမ်းစာရှာနေရတယ်။ တနေ့မှာ ဓါတ်ဆီဆိုင်မှာ ဆီလာဖြည့်ကြတဲ့ အဖိုးတန်ကားကြီးတွေကို ကြည့်ရင်း သူ့ခေါင်းထဲမှာ အကြံတခုပေါ်လာတယ်။ အဲဒီအကြံကို အကောင်အထည်ဖေါ်လိုက်တာ အနှစ် ၃၀ အကြာမှာ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာအနှံ့မှာ ဖွင့်လှစ်ထားတဲ့ FOREVER 21 ဆိုတဲ့ အမျိုးသမီးဝတ် ဖက်ရှင်အထည်ကုန်တိုက်တွေရဲ့ 
ကုမ္ပဏီပိုင်ရှင်နဲ့ CEO တယောက်ဖြစ်လာတဲ့အပြင် ဘီလျံနာသူဋ္ဌေးတယောက်လဲ
ဖြစ်လာခဲ့တယ်။ သူ့နာမည်က ဒူဝမ်ချန်း (Do Won Chang) ပါ။ သူ
ဘယ်လိုကြီးပွားချမ်းသာအောင် လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းလေးဟာ အတုယူအားကျစရာကောင်းတာမို့ ရေးသားဖေါ်ပြပေးလိုက်ပါတယ်။
==========================
ဒီတော့ အသက် ၃၆ နှစ်စီ ရွယ်တူဖြစ်ကြတဲ့ ဒူဝမ်နဲ့ ဂျင်စွတ်တို့ ၂ယောက်ဟာ မျက်စိသူငယ်၊ နားသူငယ်နဲ့ ၁၉၈၁ ခုနှစ်မှာ လက်ထဲမှာ အမေရိကန်ဒေါ်လာငွေနဲနဲလေးကို င်ပြီး
အမေရိကန်နိုင်ငံကို လေယဉ်ပျံနဲ့ ထွက်ခွာလာခဲ့ကြတယ်။ သူတို့ ၂
ယောက်စလုံးရဲ့ စိတ်ကူးအတွေးထဲမှာတော့ ကြီးပွားချမ်းသာဖို့
မျှော်လင့်ချက်အိပ်မက်ကိုယ် စီနဲ့ပေါ့။
လော့အင်ဂျဲလိစ့်လေဆိပ်ကို ရောက်ပြီး မကြာခင်မှာပဲ သူတို့အိပ်မက်ဟာ
လွင့်ပြယ်စပြုလာတယ်။ လေဆိပ်မှာ စပွန်ဆာပေးသူက လာကြိုတယ်။ သူတို့ကို
တက်စီကားနဲ့ မြို့ထဲမှာ ယာယီငှားပေးထားတဲ့ အိမ်ခန်းလေးတခုကို ပို့ပေးတယ်။
ထမင်းတနပ် ကျွေးတယ်။ ပြီးတော့ အဲဒီလူက “မနက်ဖြန်ကနေစပြီး မင်းတို့ဘဝကို
မင်းတို့ဖါသာ ရုန်းကန်ကြပေတော”့လို့ ပြောပြီး နူတ်ဆက်ပြန်သွားတယ်။ အဲဒီညမှာ
ဒူဝမ်တို့လင်မယား ၂ ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်ထင်သလား။
ဆွေမျိုးအသိမရှိ၊ အင်္ဂလိပ်စကားလဲ မပြောတတ်ဆိုတော့ ရှေ့ဘာဖြစ်မယ်ဆိုတာကို
တွေးပူပြီး လင်မယား ၂ ယောက်ဟာ အိပ်ယာပေါ်မှာ တညလုံးလူးလိမ့်ရင်း
မိုးစင်စင်လင်းခဲ့ကြတယ်။
မနက်မိုးလင်းတာနဲ့ ဒူဝမ်ဟာ မနက်စာကို ကမန်းကတန်းစားပြီး အင်္ဂလိပ်စကားကို မတတ်တတတ်နဲ့ ကြိုးစားပြောပြီး အိမ်အနီးပါတ်ဝန်းကျင်မှာ အလုပ်လိုက်ရှာတယ်။ အဲဒီတုံးက အဖြစ်အပျက်ကို သူက ခုလိုပြန်ပြောပြတယ်။ “ကျနော်လဲ အင်္ဂလိပ်စကားကို မတတ်တတတ် ထစ်ထစ်ငေါ့ငေါ့ ပြောရင်း အိမ်တွေမှာ အလုပ်လိုက်တောင်းတယ်။ အိမ်ရှင်က ကျနော်ပြောတာကို နားမလည်ရင် လက်ဟန်ခြေဟန်နဲ့ ရှင်းပြတယ်။ ပထမတော့ အရမ်းရှက်တာပေါ့ဗျာ။ နောက်တော့လဲ စားဖို့က ပိုအရေးကြီးတာမို့ မရှက်တော့ပါဘူး။ အလုပ်ပေါတဲ့ အမေရိကန်နိုင်ငံဆိုတော့ အလုပ်တွေ ရပါတယ်။ အလုပ်ရတာ သနားလို့ ပေးတာလား၊ ဈေးသက်သာလို့ပေးတာလားဆိုတာ ကျနော်မသိပါဘူး။ ကျနော်သိတာကတော့ အလုပ်ရလို့ ပျော်တာပါပဲ။ ဒါပေမဲ့ ကျနော့်လို ဘွဲ့မရ၊ အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်သူအတွက်
ဘယ်မှာသက်တောင့်သက်သာ အလုပ်မျိုး ရနိုင်ပါ့မလဲ။ ဒါကြောင့်
ပင်ပန်းတဲ့အလုပ်ဆိုပြီး ရွေးမနေနိုင်ပါဘူး။ ရတဲ့အလုပ်တွေ အကုန်လုပ်တယ်။
စားသောက်ဆိုင်တွေမှာ ပန်းကန်ဆေးတယ်။ စားပွဲထိုးလုပ်တယ်။ အိမ်တွေမှာ
မြက်ဖြတ်တာ၊ အိမ်သန့်ရှင်းပေးတာတွေ လုပ်ပေးတယ်။ ဓါတ်ဆီဆိုင်မှာ ကားရေဆေး၊
ဆီဖြည့်တာလဲ အချိန်ပိုင်းနဲ့လုပ်လိုက်သေးတယ်။ တနေ့လုံးအလုပ်တွေ ဆက်တိုက်လုပ်ရလို့ အိမ်ပြန်ရောက်၊ ညစာစားပြီးတာနဲ့ အိပ်ယာထဲ ထိုးဝင်အိပ်လိုက်တော့တာပါပဲ ”တဲ့။
==========================
တနေ့ သူဟာ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီလာဖြည့်တဲ့ ကားတွေမရှိလို့ ခုံတန်းလေးတခုပေါ်မှာ ထိုင်ပြီးအနားယူနေတုံး သူ့ခေါင်းထဲမှာ အကြံတခု ရုတ်တရက်ပေါ်လာတယ်။ ကြီးပွားချမ်းသာချင်တဲ့ ပြင်းပြတဲ့လိုအင်ဆန္ဒ (Burning Desire) ရှိနေသူအတွက် အကြံကောင်းဥာဏ်ကောင်းဆိုတာ ရုတ်တရက် အလိုအလျောက် ပေါ်လာတတ်စမြဲပါ။ ပေါ်လာတဲ့အကြံက သူ့ဆိုင်မှာ ဓါတ်ဆီလာဖြည့်ကြတဲ့ Mercedes-Benzes, BMW စတဲ့ ဈေးကြီးကြီး ကားကောင်းကြီးတွေကို စီးလာသူတွေဟာ အရမ်းချမ်းသာသူတွေ ဖြစ်ကြပြီး သူတို့အထဲက အတော်များများဟာ ဖက်ရှင်အဝတ်အစားတွေရောင်းတဲ့  ကုန်တိုက်ပိုင်ရှင်တွေ ဖြစ်နေကြတယ်။ သူလဲ အဲဒီလို ဖက်ရှင်အဝတ်အစားရောင်းတဲ့ဆိုင်
ဖွင့်ရောင်းရင် ချမ်းသာနိုင်မယ်ဆိုတဲ့ အတွေးပေါ်လာတယ်။ ညပိုင်း သူ
အိမ်ပြန်ရောက်ရောက်ချင်းပဲ မိန်းမဂျင်စွတ်နဲ့ တိုင်ပင်ကြည့်တယ်။
ဂျင်စွတ်ကလဲ အဲဒီအကြံကို သဘောကျတယ်။ လုပ်ဖို့ အားပေးတိုက်တွန်းတယ်။
ဘာလို့လဲဆိုတော့ ဂျင်စွတ်ဟာ ကိုးရီးယားမှာ နေစဉ်တုံးက
အမျိုးသမီးဖက်ရှင်ဒီဇိုင်နာ သင်တန်း
တက်ခဲ့ဖူးပြီး အမျိုးသမီးဝတ် ဖက်ရှင်အဝတ်အစားလေးတွေကို
ကိုယ်တိုင်ချုပ်ပြီး ရောင်းခဲ့ဖူးတယ်။ သူ့ဖက်ရှင်ဒီဇိုင်းကို
အမျိုးသမီးငယ်လေးတွေကလဲ ကြိုက်ကြတယ်။
==========================
FASHION 21 ဖက်ရှင်အဝတ်အစားလေးတွေကို ပထမတော့ ကိုးရီးယားအမျိုးသမီးလေးတွေ က ကြိုက်လို့ ဝယ်ကြတယ်။ နောက်တော့ ကိုးရီးယန်း-အမေရိကန်အမျိုး သမီးလေးတွေပါ
ဝယ်လာကြတယ်။ နောက်ဆုံးမှာ ဆယ်ကျော်သက်ရွယ် အမေရိကန်ကောင်မလေးတွေပါ
လိုက်ဝယ်လာကြလို့ ဝယ်ယူအားပေးသူတွေ အတော်များလာတယ်။ ဒီတော့ ဒူဝမ်က
ဆိုင်နေရာကို တိုးချဲ့လိုက်သလို သူ့မိန်းမဂျင်စွတ်ကလဲ အထည်တွေ ချုပ်ဖို့
အလုပ်သမားတွေငှားရတယ်။ သူမက ဖက်ရှင်ဒီဇိုင်းကို ကိုယ်တိုင်ရေးဆွဲပြီး
အလုပ်သမားတွေ ချုပ်ပေးတဲ့အထည်တွေကို အရည်အသွေးမမှီ၊ မမှီစစ်ဆေးတာ လုပ်တယ်။
နောက်တော့ ဒူဝမ်ဟာ ဆိုင်နာမည်ကို FOREVER 21 လို့ ပြောင်းလိုက်ပြီး
အမေရိကန်နိုင်ငံရဲ့ တခြားမြို့တွေမှာ ဆိုင်ခွဲကုန်တိုက်တွေ
ဖြည်းဖြည်းချင်း တိုးချဲ့ဖွင့်လှစ်လိုက်တယ်။
သူ့ရဲ့ ကုမ္ပဏီနာမည်ကို ဘာကြောင့် FOREVER 21လို့ ပေးထားတာလဲလို့ ဒူဝမ်ကို မေးတဲ့အခါ သူက “အသက်ကြီးသွားတဲ့အမျိုးသမီး တွေဟာ
အသက် ၂၁ နှစ်အရွယ်ဆီကို ပြန်သွားချင်ကြတယ်။ အသက်ငယ်တဲ့
ကောင်မလေးတွေကျပြန်တော့လဲ အသက် ၂၁ နှစ်အရွယ်ကို မြန်မြန်ရောက်ချင်ကြတယ်။
မိန်းမတွေအားလုံးဟာ အသက် ၂၁ နှစ်အရွယ်မှာပဲ တသက်လုံး
နေချင်ကြတယ်ဆိုတဲ့အဓိပ္ပါယ်ပါ”လို့ ရီမောရင်း ပြောပြပါတယ်။
==========================
FOREVER 21 ကုမ္ပဏီရဲ့ ပြိုင်ဖက်တွေအပေါ်မှာ အားသာချက်တခုရှိပါတယ်။ အဲဒါက ဝယ်သူဟာ ဖက်ရှင်အဝတ်တွေကို မိမိစိတ်ကြိုက်ပုံစံနဲ့ ချုပ်ပေးဖို့ မှာယူနိုင်ပြီး အဲဒီအဝတ်ကို ဒီဇိုင်းဆွဲတာကနေ ချုပ်လုပ်ပြီး မှာသူရဲ့လက်ဝယ်ရောက်တဲ့အထိ အချိန်ကာလ ၃ ပါတ်ပဲ ကြာပါတယ်။ ပြိုင်ဖက်ကုမ္ပဏီတွေဖြစ်ကြတဲ့  Branded ဖက်ရှင်အဝတ်အစား ထုတ်လုပ်ရောင်းချသူတွေကျတော့  မှာတဲ့အချိန်ကနေ ပစ္စည်းရတဲ့အထိ အချိန် ၃ လကနေ ၆ လအထိ ကြာတယ်။ သူ့ရဲ့ဖက်ရှင်ဒီဇိုင်းပုံစံ တွေဟာ ဈေးအများကြီး ပိုပေးရတဲ့ Branded ဖက်ရှင်ဒီဇိုင်းတွေနဲ့ ယှဉ်နိုင်တယ်။ မကြာခန Branded ဒီဇိုင်းတီထွင်ထုတ်လုပ်သူတွေက
သူတို့ဒီဇိုင်းကို ပုံစံတုယူခိုးချတယ်လို့ စွပ်စွဲပြီး တရားစွဲကြတယ်။
တရားစွဲတဲ့ အမှုပေါင်း ၅၀ ကျော်ရှိခဲ့တယ်။ အမှုတိုင်းကို FOEVER 21 ကပဲ
အနိုင်ရခဲ့ပါတယ်။
နောက်ပြီး FOREVER 21 ရဲ့ နည်းဗျူဟာတခုက ဒီဇိုင်းအသစ်နဲ့ ချုပ်လိုက်တဲ့ အထည်တွေကို ဆိုင်မှာ အများကြီးမတင်ဘူး။ ဒါကြောင့် တင်လိုက်တာနဲ့ ရက်ပိုင်းအတွင်း ကုန်သွားတယ်။ ဒီတော့ ဝယ်သူတွေရဲ့စိတ်ထဲမှာ အသစ်ပေါ်တိုင်း မြန်မြန်ဝယ်ထားမှ၊ နို့မို့ရင် ကုန်သွားလို့ ဝယ်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှု ဖြစ်ပေါ်လာတယ်။ အဲဒါကြောင့်လဲ လူတွေဟာ FOREVER 21 အဝတ်အစားတွေကို အလုအယက်ဝယ်နေကြတာပါ။
==========================
မကြာခင် ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့စာအုပ်သစ် "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချ င်သူတွေ၊ လုပ်နေသူတွေအတွက် ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။
ဗန်းမော်သိန်းဖေ
၁၅-၀၅-၂၀၁၆
တောင်ကိုးရီးယားနိုင်ငံက လူငယ်တယောက်ဟာ ကြီးပွားချမ်းသာချင်လို့ ဘွဲ့တခှုမရှိ၊ အင်္ဂလိပ်စကားလဲ ကောင်းကောင်းမပြောတတ်၊ ဒေါ်လာငွေ နဲနဲလေးကို ကိုင်ဆောင်ပြီး သူ့မိန်းမနဲ့အတူ ဆွေမျိုးအသိမရှိတဲ့ အမေရိကန်နိုင်ငံကို အရဲစွန့်ထွက်လာခဲ့တယ်။ အဲဒီကို ရောက်စမှာ စားသောက်ဆိုင်မှာ ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေးလုပ်၊ ဓါတ်ဆီဆိုင်မှာ ဆီဖြည့်ပြီး ဝမ်းစာရှာနေရတယ်။ တနေ့မှာ ဓါတ်ဆီဆိုင်မှာ ဆီလာဖြည့်ကြတဲ့ အဖိုးတန်ကားကြီးတွေကို ကြည့်ရင်း သူ့ခေါင်းထဲမှာ အကြံတခုပေါ်လာတယ်။ အဲဒီအကြံကို အကောင်အထည်ဖေါ်လိုက်တာ အနှစ် ၃၀ အကြာမှာ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာအနှံ့မှာ ဖွင့်လှစ်ထားတဲ့ FOREVER 21 ဆိုတဲ့ အမျိုးသမီးဝတ် ဖက်ရှင်အထည်ကုန်တိုက်တွေရဲ
==========================
ဒီတော့ အသက် ၃၆ နှစ်စီ ရွယ်တူဖြစ်ကြတဲ့ ဒူဝမ်နဲ့ ဂျင်စွတ်တို့ ၂ယောက်ဟာ မျက်စိသူငယ်၊ နားသူငယ်နဲ့ ၁၉၈၁ ခုနှစ်မှာ လက်ထဲမှာ အမေရိကန်ဒေါ်လာငွေနဲနဲလေးကို
မနက်မိုးလင်းတာနဲ့ ဒူဝမ်ဟာ မနက်စာကို ကမန်းကတန်းစားပြီး အင်္ဂလိပ်စကားကို မတတ်တတတ်နဲ့ ကြိုးစားပြောပြီး အိမ်အနီးပါတ်ဝန်းကျင်မှာ အလုပ်လိုက်ရှာတယ်။ အဲဒီတုံးက အဖြစ်အပျက်ကို သူက ခုလိုပြန်ပြောပြတယ်။ “ကျနော်လဲ အင်္ဂလိပ်စကားကို မတတ်တတတ် ထစ်ထစ်ငေါ့ငေါ့ ပြောရင်း အိမ်တွေမှာ အလုပ်လိုက်တောင်းတယ်။ အိမ်ရှင်က ကျနော်ပြောတာကို နားမလည်ရင် လက်ဟန်ခြေဟန်နဲ့ ရှင်းပြတယ်။ ပထမတော့ အရမ်းရှက်တာပေါ့ဗျာ။ နောက်တော့လဲ စားဖို့က ပိုအရေးကြီးတာမို့ မရှက်တော့ပါဘူး။ အလုပ်ပေါတဲ့ အမေရိကန်နိုင်ငံဆိုတော့ အလုပ်တွေ ရပါတယ်။ အလုပ်ရတာ သနားလို့ ပေးတာလား၊ ဈေးသက်သာလို့ပေးတာလားဆိုတာ
==========================
တနေ့ သူဟာ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီလာဖြည့်တဲ့ ကားတွေမရှိလို့ ခုံတန်းလေးတခုပေါ်မှာ ထိုင်ပြီးအနားယူနေတုံး သူ့ခေါင်းထဲမှာ အကြံတခု ရုတ်တရက်ပေါ်လာတယ်။ ကြီးပွားချမ်းသာချင်တဲ့ ပြင်းပြတဲ့လိုအင်ဆန္ဒ (Burning Desire) ရှိနေသူအတွက် အကြံကောင်းဥာဏ်ကောင်းဆိုတာ ရုတ်တရက် အလိုအလျောက် ပေါ်လာတတ်စမြဲပါ။ ပေါ်လာတဲ့အကြံက သူ့ဆိုင်မှာ ဓါတ်ဆီလာဖြည့်ကြတဲ့ Mercedes-Benzes, BMW စတဲ့ ဈေးကြီးကြီး ကားကောင်းကြီးတွေကို စီးလာသူတွေဟာ အရမ်းချမ်းသာသူတွေ ဖြစ်ကြပြီး သူတို့အထဲက အတော်များများဟာ ဖက်ရှင်အဝတ်အစားတွေရောင်းတဲ
==========================
FASHION 21 ဖက်ရှင်အဝတ်အစားလေးတွေကို ပထမတော့ ကိုးရီးယားအမျိုးသမီးလေးတွေ
သူ့ရဲ့ ကုမ္ပဏီနာမည်ကို ဘာကြောင့် FOREVER 21လို့ ပေးထားတာလဲလို့ ဒူဝမ်ကို မေးတဲ့အခါ သူက “အသက်ကြီးသွားတဲ့အမျိုးသမီး
==========================
FOREVER 21 ကုမ္ပဏီရဲ့ ပြိုင်ဖက်တွေအပေါ်မှာ အားသာချက်တခုရှိပါတယ်။ အဲဒါက ဝယ်သူဟာ ဖက်ရှင်အဝတ်တွေကို မိမိစိတ်ကြိုက်ပုံစံနဲ့ ချုပ်ပေးဖို့ မှာယူနိုင်ပြီး အဲဒီအဝတ်ကို ဒီဇိုင်းဆွဲတာကနေ ချုပ်လုပ်ပြီး မှာသူရဲ့လက်ဝယ်ရောက်တဲ့အထိ အချိန်ကာလ ၃ ပါတ်ပဲ ကြာပါတယ်။ ပြိုင်ဖက်ကုမ္ပဏီတွေဖြစ်ကြတဲ
နောက်ပြီး FOREVER 21 ရဲ့ နည်းဗျူဟာတခုက ဒီဇိုင်းအသစ်နဲ့ ချုပ်လိုက်တဲ့ အထည်တွေကို ဆိုင်မှာ အများကြီးမတင်ဘူး။ ဒါကြောင့် တင်လိုက်တာနဲ့ ရက်ပိုင်းအတွင်း ကုန်သွားတယ်။ ဒီတော့ ဝယ်သူတွေရဲ့စိတ်ထဲမှာ အသစ်ပေါ်တိုင်း မြန်မြန်ဝယ်ထားမှ၊ နို့မို့ရင် ကုန်သွားလို့ ဝယ်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှု ဖြစ်ပေါ်လာတယ်။ အဲဒါကြောင့်လဲ လူတွေဟာ FOREVER 21 အဝတ်အစားတွေကို အလုအယက်ဝယ်နေကြတာပါ။
==========================
မကြာခင် ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့စာအုပ်သစ် "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချ
ဗန်းမော်သိန်းဖေ
၁၅-၀၅-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။