" ဘယ်သူနဲ့ သင်အတူရှိနေသလဲ "
===================
စကားတစ်ခွန်းက ဒီလိုဆိုပါတယ်...
"သင် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာက သင် ဘယ်သူနဲ့အတူ ရှိနေသလဲ "
ဆိုတာဖြစ်တယ်။
•••
#_LiKa_shingရဲ့ကားမောင်းသူ
ဟောင်ကောင်သန်းကြွယ်သူဌေးကြီး
Li Ka-shing ရဲ့ ကားမောင်းသူဟာ Li Ka-shing ဆီမှာ နှစ်ပေါင်း ၃ဝ
ကျော်ကားမောင်းခဲ့တယ်။ ပင်စင်ယူခါနီးမှာ သူ့ရဲ့ရိုးသားကြိုးစားမှုနဲ့
တာဝန်ကျေပွန်ခဲ့မှု အတွက် Li Ka-shing က သူ့ကို ဆုငွေ သိန်း၂ဝ
လက်ဆောင်ပေးခဲ့တယ်။ ဒါကို ကားမောင်းသူက ငြင်းဆန်ခဲ့ပြီး သူ့ဆီမှာစုထားတဲ့
ငွေကြေးတွေ သိန်း ၁ဝဝ၊ ၂ဝဝ လောက်တော့ရှိတယ် လို့ဆိုတယ်။ ဒါကို Li Ka-shing
အရမ်းအံ့သြသွားတယ်။ ကားမောင်းတဲ့လခက တစ်လမှ ၅ထောင် ၆ထောင်လောက်ပဲ ရတာကို
ဘယ်လိုလုပ်ပြီး ငွေဒီလောက်အများကြီး စုမိသလဲဆိုတာကို သူဌေးကြီးက
သိချင်ခဲ့တယ်။
ကားမောင်းသူက...
" သူဌေးကြီးကို ကားမောင်းပေးနေချိန်မှာ သူဌေးက ဒီမြေကွက်ကို ဝယ်လိုက်၊ ဟိုမြေကွက်ကို ဝယ်လိုက်လို့ ဖုန်းပြောတာတွေကို ကျွန်တော်ကြားခဲ့ရပါတယ်၊ သူဌေးဝယ်တဲ့ မြေကွက်အနီးနားမှာ ကျွန်တော်လည်း နည်းနည်းဝယ်တတ်ပါတယ်၊ သူဌေးက ဘယ်စတော့ကို ဝယ်လိုက်ဆိုရင် ကျွန်တော်လည်း နည်းနည်းလိုက်ဝယ်ခဲ့ပါတယ်၊ အဲဒီ့ကနေတဆင့် ငွေကြေးတွေကို ကျွန်တော် စုဆောင်းခဲ့မိပါတယ် " လို့ ပြန်ဖြေပါတယ်။
•••
#လူ့ဘဝမှာကံကောင်းခြင်းသုံး ကြိမ်
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလို ကောက်ရိုးတစ်ပင်ဟာ ဟင်းရွက်ပေါ်စည်းထားရင် သူဟာ ဟင်းရွက်တန်ဖိုးဖြစ်ပြီး ဂဏန်းပေါ်စည်းထားရင် သူဟာ ဂဏန်းတန်ဖိုးဖြစ်ပါတယ်။ ယင်ကောင်နောက်လိုက်ပြီး မစင်တွင်းထဲဝင်မလား၊ ပျားပိတုန်းနောက်လိုက်ပြီး ပန်းရနံ့တွေ ရှုရှိုက်မလား၊ နေရောင်နဲ့တူတဲ့ လူနဲ့အတူနေရင် သင်လည်းတဖြည်းဖြည်းနေရောင်လို လင်းလက်လာပါတယ်။
လူ့ဘဝမှာ ကံကောင်းခြင်း သုံးကြိမ်ရှိတယ်လို့ တချို့ကပြောကြတယ်။
ကျောင်းတက်စဉ် ဆရာကောင်းနဲ့ ဆုံရခြင်းက ကံကောင်းခြင်း၊
အလုပ်လုပ်စဉ် ဆရာသမားကောင်းနဲ့ ဆုံရခြင်းက ကံကောင်းခြင်း၊
အိမ်ထောင်ကျစဉ် ဒိုးတူပေါင်ဖက် အခြားတစ်ခြမ်းနဲ့ ဆုံရခြင်းက ကံကောင်းခြင်းပါတဲ့။
ကောင်းမွန်တဲ့စိတ်က လှုံ့ ဆော်မှုတစ်မျိုးကို ဖြစ်ပေါ်စေတယ်။ ကြိုးစားတဲ့လူနဲ့ အတူနေရင် အနည်းဆုံးတော့ သူတို့နောက် သင်အမီလိုက်ချင်မှာပဲ။ တိုးတက်လိုစိတ်မရှိသူနဲ့ အတူနေရင် လှေကားအဆင်းကိုပဲ သင်ဆင်းနေလိမ့်မယ်။ ဆင်းလေ အောက်ရောက်လေပဲဖြစ်နေပါလိမ့်မယ်။
•••
ထို့ကြောင့်...
ဘယ်သူနဲ့ သင် အတူရှိနေပါသလဲ...?
Credit: နိုင်းနိုင်းစနေ
===================
စကားတစ်ခွန်းက ဒီလိုဆိုပါတယ်...
"သင် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာက သင် ဘယ်သူနဲ့အတူ ရှိနေသလဲ "
ဆိုတာဖြစ်တယ်။
•••
#_LiKa_shingရဲ့ကားမောင်းသူ
ဟောင်ကောင်သန်းကြွယ်သူဌေးကြ
ကားမောင်းသူက...
" သူဌေးကြီးကို ကားမောင်းပေးနေချိန်မှာ သူဌေးက ဒီမြေကွက်ကို ဝယ်လိုက်၊ ဟိုမြေကွက်ကို ဝယ်လိုက်လို့ ဖုန်းပြောတာတွေကို ကျွန်တော်ကြားခဲ့ရပါတယ်၊ သူဌေးဝယ်တဲ့ မြေကွက်အနီးနားမှာ ကျွန်တော်လည်း နည်းနည်းဝယ်တတ်ပါတယ်၊ သူဌေးက ဘယ်စတော့ကို ဝယ်လိုက်ဆိုရင် ကျွန်တော်လည်း နည်းနည်းလိုက်ဝယ်ခဲ့ပါတယ်၊ အဲဒီ့ကနေတဆင့် ငွေကြေးတွေကို ကျွန်တော် စုဆောင်းခဲ့မိပါတယ် " လို့ ပြန်ဖြေပါတယ်။
•••
#လူ့ဘဝမှာကံကောင်းခြင်းသုံး
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလို ကောက်ရိုးတစ်ပင်ဟာ ဟင်းရွက်ပေါ်စည်းထားရင် သူဟာ ဟင်းရွက်တန်ဖိုးဖြစ်ပြီး ဂဏန်းပေါ်စည်းထားရင် သူဟာ ဂဏန်းတန်ဖိုးဖြစ်ပါတယ်။ ယင်ကောင်နောက်လိုက်ပြီး မစင်တွင်းထဲဝင်မလား၊ ပျားပိတုန်းနောက်လိုက်ပြီး ပန်းရနံ့တွေ ရှုရှိုက်မလား၊ နေရောင်နဲ့တူတဲ့ လူနဲ့အတူနေရင် သင်လည်းတဖြည်းဖြည်းနေရောင်လ
လူ့ဘဝမှာ ကံကောင်းခြင်း သုံးကြိမ်ရှိတယ်လို့ တချို့ကပြောကြတယ်။
ကျောင်းတက်စဉ် ဆရာကောင်းနဲ့ ဆုံရခြင်းက ကံကောင်းခြင်း၊
အလုပ်လုပ်စဉ် ဆရာသမားကောင်းနဲ့ ဆုံရခြင်းက ကံကောင်းခြင်း၊
အိမ်ထောင်ကျစဉ် ဒိုးတူပေါင်ဖက် အခြားတစ်ခြမ်းနဲ့ ဆုံရခြင်းက ကံကောင်းခြင်းပါတဲ့။
ကောင်းမွန်တဲ့စိတ်က လှုံ့ ဆော်မှုတစ်မျိုးကို ဖြစ်ပေါ်စေတယ်။ ကြိုးစားတဲ့လူနဲ့ အတူနေရင် အနည်းဆုံးတော့ သူတို့နောက် သင်အမီလိုက်ချင်မှာပဲ။ တိုးတက်လိုစိတ်မရှိသူနဲ့ အတူနေရင် လှေကားအဆင်းကိုပဲ သင်ဆင်းနေလိမ့်မယ်။ ဆင်းလေ အောက်ရောက်လေပဲဖြစ်နေပါလိမ့
•••
ထို့ကြောင့်...
ဘယ်သူနဲ့ သင် အတူရှိနေပါသလဲ...?
Credit: နိုင်းနိုင်းစနေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။