ကိုယ်ချင်းစာကြည့်ပါနေဝန်းနီ
____________________
ညီလေး
သေနတ်နဲ့သေနတ်ချင်း ဆိုင်ပစ်ကြတုန်းက...
မင်းတို့သေတော့ ငါတို့နာတယ်။
အခုလက်မြောက်ထားတဲ့ လက်နက်မဲ့ကို
တုတ်နဲ့အုပ်လိုက်ဝင်ရိုက်တာ
မင်းတို့လည်း နာပါ။
မင်းတို့လည်းသိမှာပါ ရန်သူတောင် အလံဖြူပြရင်
ကျေအေးရပါသေးတယ်။ အခုက …
လက်မြောက် ဒူးထောက်နေရတဲ့လူကို
တဖျောင်းဖျောင်း တုတ်နဲ့ဆင့်ကာဆက်ကာရိုက်နေတာ
မြင်မကောင်းဘူးကွာ။
ညီလေး
ကြက်ခြေနီယာဉ်တန်းကို အပစ်ခံတော့
ပစ်သူတွေဟာ လူမဆန်ဘူးလို့ ငါတို့မြင်ခဲ့တယ်
အခု နာရေးကူညီမှုအသင်းကားကို ဝင်ရိုက်နေတာ
လူဆန်တယ် ထင်သလားကွာ။
ညီလေး
သုံပန်းအဖြစ်အဖမ်းခံရတဲ့အခါ ရက်ရက်စက်စက်
အပြုမူခံရရင် မင်းတို့အတွက်ငါတို့နာတယ်။
ဖမ်းထားပြီးမှ တိုင်မှာကပ်ကာ
လက်နောက်ပြန်ချိတ်ခိုင်းပြီး ညှင်းပန်းနေတဲ့အခါ
မင်းရော …
ဒါ မတရားမှုလို့ မထင်ဘူးလားကွာ။
____________________
ညီလေး
သေနတ်နဲ့သေနတ်ချင်း ဆိုင်ပစ်ကြတုန်းက...
မင်းတို့သေတော့ ငါတို့နာတယ်။
အခုလက်မြောက်ထားတဲ့ လက်နက်မဲ့ကို
တုတ်နဲ့အုပ်လိုက်ဝင်ရိုက်တာ
မင်းတို့လည်း နာပါ။
မင်းတို့လည်းသိမှာပါ ရန်သူတောင် အလံဖြူပြရင်
ကျေအေးရပါသေးတယ်။ အခုက …
လက်မြောက် ဒူးထောက်နေရတဲ့လူကို
တဖျောင်းဖျောင်း တုတ်နဲ့ဆင့်ကာဆက်ကာရိုက်နေတ
မြင်မကောင်းဘူးကွာ။
ညီလေး
ကြက်ခြေနီယာဉ်တန်းကို အပစ်ခံတော့
ပစ်သူတွေဟာ လူမဆန်ဘူးလို့ ငါတို့မြင်ခဲ့တယ်
အခု နာရေးကူညီမှုအသင်းကားကို ဝင်ရိုက်နေတာ
လူဆန်တယ် ထင်သလားကွာ။
ညီလေး
သုံပန်းအဖြစ်အဖမ်းခံရတဲ့အခါ
အပြုမူခံရရင် မင်းတို့အတွက်ငါတို့နာတယ်။
ဖမ်းထားပြီးမှ တိုင်မှာကပ်ကာ
လက်နောက်ပြန်ချိတ်ခိုင်းပြီ
မင်းရော …
ဒါ မတရားမှုလို့ မထင်ဘူးလားကွာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။