တာဝန်ဆိုတဲ့ လက်ပတ်အနီတွေကို ဇင်ဝိုင်းစတင် ဆန့် ကျင်
________________________________________
"ပြည်သူ့ရဲဆိုလည်း ပြည်သူ့ရဲအလျှောက် မီးသတ်လည်း မီးသတ်အလျှောက် သူ့တာဝန် သူ့ကိုယ့်စီ လုပ်ကြရတာရှိပါတယ်။ အခုတော့ ဘာမှန်းမသိတဲ့သူတွေကို လက်ပတ်ပတ်ပေးပြီးတော့မှ ဒီလိုလုပ်တယ်ဆိုတော့ ဒါကို ကျနော်တို့က လက်မခံနိုင်ပါဘူး။ ဘယ်အဖွဲ့အစည်းကမှန်းမသိ ဘယ်သူ ကပေးမှန်းမသိတဲ့ တာဝန်ကို လက်ပတ်ပတ်လိုက်ရုံနဲ့ ဒီလိုလုပ်ပိုင်ခွင့်ရှိသွားပြီလားဆိုတာက ကျနော်တို့ ပြည်သူ့ဘ၀လုံခြုံမှု နည်းပါးပါတယ်။
တာဝန်အရ လူစုခွဲတ...ာကို ဆန့်ကျင်ခြင်းလည်းမဟုတ်ဘူး။ တောင်းဆိုတဲ့သူက တောင်းဆိုမှာပဲ။ သက်ဆိုင်ရာ အစိုးရကလည်း ပြသနာမကြီးထွားအောင် သူ့နည်းသူ့ဟန်နဲ့ ထိန်းသိမ်းရမှာပဲ။ ဒါပေမယ့် နည်းစနစ်သည် ဥပဒေနဲ့ အညီ ဖြစ်စေချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက တာဝန်ရှိသူက အကြမ်းဖက်ဖြိုခွင်းခြင်းလုပ်မှာမဟုတ်ဘူး လို့ပြောတယ် ကဲ အခုဖြစ်ပြီ။ ဖြစ်တဲ့အခါကျတော့ ရန်ကုန်တိုင်းအစိုးရကြီးရဲ့တာဝန်ပါ။ သမ္မတနဲ့မသက်ဆိုင်ဘူး ဆိုတဲ့ ကိစ္စမျိုးကို ပြောလာတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ရန်ကုန်တိုင်းဝန်ကြီးက သမ္မတ လက်အောက်ခံ မဟုတ်ဘူးလားဗျာ။ ကျနော်တို့နိုင်ငံက ပြည်နယ်နဲ့တိုင်းတွေက သူတလူ ငါတမင်းများ ဖြစ်သွားပြီလား။ ကိုယ် လုပ်ချင်တာ လုပ်လို့ရပြီလား။ ဒါတွေကိုလည်း သိချင်တယ်။ ဒီ့အတွက် ကျနော်က စာနဲ့ ရေးပြောတာထက် ကျနော့ရုပ်ကိုပါ တင်ပြီးတော့ အခုလို လုပ်လိုက်ခြင်းပါ။

ဒီအတွက် တာဝန်ဆိုတဲ့ လက်ပတ်ပတ်လိုက်ရုံနဲ့ ကြိုက်သလို ရိုက်ခွင့်ရှိတယ်၊ ဆွဲခွင့်ရှိတယ်၊ ထိုးခွင့်ရှိတယ်၊ ဖမ်းခွင့်ရှိတယ်ဆိုတဲ့ ပုံစံမျိုးကို ဆန့်ကျင်တဲ့အနေနဲ့ တင်ခြင်းဖြစ်ပါတယ်။ ဒါမျိုးကို ကျနော်လက်မခံနိုင်ပါဘူး။"
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။