Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Saturday, March 7, 2015

မိတ္ေဆြေကာင္း

 
 
မိတ္ေဆြေကာင္း
တစ္ခုေသာ စေနေန႔ကျဖစ္သည္ ကြ်ႏ္ုပ္ႏွင့္ သူငယ္ခ်င္း ေက်ာင္းဆရာတို႔ ေရာက္တတ္ရာရာ ေျပာဆိုေနစဥ္ အျခား မိတ္ေဆြ သံုးဦးတို႔ အမွတ္မထင္ လက္ဘက္ရည္ဝိုင္းသို႔ ေရာက္လာ ၾကေလသည္။ စကားဝိုင္းကေလးလည္း ေဝဆာ၍သြားေလ၏။ ကြ်ႏ္ုပ္က မိတ္ေဆြမ်ားအား မိတ္ေဆြေကာင္း အေၾကာင္း စတင္ေျပာ ဆိုလိုက္ခ်ိန္တြင္ မွာယူထားေသာ လက္ဘက္ရည္မ်ား ေရေႏြးၾကမ္း ႏွင့္ ေဆးေပါ့လိပ္မ်ားလည္း ေရာက္လာေလေတာ့၏။ ဆိုင္ရွင္ ခ်စ္တီးအနဲ ကလည္း သူ၏ စားပြဲထိုးမ်ားအား မ်က္ရိပ္ျပ လိုက္ရာ ေရေႏြး ေနာက္တစ္အိုး အဆင္သင့္ လာခ်ေပးေလေတာ့သည္။
ေလာကတြင္ သက္ရိွတို႔သည္ တစ္ဦး တစ္ေယာက္တည္း ေနထိုင္ ၾကရသည္ မဟုတ္ စုေပါင္း၍ အုပ္စုဖြဲ႕ေနထိုင္ၾကသည့္ သေဘာရိွရာ ေတာတြင္း သားေကာင္ႀကီးမ်ားမွအစ အင္းစက္ ပိုးမြားေလးမ်ား အထိ ပင္ျဖစ္၏။
အသိညဏ္ ျမင့္မားေသာ လူတို႔သည္ ပို၍ပင္ စုေဝး ေနထိုင္ ၾကသည္မွာ အဆန္း မဟုတ္ေသာ္လည္း ဆန္းသည့္အရာက ထိုလူတို႔ သည္ အုပ္စုဖြဲ႔၍ တစ္ဖြဲ႔ႏွင့္ တစ္ဖြဲ႔ ျပန္လည္ သတ္ျဖတ္ေနၾကျခင္းပင္ ျဖစ္သည္။
လူ႔ေလာကတြင္ တစ္ေယာက္တည္း ေနမရေသာအခါ မိမိႏွင့္ အေျပာအဆို အေနအထိုင္ အသြားအလာ စသည့္ စရိတ္တူသူ အခ်င္းခ်င္း စုၾကသည့္ သေဘာရိွျပန္ရာ ထို တူရာ တူရာစုသည့္ အထဲတြင္ မိတ္ေကာင္း ေဆြေကာင္းမ်ား စုဖြဲ႔မိရန္ မ်ားစြာ အေရးႀကီးလွသည္။ မိတ္ေဆြစစ္ မိတ္ေဆြမွန္မ်ားႏွင့္ ဘဝခရီးကို ေလ်ာက္လွမ္း ရသည္မွာ မ်ားစြာ အက်ိဳးျဖစ္တတ္ၿပီး မိတ္ေဆြတုမ်ားႏွင့္ ေတြရပါက မိမိ ဘဝလမ္းသည္ လိွဳင္းၾကမ္းပင္လယ္မွ ေလွငယ္ကဲ့သို႔ ျဖစ္မည္မွာ မလြဲႏိုင္ေၾကာင္း မိတ္ေဆြဆိုသည့္ ေခါင္းစဥ္အား စတင္လိုက္ေလ၏။
ဆရာႀကီး နႏၵသိန္းဇံ ေရးသားေသာ" မိတ္ေကာင္း ေဆြေကာင္းႏွင့္ ခရီးသြားျခင္း" ဆိုသည့္ စာအုပ္သည့္ ကြ်ႏ္ုပ္တို႔၏ မိတ္ေဆြေကာင္း သေဘာတရားမ်ားအား မ်ားစြာ လမ္းျပခဲ့သည့္ စာအုပ္ျဖစ္၏။ ငယ္စဥ္က စြဲလမ္းခဲ့ရသည့္ စာအုပ္ျဖစ္ၿပီး ထိုစာအုပ္၏ နိဒန္းတြင္ပါရိွသည့္ ' မိတ္ေကာင္း ေဆြေကာင္း ဆိုတာ.... ' ဟုအစခ်ီသည့္ မိတ္ေကာင္း ေဆြေကာင္း၏ အဓိပၸါယ္ ဖြင့္ဆိုခ်က္ မ်ားဟာျဖင့္ စာအေနက်ဥ္းေသာ္လည္း စာအနက္မွာ အဆံုးမရိွ ေက်းဇူးမ်ားလွသည္ပင္ ျဖစ္ေၾကာင္း၊ ယခု ေခတ္လူငယ္မ်ား ဖတ္သင့္သည့္ စာအုပ္ေကာင္းျဖစ္ၿပီး ဆရာႀကီး၏ ဒသန စာေပ အေၾကာင္းအား မိတ္ေဆြ တစ္ဦးက ေျပာျပေလေတာ့သည္။
မိတ္ေကာင္း ေဆြေကာင္းဟာ တစ္ကယ္ေတာ့ ေလာကမွာ အင္မတန္မွ ရွားပါးပါတယ္။ ဒီလို ရွားပါးလွတဲ့ မိတ္ေကာင္း ေဆြေကာင္းကို ေရာမေခတ္က ေတြးေခၚပညာရွင္ႀကီး ဒိုင္အိုဂ်ီးနီးစ္က ေန႔လယ္ေၾကာင္ေတာင္ႀကီးမွာ မီးအိမ္ကိုဆြဲၿပီး တစ္လမ္းဝင္ တစ္လမ္းထြက္နဲ႔ လူေကာင္းသူေကာင္း ကို လိုက္ရွာခဲ့ဖူးပါတယ္တဲ့။ ဒီလိုပါဘဲ ေဆာ့ခရတၲိ ကလည္း သူ႕အိမ္ကို ငယ္ငယ္က်ဥ္းက်ဥ္းေလး ေဆာက္ပါတယ္ လူေတြေမးတဲ့ အခါ "က်ဳပ္အိမ္က မိတ္ေကာင္း ေဆြေကာင္းေတြလာရင္ ေနေလာက္ပါတယ္" လို ေျပာခဲ့ဖူးပါတယ္္။
ဒါေၾကာင့္ မိတ္ေကာင္း ေဆြေကာင္းဆိုတာ အင္မတန္ ရွားတယ္႕ေခတ္ႀကီး တိုးတက္လာတာနဲ႕အတူ စားေရး ေသာက္ေရး ေနေရး ထိုင္ေရး ေတြက အစစ အရာရာ အေနၾကပ္လာၾကတာပါ။ ဒီအခ်ိန္မွာ မိတ္ေကာင္း ေဆြေကာင္းဆိုတာ ပိုလို႔ေတာင္ မရိွေတာ့ဘူး ဟု မိတ္ေဆြက ေျပာျပေနျပန္ပါတယ္။
ကြ်ႏု္ပ္တို႔လည္း ဘဝကို ေလ်ာက္ၾကရာဝယ္ မိတ္ေဆြမ်ားကိုသာ အားကိုးၿပီး ေလ်ာက္ေနၾကရသူမ်ားျဖစ္၏။ မိတ္ေကာင္း ေဆြေကာင္း ေတြ အမ်ားႀကီး လိုအပ္သည္ျဖစ္၍ မိမိ ကိုယ္တိုင္လည္း မိတ္ေကာင္း ေဆြေကာင္းတို႔၏ အရည္အခ်င္း ရိွ မရိွ ျပန္စစ္ရမည္ျဖစ္သည္။ မိမိက မိတ္ေဆြေကာင္းတို႔၏ စံသတ္မွတ္ခ်က္ တစ္ခုအျဖစ္ စံတစ္ခုထားပါက မိမိကိုယ္တိုင္လည္း အဆိုပါ စံသတ္မွတ္ခ်က္ႏွင့္ ညီေအာင္ မိတ္ေဆြ မ်ားအေပၚတြင္ ဆက္ဆံမွ မိတ္ေကာင္း ေဆြေကာင္း မိတ္ေဆြစစ္ မ်ား မ်ားစြာ တိုးပြားလာမည္ ျဖစ္ေလသည္။ မိမိတြင္ အင္မတန္မွ ရွားပါးလွေသာ မိတ္ေကာင္းေဆြစစ္ကို ရရိွေနသည္ ဆိုပါက မဆံုးရံွးေအာင္း ေစာင့္ထိန္းရမည္ျဖစ္သည္။ လူေလာကသည္ မိတ္ေဆြေကာင္းတို႔ျဖင့္ တည္ေဆာက္ေနျခင္ပင္ ျဖစ္၏။
အခ်ိန္သည္လည္း ကုန္ဆံုး၍လာၿပီျဖစ္၏ မိတ္ေကာင္း ေဆြေကာင္း အေၾကာင္းကို ေျပာျဖစ္ၾကရင္း မိတ္ေကာင္း ေဆြေကာင္း မဟုတ္သူမ်ား အေၾကာင္းကိုလည္း ေဝဖန္ ေျပာဆိုျဖစ္ၾကေသး၏။ မိမိကိုယ္တိုင္လည္း မိမိ၏ မိတ္ေဆြေကာင္းထံတြင္ မိတ္ေကာင္း ေဆြေကာင္း၏ စံ မ်ားျဖင့္ ညီ မညီ ေျပာဆိုျဖစ္ၾကေသး၏။ ေရေႏြး ၾကမ္းလည္းကုန္ၿပီျဖစ္ရာ ကြ်ႏ္ုပ္တို႔ မိတ္ေဆြတစ္သိုက္လည္း ကိုယ္စီျပန္ခဲ့ၾကေလေတာ့သည္။ ရင္ထဲမွ အေတြးမ်ားတြင္ မိတ္ေကာင္းေဆြေကာင္းဆိုတာ ဟု ေတြးရင္း. . .ေတြးရင္း ျဖင့္. . .
-- ဤစာျဖင့္ ဆရာနႏၵသိန္းဇံအား ဂါရဝျပဳပါသည္။
ပန္းခ်ီ -- ဆရာနႏၵသိန္းဇံ၏။ ''မိတ္ေကာင္းေဆြေကာင္းႏွင့္ ခရီးသြားျခင္း '' စာအုပ္မွ ပန္းခ်ီဆရာ ေပၚဦးသက္၏ မ်က္နာဖံုး ပန္းခ်ီ။

Lazy Cat (ရိုးရာေလး)www.yoyarlay.com
‪#‎lazycat_yyl‬
‪#‎article_yyl‬
(unicode version)
မိတ်ဆွေကောင်း

တစ်ခုသော စနေနေ့ကဖြစ်သည် ကျွန်ုပ်နှင့် သူငယ်ချင်း ကျောင်းဆရာတို့ ရောက်တတ်ရာရာ ပြောဆိုနေစဉ် အခြား မိတ်ဆွေ သုံးဦးတို့ အမှတ်မထင် လက်ဘက်ရည်ဝိုင်းသို့ ရောက်လာ ကြလေသည်။ စကားဝိုင်းကလေးလည်း ဝေဆာ၍သွားလေ၏။ ကျွန်ုပ်က မိတ်ဆွေများအား မိတ်ဆွေကောင်း အကြောင်း စတင်ပြော ဆိုလိုက်ချိန်တွင် မှာယူထားသော လက်ဘက်ရည်များ ရေနွေးကြမ်း နှင့် ဆေးပေါ့လိပ်များလည်း ရောက်လာလေတော့၏။ ဆိုင်ရှင် ချစ်တီးအနဲ ကလည်း သူ၏ စားပွဲထိုးများအား မျက်ရိပ်ပြ လိုက်ရာ ရေနွေး နောက်တစ်အိုး အဆင်သင့် လာချပေးလေတော့သည်။
လောကတွင် သက်ရှိတို့သည် တစ်ဦး တစ်ယောက်တည်း နေထိုင် ကြရသည် မဟုတ် စုပေါင်း၍ အုပ်စုဖွဲ့နေထိုင်ကြသည့် သဘောရှိရာ တောတွင်း သားကောင်ကြီးများမှအစ အင်းစက် ပိုးမွားလေးများ အထိ ပင်ဖြစ်၏။
အသိညဏ် မြင့်မားသော လူတို့သည် ပို၍ပင် စုဝေး နေထိုင် ကြသည်မှာ အဆန်း မဟုတ်သော်လည်း ဆန်းသည့်အရာက ထိုလူတို့ သည် အုပ်စုဖွဲ့၍ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပြန်လည် သတ်ဖြတ်နေကြခြင်းပင် ဖြစ်သည်။
လူ့လောကတွင် တစ်ယောက်တည်း နေမရသောအခါ မိမိနှင့် အပြောအဆို အနေအထိုင် အသွားအလာ စသည့် စရိတ်တူသူ အချင်းချင်း စုကြသည့် သဘောရှိပြန်ရာ ထို တူရာ တူရာစုသည့် အထဲတွင် မိတ်ကောင်း ဆွေကောင်းများ စုဖွဲ့မိရန် များစွာ အရေးကြီးလှသည်။ မိတ်ဆွေစစ် မိတ်ဆွေမှန်များနှင့် ဘဝခရီးကို လျောက်လှမ်း ရသည်မှာ များစွာ အကျိုးဖြစ်တတ်ပြီး မိတ်ဆွေတုများနှင့် တွေရပါက မိမိ ဘဝလမ်းသည် လှိုင်းကြမ်းပင်လယ်မှ လှေငယ်ကဲ့သို့ ဖြစ်မည်မှာ မလွဲနိုင်ကြောင်း မိတ်ဆွေဆိုသည့် ခေါင်းစဉ်အား စတင်လိုက်လေ၏။
ဆရာကြီး နန္ဒသိန်းဇံ ရေးသားသော" မိတ်ကောင်း ဆွေကောင်းနှင့် ခရီးသွားခြင်း" ဆိုသည့် စာအုပ်သည့် ကျွန်ုပ်တို့၏ မိတ်ဆွေကောင်း သဘောတရားများအား များစွာ လမ်းပြခဲ့သည့် စာအုပ်ဖြစ်၏။ ငယ်စဉ်က စွဲလမ်းခဲ့ရသည့် စာအုပ်ဖြစ်ပြီး ထိုစာအုပ်၏ နိဒန်းတွင်ပါရှိသည့် ' မိတ်ကောင်း ဆွေကောင်း ဆိုတာ.... ' ဟုအစချီသည့် မိတ်ကောင်း ဆွေကောင်း၏ အဓိပ္ပါယ် ဖွင့်ဆိုချက် များဟာဖြင့် စာအနေကျဉ်းသော်လည်း စာအနက်မှာ အဆုံးမရှိ ကျေးဇူးများလှသည်ပင် ဖြစ်ကြောင်း၊ ယခု ခေတ်လူငယ်များ ဖတ်သင့်သည့် စာအုပ်ကောင်းဖြစ်ပြီး ဆရာကြီး၏ ဒသန စာပေ အကြောင်းအား မိတ်ဆွေ တစ်ဦးက ပြောပြလေတော့သည်။
မိတ်ကောင်း ဆွေကောင်းဟာ တစ်ကယ်တော့ လောကမှာ အင်မတန်မှ ရှားပါးပါတယ်။ ဒီလို ရှားပါးလှတဲ့ မိတ်ကောင်း ဆွေကောင်းကို ရောမခေတ်က တွေးခေါ်ပညာရှင်ကြီး ဒိုင်အိုဂျီးနီးစ်က နေ့လယ်ကြောင်တောင်ကြီးမှာ မီးအိမ်ကိုဆွဲပြီး တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ လူကောင်းသူကောင်း ကို လိုက်ရှာခဲ့ဖူးပါတယ်တဲ့။ ဒီလိုပါဘဲ ဆော့ခရတ္တိ ကလည်း သူ့အိမ်ကို ငယ်ငယ်ကျဉ်းကျဉ်းလေး ဆောက်ပါတယ် လူတွေမေးတဲ့ အခါ "ကျုပ်အိမ်က မိတ်ကောင်း ဆွေကောင်းတွေလာရင် နေလောက်ပါတယ်" လို ပြောခဲ့ဖူးပါတယ််။
ဒါကြောင့် မိတ်ကောင်း ဆွေကောင်းဆိုတာ အင်မတန် ရှားတယ့်ခေတ်ကြီး တိုးတက်လာတာနဲ့အတူ စားရေး သောက်ရေး နေရေး ထိုင်ရေး တွေက အစစ အရာရာ အနေကြပ်လာကြတာပါ။ ဒီအချိန်မှာ မိတ်ကောင်း ဆွေကောင်းဆိုတာ ပိုလို့တောင် မရှိတော့ဘူး ဟု မိတ်ဆွေက ပြောပြနေပြန်ပါတယ်။
ကျွနု်ပ်တို့လည်း ဘဝကို လျောက်ကြရာဝယ် မိတ်ဆွေများကိုသာ အားကိုးပြီး လျောက်နေကြရသူများဖြစ်၏။ မိတ်ကောင်း ဆွေကောင်း တွေ အများကြီး လိုအပ်သည်ဖြစ်၍ မိမိ ကိုယ်တိုင်လည်း မိတ်ကောင်း ဆွေကောင်းတို့၏ အရည်အချင်း ရှိ မရှိ ပြန်စစ်ရမည်ဖြစ်သည်။ မိမိက မိတ်ဆွေကောင်းတို့၏ စံသတ်မှတ်ချက် တစ်ခုအဖြစ် စံတစ်ခုထားပါက မိမိကိုယ်တိုင်လည်း အဆိုပါ စံသတ်မှတ်ချက်နှင့် ညီအောင် မိတ်ဆွေ များအပေါ်တွင် ဆက်ဆံမှ မိတ်ကောင်း ဆွေကောင်း မိတ်ဆွေစစ် များ များစွာ တိုးပွားလာမည် ဖြစ်လေသည်။ မိမိတွင် အင်မတန်မှ ရှားပါးလှသော မိတ်ကောင်းဆွေစစ်ကို ရရှိနေသည် ဆိုပါက မဆုံးရှံးအောင်း စောင့်ထိန်းရမည်ဖြစ်သည်။ လူလောကသည် မိတ်ဆွေကောင်းတို့ဖြင့် တည်ဆောက်နေခြင်ပင် ဖြစ်၏။
အချိန်သည်လည်း ကုန်ဆုံး၍လာပြီဖြစ်၏ မိတ်ကောင်း ဆွေကောင်း အကြောင်းကို ပြောဖြစ်ကြရင်း မိတ်ကောင်း ဆွေကောင်း မဟုတ်သူများ အကြောင်းကိုလည်း ဝေဖန် ပြောဆိုဖြစ်ကြသေး၏။ မိမိကိုယ်တိုင်လည်း မိမိ၏ မိတ်ဆွေကောင်းထံတွင် မိတ်ကောင်း ဆွေကောင်း၏ စံ များဖြင့် ညီ မညီ ပြောဆိုဖြစ်ကြသေး၏။ ရေနွေး ကြမ်းလည်းကုန်ပြီဖြစ်ရာ ကျွန်ုပ်တို့ မိတ်ဆွေတစ်သိုက်လည်း ကိုယ်စီပြန်ခဲ့ကြလေတော့သည်။ ရင်ထဲမှ အတွေးများတွင် မိတ်ကောင်းဆွေကောင်းဆိုတာ ဟု တွေးရင်း. . .တွေးရင်း ဖြင့်. . .
-- ဤစာဖြင့် ဆရာနန္ဒသိန်းဇံအား ဂါရဝပြုပါသည်။
ပန်းချီ -- ဆရာနန္ဒသိန်းဇံ၏။ ''မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း '' စာအုပ်မှ ပန်းချီဆရာ ပေါ်ဦးသက်၏ မျက်နာဖုံး ပန်းချီ။

Lazy Cat (ရိုးရာလေး

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။