Yangon International Airport
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြည့်စုံစေချင်
ဒီနေ့နံနက် ၆ ရက် မတ်လ ၂၀၁၅ မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပခရီးထွက်လာခဲ့ပါတယ်။ ထွက်ခွါအဆောက်အဦး အပေါ်ထပ်တက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ ထွက်ခွါတုံးထုရန် ချဉ်းကပ်လာတဲ့အခါ၊ ကောင်တာကို အရောင် ၂ မျိုးအဖြစ် မြင်ရလို့ ဘာလို့ အရောင် ၂ မျိုးသုတ်တာလဲ၊ အရင်က အနက်ရောင်တမျိုးဘဲ သုံးတာလို့ ဇဝေဇ၀ါဖြစ်စေတာမို့ သေချာကြည့်လိုက်တော့ ဖွေးနေတာက ဖုန်တွေတက်နေတာကို သိလိုက်ရပါတယ်။ မိမိမျက်စိကို မယုံလို့ ဖွေ...းနေတာကို လက်ချောင်းတွေနဲ့ ပွတ်ကြည့်လိုက်တော့ ပွတ်တဲ့နေရာမှာ အနက်ရောင်ထွက်လာပါတယ်။

ဒါနဲ့ ကျမစာအုပ်ကို တုံးထုပေးမယ့် လ၀က၀န်ထမ်းကို လေဆိပ်အုပ်ချုပ်ရေးနဲ့ သက်ဆိုင်တာဆိုပေမယ့် ဒီမှာဘဲ မှာခဲ့ပါရစေဆိုပြီး ကောင်တာညစ်ပတ်လွန်းကြောင်းကို အားမနာနိုင်ဘဲ ကောင်တာကို သန့်ရှင်းအောင် ထားသင့်ကြောင်း မြန်မာနိုင်ငံသားအချင်းချင်းက အကြောင်းမဟုတ်၊ နိုင်ငံခြားသားတွေက ကောင်တာ ဖုန်တက်နေတာမြင်ရင် နိုင်ငံ့သိက္ခာကျတယ်လို့ စေတနာနဲ့ ပြောလိုက်မိပါတယ်။ ဒီကောင်တာက မြန်မာနိုင်ငံသားများသာ တုံးထုရတဲ့ကောင်တာမို့လို့ တော်သေးတယ်။ ဒါမယ့် ဘေးနားက ကောင်တာက နိုင်ငံခြားသားများတန်းစီနေပါတယ်။ ကောင်တာတွေက မနီးမဝေးမို့ လှမ်းကြည့်လိုက်တော့ နိုင်ငံခြားသားများ ထွက်ခွါတုံးထုရတဲ့ ကောင်တာလဲဘဲ ဖုန်တွေတက်နေပါတယ်။
ပြောနေတုန်းရှိသေးတယ် ခြင်လာကိုက်လို့ ခြင်တွေဘယ်က ၀င်တာလဲလို့ မေးရပြန်ပါတယ်။ ခြင်ဝင်တာ အဆန်းမဟုတ်တော့ပါဘူး၊ တာဝန်ကျတဲ့အချိန်တိုင်း ခြင်ကိုက်တယ်လို့ လ၀က၀န်ထမ်းက ပြန်ပြောပါ။ နိုင်ငံခြားသားတွေ ထွက်ခွါကောင်တာမှာ တန်းစီနေတုန်းမှာလဲ ခြင်းကိုက်ခံရပါတယ်တဲ့။ ဒါနဲ့ အဆောက်အဦးတွေ ပြတင်မှန်တွေ မလုံခြုံလို့လားလို့ နောက်ဆုံးအနေနဲ့ မေးလိုက်ပါတယ်။ ကျမ နိုင်ငံကူးစာအုပ်လဲ ထွက်ခွါတုံးထုပြီးပြီမို့ နောက်ထပ်စကားပြောရန် မသင့်တော်တော့ပြီမို့ နောက်ဆုံးမေးခွန်းမေးလိုက်တာ ဖြစ်ပါတယ်။ ဘယ်လုံခြုံမလဲဗျာ…. လေအေးပေးစက်လဲ မဖွင့်ပေးလို့ ပြတင်းပေါက်ဖွင့်၊ ပန်ကာဖွင့်နေရလို့ အပြင်က ခြင်တွေဝင်ပြီး ဖုန်တွေလဲ အထပ်လိုက်ဝင်လာတာ လို့ လ၀က ၀န်ထမ်းမှ ပြန်ပြောရင်း ကျမလဲ အံ့အံ့သြသြနဲ့ထွက်လာခဲ့ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေအေးပေးစက်ဖွင့်တာ သိပါတယ်။ အခုမှ မဖွင့်ဘဲ ပန်ကာဖွင့်ရတာလလဲလို့ ပန်ကာဘယ်မှာလဲ ဟုတ်ရောဟုတ်ရဲ့လားလို့ လိုက်ရှာပါတယ်။ အစကတော့ ရှာမတွေ့ပါဘူး။ သေချာကြည့်တော့မှ ပန်ကာတွေကို လူမမြင်သာတဲ့တောင့်တွေမှာ ထားပါတယ်။
ကျမလဲ စိတ်မကောင်းစွာနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြည်ပခရီးကို ထွက်ခွါလာခဲ့ပါတယ်။ စိတ်မကောင်းရုံတင်မကပါဘူး ၀မ်းလဲနည်းပါတယ်။ ဖြစ်စေချင်တာက မိုးပေါ်မှာ ဖြစ်နေတာ ဖုန်ပေါ်မှာလို့ တွေးရင်း မိမိနိုင်ငံပေါ်မှာထားတဲ့ စေတနာမေတ္တာကြောင့် ဒီနေ့ခရီးစဉ်မှာ မပျော်နိုင်ခဲ့ပါဘူး။
ဒီလိုကိစ္စမျိုးကို ကိုယ်နဲ့မဆိုင်သလို မမြင်သလိုနေသွားလို့ရပေမယ့် မိမိနိုင်ငံကို အဖက်ဖက်အတွက် တဖက်တလမ်းကနေ စေတနာ မေတ္တာထားသူတွေက လိုအပ်သလို ကျမထက်ဦးရ်ျသော်၎င်း၊ ကျမနောက်က ထွက်လာသူတွေကသော်၎င်း ပြောဖြစ်ကြမယ်လို့ ယုံကြည်ပါတယ်။
မြန်မာပြည်အတွက်
လီဗီဆပ်နိုင်ထန်း
I Love Myanmar
၆ ရက် မတ်လ ၂၀၁၅
#Travel #Airport, #Yangon
http://www.ilovemyanmar.org/yangon-international-airport/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။