Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 27, 2015

ရထား ၃၃ ကိုမျိုး (IR)

 
ရထား ၃၃
ကိုမျိုး (IR)
မကြာခင်ကာလက မြန်မာRockဂီတလောကအတွက် အလားအလာကောင်းတဲ့ Band တဖွဲ့နဲ့  Vocalist တဦး ပေါ်ထွက်လို့လာခဲ့ပြန်လေရဲ့။ အဲ့ဒီသူတွေကတော့ `ရထား၃၃´လို့ အမည်ရတဲ့  Album နဲ့ အတူ ဂီတကျောက်မြေသားပေါ်ကို ခြေချလာခဲကြတဲ့  Cicada Band နဲ့စိုင်းလေးတို့ပဲ ဖြစ်ပါတယ်။ သူတို့နဲ့အတူ တေးရေးလောကအတွက်ပါ အားရှိစရာကောင်းတဲ့ လူငယ်တေးရေးဆရာတွေလည်း ဒီ Albumနဲ့အတူ ပေါ်ထွက်လို့လာခဲ့ပါတယ်။
“ရထား ၃၃” တဲ့။ Album Title ကိုက စိတ်ဝင်စားစရာကောင်းနေပါတယ်။Band နဲ့  Vocalistကလည်း အသစ်။ တေးရေးတွေကလည်း “လပြည့်” ကလွဲရင် ကျန်တဲ့သူတွေက အသစ်လို့သတ်မှတ်လို့ရမယ့်သူတွေချည်းဆိုတော့ ဒီ Album အပေါ် မြည်းစမ်းခံစားကြည့်လိုတဲ့စိတ်ကူးကို ပိုပြီးခိုင်မာစေခဲ့တယ်။ ဘာကြောင့်လဲဆိုရင် Idiots တို့လို၊SARAH တို့လို အရည်အသွေးရှိတဲ့ လူငယ်အဖွဲ့တွေ များများပေါ်ထွက်လာစေချင်တဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါတယ်။
ဒီ Albumရဲ့အဖွင့်သီချင်းကို စနားထောင်လိုက်တည်းက Albumကောင်းတချပ်ဖြစ်မယ်ဆိုတာ ယုံကြည်လိုက်မိတယ်။ ဒါဟာ Cicada Band ရဲ့  တီးခတ်မှုအရည်အသွေးနဲ့ အသံပါဝါအားကောင်းတဲ့စိုင်းလေးရဲ့ Vocal colorကြောင့်ဆိုရင် မမှားပါဘူး။ ဒါကြောင့်လည်း နောက်ထပ်သီချင်းတွေကို ဆက်တိုက်နားထောင်ဖြစ်တဲ့အခါမှာတော့ Rockဂီတမြို့တော်မှာ လင်းလက်တောက်ပလာဖို့  အလားအလာရှိတဲ့ ကြယ်စင်စုတွေရဲ့ပြယုဂ်ဆိုတာ ပိုပြီးမြင်သာစေခဲ့ပါတယ်။
ဒီAlbum နဲ့ပတ်သက်ပြီး ရော့ခ်ဂီတလူငယ်အများစုဟာ ဒီAlbum မထွက်ခင်ကတည်းက စိတ်ဝင်တစားရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒါဟာ ဒီAlbum ကိုထုတ်လုပ်တဲ့သူက Guardian Bandက Vocalist ဖိုးသားဖြစ်နေတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရထား ၃၃ Albumဟာ တန်းဝင်တဲ့Rock Album တချပ်ဖြစ်တာကိုတော့ ဒီထဲကသီချင်းတွေကို နားထောင်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့  ဒီခွေနဲ့ပတ်သက်ပြီးပြောစရာရှိတာက စိုင်းလေးရဲ့ Vocal colorပဲဖြစ်ပါတယ်။ စိုင်လေးရဲ့ပင်ကိုယ်အသံဟာ ထူထဲတဲ့အသံလုံးမျိုးဖြစ်တာကြောင့်
ရော့ခ်ကာတယောက်အဖြစ် နှစ်သစ်လက်ခံလို့ ရပေမယ့် ဒီစီးရီးထဲက သီချင်းတော်တော်များမှာ သူရဲ့ပင်ကိုယ်Vocal Color သိပ်မပေါ်လွင်ပဲ အငဲလိုလို၊ ဖိုးသားလိုလို၊ SARAH လိုလိုဖြစ်နေတာက စိုင်းလေးရဲ့နဂိုရှိရင်းစွဲအသံ တန်ဖိုးမဲ့နေသလို ခံစားမိပါတယ်။ ဒါကလည်း တေးရေးဆရာတွေ ဖန်တီးရေးဖွဲ့ထားတဲ့ သီချင်းပုံစံတွေအပေါ်မှာမူတည်သလို၊ သူနှစ်သက်ခဲ့တဲ့အဆိုရှင်တွေရဲ့သီချင်းတွေကို လိုက်ဆိုကျင့်ရင်းနဲ့  အဲ့ဒီအဆိုရှင်တွေရဲ့ လောင်းရိပ်အောက်ကိုရောက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။တချို့သီချင်းတွေမှာ ဆိုဟန်ကော၊ သီချင်းပုံစံအရပါ အငဲနဲ့ဖိုးသားတို့ရဲ့ သီချင်းပုံစံမျိုးတွေနဲ့  ဆင်တူယိုးမှားဖြစ်နေတာကို သတိထားမိခဲ့တာကြောင့် စိုင်းလေးရဲ့ကိုယ်ပိုင်ဟန် ပျောက်သလောက်ဖြစ်နေတာကို တွေ့ရပါတယ်။ တီးခတ်တဲ့အပိုင်းမှာလည်း ဒီAlbumကို Cicada Bandအနေနဲ့  အဓိကဖန်တီး တီးခတ်ထားပေးပေမဲ့ Guest Player အတော်များများ ပါဝင်တီးခတ်ပေးထားတာ တွေ့ရပါတယ်။ ဒါကြောင့် Albumတခုလုံးအနေနဲ့  အရည်အသွေးကို သုံးသပ်ဖို့ခက်ခဲပြီး Cicada Band ကိုယ်တိုင်တီးခတ်ပေးထားတဲ့သီချင်းတွေလောက်ပဲ အကဲခတ်သုံးသပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် Cicada Band ကိုယ်တိုင်တီးခတ်ပေးထားတဲ့ သီချင်းလေးတွေမှာ နှစ်လိုဖွယ်ရာတီးခတ်မှု အရည်အသွေးနဲ့  သေသပ်တဲ့Arrangement တွေကိုတွေ့ရလို့  သူတို့ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုမိခဲ့ပါတယ်။ စီးရီးခေါင်းစဉ်တင်တဲ့နေရာမှာလည်း သီချင်းတပုဒ်တည်းရဲ့ ခေါင်းစဉ်ကိုမတင်ပဲ တေးသွားနံပတ် ၃၃ သီချင်းနဲ့  ရထားဆိုတဲ့သီချင်း ၂ပုဒ်ရဲ့ခေါင်းစဉ်ကို ဆက်စပ်ပြီးပေးထားတာကြောင့် ဒီစီးရီးခွေကို ဖန်တီးထားတဲ့သူတွေရဲ့ စိတ်ကူးကောင်းလေးတခုလို့  ပြောရမှာပါ။ဒါကြောင့်လည်း ရှေ့ မှာပြောခဲ့တဲ့ အားနည်းချက်တချို့ကို ဖယ်ထုတ်ပြီး Cicada Band ကိုယ်တိုင် သီးသန့်ဖန်တီးပုံဖော်ပေးထားတဲ့ သီချင်းတွေထဲက ဂီတလူငယ်ထုရဲ့စိတ်အဟာရနဲ့လည်း အစပ်အဟပ်တည့်နိုင်မယ့် သီချင်းအချို့ကို ရွေးထုတ်ဖော်ပြပေးချင်ပါတယ်။

တေးသွားနံပတ် ၃၃ ဟာ တေးရေးဆရာ လူဇော် ဖန်တီးရေးဖွဲ့ထားတဲ့  သီချင်းတပုဒ်ဖြစ်ပြီး Album Titleအဖြစ် တစိတ်တပိုင်းပါဝင်တဲ့ သီချင်းလည်းဖြစ်ပါတယ်။ သီချင်းခေါင်းစဉ်နဲ့  စာသားအကြောင်းအရာ လိုက်ဖက်မှုရှိတာကို ကလေးငိုသံ Effectနဲ့အစပြုထားတဲ့  Introအ၀င်ရဲ့ခပ်ကြမ်းကြမ်း Guitar Vampတွေက သက်သေထူနေခဲ့ပါတယ်။ Death Metalဆန်တဲ့  Introအပြီးမှာ စိုင်းလေးရဲ့  Vocal Colorနဲ့ဆိုဟန်က Verse အပိုဒ်ကစပြီး သီချင်းအဆုံးပိုင်းထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သီချင်းရဲ့မယ်လိုဒီဖွဲ့စည်းပုံအရ Chord Phrasing ကို ခပ်စိပ်စိပ်ဖွဲ့စည်းထားပြီး ပြင်းရှရှ Backing Guitar Vampတွေက ဒီသီချင်းအပေါ် အဓိကဖမ်းစားနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ တွေ့ဖူးနေကျ သီချင်းအကြောင်းအရာမျိုးဖြစ်ပေမယ့် ဘာမှမမြဲတဲ့ လူ့ဘ၀ရဲ့ဒုက္ခနွံတောတွေကြားကနေ ၀ိညာဉ်မဲ့တဲ့စိတ်နဲ့ လွတ်မြောက်ချင်နေတဲ့ လူတယောက်ရဲ့ခံစားချက်ကို အမြင်တမျိုး ပုံဖော်ထားတာဖြစ်ပါတယ်။ တင်စားအသုံးပြုသွားတဲ့ စကားလုံးတွေရဲ့ Moderanzieဖြစ်မှုကြောင့်လည်း သီချင်းရဲ့ Melody ဟာ ပိုပြီးကြွတက်လာခဲ့သလို Death Meatal ဂီတပုံစံ အင်္ဂါရပ်နဲ့ညီညွတ်တဲ့ သီချင်းကောင်းတပုဒ် ဖြစ်လာခဲ့ပါတယ်။ သေချာတာတခုက ဒီသီချင်းပုံစံမှာ Lamb of Godရဲ့ဝိညာဉ်တွေ ပူးကပ်ခံထားရတာကိုတွေ့ရပြီး solo အနေနဲ့ သီချင်းနဲ့လိုက်ဖက်အောင် Guitar Vamp တွေကိုပဲ ဇောင်းပေးတီးခတ်သွားတဲ့စိတ်ကူးဟာ Cicada Bandရဲ့ ပါးနပ်မှုတခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီသီချင်းဟာ Albumရဲ့ အဖွင့်သီချင်းအဖြစ်ရော စီးရီးခေါင်းစဉ်အနေနဲ့ပါ ဖြစ်တည်လာခဲ့တာလို့  ဆိုနိုင်ပါလိမ့်မယ်။
"မီးမ"...ဒီသီချင်းကိုတော့ တေးရေးမိချမ်းက ရေးဖွဲ့ပေးထားတာပါ။ Classic Mood ဆန်ဆန် Intro ကို အစပြုထားတဲ့ Acoustic Guitarသံက စွဲမက်ဖွယ်ဖွယ်ကောင်းလှပြီး နည်းပညာပါတဲ့ Vocal Expression ကြောင့် သီချင်းအဖွင့်က ငြိမ့်ငြိမ့်လေးနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။ Verse အပိုဒ်တွေကို Left Tone နဲ့  သီဆိုသွားပြီး Cho အပိုဒ်ရောက်မှ High Pitch နဲ့ဆိုသွားတဲ့ပုံစံဟာ ရော့ခ်သီချင်းတွေမှာ အများအားဖြင့် တွေ့ရလေ့ရှိပေမယ့် သီချင်းTempo ကို တဖြည်းဖြည်းမြှင့်ပေးသွားနိုင်တဲ့ဆိုဟန်နဲ့  ပြီးပြည့်စုံတဲ့ Arrangeကြောင့် သစ်လွင်တဲ့ Rock သီချင်းတပုဒ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီသီချင်းကို သီဆိုထားတဲ့စိုင်းလေးရဲ့ Vocal Colorနဲ့ Moodက အငဲ ရဲ့လောင်းရိပ်အောက်မှာ ရှိနေခဲ့ပြီး သီချင်းပုံစံကလည်း Kiss အဖွဲ့ရဲ့ ပုံရိပ်တွေ ဟိုတကွက် သည်တကွက် ထင်ဟပ်စွန်းထင်းနေတာကို သတိထားမိခဲ့ပါတယ်။ သီချင်းအကြောင်းအရာအရလည်း အများသူငှာ ဖွဲ့နွဲ့လေ့ရှိတဲ့  အကြောင်းအရာမျိုးဖြစ်ပေမဲ့
`စီးကရက်တလိပ်က ရေစိုနေတယ်
ငါ့အိတ်ကပ်က ငွေလိုနေတယ်
ပြုံးပြလိုက်မှငါယဉ်ကျေးသလား´ စတဲ့ 
စကားလုံးတွေက ဒီခေတ်လူငယ်တွေရဲ့ရင်ဘတ်နဲ့  ထပ်တူကျစေမဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။
Cho;ပိုဒ်အပြီးမှ Key Change သွားတဲ့ Bridge အပိုဒ်နဲ့  Solomon ရဲ့  ညှို့ဓါတ်ပါတဲ့  Guitar Riff တွေကလည်း သီချင်းပုံစံနဲ့  ဟာမိုနီဖြစ်စွာ ညှို့ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီသီချင်းဟာ old School Rock အငွေ့အသက်တွေလွှမ်းခြုံထားတဲ့ Mordern Rockသီချင်းတပုဒ်အဖြစ် ရော့ခ်လူငယ်ထုရဲ့ ဂီတကျောက်သားမြေပေါ်မှာ ထွင်းဖောက်နေရာယူနိုင်မှာ အမှန်ပါပဲ။
နောက်ထပ် `ရထား´လို သီချင်းပုံစံမျိုးနဲ့ `ကျွန်´ လို သီချင်းပုံစံမျိုးတွေကလည်း ဒီ Album ရဲ့ ငြိတွယ်စရာကောင်းတဲ့ ဂီတပုံစံထဲမှာပါဝင်ပေမယ့် Red Hot Chilli Peppers ရဲ့ Music Styleတွေပေါ် ပျော်ဝင်မှုနည်းနေသေးတဲ့ လူငယ်တွေအတွက် “အေးရာအေးကြောင်း” ဆိုတဲ့ သီချင်းကိုပဲ ရွေးထုတ်ပြချင်ပါတယ်။ ဒီသီချင်းကို တေးရေးဖိုးတီက ရေးဖွဲ့ပေးထားပြီး သီချင်း Frame တခုလုံးက Red Hot Chilli Peppers ရဲ့မျက်နှာဖုံးတွေစွပ်ပြီး ဖန်တီးထားသလားလို့ ထင်မှတ်ရပါတယ်။စကားမစပ်ပြောရရင် Red Hot Chilli Peppers ရဲ့ Music Styeတွေကို Alternative Rock တံဆိပ်ကပ်ထားပေမယ့် သူတို့အဖွဲ့ရဲ့ လွတ်လပ်စွာဖန်တီးထားတဲ့သီချင်းတွေက ဘာတံဆိပ်အောက်မှာမှရှိမနေဘဲ ရိုးရှင်းပေါ့ပါးနေတာကို တွေ့ရသလို `အေးရာအေးကြောင်း´ ဆိုတဲ့ သီချင်းပုံစံကိုလည်း အဲ့ဒီလို ပေါ့ပါးရိုးရှင်းအောင် ဖန်တီးထားပါတယ်။ဘာကြောင့်လဲဆိုရင် Drum အယူအဆနဲ့  Guitar Colorကစလို့ 
Solo Guitar Scale တွေအပြင် သီချင်း Ending ပိုင်းအထိ သီချင်းတပုဒ်လုံးက ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေသလိုခံစားရတဲ့ ရသမျိုးကို ပေးနိုင်လို့ပဲဖြစ်ပါတယ်။ သီိချင်းပုံစံနဲ့  သီချင်းအကြောင်းအရာကလည်း အံဝင်ခွင်ကျ လိုက်ဖက်မှုရှိလှသလို Breaking Powerနဲ့  အားပေးသီဆိုသွားတဲ့ စိုင်းလေးရဲ့ Vocal Expression ကလည်း ( အငဲရဲ့ Vocal Color နဲ့Moodတွေလွှမ်းနေတာကလွဲရင် ) ခံစားမှုအာရုံကို ပိုပြီးမြင့်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အလုပ်တွေကို မွှေ့ယာပေါ်သိပ်လိုက်လို့  အစချီထားတဲ့ ခေတ်နဲ့လိုက်ဖက်ညီတဲ့ စကားလုံးနိမိတ်ပုံတွေကြောင့်လည်း ဒီသီချင်း ကိုနားထောင်ပြီးရင် လွတ်လပ်ပေါ့ပါးတဲ့ စိတ်ထွက်ပေါက်တခုကို ရရှိခံစားနိုင်ပါလိမ့်မယ်။
အထက်မှာပြောခဲ့သလိုပဲ တခြားအဆိုရှင်တွေရဲ့ Colorတွေလွှမ်းနေတဲ့ စိုင်းလေးရဲ့ Vocal Mood နဲ့ တခြားအားနည်းချက်အချို့ကလွဲရင် ခေတ်နဲ့  အံဝင်ခွင်ကျဖြစ်တဲ့  ဂီတပုံစံတွေကို ဖန်တီးထားတဲ့ Album တချပ်ဖြစ်တာမို့  ဒီကနေ့  Rock တေး Album တွေကြားမှာ တန်းဝင်နိုင်တဲ့  Album တချပ်အဖြစ် အသိအမှတ်ပြု လက်ခံကြိုဆိုလိုက်ရပါတယ်။ ။

https://www.dropbox.com/…/h0y007…/AAD7Uzo7UhpqGC4kJLEHb4Wxa…
★ ★ ★ ဒေါင်းချင်သူများ Linkကိုနှိပ်၍ browserဆီ တန်းသွားပါ
Special thank to စစ်သူကြီး အာမက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။