ကိုလေး (လေးဖြူ) နဲ့ ပတ်သက်ခဲ့သမျှ
အကြောင်းအရာ တစ်ချို့ တစ်ဝက်ကို
အမှတ်တရအဖြစ် ပြန်လည် ပြောပြခဲ့တဲ့
ကိုပိတ်ကြီး (တေးရေး နိုင်းနိုင်)
....
.
.
"အိပ်မက်ကဗျာ" အခွေကစပြီး
လေးဖြူအနေနဲ့ အတွေ့အကြုံကတော့
ပိုများလာတာတယ်။
အတွေ့အကြုံများလာတော့
သူ(လေးဖြူ) က အဲဒီအတွေ့အကြုံတွေကနေ
တဖြည်းဖြည်းနဲ့ သူ့အနေနဲ့
ဒါကို အမြဲတမ်း ဘယ်လိုလုပ်ရမလဲလို့
စိတ်ကူးနေတဲ့ စိတ်ကို သူ့မှာ အမြဲတမ်း
ရှိနေတယ်ဆိုတာတော့ အကဲခတ်လို့ ရတာပေါ့။
နောက်ပြီးတော့ အိပ်မက်ကဗျာ သီချင်းဟာ
ကျွန်တော် ဒုတိယအကြိမ် ပြန်ရေးရတဲ့ သီချင်းဗျ။
အဲဒီသီချင်းကို ကျွန်တော် ပထမတစ်ကြိမ် ရေးပြီးတော့
ကလေးဝ ကနေ လေးဖြူဆီကို ပို့လိုက်တယ်။
ကျွန်တော် ရန်ကုန်ဆင်းလာတဲ့အခါကျတော့
လေးဖြူက "ဟာ ... ဟေ့ကောင် လာဦး။
ငါ မင်းကို ပြောစရာရှိတယ်" ဆိုပြီး အိမ်ခေါ်သွားတယ်။
သူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်သား တိုင်ပင်ကြတယ်။
"မင်း ဒီသီချင်းကို ဒီလိုလုပ်ရင် ပိုကောင်းမယ်"
ဆိုပြီး ကျွန်တော့်ကို ပြောတယ်။
အချစ်သီချင်းတောင်မှ သူက ထပ်ပြီးတော့ ဖော့ပေးဖို့
ရှင်းရှင်းပြောရရင် ကျွန်တော်က ရှက်တယ်ပေါ့နော်။
ကျွန်တော် လက်မရဲဘူးဗျ။
ဖေတော့ မောင်တော့ တွေ ရေးရမှာ
သိပ် လက်မရဲတော့ လေးဖြူက
"မဟုတ်ဘူး။ မင်း ဒါက ဒီလိုရှိတယ်။
သံစဉ်အရ ဒါက ဒီလိုရှိတယ်။
အဲဒီတော့ မင်းနဲ့ငါနဲ့ နှစ်ယောက်ပေါင်းပြီးတော့
စာသားကို မင်း ဒါချက်ချင်း ပြင်တော့။
မင်း အိမ်မပြန်တော့နဲ့" ဆိုပြီး
ကျွန်တော်က ပြင်၊ လေးဖြူကို ပြင်ထားတဲ့
စာသားကို ဆိုခိုင်း၊ လေးဖြုက ဂစ်တာတီးပြီး
ကျွန်တော်က စာသားကို ပြန်ဆိုကြည့်လိုက်ပေါ့။
အဲဒီလိုနဲ့ တစ်ညလုံး ထိုင်၊ လက်ဖက်ရည်သောက်။
ဘာညာနဲ့ လေးဖြူအိမ်မှာပဲ ကျွန်တော်
ဒုတိယအကြိမ် ပြန်ရေးရတဲ့ သီချင်းပေါ့။
အဲဒီလို ခပ်ဖော့ဖော့တွေ လုပ်နေရတဲ့ကြားထဲက
ကျွန်တော် အမှတ်ရတဲ့ သီချင်းတစ်ပုဒ် ရှိတယ်။
အဲဒီသီချင်းက "အဖြူရောင် စိတ်ကူးများ" ပေါ့။
အရင် ပေးထားတဲ့ Title က "အဖြူရောင် စိတ်ကူးရိုင်း"
ဒါပေမယ့် အဲဒီ Title ကို မသုံးဖြစ်ဘူး။
"အဖြူရောင် စိတ်ကူးများ" ဆိုပြီးတော့ပဲ သုံးဖြစ်ခဲ့တယ်။
အဲဒီသီချင်းအကြောင်း ပြန်ပြောရရင်
ကျွန်တော်က နယ်မှာပြန်နေတာဆိုတော့
ရန်ကုန်က သူငယ်ချင်းတွေ ဘာလုပ်နေလဲ၊
ဘာညာ အခြေအနေကို မဂ္ဂဇင်းတွေ၊
စာစောင်တွေက ဖတ်ပြီး သိနေရတာပေါ့။
စာစောင်ထဲမှာ ဖော်ပြသလောက်လေးကို
ကျွန်တော်က နယ်ကနေ သိရတာပေါ့။
အဲဒီတုန်းက ကျွန်တော်တို့ဆီမှာ
ဖုန်းကလည်း ခက်တယ်လေ။
ဟိုမှာ စာအုပ်ပဲ ဖတ်ဖြစ်တာပေါ့။
စကားပြောဖော်လည်း မရှိပါဘူး။
"အိပ်မက်ကဗျာ" စီးရီးခွေအတွက်
သီချင်းတွေ ရေးနေတဲ့ အချိန်ကာလမှာ
မဟေသီ မဂ္ဂဇင်းမှာ လေးဖြူ အင်တာဗျူး
ဖတ်မိပြီး စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။
အဲဒီထဲက စာသားက "ယဉ်ကျေးသော လူရိုင်းများ" တဲ့။
လေးဖြူရဲ့  မှန်တယ်ထင်ရင်
ဟောဟောဒိုင်းဒိုင်း လုပ်တတ်တဲ့ အကျင့်ပေါ့။
မှန်တယ်ထင်ရင် ဘေးအမြင်က မှားချင် မှားပါစေ။
သူမှန်တယ်ထင်ရင် အကြောင်းအရာတစ်ခုကို
သူပြောတတ်တဲ့ စရိုက်ပေါ့။
အဲဒါကို ကျွန်တော်က သိပြီးသားဆိုတော့
အဲဒီမှာ "ယဉ်ကျေးသော လူရိုင်းများ" ဆိုတဲ့
စာသားလေးကို အခြေခံပြီးတော့
ကျွန်တော် စကားလုံးတွေနဲ့
လေးဖြူရဲ့  ပုံတူတစ်ခုကို ရေးခြစ်ကြည့်တာပါ။
ရေးခြစ်ကြည့်ရင်းနဲ့ "အဖြူရောင် စိတ်ကူးရိုင်း" ဆိုတဲ့
သီချင်းလေး ဖြစ်လာတာပေါ့။
အခုတော့ အချစ်သီချင်း မဟုတ်တဲ့
"အဖြူရောင် စိတ်ကူးများ" ပေါ့ဗျာ။
အမှတ်တရပေါ့။

-------The End--------
\m/ Welcome to Rock 'n' Roll \m/
\m/ Welcome to Rock 'n' Roll \m/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။