Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 19, 2015

ကျောက်မီးသွေး အန္တရာယ်ပါ... သေချာဖတ်ပြီးရှယ်ကြပါ...

 
ကျောက်မီးသွေး အန္တရာယ်ပါ... သေချာဖတ်ပြီးရှယ်ကြပါ... အင်ဒင်ကျောက်မီးသွေးစက်ရုံတည်ဆောက်ဖို့ ကိစ္စကို ကန့်ကွက်ကြပါ။ ဗမာစစ်အစိုးရနဲ့ပေါင်းပြီး ကိုယ့်မွန်လူမျိုး ကိုယ်သတ်သတ်မဲ့ အသားထဲက လောက်ထွက်တဲ့ တစ်ချို့မွန်အမတ် တွေရဲ့ လုပ်ရပ်ကို ရှုံ့ချကြပါ...
---- --- --- ----

တရုတ်ပြည်မှာ မသုံးတော့တဲ့ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ၊ ထိုင်းမှာ ကန့်ကွက်၍ ဖျက်သိမ်းရသော ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံတွေ မြ...
န်မာပြည် မှာ ဆောက်မတဲ့။

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ
-------------------------
ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို
-------------------------

မြန်မာပြည်ကို အမှိုက်ပုံလို့ထင်နေကြသည်။ ဦးနေ၀င်းလက်ထက်က စစ်တောင်းစက္ကူစက် ကို ဆောက်တော့ နိုင်ငံခြားက စက်အဟောင်းကြီးဖြုတ်ပြီးဆောက်သည်ဟု သိရသည်။
ဟုတ်၊ မဟုတ်တော့မသိပါ။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် စစ်တောင်းမြစ်ထဲ အင်မတန်ပေါများသည့် ငါးသလောက်တွေ ကုန်သွားသည်။

မော်လမြိုင်က FO (မီးထိုးဆီ)ဖြင့် လည် ပတ်သည့်မီးစက်၊ တရုတ်ပြည်မှ စက်အဟောင်းဟု ဆိုသည်။ ခုလည်း လုပ်ကြပြန်ပြီ။ တရုတ်ပြည်မှာ မသုံးတော့တဲ့ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ၊ ထိုင်းမှာ ကန့်ကွက်၍ ဖျက်သိမ်းရသော ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံတွေ မြန်မာပြည်မှာ ဆောက်မတဲ့။

သူတို့ဆီက တံတားဟောင်းတွေ၊ သံဘောင်တွေဖျက်ပြီး ဒီမှာလာတည်တော့ ဧရာဝတီမြစ်ကြီး လည်း ကောလာတာပေါ့”

“ဘာဖြစ်လို့လဲ”

“တိုင်တွေလေဗျာ။ ရေထဲကတိုင်တွေမှာ သံနုန်းပုံပြီး မြစ်ပျက်တာပေါ့။ ကြိုးတံတားလို တိုင်မပါတဲ့ တံတားတွေ ဆောက်ရမယ်”

“ခင်ဗျားက ပညာရှင်မှမဟုတ်တာပဲ ဘယ် လိုသိလဲ”

“အမှားတွေလုပ်တာကိုး၊ ကန့်ကွက်ရတာ ပေါ့”

ကန့်ကွက်ပါသည်။

“လာဖြစ်လို့လဲ”

“မြန်မာပြည်ဟာ အမှိုက်ပုံမှ မဟုတ်တာပဲ ဗျာ”

“ဒီမှာ ဖတ်ကြည့်ပါဦး။ ကွမ်းခြံကုန်းမှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဆောက် မယ်တဲ့”

“မြန်မာအလင်း သတင်းစာထဲတွင် ရေး ထားပါသည်။ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုန်ရွာ အနီး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ဖတ်ရပါသည်။

“အင်း အတော်လေး ပြည့်ပြည့်စုံစုံရေးသား ထားပါလား”

“ဒီမှာရေးထားတာ လျှပ်စစ်ဓာတ်အားလိုအပ်မှုက တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုကို အဟန့် အတားဖြစ်စေသည် တဲ့”

မှန်ပါသည်။ သွေးထွက်အောင်မှန်ပါသည်။

ထိန်ထိန်လင်းနေသော နယူးယောက်၊ တိုကျို၊ ပဲရစ်၊ လန်ဒန်၊ နောက်တော့ စင် ကာပူ။

ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုကြည့်လိုက် မီးတွေ ထိန်ထိန်လင်းနေပါသည်။ စင်ကာပူရောက် တဲ့ တပည့် တစ်ယောက်က “သူတို့သုံးနေတဲ့ လျှပ်စစ်ဓာတ်တွေကို ဖဲ့ပေးရင်ကောင်းမှာပဲ တဲ့”

“သူက လျှပ်စစ်သူတောင်းစားဆိုပြီး စာ တစ်ပုဒ်ရေးခဲ့ပါသည်။”

“မင်းတို့မှာ ပိုနေတဲ့ လျှပ်စစ်ဓာတ်အား တို့ဆီဝေမျှပါလားတဲ့”

“မှန်တာပေါ့ဆရာညို၊ သရော်စာရေးတဲ့ စာရေးဆရာတစ်ယောက်ကတောင် အမေရိကန်တွေ လျှပ်စစ် ဓာတ်တွေခိုးသွားလို့ တို့ဆီ မှာ လျှပ်စစ်ဓာတ်တွေ မကျန်တာလားတဲ့။ လန်ဒန်တို့၊ ပဲရစ်တို့ မှာ မီးထွေထိန်ထိန်လင်းနေ ပြီး တို့ဆီမှာ မီးတွေမှောင်နေတာ ကိုလိုနီ အမွေ ဆိုးကြောင့်လားလို့တောင် ပြောခဲ့တယ်”

“ဒါပေမဲ့ ဘာဖြစ်လို့ ကျောက်မီးသွေးလျှပ် စစ်ဓာတ်အားပေးစက်ရုံဆောက်ရတာလဲ။ ကျွန် တော် တို့ဆီမှာ ဓာတ်ငွေ့တွေအလျှံအပယ် ရှိ တယ်မဟုတ်လား”

“ခင်ဗျားမေးခွန်းကို သဘောကျပါတယ်။ ကျွန်တော်တို့ဆီ အလျှံအပယ်ရှိတယ်ဆိုတာ ဘာလို့ ပြောရတာလဲ”

“ကျွန်တော်က စာရင်းဇယားကိုတော့ မ သိဘူး။ ဒါပေမဲ့ သူများကိုရောင်းနေတယ်လေ။ ကိုယ့်ဆီ မှာ ပိုမှ သူများရောင်းတယ်မဟုတ်လား။ အတိအကျ ဘယ်လောက်ပိုလဲဆိုတာကို ကိုဘသစ် သိလား”

“ဓာတ်ငွေ့ရောင်းတာ တစ်နှစ်ဒေါ်လာသန်း သုံးထောင်ကျော်ရနေတာပဲမဟုတ်လား”

“အစိုးရ ထုတ်ပြန်ထားတာ တွေ့ဖူးလို့ လား”

“ဓာတ်ငွေ့အစား ကျောက်မီးသွေးဓာတ် အားပေးစက်ရုံလုပ်တယ်ဆိုတာ ကျွန်တော် တော့ သဘောမတူဘူး”

“ဘာလို့ သဘောမတူလဲ”

“သဘောတူတဲ့အချက်တွေ အများကြီးပဲ ဆရာညိုရ။ ပထမအချက်ကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှုများခြင်း (pollution) ပါပဲ။ ၁၉၇၀ မတိုင်မီက အင်္ဂလန်ကိုရောက်ဖူးရင် သိလိမ့်မယ်။ အင်္ဂလန်တို့ စကော့တလန်တို့ ဆိုတာ အင်မတန်ကျောက်မီးသွေး ပေါတဲ့အ ရပ်တွေ။ အိမ်အောက်မှာ ပေ ၂၀ လောက် တူးလိုက်ရင် ကျောက်မီးသွေးထွက်တယ်။ အဲဒီမှာ စက်မှု လုပ်ငန်းတွေ ထွန်းကားလာ တော့ ကျောက်မီးသွေးသုံးစက်ရုံတွေ အများ ကြီးဖြစ်လာတယ်။ မန်ချက် စတာတစ်ဝိုက်မှာ ဆိုရင် လမ်းပြပုလိပ်တောင် နာရီဝက်တစ်ခါ လူလဲပြီး အောက်ဆီဂျင်ပေး ရှူရတယ်။ဆောင်း တွင်းမှာ မီးခိုး (Smoke) နဲ့ နှင်းငွေ့ (Fog) ဆိုတာ ဖြစ်လာတယ်။ အဲဒါက အနံ့လည်းနံ့တယ်။ တစ်မြို့လုံးမှောင်မည်းနေတယ်။ ဓာတ်တိုင်အောက်ကနေ မီးသီးကိုလှမ်းကြည့်ရင်တောင် မမြင်နိုင်ဘူး။ မြစ်တွေချောင်းတွေထဲ မှာလည်း အင်္ဂလန်က Fog ဆိုတာ အင်မတန် နာမည်ကြီးတာပေါ့။ ခုလို Smog ဆိုတဲ့ မီးခိုးမည်းကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးလည်း အတော်ချို့ယွင်းလာတယ်”

“ဒါကို ဘယ်လိုလုပ်လဲ”

“သူတို့က မြောက်ပင်လယ် (North Sea) မှာ ဓာတ်ငွေ့တွေ့တော့ တစ်ပြည်လုံး သဘာဝ ဓာတ်ငွေ့ ကို ပြောင်းလဲသုံးစွဲလိုက်တာ ခုဆို ကောင်းကင်ပြင်ဟာ ကြည်လင်လှပနေပြီဖြစ်တယ်”

“ကောင်းလိုက်တာဗျာ။ သူတို့ဆီမှာ စက် မှုထွန်းကားတာ ကြာပြီပဲ”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ပီကင်းတို့ ရှန် ဟိုင်းတို့မှာတော့ ဒီလိုမီးခိုးတွေရှိနေဆဲပါပဲ

“သူတို့ မထိန်းကြဘူးလား”

“ကြိုးစားနေတာပါပဲ။ တိုးတက်မှုကိုလား ရင် တစ်ဖက်ကဆုံးရှုံးမှုတွေဖြစ်တာ သဘာဝပဲ။ သတိ ရတုန်း ပြောချင်သေးတယ်။ တရုတ် ဟာ ၂၀၀၈ ခုနှစ်က ဘီဂျင်းမှာ Olympic ပွဲတော်လုပ်ဖို့ ကြိုးစားတယ်။ ဒီနေရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ပြောစရာ တွေဖြစ်နေတယ်။ ပထမ အချက်က သူတို့မှာ ကားတွေကများတယ်။ ကားမီးခိုးတွေ များ တယ်။ ဒုတိယက စက်ရုံတွေ၊ ကျောက်မီး သွေးလောင်စာစက်ရုံတွေကနေ မီးခိုးအမှုန် တွေထုတ်တယ်။ တတိယ ကတော့ Goby သဲကန္တာရကလွင့်လာတဲ့ သဲမှုန်သေးသေးတွေပေါ့။ စတုတ္ထကတော့ အိမ်သာ (toilet) ပါပဲ။ ဒီတော့ တရုတ်က ကားတွေကို ကန့်သတ် လိုက်တယ်။ ဒီနေ့ ကိုယ့် ကားနံပါတ် ၁ နဲ့ ဆုံးတဲ့ကားပဲ မောင်းရမယ်။ ကျန်တဲ့ကားတွေ လမ်းပေါ်ထွက်ရင် ဖမ်းတယ်။ ဒုတိယကတော့ စက်ရုံတွေကို ပွဲတော်မကျင်းပမီ တစ်ပတ်က နေ ပိတ်လိုက်တယ်။ တတိယအနေနဲ့ ဂိုဘီ သဲကန္တာရ က သဲမှုန်လေးတွေ သိမ့်သွားအောင် မိုးအတုရွာစေ တယ်။ နောက်ဆုံး အိမ်သာ ကိစ္စကတော့ WTO ကို အကူအညီတောင်းတယ်။ WTO ဆိုတာ စင်ကာပူကဦးစီးတဲ့ World Toilet Organization ပါပဲ။ ၂၀၀၈ ခုနှစ် ပီ ကင်းအိုလံပစ် အောင်မြင်သွားတယ်။ ဒါကြောင့် သူတို့ဟာ ကျောက်မီးသွေးစက်ရုံတွေကို လျှော့ လာကြတယ်။

“Clean Coal Technology ကို သုံးမယ်ဆိုရင်ကော”

“သူက ကျောက်မီးသွေးအကောင်းစား ကို ၀ယ်သုံးရမယ်။ စရိတ်ပိုကြီးတယ်။ အားလုံး သိပါတယ်။ ကျွန်တော်တို့နိုင်ငံက တက္ကနို လိုဂျီမှာ အားနည်းတယ်ဆိုတာ။ ဘယ်လောက် မှမကြီးတဲ့ သာပေါင်းနဲ့ စစ်တောင်းစက္ကူစက် တွေလုပ်လိုက်တာနဲ့ စစ်တောင်းနဲ့ င၀န်မြစ် တို့မှာ ငါးသလောက်တွေ မျိုးပြုန်းကုန်တယ်”

“ကျောက်မီးသွေးက အတော်ဆိုးလား”

“ဆိုးတယ်။ သူတို့ဆီကထွက်တဲ့ အငွေ့ တွေဟာ အက်ဆစ်မိုးကိုရွာစေတယ်။ ဧရာဝတီတိုင်းမှာ စိုက်ပျိုးရေးက အဓိကကျတယ်။ နောက် တံငါလုပ်ငန်းပေါ့။ ဒီဓာတ်ငွေ့ဟာ နယ်စီးမခြား သွားကြတော့ စိုက်ပျိုးရေးလုပ်ငန်း တွေကို အများကြီးထိခိုက်စေနိုင်တယ်

“ဟုတ်တယ် ကိုဘသစ်ရဲ့။ တရုတ်က ကျောက်မီးသွေးစက်ရုံက မီးခိုးတွေကြောင့် ဖြစ်တဲ့ အက်ဆစ်မိုးဟာ တွင်းတောင်ထိရောက် လာပြီး တွင်းတောင်ကရေတွေ ပျက်စီးတယ် လို့လည်း အချို့ကပြောတာပဲ”

“မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူး” ဒါ ပေမဲ့ အတော်လှမ်းပါတယ်။ အက်ဆစ်မိုးက လက်ပံတောင်းတောင်က အက်ဆစ်တွေ ကြောင့်လည်းဖြစ်နိုင်တာပဲ။ ကျောက်မီးသွေး မီးရှို့တဲ့ အခါ ဓာတ်ပြာတွေ ထွက်လာတယ်တဲ့”

“ဘယ်လိုမျိုးလဲ”

“ကျောက်မီးသွေးကို မီးရှို့လိုက်ရင်တော့ အထဲက ကာဗွန်တွေ လောင်သွားတယ်။ အ ခြား မသန့်စင်တဲ့ပစ္စည်းတွေလည်း ပြာဖြစ်သွား တာပဲပေါ့။ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံက အဏုမြူသတ္တိကြတာတွေ အများ ကြီးဖြစ်ပါသတဲ့”

“ဒါလောက်တောင်ပဲလား”

“ Dec 13,2007 က Mara Hvistendahl တင်ပြထားတဲ့ သတင်းကိုဖတ်ပြမယ်”

“အဏုမြူဓာတ်အားပေးစက်ရုံကတော့ အဏုမြူဓာတ်ပြာတွေ များစွာထွက်မှာပဲလို့ လူတွေ ယူဆ ထားကြပါတယ်။ ဒီအဏုမြူဓာတ် ပြာတွေဟာ ရေဒီယိုသတ္တိကြတာကြောင့် တစ် နည်းနည်းတော့ ကျန်းမာရေးထိခိုက်တယ်။ လူကီးမီးယားဆိုတဲ့ သွေးကင်ဆာတွေဖြစ် တယ်။ အဏုမြူဓာတ်အားပေးစက်ရုံမှာ အ လုပ်လုပ်တဲ့ ယောက်ျားတွေဆိုရင် သားမျိုးဆက်တွေဖြည့် ဆည်းပေးနိုင်တဲ့ sperm count တွေ လျော့သွားတာ ကိုတွေ့ရတယ်။ ဒီလူတွေမှာ ရေဒီယို ဓာတ်တွေကြွတက်နေပြီး မျက်လုံးက ဓာတ်ရောင်ခြည်တွေထွက်နေတယ် လို့တောင် အချို့က ယုံကြည်ကြတယ်။ များသောအားဖြင့် လူတွေယုံကြည်ထားတာက ဓာတ်ပေါင်းဖိုတွေဟာ လူတွေကို ဒုက္ခပေးတဲ့ ဓာတ်ရောင်ခြည်တွေထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်တယ် ဆိုတဲ့ အချက်ပဲဖြစ် တယ်။ တစ်ဖက်က ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတွေကို ကြည့် မယ်ဆိုရင် ကျောက်မီးသွေးစက်ရုံဟာ အဏုမြူဓာတ်ပေါင်းဖိုထက်ကို ၁၀၀ ရာခိုင်နှုန်း ပိုပြီး ဓာတ်ရောင်ခြည်သက် ရောက်စေတယ်တဲ့”

“အင်း ... မယုံနိုင်စရာပါပဲ”

“ဒါကြောင့် အန္တရာယ်ရှိတဲ့ ကျောက်မီး သွေးစက်ရုံတွေကို နိုင်ငံတကာက တဖြည်း ဖြည်း ဖယ်ရှားနေကြတယ်။ တလောကတနင်္သာ ရီတိုင်းမှာဆောက်လုပ်မယ့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကိုလည်း ဒေသခံတွေ ကန့်ကွက်နေတယ်”

“ဒါကို အစိုးရအနေနဲ့ စဉ်းစားရမှာပဲ။ လျှပ်စစ်ဓာတ်ကို လိုချင်တယ်။ တိုးတက်ချင်တယ် ဆိုတဲ့ ပြည်သူတွေဟာ ကျောက်မီးသွေး စက်ရုံကို ကန့်ကွက်တာ ဂရုစိုက်လေ့လာသင့် တယ်။ သတင်းစာထဲမှာပါတယ်။ ကောင်း မြတ်သောမြေကုမ္ပဏီက လုပ်မယ်တဲ့။ သူတို့ ကော Technology အသစ်တွေရှိကြရဲ့လား။ ကျောက်မီးသွေး ပြည်ပကတင်သွင်းရမယ်။ အဆင့်မီဖို့ ပြုပြင်စရာတွေလိုတယ်”

“ကိုဘသစ်ကရော ကန့်ကွက်တာပဲလား”

“ကန့်ကွက်တာပေါ့ဗျာ။ ကိုယ့်မှာ ထမင်းအကောင်းရှိလျက်နဲ့ ထမင်းအသိုးကို လဲစားတယ် ဆိုတာမျိုးပေါ့။ ဓာတ် ငွေ့တွေရှိလျက်နဲ့ ဒီလောက် ဒုက္ခပေးတဲ့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ဆောက်တယ်ဆိုတာ ဘာ ကြောင့်လဲ”

“ဘယ်သူသေသေ ငတေတဲ့ စိတ်ထားပေါ့”

“နောက်ပြန်မသွားနိုင်တာကို ဂရုစိုက်ကြပါဗျာ”

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။