Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 24, 2015

လီကွမ်ယုနဲ့စင်ကာပူ




လီကွမ်ယုနဲ့စင်ကာပူ
အင်္ဂပူကို စင်ကာပူလို ဖြစ်အောင် လုပ်ပစ်မယ်

စင်ကာပူကို မရောက်ဖူးပါ။ ဒါပေမဲ့ စင်ကာပူကို အထင်ကြီးမိတယ်။ ဒါလည်း တဆင့်စကားမဟုတ်ပါဘူး။ စာဖတ်ရင်းနဲ့ပါ။ စင်ကာပူလိုပဲ ဂျပန်ကိုလည်း လေးစားသူ ဖြစ်တယ်။ အခု လီကွမ်ယု ဆုံးသွားလို့ လီကွမ်ယုနဲ့ စင်ကာပူအကြောင်းကို နည်းနည်းလေး ရေးချင်မိတယ်။
...

လီဟာ ကောင်းမွန်တဲ့ အာဏာရှင်တစ်ဦးလို့ ခေါ်စမှတ်ပြုကြတယ်။ သူက အာဏာကို ဆုပ်ကိုင်ထားပြီး စင်ကာပူကို တိုးတက်တဲ့နိုင်ငံတစ်ခု ဖြစ်အောင် လုပ်တဲ့နေရာမှာ မရက်စက်သင့်ဘဲ ရက်စက်ခဲ့ရတဲ့အပိုင်းတွေ ရှိခဲ့ပါတယ်။ ဒီအပိုင်းကို မိမိမကြိုက်ပါဘူး။ မိမိကြိုက်တဲ့အပိုင်းတွေကတော့ -

(၁) စတုရန်းမိုင် ၂၇၇ မိုင်ပဲရှိပေမဲ့ လူဦးရေ ငါးသန်းကျော်နေထိုင်ကြပြီး အင်္ဂလိပ်၊ မလေး၊ တမီးလ်နဲ့ တရုတ်ဘာသာစကား(၄)ခုကို တရားဝင်ရုံးသုံးဘာသာစကားများအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်တယ်။ (မြန်မာနိုင်ငံမှာ ဘာသာစကားတွေ များလွန်းလို့ စိတ်ညစ်နေတဲ့ ကမ္ဘာအေးက နပသဆရာတော်များ သတိထားဖွယ်ပါ၊ မွန်ပြည်နယ်လောက်တောင် မကျယ်ဝန်းဘဲ မော်လမြိုင်အနောက်ဘက်ကမ်းမှာ ရှိတဲ့ ဘီလူးကျွန်းထက် နည်းနည်းလေးပဲ ပိုကျယ်တဲ့ မြို့ပြနိုင်ငံတစ်ခုပါ)

(၂) သယံဇာတဆိုရင် သောက်ဖို့ရေတောင် မရှိတဲ့ ကျွန်းနိုင်ငံမှာ ပညာတတ်တွေလည်း နည်းပါးပြီး ကွန်မြူနစ်ဝါဒီတွေ အားကောင်းနေခဲ့ပါတယ်။ ဒီအကြောင်း(၂)ချက်ကြောင့်ပဲ မလေးရှားဖက်ဒရယ်ပြည်ထောင်စုက ပြည်ထောင်စုကနေ ကန်ထုတ်လိုက်ရတာပါ။ ၁၉၆၅-ခုနှစ်မှာ လီကွမ်ယူဟာ မျက်ရည်စက်လက်နဲ့ လွတ်လပ်ရေးကို ကျေညာခဲ့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ စင်ကာပူမှာ FDI လုပ်ငန်းပေါင်း(၁၀၀၀၀)ကျော် ရင်းနှီးမြှုပ်နှံနေတဲ့နိုင်ငံတစ်ခုပါ။ လီကွမ်ယုက တစ်ဦးချင်းဝင်ငွေ (၅၁၁)ဒေါ်လာပဲရှိတဲ့ စင်ကာပူနိုင်ငံသားတွေက အခု တစ်ဦ်းချင်းဝင်ငွေ ဒေါ်လာ(၇၀၀၀၀)အထိ တိုးတက်လာအောင် လုပ်နိုင်ခဲ့သူပါ။ ကမ္ဘာ့မှာ တတိယဝင်ငွေအကောင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တယ်။

(၃) တိုက်ခန်းဆောက်ပေးလို့ ကြက်၊ ဝက်၊ ဘဲ စတဲ့ တိရစ္ဆာန်တွေကိုပါ အိမ်ပေါ်တင်တဲ့ စင်ကာပူနိုင်ငံသားတွေဟာ အခုအချိန်မှာ နည်းပညာနယ်ပယ်မှာ ရှေ့အပြေးဆုံးဖြစ်တယ်။ ကျန်းမာရေးဝန်ဆောင်မှုမှာလည်း အထူးကောင်းမွန်ပါတယ်။ လူနေမှုအဆင့်အတန်းမြင့်မားပြီး ကမ္ဘာ့အသန့်ရှင်းဆုံးမြို့လည်း ဖြစ်တယ်။

(၄) မလေးရှား၊ အင်ဒိုနီးရှားကြားမှာ အစက်ကလေးတစ်ခုလောက်ပဲ ရှိရာကနေ ပထမဆုံး တည်ထောင်တဲ့ အာဆီယံအဖွဲ့ဝင်တွေမှာ တစ်နိုင်ငံအဖြစ် ပါဝင်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ဒေသန္တရနိုင်ငံတွေမှာသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားမှာတောင် လူရိုသေရှင်ရိုသေ ဖြစ်အောင် မြှင့်တင်နိုင်ခဲ့သူကလည်း လီကွမ်ယုပါပဲ။ မြန်မာနိုင်ငံရဲ့ တတိယမြို့တော် မော်လမြိုင် (ဖြစ်နိုင်တာကတော့ ရန်ကုန် ဖြစ်တယ်)ကို နှစ်ပေါင်း(၂၀)အတွင်း အမီလိုက်မယ်လို့ ကြုံးဝါးခဲ့ပြီး လုပ်ခဲ့ရာ အခု ရန်ကုန်တောင် စင်ကာပူလို ဖြစ်အောင် နှစ်ပေါင်းဘယ်လောက်ကြာမလဲ တွက်ကြည့်ပါ။ လီကွမ်ယုကို ကြည်ညိုတတ်လာပါ့မယ်။

ဒါဖြင့်ရင် လီကွမ်ယုဟာ စင်ကာပူကို ဒီအဆင့်ရောက်အောင် ဘယ်လိုလုပ်ဆောင်ခဲ့ပါသလဲ။ မိမိအမြင်ကို ဦ်းစားပေးပြီး မိမိနားလည်သလောက် တင်ပြချင်ပါတယ်။

(၁) နိုင်ငံကို လူမျိုးပေါင်းစုံစုစည်းနေထိုင်တဲ့ နိုင်ငံငယ်အဖြစ် တည်ထောင်ခဲ့တယ်။ ဗြိတိသျှရဲ့ အရှေ့အိန္ဒိယကုမ္ပဏီအတွေ့အကြုံကို အရင်းပြုပြီး နိုင်ငံကို တည်ဆောက်ခဲ့တယ်။ အီဂျစ်နိုင်ငံမှာ စူးအက်တူးမြောင်ဖွင့်လှစ်ခဲ့ရာ ဥရောပနဲ့အာရှကုန်သွယ်ရေးတိုးတက်လာခဲ့တယ်။ စင်ကာပူဟာ အရှေ့အာရှဆက်သွယ်ရေးရဲ့ ဗဟိုချက်မမှာ ရပ်တည်နေလို့ အရှေ့တိုင်းရဲ့ ဂျီဘရော်တာလို့ တင်စားခဲ့ပါတယ်။ ဒီအချက်ကို မစ္စတာလီက ကောင်းကောင်း အသုံးချခဲ့ပါတယ်။ စင်ကာပူကို ပြိုင်နိုင်တဲ့ အခြားဆိပ်ကမ်းတစ်ခုမှာ သီရိလကာင်္က ဂေါလ်ဆိပ်ကမ်း ဖြစ်တယ်။ သီရိလကာင်္မှာ ပြည်တွင်းစစ် ဖြစ်တော့ တမီလ်တွေက အဆိုပါဆိပ်ကမ်းကို ဗုံးခွဲခဲ့ရာ စင်ကာပူကို သဘောင်္ပြင်ဖို့ ရေကြောင်းကုမ္ပဏီတွေက ရွေးချယ်ခဲ့ကြပါတယ်။ အလားတူစွာ မြန်မာနိုင်ငံကလည်း တနသာင်္ရီမှာ တူးမြောင်းတူးမယ်သတင်းထွက်လို့ မစ္စတာလီက ဗိုလ်ချုပ်ကြီ်းနေဝင်းကို စင်ကာပူခေါ်ပြီး မြင်းလောင်းစေရာ ဒေါ်လာ(၂)သန်း ရှုံးခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က အင်ဒမန်ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ကို တိုက်ရိုက်သွားနိုင်တဲ့ တနသာင်္ရီတူးမြောင်းတစ်ခုကို ဖွင့်လှစ်ခဲ့ရင် ဓားပြသောင်းကျန်းတဲ့ မလက္ကာရေလက်ကြားကို ဘယ်သူမှ ဖြတ်တော့မှာမဟုတ်မှန်း သိတော့ မစ္စတာလီက ဗိုလ်ချုပ်နေဝင်း ရှုံးသွားတဲ့ ဒေါ်လာ(၂)သန်းကို မယူဘဲ တူးမြောင်မဖောက်ဖို့ကတိကိုပဲ မရရအောင် တောင်းသွားခဲ့တယ်။

(၂) စင်ကာပူနားက နိုင်ငံတွေကို ကြည့်ရင် အင်ဒိုကလည်း ဒွိဖန်စီစစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်နေသလို မြန်မာနိုင်ငံကလည်း တော်လှန်ရေးကောင်စီတဖြစ်လဲ မဆလအစိုးရက ဆိုရှယ်လစ်အိပ်မက်မှာ မက်လို့ကောင်းနေချိန် ဖြစ်တယ်။ ထိုင်းနဲ့ မလေးမှာလည်း ကွန်မြူနစ်တွေနဲ့ နပမ်းလုံးနေရတာမို့ ပြည်တွင်းရေး မတည်ငြိမ်လှပါ။ ဒါကြောင့် ဒီနိုင်ငံတွေဟာ သူတို့နိုင်ငံရုန်းကန်ရေးအတွက် မိမိတို့နိုင်ငံကနေ သယံဇာတများကို စင်ကာပူကိုပဲ ဈေးပေါပေါနဲ့ မှောင်ခိုသွားပို့ပေးကြရပါတယ်။ နောက်ပြီး ဈေးချိုတဲ့ ကုန်ပစ္စည်းတွေကို ရရှိတာမက ဈေးချိုတဲ့အလုပ်သမားတွေကိုလည်း ငှားယူနိုင်ခဲ့ပါတယ်။ ပထမအချက်မှာ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ ပထဝီနိုင်ငံရေးကို အမိအရ အသုံးချပြီး ဒီဒုတိယအချက်မှာ အိမ်နီးချင်းနိုင်ငံတွေမှာ ရှေးရိုးစွဲသမားတွေက တိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားချိန်ဖြစ်လို့ စင်ကာပူက သူတို့ကို ကျော်ပြီး ကြည့်နိုင်ခဲ့ခြင်းဖြစ်တယ်။ မစ္စတာလီကိုယ်တိုင်ကလည်း "စင်ကာပူဟာ အင်ဒိုနဲ့မလေးလို သယံဇာတ ရှိတဲ့နိုင်ငံမဟုတ်၊ သူတို့လို နေရင် ငတ်သေသွားမယ်"လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် သူဟာ သယံဇာတကို အားကိုးတဲ့ နိုင်ငံတွေထက် သာအောင် အကြံထုတ်နိုင်ခဲ့တယ်။

(၃) မစ္စတာလီဟာ ဆင်းရဲနုံချာလှပြီး ပညာရည်နိမ့်ပါးနေတဲ့ သူ့နိုင်ငံသားများကို ကျွမ်းကျင်အလုပ်သမားတွေ ဖြစ်လာအောင် ပထမဆောင်ရွက်ရပါတယ်။ တတိယနိုင်ငံတွေကို စေလွှတ်ပြီး ဘဏ်လုပ်ငန်းတွေကို လေ့လာစေပါတယ်။ ဒါဟာ စင်ကာပူကို Financial hub အဖြစ် ရပ်တည်နိုင်ဖို့ပါပဲ။ ကမ္ဘာအရပ်ရပ်က ငွေကြေးတွေကို စင်ကာပူမှာ လည်ပတ်စေခြင်းဖြင့် စင်ကာပူဟာ ချမ်းသာလာနိုင်တယ်ဆိုတာ သိလို့ ဖြစ်တယ်။ ကုန်တင်ကုန်ချနိုင်ငံဖြစ်သလို ငွေကြေးဝန်ဆောင်မှုကိုလည်း ပေးစွမ်းနိုင်တော့ ဂျပန်၊ တိုင်ဝမ်၊ ဟောင်ကောင်လိုပဲ အာရှကျားတစ်ကောင် ဖြစ်လာခဲ့တယ်။ ငွေမာနဲ့ပတ်သက်ရင် စင်ကာပူဟာ ကမ္ဘာမှာ နံပါတ်(၇) ချိတ်ပါတယ်။ ဒီပြင် အရေးကြီးတဲ့အချက်တစ်ချက်မှာ ဈေးကွက်လွတ်လပ်မှု ဖြစ်တယ်။ စင်ကာပူဟာ ဈျေးကွက်အလွတ်လပ်ဆုံးနိုင်ငံတစ်ခု ဖြစ်တယ်။ နောက်အရေးကြီးအချက်တစ်ခုမှာ မစ္စတာလီဟာ ခြစားမှုကို လုံးဝခွင့်မလွတ်သူပါ။ သူက လာဘ်စားသူကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်။ ဒီတော့ စင်ကာပူဟာ ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက်ရင် အာရှနိုင်ငံတွေမှာ အေသုံးလုံးစံနှုန်းမီတဲ့ တစ်ခုတည်းသောနိုင်ငံပါ။ အကျဉ်းချုံးလိုက်ရင် စင်ကာပူမှာ ကျွမ်းကျင်လုပ်သားတွေ ရှိတယ်၊ အလွတ်လပ်ဆုံးဈေးကွက်ရှိတယ်၊ အကျင့်ပျက်ခြစားမှုမရှိဘူးဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အထူးတိုးတက်ပြီး စီးပွားရေးဖွံ့ဖြိုးမှုလည်း အံ့မခန်းပါပဲ။ စင်ကာပူနိုင်ငံကို ဝင်ရောက်လာတဲ့ ပညာရှင်များဟာ မနည်းလှလို့ ဒီလူတွေဆီကလည်း စင်ကာပူအတွက် အမြတ်ထွက်နေပါတယ်။ အခု စင်ကာပူမှာ နိုင်ငံသား(၅)ယောက်ဆိုရင် (၂)ယောက်က စင်ကာပူမှာ မွေးသူ မဟုတ်တော့ပါဘူး။

စင်ကာပူကို သုညဘဝကနေ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခု ဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး အာဆီယံနိုင်ငံတွေမှာ အဓိကနိုင်ငံတစ်ခုဖြစ်အောင် မြှင့်တင်ခဲ့သူဟာ မစ္စတာလီပါပဲ။ အခု မစ္စတာလီဟာ အသက်(၉၁)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါပြီ။ သမ္မတအိုဘာမားကတော့ "မစ္စတာလီဟာ ရှေ့ကြိုမြင်နိုင်စွမ်းရှိသူ ဖြစ်ပြီး ခေတ်သစ်နိုင်ငံတစ်ခုကို တည်ထောင်နိုင်ခဲ့သူ ဖြစ်ကြောင်း"ဆိုခဲ့ပါတယ်။ မိမိဟာ မစ္စတာလီရဲ့ အကျင့်အချို့ကို သဘောမကျပေမဲ့ သူ့နိုင်ငံအတွက် သူရဲ့ ဆောင်ရွက်ချက်များကို အားကျမိသူ ဖြစ်ပါတယ်။

ဟိုတလောက ဧရာဝတီဝန်ကြီးချုပ်က စင်ကာပူလို ဖြစ်အောင် လုပ်မယ်ပြောတော့ အင်္ဂပူနဲ့ မှားလေသလားလို့ ပြောင်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးကို မပြောနဲ့။ အစိုးရသာ ကောင်းရင် မွန်ပြည်နယ်တစ်ခုနဲ့တင် စင်ကာပူကို ပြိုင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို မလုပ်ခင် နိုင်ငံရေးလွတ်လပ်ခွင့်အချို့ ရှိရပါ့မယ်။ စီးပွားရေးလွတ်လပ်ခွင့်နဲ့ ပညာရေးလွတ်လပ်ရေးလွတ်လပ်ခွင့်တွေလည်း ရှိရပါ့မယ်။ အထူးသဖြင့် အကျင့်ပျက်ခြစားမှုကို လုံးဝတိုက်ဖျက်ရပါတော့မယ်။ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်အောင် လုပ်ဖို့ အင်မတန်မှ အန္တရာယ်များပါတယ်။ အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ မယုံရင် အခု ကျောင်းသားသပိတ်၊ ပြည်တွင်းစစ်နဲ့ အဓိကရုဏ်းတွေကိုပဲ ကြည့်ကြပါတော့။ မြန်မာနိုင်ငံသွားရမဲ့ခရီးကတော့ အဝေးကြီးလိုသေးတယ်။ တစ်ခုတော့ ရှိတယ်။ မစ္စတာလီလို အင်္ဂလန်မှာ ပညာသင်ကြားခဲ့ပြီး အကွက်မြင်တတ်တဲ့ ခေါင်းဆောင်တစ်ဦး ရှိပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း(၂၀)ကျော် ပိတ်လှောင်ထားခဲ့ခြင်းမှာ မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ နှစ်ပေါင်း(၂၀၀)ကျော် နောက်ကျသွားအောင် လုပ်ပစ်တာနဲ့ ညီမျှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ စင်ကာပူနိုင်ငံသားဖြစ်ခဲ့ရင် သူက နောက်ထပ်ဒေါ်စုပေါင်း သန်းဂဏန်းကို မွေးထုတ်နိုင်လောက်ပါပြီ။

ဒီတော့ကာ-
(၁) ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးသီလနဲ့ ပြည့်စုံသူ ဖြစ်လို့ ယုံကြည်မှုကို အထူးရရှိသူ ဖြစ်တယ်။ တစ်နိုင်ငံလုံးကို ခြုံပြီး အုပ်ချုပ်နိုင်တဲ့ သမ္မတတစ်ယောက် လိုပါတယ်။
(၂) မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံကို လက်ခံပြီး သူ့ပြည်နယ်နဲ့သူ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိကိုရှိရမယ်။

(၃) အင်ဒိုဒွိဖန်စီကြောင့် စင်ကာပူ တိုးတက်လာခဲ့လို့ မြန်မာနိုင်ငံမှာ ဒွိဖန်စီကို ကျင့်သုံးနေရုံနဲ့ မြန်မာနိုင်ငံဟာ ပိုပြီ်း လုံခြုံလာစရာမရှိလို့ စစ်တပ်က နိုင်ငံရေးကနေ အကြွင်းမဲ့ ထွက်ခွာသွားရမယ်။
(၄) စစ်တပ်က နိုင်ငံရေးကနေ ထွက်သွားတာနဲ့ အကျင့်ပျက်ခြစားမှုတွေကိုလည်း တိုက်ဖျက်ဖို့ လွယ်ကူသွားပါ့မယ်။ ပညာရေးလွတ်လပ်ခွင့်လည်း ရှိလာမှာပါ။ သယံဇာတရောင်းရငွေထဲက အသုံးပြုပြီး ကျွမ်းကျင်အလုပ်သမားတွေကို မွေးထုတ်နိုင်မှာပါ။
(၅) တရုတ်နဲ့ အိန္ဒိယတို့ကြားမှာ ရှိနေလို့ ကြောက်ရပါတယ်ဆိုမဲ့အစား လီကွမ်ယုစိတ်ဓာတ်ကို မွေးပြီး တရုတ်နဲ့အိန္ဒိယတို့က အချင်းချင်းမတည့်ကြလို့ သူတို့ထုတ်ကုန်သွင်းကုန်တွေနဲး ငွေကြေးလည်ပတ်မှုတွေဟာ မြန်မာနိုင်ငံမှာ ရှိနေဖို့ မကြံသင့်ဘူးလား။

အမှန်မှာ သမိုင်းမှာ သထုံ၊ ထားဝယ်၊ ဗဂိုး စတဲ့ ဆိပ်ကမ်းများဟာ အရင်က Financial hub ဖြစ်အောင်လုပ်ဖူးတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။ ဓမ္မစေတီမင်းကြီးဟာ မစ္စတာလီလိုပဲ နိုင်ငံခြားကုန်သည်တွေကို အခွန်နည်းနည်းပဲ ဆောင်စေပြီး ဗဂိုးနန်းတော်ကိုတောင် ဈေးကွက်အဆောက်အဦးအတွက် အသုံးချစေခဲ့ပါတယ်။ နောက်ပြီး ဖရီးမားကက်စနစ်ကိုလည်း ကျင့်သုံးခဲ့လို့ ရာမညတိုင်းမှာ အင်မတန်မှ စည်ပင်သာယာဝပြောခဲ့ဖူးပါတယ်။ အခုလည်း ပြည်ထောင်စုအစိုးရက မိမိတို့ကို လုပ်ပိုင်ခွင့်ပေးရင် ဧရာဝတီဝန်ကြီးချုပ်လို အင်္ဂပူကို စင်ကာပူလို လုပ်ပစ်မယ်လို့ ကြုံးဝါးပါရစေ။
(၃) အင်ဒိုဒွိဖန်စီကြောင့် စင်ကာပူ တိုးတက်လာခဲ့လို့ မြန်မာနိုင်ငံမှာ ဒွိဖန်စီကို ကျင့်သုံးနေရုံနဲ့ မြန်မာနိုင်ငံဟာ ပိုပြီ်း လုံခြုံလာစရာမရှိလို့ စစ်တပ်က နိုင်ငံရေးကနေ အကြွင်းမဲ့ ထွက်ခွာသွားရမယ်။
(၄) စစ်တပ်က နိုင်ငံရေးကနေ ထွက်သွားတာနဲ့ အကျင့်ပျက်ခြစားမှုတွေကိုလည်း တိုက်ဖျက်ဖို့ လွယ်ကူသွားပါ့မယ်။ ပညာရေးလွတ်လပ်ခွင့်လည်း ရှိလာမှာပါ။ သယံဇာတရောင်းရငွေထဲက အသုံးပြုပြီး ကျွမ်းကျင်အလုပ်သမားတွေကို မွေးထုတ်နိုင်မှာပါ။
(၅) တရုတ်နဲ့ အိန္ဒိယတို့ကြားမှာ ရှိနေလို့ ကြောက်ရပါတယ်ဆိုမဲ့အစား လီကွမ်ယုစိတ်ဓာတ်ကို မွေးပြီး တရုတ်နဲ့အိန္ဒိယတို့က အချင်းချင်းမတည့်ကြလို့ သူတို့ထုတ်ကုန်သွင်းကုန်တွေနဲး ငွေကြေးလည်ပတ်မှုတွေဟာ မြန်မာနိုင်ငံမှာ ရှိနေဖို့ မကြံသင့်ဘူးလား။

အမှန်မှာ သမိုင်းမှာ သထုံ၊ ထားဝယ်၊ ဗဂိုး စတဲ့ ဆိပ်ကမ်းများဟာ အရင်က Financial hub ဖြစ်အောင်လုပ်ဖူးတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။ ဓမ္မစေတီမင်းကြီးဟာ မစ္စတာလီလိုပဲ နိုင်ငံခြားကုန်သည်တွေကို အခွန်နည်းနည်းပဲ ဆောင်စေပြီး ဗဂိုးနန်းတော်ကိုတောင် ဈေးကွက်အဆောက်အဦးအတွက် အသုံးချစေခဲ့ပါတယ်။ နောက်ပြီး ဖရီးမားကက်စနစ်ကိုလည်း ကျင့်သုံးခဲ့လို့ ရာမညတိုင်းမှာ အင်မတန်မှ စည်ပင်သာယာဝပြောခဲ့ဖူးပါတယ်။ အခုလည်း ပြည်ထောင်စုအစိုးရက မိမိတို့ကို လုပ်ပိုင်ခွင့်ပေးရင် ဧရာဝတီဝန်ကြီးချုပ်လို အင်္ဂပူကို စင်ကာပူလို လုပ်ပစ်မယ်လို့ ကြုံးဝါးပါရစေ။
 
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။