ကျွန်တော်က Story ရေးတဲ့သူတွေကို သဘောကျတယ်။ ဟိုးဘက်ခေတ်တုန်းကဆို ဆရာမြို့မငြိမ်းကိုကြိုက်တယ်။
သူ့သီချင်းတွေကို မြန်မာ့အသံမှာ နားထောင်ရတာပေါ့နော်။ နောက်ပိုင်း ဆရာစိုင်းခမ်းလိတ်၊ ကိုင်ဇာ၊ လွှမ်းမိုးတို့လို
ှStory ပုံစံရေးတဲ့သူတွေကိုကြိုက်ပြီး ရေးနည်းတွေကို လေ့လာဖြစ်ခဲ့တယ်။ ငါလည်း သူတို့လိုလိုက်ပြီးရေးကြည့်မယ်ဆိုတော့ တော်တော်ခက်ခဲတဲ့ပညာဆိုတာ သိခဲ့ရတယ်။ စိတ်ကို အဲဒီထဲထည့်ပြီးရေးတာဆိုတော့ စကားလုံးပိုင်း၊ ငယ်ငယ်တုန်းကဖတ်ခဲ့တဲ့ စာဖတ်အားအတိုင်း စာတွေပြန်ဖတ်ခဲ့ရတယ်။ စကားလုံးတွေရှာရတယ်။ ဒါက ဂီတဘက်မှာ
ကျွန်တော်လေးစားအားကျခဲ့တဲ့ အနုပညာရှင်တွေပေါ့။
ရုပ်ရှင်ဘက်မှာ အနုပညာအလုပ်တွေ ၄၊ ၅ မျိုးလောက်လုပ်ပြီး အောင်မြင်တဲ့ ပုဂ္ဂိုလ်(၂)ဦးရှိပါတယ်။ ကျွန်တော်တို့မီတဲ့
သူတွေ။ တစ်ယောက်က ဦးဝင်းဦး၊ နောက်တစ်ယောက်က ဦးသုမောင် ။ အဲဒီထဲမှာ ဦးဝင်းဦးအကြောင်းပြောရမယ်ဆိုရင်
ဟိုတစ်လောကပဲ ဦးဝင်းဦးခေတ်ကိုမီခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးကပြောတာကြားဖူးတယ်။ ဦးဝင်းဦးဟာ တစ်နေရာတည်းမှာ
မတ်တပ်ရပ်ပြီးတော့ အလုပ် (၄)မျိုးလောက်လုပ်နိုင်တယ်တဲ့။ ပါးစပ်က အခန်းဆက်ဝတ္တုရှည်ကို ဖတ်ပြနေတယ်။
လက်က သူ့မဂ္ဂဇင်းအတွက် သူ့စာမူကို Proof ဖတ်နေတယ်။ အဲဒီမှာ ဘေးကလူနှစ်ယောက်နဲ့ Music အကြောင်းပြောသေး
တယ်တဲ့။ နောက်ပြီး သူ့ကိုအဓိကကြိုက်တာက အရမ်းခေတ်ရှေ့ပြေးတယ်။ ရိုးရိုးသမားရိုးကျသွားနေတဲ့ခေတ်မှာ
"ဆောင်းအိပ်မက်" လိုစိတ်ပိုင်းဆိုင်ရာဇာတ်ကားမျိုး၊ "အတွယ်အတာ" လိုဇာတ်ကားမျိုးတွေရိုက်နိုင်တယ်။ "အတွယ်အတာ" ကားထဲမှာ မော်တော်ဆိုင်ကယ်ကိုရေထဲပစ်ချလိုက်တဲ့ အခန်းမျိုးဆို အဲဒီခေတ်ကအခြေအနေနဲ့ ရိုက်ထားတာ တော်တော်ကိုပီပြင်တယ်။ ရှစ်ကိုယ်ခွဲပြီးရိုက်ခဲ့တဲ့ "ချစ်သူရွေးမယ်ချစ်ဝဲလည်" ဇာတ်ကားလည်းအရမ်းကောင်းတယ်။
သူက စာရေးတာလည်းကောင်းတယ်။ သီချင်းဆိုလည်းအောင်မြင်တယ်။ ရုပ်ရှင်ဘက်မှာလည်း ဘုရားက မင်းသားလုပ်ရမယ်ဆိုပြီး ချပေးလိုက်တဲ့ ရုပ်ရည်မျိုးပါ။ အစပိုင်းတွေမှာ သူ့ကို ကျွန်တော်က သရုပ်ဆောင်၊ အဆိုတော်လောက်ပဲသိခဲ့တာ။
ကျွန်တော်(၁၀)တန်းလောက်ရောက်တော့ စာရေးမယ်ဆိုပြီး စာအုပ်တွေစုံအောင်လိုက်ဖတ်ရင်းမှ သူ့ရဲ့ "မန်းသင်္ကြန်"
ဆိုတဲ့စာအုပ်ကိုဖတ်ခဲ့ရတယ်။ အဲ့ဒီမှာ ဒီပုဂ္ဂိုလ်က တော်တော် တော်တဲ့လူပဲ။ အစုံကိုလုပ်နိုင်တယ်။ နောက်တော့ ကျွန်တော်
သူ့ကိုစိတ်ဝင်စားသွားပြီး ဒီပုဂ္ဂိုလ် နောက်ထပ်ဘာတွေများလုပ်ခဲ့သေးလဲဆိုပြီး သူ့အကြောင်းကို လေ့လာတော့မှ
ဒါရိုက်တာလုပ်တယ်၊ ထုတ်ဝေသူလုပ်တယ်၊ ၀န်ထမ်းလုပ်ခဲ့တာတွေကိုပါ ထပ်ပြီးသိခဲ့ရပါတယ်။
သူ့ဇာတ်ကားတွေကို ကျွန်တော်က မြန်မာ့အသံက လွှင့်တာကြည့်ခဲ့ရတာပါ။ တနင်္ဂနွေဆိုရင် မြန်မာ့အသံက မြန်မာကားတွေ လာတယ်လေ။ ဘယ်ကစကြည့်ဖူးလည်းဆိုတာကိုတော့ ကျွန်တော်မသိဘူး။ မှတ်မိတာကတော့ "ဆောင်းအိပ်မက်" ကားပေါ့။
အဲဒီကားကြည့်ရတဲ့အချိန်မှာ ကျွန်တော်(၁၀)နှစ်လောက်ပဲရှိဦးမယ်။ ကလေးဆိုတော့ သရဲကားထင်ပြီး ကြောက်ကြောက်နဲ့ကြည့်ခဲ့တာ။ အသက်နည်းနည်းကြီးလာတဲ့အချိန်မှာ ဆောင်းအိပ်မက်ကို ပြန်ကြည့်ရတော့ သရဲကားမဟုတ်ဘူး။ ဆိုက်ကိုဖြစ်
နေတဲ့ လူတစ်ယောက်အကြောင်း၊ စိတ်ပိုင်းဆိုင်ရာကားဆိုတာ နားလည်ခဲ့တယ်။
သရုပ်ဆောင်ဇာတ်ရုပ်တွေမှာလည်း တော်တော်ကွဲပြားအောင်သရုပ်ဆောင်နိုင်သလို သူဘယ်ကားရိုက်ရိုက် ပီပြင်တယ်၊
ကောင်းနေတာပဲ။ အဲဒီစကားကို ပြောနိုင်တာက ရှစ်ကိုယ်ခွဲရိုက်ခဲ့တဲ့ ချစ်သူရွေးမယ်ချစ်ဝဲလည် ဇာတ်ကားကိုကြည့်ပြီး အဲဒီလို
ထင်မြင်ခဲ့တယ်။ အဲဒီဇာတ်ကားမှာ လူရှစ်ယောက်ရဲ့ဇာတ်ရုပ်ပုံစံက တစ်အိမ်ရောက်ရင်တစ်မျိုးနဲ့ တော်တော်ကွဲပြားပါတယ်။
ကျွန်တော်သိသလောက် အခုခေတ်နောက်ပိုင်းကားတွေ သူ့လိုမျိုး ဇာတ်လမ်းကျောရိုးစုံစုံရိုက်တာ မရှိသလောက်ပဲ။
သူ့ရဲ့သီချင်းနဲ့ပတ်သက်ပြီး ကျွန်တော်ပြောရမယ်ဆိုရင် သီချင်းဆိုတဲ့စတိုင်၊ ဟန်ကလည်း တော်တော်ကြည့်ကောင်းတယ်။
လက်လေးတစ်ဘက်က စန္ဒယားပေါ်တင်ပြီး မျက်နှာကပြုံးပြုံးလေးနဲ့ သီချင်းဆိုတာ ကျွန်တော်မှတ်မိသေးတယ်။ သုံးထပ်စန္ဒယား
ကိုမှီပြီး တိုက်ပုံနဲ့ဆိုတဲ့ပုံစံလေ။
ဆိုဟန်ဆိုပေါက်က ဘယ်သူမှမမီဘူး။ အရှေ့ကရှိခဲ့တဲ့သူတွေတော့ ကျွန်တော်မမီဘူးပေါ့နော်။ သူ့နောက်ပိုင်း သူ့လိုအသံ၊ သူ့လို
ဆိုပေါက်ကိုမီတဲ့သူ ကျွန်တော်မတွေ့သေးဘူး။
စာပေဘက်မှာဆိုရင်လည်း သူက စာပေအရေးအသားက အရမ်းနိုင်တယ်။ စာအရမ်းဖတ်တာသိသာတယ်။ သူ့လိုပညာရှင်တစ်
ယောက်ကို ကျွန်တော်ဝေဖန်ပြီး မပြောရဲပါဘူး။ သူ့စာပေမှာစကားအသုံးအနှုန်းက အရမ်းကောင်းတယ်။ အဓိပ္ပာယ်ခြင်းတူတဲ့
စကားအသုံးအနှုန်းကိုတောင်မှ သူသုံးလိုက်တဲ့ အသုံးနှုန်းကပိုလှတယ်လို့ထင်တယ်။
ကျွန်တော်အထင်ကတော့ ဦးဝင်းဦးလိုလူမျိုး နောက်ထပ်တစ်ယောက်ပေါ်လာမှာ မဟုတ်နိုင်ဘူး ။ သူက စာရေးတယ်။
ထုတ်ဝေသူလုပ်တယ်။ သီချင်းဆိုတယ်၊ သရုပ်ဆောင်လုပ်တယ်။ နောက်ပြီးအမှုထမ်းလည်းလုပ်သေးတယ်။ တော်တော်ဘ၀စုံတယ်။ ဖြတ်သန်းတဲ့ဘ၀တိုင်းမှာလည်း သူများအားကျလေးစားခြင်းကို ခံရတယ်။ သူဟာ ဘ၀မှာအောင်မြင်မှုတွေကို
ပိုင်ဆိုင်နိုင်ဖို့လူဖြစ်လာတဲ့သူလို့ ကျွန်တော်သူ့ကို ပြောချင်ပါတယ်။
Ayo Asit
Special thanks Sai Yan Naung

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။