Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 17, 2015

သြစီက ရဲဘော်တွေ သိထားဘို့..

 
  သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင်ကြီးစိုးနေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့  တူမနဲ့  တူမယောင်္ကျား။

သိန်းစိန်အာဏာရှင်အစိုးရရဲ့  အားကိုးအားထားရာ လက်ရုံးတစ်ဦးဖြစ်သူ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့  တူမဖြစ်သူ ရွှန်းလဲ့ဟာ သူမရဲ့  မိသားစုနဲ့ အတူ သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့ မှာ နေထိုင်လျက်ရှိကြောင်း သိရှိရပါတယ်။

ရွှန်းလဲ့ရဲ့  ယောင်္ကျားဖြစ်သူ ဒေါက်တာစိုးထက်ဆိုသူဟာလည်း ဗိုလ်ချုပ်ကိ...
ုကိုရဲ့  အရှိန်အ၀ါနဲ့  နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနမှာ ရာထူးကောင်းကောင်း ရယူထားပါတယ်။ တစ်ချိန်တုန်းက နာဂစ်မုန်တိုင်းအတွက် နိုင်ငံတကာက ကူညီမှုတွေကို တားဆီးပိတ်ပင်ထားခဲ့ရာကနေ နိုင်ငံခြားငွေနဲ့ အထောက်အပံ့ပစ္စည်းတွေ ရရှိဖို့ အတွက် သန်းရွှေတို့ က မီးစိမ်းပြလိုက်ပြီး ရံပုံငွေရှာပွဲတွေလုပ်ဖို့  ညွှန်ကြားလိုက်ချိန်မှာ သြစတြေးလျနိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ဒေါက်တာစိုးထက်ဟာ သူကျောင်းတက်နေရာရာ တက္ကသိုလ်မှာ တိုးတိုးတိတ်တိတ် ရံပုံငွေရှာပွဲစီစဉ်ပြီး သန်းရွှေတို့ အလိုကျ လုပ်ဆောင်ခဲ့တယ်လို့  သိရှိရပါတယ်။


သြစတြေးလျနိုင်ငံကို ရွှန်းလဲ့ရဲ့  ယောင်္ကျား ဒေါက်တာစိုးထက်က ဦးစွာပထမရောက်ရှိပြီး မိသားစု နေရေးထိုင်ရေးအတွက် စီစဉ်ခဲ့ပြီး ယခုအခါမှာ မိသားစုတစ်ခုလုံး ရောက်ရှိလျက်ရှိကြောင်း သိရှိရပြီး၊ သြစတြေးလျအစိုးရထံကိုရော မြန်မာမိသားစုအသိုင်းအ၀ိုင်းကိုရော ဗိုလ်ချုပ်ကိုကိုတို့ နှင့် မပတ်သက်သကဲ့သို့  လိမ်ညာထားကြောင်း သိရှိရပါတယ်။

ရွှန်းလဲ့နဲ့  ဒေါက်တာစိုးထက်ဟာ ဖေ့စ်ဘွတ်အကောင့်ကိုလည်း တစ်ခုထက်ပိုစွာ ဖွင့်ထားပြီး သိန်းစိန်တို့  အာဏာရှင်တွေနဲ့  ဆက်ဆံရာမှာ တစ်မျိုး၊ မြန်မာမိသားစုတွေနဲ့  ဆက်ဆံရာမှာ တစ်မျိုး သုံးစွဲပါတယ်။

ရွှန်းလဲ့ရဲ့  ယောင်္ကျားဖြစ်သူ ဒေါက်တာစိုးထက်ဟာ သြစတြေးလျမှာရှိတဲ့ မြန်မာမိသားစုတွေ အထူးသဖြင့် အတိုက်အခံအင်အားစုတွေရဲ့  မိသားစုဆိုင်ရာ အချက်အလက်တွေနဲ့  လှုပ်ရှားမှုတွေအကြောင်းကို ဆစ်ဒနီမြို့ နဲ့  မဲဘုန်းမြို့ ရှိ ဘုန်းကြီးကျောင်းတွေကတစ်ဆင့်၊ မြန်မာဆရာဝန်တွေကတစ်ဆင့်၊ ဖေ့စ်ဘွတ်ကတစ်ဆင့် Friend လုပ်ပြီး သတင်းအချက်အလက်တွေကို ရယူနေပါတယ်။

ထို့ အတူ မကြာသေးခင်ကဘဲ ရွှန်းလဲ့ဟာ သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့ မှာ ကျင်းပနေတဲ့ Cultural Diversity Week – 14 to 22 March 2015 မှာ ASEAN Culture Show ဆိုပြီး မြန်မာနိုင်ငံရဲ့  သင်္ကြန်အကနဲ့  ဦးဆောင်စီစဉ်ခဲ့ကြောင်း သိရှိရပါတယ်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့ တူမ ရွှန်းလဲ့ မိသားစုဟာ မဲဘုန်းမြို့  South Yarra နေရာဒေသမှာ နေထိုင်လျက်ရှိကြတယ်လို့  သတင်းပေးပို့ သူတွေရဲ့  ပြောကြားချက်အရ သိရှိရပါတယ်။

သြစတြေးလျအစိုးရအနေနဲ့  အာဏာရှင်ဗိုလ်ချုပ်တစ်ယောက်ရဲ့  ဆွေးမျိုးအရင်းတွေကို သြစတြေးလျနိုင်ငံမှာ ၀င်ရောက်နေထိုင်ခွင့်ပေးနေတာကို သြစတြေးလျနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာတွေအနေနဲ့  ထောက်ပြပြောဆိုသင့်ပါတယ်။ သြစတြေးလျအစိုးရဟာ မြန်မာအာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့  ဆွေမျိုးသားချင်းတွေကို ပိတ်ပင်တားမြစ်ထားတဲ့ Visa Ban ကို တရားဝင် ကြေညာထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ယခုလို လိမ်ညာနေထိုင်နေကြတဲ့ အာဏာရှင်ဗိုလ်ချုပ်များရဲ့  သားသမီးများ ဆွေမျိုးရင်းခြာများ ရှိနေတယ်ဆိုတာကို မသိတာလား ခွင့်ပြုထားတာလားဆိုတာ သြစတြေးလျမှာ နေထိုင်နေကြတဲ့ သြစတြေးလျနိုင်ငံသားခံယူထားသူ မြန်မာလူမျိုးများအနေနဲ့  ထုတ်ဖော်ပြောဆို မေးမြန်းသ့င်ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုဟာ လတ်တစ်လော ဖြစ်ပွားခဲ့တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်စစ်ကြောင်းမှ ကျောင်းသူကျောင်းသားများအား အကြမ်းဖက်ရိုက်နှက်မှုမှာ တာဝန်ရှိသလို၊ ယခင် လက်ပံတောင်းတောင် သံဃာတော်များအား မီးလောင်တိုက်သွင်းခဲ့မှု၊ အလုပ်သမား လယ်သမားတွေကို အကြမ်းဖက်မှုကိစ္စတွေမှာ အဓိက တာဝန်ရှိသူများထဲမှာ ပါရှိသူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကိုကိုဟာ သူရဲ့  အာဏာအရှိန်အ၀ါ ရာထူးနဲ့  သူ့ ရဲ့  မိသားစုတွေ ဆွေမျိုးသားချင်းတွေကို နိုင်ငံရပ်ခြားကို စေလွှတ်ပြီး နိုင်ငံတကာအစိုးရကနေ သိန်းစိန်အစိုးရကို ထောက်ခံမှုရရှိရေး၊ နိုင်ငံခြားပညာရေးဆိုင်ရာ အခွင့်အရေးများ ရရှိရေး သင်ကြားရေး၊ အခြေစိုက်နေထိုင်မှု ရရှိရေးတို့ အတွက် လုပ်ဆောင်နေတယ်ဆိုတာ သက်သေပါဘဲ။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့  တူမဖြစ်သူ ရွှန်းလဲ့မိသားစုသာမက ခင်ရီရဲ့  လက်အောက် လ၀က ညွှန်မှူးတစ်ယောက်ရဲ့  သားသမီးတစ်ဦးဟာလည်း သြစတြေးလျနိုင်ငံမှာ တက္ကသိုလ်ဝင်တန်းအတွက် ကျောင်းတက်လျက်ရှိကာ အခြေစိုက်နေထိုင်ရေးအတွက်ပါ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြည်သူ့ ရင်သွေး ကျောင်းသူကျောင်းသားတွေက တစ်မျိုးသားလုံးရဲ့  အနာဂတ်ပညာရေးအတွက် တောင်းဆိုဆန္ဒပြလို့  ရိုက်နှက်ဖြိုခွဲ ဖမ်းဆီးနေရချိန်မှာ အာဏာရှင်အသိုင်းအ၀ိုင်းရဲ့  မိသားစုတွေ ဆွေမျိုးသားခြင်းတွေက နိုင်ငံရပ်ခြားမှာ ပညာတွေသင်၊ ကျောင်းကောင်းတွေမှာ ကျောင်းတက်၊ နိုင်ငံရပ်ခြားက ရရှိတဲ့ အခွင့်ထူးတွေ ခံစားနေကြတာပါ။

 

 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။