ဘယ်သူကမှ ကိုယ့်ကိုတန်ဖိုးကြီး လက်ဝတ်လက်စားလို တစ်သသနေ ကြည့်နေမှာ မဟုတ်ပါဘူး ။
အနှေးနဲ့အမြန် အထီးကျန်တဲ့ ခေါင်းစဉ်အောက်ကိုတော့ တစ်ကြိမ်မဟုတ် တစ်ကြိမ်ရောက်ကြရမှာပါပဲ။
like emoticon
ဘယ်လောက်ပဲ ကြီးမားတဲ့ အခက်ခဲ ၀မ်းနည်းမှုတွေနဲ့ ကြုံရပါစေ။ ...
ထိုင်ငိုနေလို့ ဒီအရာတွေကို ကျော်လွှားနိုင်တာ မဟုတ်ပါဘူး။
ဟန်ဆောင်ပြီးပြုံးရပါစေ။
ပြုံးပြီးကြိုဆိုရင်ဆိုင် ဖြေရှင်းလိုက်ကြပါ။

သွေးပူနေချိန် ဆုံးဖြတ်လိုက်တဲ့ အရာတွေဟာ မှန်ချင်မှ မှန်ပါလိမ့်မယ်။
တစ်ခါတစ်လေ သွေးအေးစွာနဲ့ ဖြေရှင်းသင့်တဲ့အခါ ဖြေရှင်းကြည့်လိုက်ပါ။
သွားခိုင်းသင့်တဲ့သူကို သွားခိုင်းပြီး ၊ နှင်ထုတ်သင့်တဲ့သူကို နှင်ထုတ်လိုက်ပါ။
ကျန်ရစ်သင့်တဲ့သူကို ချစ်ရစ်ခဲ့ပြီး တန်ဖိုးထားဆက်ဆံပါ။
like emoticon
မေ့သင့်တဲ့ အတိတ်တွေကို မေ့ပစ်ပါ။
နောက်ပြန်ဆုတ် လမ်းလျှောက်နေရင်တော့ ကိုယ်လိုရာ လမ်းနဲ့ဝေးလာတာကိုပဲ တွေ့ရပါလိမ့်မယ်။
အချိန်တစ်ခုရောက်မှ ငါ့ကျမှ ဘာလို့ဒါမျိုးဖြစ်ရတာလဲ မပြောနဲ့။
ဒါငါရွေးချယ်ခဲ့တာကိုးလို့လည်း တွေးပြီးလည်း နောင်တမရပါစေနဲ့။
like emoticon
ချစ်တဲ့... မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ
==========

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။