ငါးခူတောဟင်းရည်
.......................... ..
ဒီဟင်းလေးကတော့ ထိုင်းမှာ နံနက်စောစောစာကို
ရောင်းပေးတဲ့ အထဲမှာ အကြိုက်ဆုံးဟင်းအမယ်တွေထဲက တစ်ခုပါ။
ကျွန်တော်က မနက် ၉ နာရီ အလုပ်ရောက်အောင်သွားရတော့ ...
မနက်စောစောကို အဝ စားလေ့ရှိတဲ့ အလေ့အထကြောင့်
ကျွန်တော် ဆိုင်မှာမစားဘဲ သူတို့ရိုးရာ အတိုင်း
စားချင်တဲ့နေ့တွေဆိုရင် ကောက်ညှင်းချက်နဲ့
ဝက်သားကင် နှစ်ချောင်းလောက်မှာပြီး ဒီဟင်းရည်တစ်ပွဲစားရင်
တစ်နေကုန်အတွက် အင်အားအပြည့်နဲ့ အလုပ်လုပ်နိုင်ပါတယ်။
ကျွန်တော် မနက်စောစော စာကို အရသာခပ်ပြင်း ပြင်းစားခဲ့တာ မအံ့သြပါနဲ့။
သူတို့ဆီက အခြေခံ လူတန်းစားတွေကလည်း ဒီလိုပဲ တစ်ဝစားလေ့ရှိပါတယ်။
ဒါပေမဲ့ ဒီဟင်း ရည်ကတော့ မနက်စောစောပဲ စားရမယ်လို့
သတ်မှတ်ထားတာမျိုးမရှိပါ ဘူး။ အချိန်တိုင်း မှာလို့ရနိုင်ပါ တယ်။
ချက်ကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
......................
• ငါးခူ - ၁ ကောင်
• ကောက်ညှင်းဆန် - လက်တစ်ဆုပ်စာ (ရေစိမ်ထားပါ)
• ပတဲကော - လက်တစ်ဆစ်
• ကြက်သွန်ဖြူ - ၃ တက်
• ငရုတ်သီးစိမ်း - ၂ တောင့် (အစပ်ကြိုက်ရင် ပိုသုံးပါ)
• ခရမ်းချဉ်သီး - ၂ လုံး
• ခရမ်ြး<ွကပ်သီး - ၂ လုံး
• ရှားနံနံ - ၃ ပင် (နုပ်နုပ်စဉ်းထားပါ)
• ပင်စိမ်းအချို (ဝိုလဖာ) - ၂ ပင် (အရွက်ခြွေထားပါ)
• သကြားညို - အနည်းငယ်
• ငံပြာရည် - အနည်းငယ်
• သံပရာသီး - အရည်ညစ်ရန်
• ဟင်းသီးဟင်းရွက်ပြုတ်ရည် (သို့မဟုတ်) ကြက်ပြုတ်ရည် - ၂ ခွက်
ပြုလုပ်နည်း
....................
၁။ ငါးခူတစ်ကောင်ကို အချွဲတွေပျောက်သွားအောင် ဆား၊
မန်ကျည်း မှည့်လေးနဲ့ ပွတ်ဆေး အရေခွံတွေကိုလည်း ခွာပစ်နိုင်ရင် ပိုကောင်း ပါတယ်။
ငါးခူကို ခေါင်းအမြီး ဆူးတောင်တွေ ခုတ်ဖယ်ထုတ်ပြီး အကွင်း လေးတွေလှီးထားပါ။
၂။ ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ရေစစ်ဒယ်အိုးတစ်လုံးမှာ ထည့်ပြီး
မီးပြင်းပြင်းနဲ့လှော်ပါ။ ဆန်များ အနည်းငယ်ကျွမ်းပြီး အဝါရောင်ဖြစ် လာလျှင်
အအေးခံပြီး ညက်အောင်ထောင်းထားပါ။
၃။ ဟင်းရည်ချက်ရန် အိုးတွင် ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင်တည် ပါ။
ဟင်းရည်ဆူလာလျှင်ထောင်းထားေ သာ ဆန်မှုန့်် ထမင်းစားဇွန်း တစ်ဇွန်းကို ပတဲကော၊
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ ဓားပြားရိုက် ပြီး လှီးထားသော ငါးခူအကွင်းများထည့်ပြီး
ငါးနူးသည်အထိပြုတ်ပါ။ ခရမ်း ချဉ်သီး၊ ခရမ်းကြွပ်သီးတို့ အတူထည့်ပါ။
၎။ အရသာတွက်လိုအပ်သော ငံပြာရည်၊ သကြားညို၊ သံပရာရည်များ
စိတ်ကြိုက်ထည့်ပြီး နောက်ဆုံးမှ ပင်စိမ်းများခတ်ပြီးရင်တော့ သုံး ဆောင်ရန်အသင့်ဖြစ်ပါပြီ။
**ဒီချက်နည်းမှာ ငါးခူကိုကင်ပြီးလည်း ပြန်ချက်လို့ရပါတယ်။
....................
သစ်ထူး
(My Foodies)
..........................
ဒီဟင်းလေးကတော့ ထိုင်းမှာ နံနက်စောစောစာကို
ရောင်းပေးတဲ့ အထဲမှာ အကြိုက်ဆုံးဟင်းအမယ်တွေထဲက
ကျွန်တော်က မနက် ၉ နာရီ အလုပ်ရောက်အောင်သွားရတော့ ...
မနက်စောစောကို အဝ စားလေ့ရှိတဲ့ အလေ့အထကြောင့်
ကျွန်တော် ဆိုင်မှာမစားဘဲ သူတို့ရိုးရာ အတိုင်း
စားချင်တဲ့နေ့တွေဆိုရင် ကောက်ညှင်းချက်နဲ့
ဝက်သားကင် နှစ်ချောင်းလောက်မှာပြီး ဒီဟင်းရည်တစ်ပွဲစားရင်
တစ်နေကုန်အတွက် အင်အားအပြည့်နဲ့ အလုပ်လုပ်နိုင်ပါတယ်။
ကျွန်တော် မနက်စောစော စာကို အရသာခပ်ပြင်း ပြင်းစားခဲ့တာ မအံ့သြပါနဲ့။
သူတို့ဆီက အခြေခံ လူတန်းစားတွေကလည်း ဒီလိုပဲ တစ်ဝစားလေ့ရှိပါတယ်။
ဒါပေမဲ့ ဒီဟင်း ရည်ကတော့ မနက်စောစောပဲ စားရမယ်လို့
သတ်မှတ်ထားတာမျိုးမရှိပါ ဘူး။ အချိန်တိုင်း မှာလို့ရနိုင်ပါ တယ်။
ချက်ကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
......................
• ငါးခူ - ၁ ကောင်
• ကောက်ညှင်းဆန် - လက်တစ်ဆုပ်စာ (ရေစိမ်ထားပါ)
• ပတဲကော - လက်တစ်ဆစ်
• ကြက်သွန်ဖြူ - ၃ တက်
• ငရုတ်သီးစိမ်း - ၂ တောင့် (အစပ်ကြိုက်ရင် ပိုသုံးပါ)
• ခရမ်းချဉ်သီး - ၂ လုံး
• ခရမ်ြး<ွကပ်သီး - ၂ လုံး
• ရှားနံနံ - ၃ ပင် (နုပ်နုပ်စဉ်းထားပါ)
• ပင်စိမ်းအချို (ဝိုလဖာ) - ၂ ပင် (အရွက်ခြွေထားပါ)
• သကြားညို - အနည်းငယ်
• ငံပြာရည် - အနည်းငယ်
• သံပရာသီး - အရည်ညစ်ရန်
• ဟင်းသီးဟင်းရွက်ပြုတ်ရည် (သို့မဟုတ်) ကြက်ပြုတ်ရည် - ၂ ခွက်
ပြုလုပ်နည်း
....................
၁။ ငါးခူတစ်ကောင်ကို အချွဲတွေပျောက်သွားအောင် ဆား၊
မန်ကျည်း မှည့်လေးနဲ့ ပွတ်ဆေး အရေခွံတွေကိုလည်း ခွာပစ်နိုင်ရင် ပိုကောင်း ပါတယ်။
ငါးခူကို ခေါင်းအမြီး ဆူးတောင်တွေ ခုတ်ဖယ်ထုတ်ပြီး အကွင်း လေးတွေလှီးထားပါ။
၂။ ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ရေစစ်ဒယ်အိုးတစ်လုံးမှာ ထည့်ပြီး
မီးပြင်းပြင်းနဲ့လှော်ပါ။ ဆန်များ အနည်းငယ်ကျွမ်းပြီး အဝါရောင်ဖြစ် လာလျှင်
အအေးခံပြီး ညက်အောင်ထောင်းထားပါ။
၃။ ဟင်းရည်ချက်ရန် အိုးတွင် ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင်တည် ပါ။
ဟင်းရည်ဆူလာလျှင်ထောင်းထားေ
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ ဓားပြားရိုက် ပြီး လှီးထားသော ငါးခူအကွင်းများထည့်ပြီး
ငါးနူးသည်အထိပြုတ်ပါ။ ခရမ်း ချဉ်သီး၊ ခရမ်းကြွပ်သီးတို့ အတူထည့်ပါ။
၎။ အရသာတွက်လိုအပ်သော ငံပြာရည်၊ သကြားညို၊ သံပရာရည်များ
စိတ်ကြိုက်ထည့်ပြီး နောက်ဆုံးမှ ပင်စိမ်းများခတ်ပြီးရင်တော့
**ဒီချက်နည်းမှာ ငါးခူကိုကင်ပြီးလည်း ပြန်ချက်လို့ရပါတယ်။
....................
သစ်ထူး
(My Foodies)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။