Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 27, 2015

ဂီတာသူရဲကောင်း John Petrucci ရဲ့  ငယ်ဘဝဇာတ်ကြောင်း တစေ့တစောင်း

 

ဂီတာသူရဲကောင်း John Petrucci ရဲ့ 
ငယ်ဘဝဇာတ်ကြောင်း တစေ့တစောင်း
.
.
....

New York မြို့  Kings Park အရပ်ဒေသမှာ ကြီးပြင်းလာခဲ့တဲ့ John Petrucci ဟာ အသက် ၁၂ အရွယ်လောက်မှာ ဂစ်တာတီးခတ်ခြင်းကို စတင်ခဲ့ပါတယ်။ John Petrucci မွေးဖွားရာ ဇာတိဖြစ်တဲ့ "Kings Park, Long Island, New York" ဆိုတာ အဲဒီအချိန်တုန်းက ဂီတကို ခုံမင်နှစ်သက်တဲ့ လူတွေ အများအပြား စုဝေးရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဂီတကို ဖန်တီးသူတွေနဲ့ ခံစားသူတွေ ဝန်းရံထားတဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုဆိုရင်လည်း မမှားပါဘူး။ အထူးသဖြင့် အဆိုပါအရပ်ဒေသမှာ နေထိုင်ကြတဲ့ လူတွေဟာ ဂီတတူရိယာ တီးခတ်ခြင်းကို ပိုပြီးတော့ အားသန်ကြတယ်။ ဝါသနာအလျောက် ဖွဲ့စည်းထားကြတဲ့ အပျော်တမ်းတီးဝိုင်းတစ်ချို့ဟာလည်း ပါတီပွဲတွေမှာ တီးကြ၊ ဆိုကြခြင်းကို ညတိုင်းလိုလို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဲဒီတီးဝိုင်းတွေထဲကမှ Garage Band လို့ ခေါ်တဲ့ တီးဝိုင်းကတော့ John Petrucci အပေါ် သြဇာသက်ရောက် လွှမ်းမိုးမှုတွေ အတော်များခဲ့ပါတယ်။ အလယ်တန်းကျောင်းသားအရွယ် John Petrucci နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေဟာလည်း တူရိယာတစ်မျိုးမျိုးကိုတော့
တီးတတ်ကြတယ်။ ဂီတနဲ့ ပတ်သက်ပြီး ရေခံမြေခံ၊ ပတ်ဝန်းကျင် ကောင်းတယ်လို့ ဆိုရမယ့် John Petrucci ဟာ ဂစ်တာတီးခတ်ခြင်းကို အရူးအမူးဖြစ်သွားတယ်။ ဒါပေမယ့် လက်တွေ့ကျကျ ဂစ်တာကို ထိတွေ့ခွင့်ရတဲ့အခါ သူ့အတွက် မလွယ်ကူပါဘူး။ ဂစ်တာကြိုးတွေအားလုံးကို လက်တစ်ဖက်တည်းနဲ့ အသံမြည်အောင် ဖိနိုင်ဖို့ဆိုတာ မလွယ်ကူမှန်း သူသိခဲ့ရတယ်။
"Barre ကော့ဒ်ကို ကိုင်မတီးတတ်တာကို ကျွန်တော် မှတ်မိနေပါတယ်" လို့ အင်တာဗျုးတစ်ခုမှာ John Petrucci ဖြေခဲ့ဖူးပါတယ်။
အဲဒီကာလတုန်းက John Petrucci ဟာ သူ့အနေနဲ့ ဂစ်တာကို လွယ်ကူစွာ တီးနိုင်ဖို့အတွက်ဆိုပြီး The Door တီးဝိုင်းရဲ့  သီချင်းဟောင်းတွေကို လေ့ကျင့်ခဲ့ပါတယ်။ တစ်ရက်ကျတော့ John Petrucci ဟာ အိမ်ရှေ့ မြေကွက်လပ်နေရာတစ်နေရာမှာ ဂစ်တာတီးနေတုန်း အိမ်နီးနားချင်းတစ်ယောက်က "မင်း ဂစ်တာတီးတာ အရမ်းကောင်းတယ်" ဆိုပြီး မှတ်ချက်ပြုသွားတယ်။ ဒါဟာ John Petrucci ရဲ့  ဘဝမှာ သူ့ရဲ့  ဂစ်တာလက်သံနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ချီးကျူးခံရခြင်းပဲ ဖြစ်ပါတယ်။ သူစိမ်းတစ်ယောက်ရဲ့  အသိအမှတ်ပြုမှုကို ရသွားတဲ့ John Petrucci ဟာ အရင်ကထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိသွားပြီး၊ ဒီအလုပ်ကို ငါလုပ်ရင် သေချာပေါက် အောင်မြင်ရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဲဒီထက် ပိုထူးခြားတဲ့အချက်က John Petrucci ဟာ အထက်တန်းကျောင်းသားအရွယ်အထိ ဂစ်တာကို ဆရာလွတ် တီးခတ်နေခြင်းပဲ ဖြစ်ပါတယ်။ အထက်တန်းကျောင်းပြီးတဲ့နောက် မန်ဆာချုးဆက်ပြည်နယ်၊ ဘောစတွန်မြို့ က Berklee ဂီတကျောင်းကို တက်ရောက်တော့မှ ဂစ်တာလေ့ကျင့်ခန်းတွေကို စနစ်တကျ သင်ကြားခွင့် ရခဲ့ပါတယ်။ John Petrucci ဟာ ဂီတကျောင်းက ဆရာတွေနဲ့ ဂစ်တာပိုင်းကို ဌာန်ကရိုဏ်းကျအောင် စနစ်တကျသင်ယူခဲ့ရတာကြောင့် နောက်ပိုင်းမှာ နည်းမှန်လမ်းမှန် တီးတတ်လာခဲ့ပါတယ်။ John Petrucci ဟာ ဂစ်တာတီးခတ်ခြင်းကို အရင်ကထက် ပိုပြီးကျွမ်းကျင်လာတဲ့အတွက် နည်းစနစ်အပေါ် စွဲလမ်းအာရုံစိုက်မှုဖြစ်လာပြီး Al Di Medla, Steve Morse နဲ့ Allan Holdsworth တို့လို ဆရာကြီးတွေရဲ့  လက်သံတွေကို အတော်လေး နားထောင်ခဲ့ပါတယ်။ ဂစ်တာဂရုကြီးတွေရဲ့  "စူပါလက်သံ" တွေကို ကြားပြီးတဲ့နောက်ပိုင်းမှာ သူတို့လို တီးချင်တဲ့စိတ်တွေ John Petrucci ဆီမှာ တဖွားဖွားဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် လူအများလေးစားအားကျရတဲ့ စူပါလက်သံတွေကို တီးခတ်ချင်တယ်ဆိုရင်တော့ လေ့ကျင့်ဖို့ အချိန်တွေ အများကြီး ပေးရုံနဲ့ မလုံလောက်ဘူး။ လေ့ကျင့်တီးခတ်ရာမှာလည်း ဖြစ်ကလတ်ဆန်း မဟုတ်ဘဲနဲ့ စည်းကမ်းကြီးပြီး နည်းစနစ်တကျရှိဖို့ အလွန်လိုအပ်တယ်ဆိုတာကို John Petrucci ဟာ ကောင်းကောင်းကြီး နားလည် သဘောပေါက်ထားတယ်။ အရှင်းဆုံးပြောရရင် အဲဒီအချက်တစ်ချက်ကပဲ John Petrucci ရဲ့  ဘဝကို ပြောင်းလဲပေးခဲ့တာဖြစ်ပြီး ပရိသတ် အများအပြားလက်ခံအားပေးကြတဲ့ ဂစ်တာသူရဲကောင်းနေရာတစ်နေရာကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

--------The End--------
(ဂစ်တာသူရဲကောင်း John Petrucci ဖြေခဲ့တဲ့
အင်တာဗျူးတစ်ချို့ တစ်ဝက်ကိုလည်း
အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမည်။
ဒီရက်ပိုင်းအတွင်း Post တွေ နည်းနည်း ကျဲသွားတဲ့အတွက်လည်း ဆောရီးပါဗျို့ )

\m/ Welcome to Rock 'n' Roll \m/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။