Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label ထင်ရှားသူတို့. Show all posts
Showing posts with label ထင်ရှားသူတို့. Show all posts

Sunday, April 15, 2018

ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါ

"သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့"
#ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါ
*****
သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..
သူ့ကြောင့် သင်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်လာတာပါ..
သင့်အလှည့်ကျရင် နိမ့်ကျတဲ့သူတွေကို လက်တွဲခေါ်ပါ..

သင့်ကို ကဲ့ရဲ့ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..
သူ့ကြောင့် ကဲ့ရဲ့ခံရရင် ဘယ်လိုခံစားရလဲဆိုတာ သင်သိခဲ့တာပါ..
သင့်အလှည့်ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့..

ဘယ်တော့မှ လက်မြောက် အရှုံးမပေးတတ်တဲ့ ဟွန်းဒါး

ဘယ်တော့မှ လက်မြောက် အရှုံးမပေးတတ်တဲ့ ဟွန်းဒါး
👍👍👍👍👍

🔴ဂျပန်နိုင်ငံက .မော်တော်ကားနဲ့ မော်တော် ဆိုင်ကယ်တွေ. တကမ္ဘာလုံးကို တင်ပို့နေတဲ့. ဟွန်းဒါး(Honda) ဆိုတာ .ကြားဖူးကြမှာပါ။
☆☆☆. ဟွန်းဒါး ကုမ္ပဏီကို စတင် တည်ထောင်သူက. ဂျပန်လူမျိုး ဟွန်းဒါးပါ။. နာမည် အပြည့်အစုံက. Soichiro_Honda (ဆိုချီယို ဟွန်းဒါး )ဖြစ်ပါတယ်။. ဟွန်းဒါးကို. အနောက်နိုင်ငံက. သတင်းစာ .မဂ္ဂဇင်းတွေမှာ .အခက်အခဲနဲ့ ဘယ်လောက်ကြုံကြုံ. ဘယ်တော့မှ အရှုံမပေးတဲ့ လူလို့ ချီးကျူးရေးသား ကြပါတယ်။
☆.ဘာဖြစ်လို့. ဂျပန်လူမျိုးတယောက်ကို. အနောက်နိုင်ငံတွေက .ချီးမွန်းနေရတာလဲ ဆိုတာ
☆.လေ့လာကြည့်ကြ ရအောင်။

Friday, April 13, 2018

ချပ်ဖီးနေ Chuck Feenay

 9Plus Myanmar added 2 new photos.
ချပ်ဖီးနေ Chuck Feenay
သူပိုင်ဆိုင်သမျှ ဒေါ်လာသန်းပေါင်း ရှစ်ထောင်ကျော် လှုဒါန်းနေသူ
သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။
နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။

Sunday, March 4, 2018

အီစွတ်ပေးသော ဘဝသင်ခန်းစာ

အီစွတ်ပေးသော ဘဝသင်ခန်းစာ

အီစွတ် ပုံပြင်များတွင် အဓိက ဇာတ်ကောင်များမှာ တိရစ္ဆာန်များ ဖြစ်ပါသည်။

ပုံပြင်ဆရာကြီး အီစွတ်သည် ခရစ်မပေါ်မီ အနှစ် ၆၀၀ လောက်က ပေါ်ထွန်းခဲ့သည်။

အီစွတ်သည် "ဖရိဂျီယာ" ဆိုသူ၏ ကျေးကျွန်တစ်ဦး၊ ရုပ်ဆိုးပြီး အရပ်ပုသော်လည်း ဉာဏ်ထက်မြက်သည်။

ဘီလ်ဂိတ်စ်ထံမှ အတုယူစရာများ

ဘီလ်ဂိတ်စ်ထံမှ အတုယူစရာများ

ကမ္ဘာကျော် Microsoft ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံကြွယ်သူဌေးကြီး ဘီလ်ဂိတ်စ်ကို ကောင်းကောင်းသိကြပါသည်။ သူ့ဘဝ သူ့အကြောင်းလေးတွေက စိတ်ဝင်စားစရာဖြစ်သလို လူငယ်တို့အတွက် စံနမူနာကောင်းတစ်ရပ်အနေနှင့် လိုက်လံကျင့်ဆောင်စရာတွေကလည်း များပါသည်။

Saturday, March 3, 2018

ကမ္ဘာ့အသားအညိုဆုံး Model ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်

ကမ္ဘာ့အသားအညိုဆုံး Model ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်
.
.
“နင်နဲနဲလေး သွား တွေတွေ့အောင် ပြုံးလိုက်အုံး ၊ ငါတို့နင့်ကိုရှာမတွေ့လို့ ဟားဟားဟား”
“နင့်အိမ်မှာ ချိုးဖို့ရေမရှိဘူးလား ၊ ဘာဖြစ်လို့အဲ့လောက်တောင် ကြည့်ရတာညစ်ပတ်နေသလဲ?”
“ဆရာမ ဘယ်သူနဲ့စကားပြောနေလဲ ၊ သမီးတို့သူ့ကိုမတွေ့ရလို့ ဟားဟားဟား”
.
.
ဒီစကားကတော့ Nyakim Gatwech လို့ခေါ်တဲ့အသက် 14 နှစ် Sudanese မိန်းကလေးတစ်ယောက် Sudanese စစ်ပြေးပြီး ပထမရက်ကျောင်းရောက်တဲ့ချိန်မှာ ကြားရတဲ့စကားတွေပဲဖြစ်ပါတယ်။
.
တကယ်ဆိုရင် Nyakim က Sudan မှာစစ်ဒဏ်ကြောင့် အမေရိကန်ကိုထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူများသိမှာလဲ Nyakim အမေရိကားရောက်တာက ငရဲတစ်သွင်းကနေ တစ်သွင်းကိုပြောင်းလာတဲ့အတိုင်းပါပဲ

ဂျက်မားရဲ့ အောင်မြင်ကြွယ်ဝချမ်းသာရေး နည်းဗျူဟာ ၁၀ ချက်

ဂျက်မားရဲ့ အောင်မြင်ကြွယ်ဝချမ်းသာရေး နည်းဗျူဟာ ၁၀ ချက်
~~~~~~~~~~
ဂျက်မားဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတစ်ဦးဖြစ်ပြီး သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ၂၉.၇ ဘီလျံဒေါ်လာအထိ ရှိပါတယ်။ ငယ်စဉ်ဘ၀ကတည်းက ရုန်းကန်လာခဲ့တဲ့ ဂျက်မားဟာ အာလီဘာဘာကုမ္ပဏီကို တည်ထောင်ပြီး ခုလိုကြွယ်ဝချမ်းသာလာအောင် ဘယ်လိုအချက်တွေက လုပ်ပေးခဲ့ပါသလဲ။

၁။ ငြင်းပယ်မှုများကို ခံနိုင်စွမ်းရှိပါ။

Monday, February 26, 2018

မော်စီတုန်း၏ လေးစားဖွယ် စကားတစ်ခွန်း

မော်စီတုန်း၏ လေးစားဖွယ် စကားတစ်ခွန်း

ကြားဖူးကြမလား..........

“ တွံထွေးတစ်စက် ဗုံးတစ်ချက်...” တဲ့..။

တွံထွေးတစ်စက်မှာ ပါတဲ့ ရောဂါပိုးဟာ ဗုံးတစ်လုံးကြောင့် လူသေစေတာထက် ပိုဆိုးတယ်လို့ ပြောချင်တာပါ။ ဒါကို နောက်တစ်မျိုး “ မော်စီတုန်း ” ကပြောခဲ့တယ်..။

မော်စီတုန်း သူ့နိုင်ငံကို ထိန်းသိမ်းမြှင့်တင်ရတဲ့အခါမှာ သူပထမဦးဆုံး မြင်မိတာက အလေအလွင့်....။ ဒီအလေအလွင့်တွေ ကြားထဲကမှ သူကြောက်စရာ အကောင်းဆုံးအလေအလွင့်ကို သူ့တရုတ် နိုင်ငံသားတွေကို တင်ပြတယ်..။ အလွန်ရိုးစင်းလှ သလို အလွန်လဲ ထိရောက်ကြောက်မက်ဖွယ်ရာကောင်း တယ်..။

Wednesday, February 14, 2018

အန်ဂျလီနာဂျိုလီက သမီးတွေကို သွန်သင်ပေးတဲ့ ဘဝ တစ်သက်တာဆုံးမစာ

အန်ဂျလီနာဂျိုလီက သမီးတွေကို သွန်သင်ပေးတဲ့ ဘဝ တစ်သက်တာဆုံးမစာ
အန်ဂျလီနာဂျိုလီ က နာမည်ကြီး သရုပ်ဆောင်မင်းသမီး ဖြစ်ရုံသာမက လူမှုရေးဆိုင်ရာ လုပ်ငန်းများမှာ တက်ကြွစွာ လှုပ်ရှားသူ ၊ ပရဟိတအလှူရှင် လည်းဖြစ်ပါတယ်။
သူမရဲ့ ဘဝ မှာ အဓိကအောင်မြင်မှုကတော့ သူမရဲ့ ကလေး ၆ ယောက်အပေါ်မှာ မိခင်ကောင်း အဖြစ် ရပ်တည်ပေးခြင်းပါ။ ဂျိုလီရဲ့သားသမီးတွေက Shiloh ၊ Vivenne Marcheline ၊ Zahara Marley ဆိုတဲ့ သမီး ၃ ယောက်နဲ့ Maddox Chivan ၊ Knox Leon နဲ့ Pax Thien ဆိုတဲ့ သားသုံးယောက်ပါ။
Zahara ၊ Maddox နှင့် Paxတို့ကို ကမ္ဘောဒီးယား အီသီယိုးပီးယား နှင့် ဗီယက်နမ်နိုင်ငံရှိ မိဘမဲ့ဂေဟာအသီးသီးကနေ ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး ကျန်တဲ့သားသမီး ၃ ယောက်ကတော့ သွေးသားအရင်းပါ။

Saturday, February 10, 2018

"ဂန္ဒီကြီး ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲခြင်း အခြေခံ ၇ ချက်"

"ဂန္ဒီကြီး ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲခြင်း အခြေခံ ၇ ချက်"

လူသားဆန်မှုအပေါ်မှာ ယုံကြည်သက်ဝင်မှု မပျောက်သင့်ဘူး။ လူသားဆန်မှုဆိုတာက သမုဒ္ဒရာကြီးပဲ။ သမုဒ္ဒရာကြီးထဲက ရေစက်အချို့ ညစ်ပေနေတိုင်း သမုဒ္ဒရာကြီးက ညစ်ပတ်သွားတာမှမဟုတ်ပဲ။ ကျွန်တော့်မှာသာ ဟာဥာဏ်ရွှင်ခြင်းမရှိခဲ့ရင် ကိုယ့်ကိုကိုယ်သတ်သေသွားပြီးကြာရောပေါ့။

Monday, February 5, 2018

စာရေးစာဖတ်ခက်ခဲလို့ ကျောင်းထွက်ရသူမှ ဘီလျံနာဖြစ်လာတဲ့သူ (သို့) #ဆာ_ရစ်ချတ်ဘရင်ဆန်

 Mi Mi Tun added 19 new photos — with Mi Mi Tun.
စာရေးစာဖတ်ခက်ခဲလို့ ကျောင်းထွက်ရသူမှ ဘီလျံနာဖြစ်လာတဲ့သူ (သို့)
#ဆာ_ရစ်ချတ်ဘရင်ဆန်
💫❇💫❇💫❇💫❇💫
အင်္ဂလန်နိုင်ငံက စာရေးစာဖတ် ခက်ခဲတဲ့ ဦးနှောက်ချို့ယွင်းချက်လေးရှိတဲ့ ကောင်လေးတယောက်ဟာ အသက် ၁၆ နှစ်မှာ စာမလိုက်နိုင်လို့ ကျောင်းထွက်လိုက်ပြီး ကိုယ်ပိုင်စီးပွားရေး စလုပ်တယ်။ သူနဲ့သူငယ်ချင်းတယောက်ဟာ သူတို့စုထားတဲ့ မုန့်ဖိုးလေးတွေနဲ့ ကျောင်းသားတွေဖတ်ဖို့ Student ဆိုတဲ့ စာစောင်လေးတခုကို ထုတ်ဝေလိုက်တယ်။
စာစောင်လေးဟာ အရမ်းရောင်းကောင်းပြီး အောင်မြင်သွားတယ်။ ဒီအောင်မြင်မှုက အစပြုပြီး ပေါ့သီချင်းအယ်ဘမ် ဓါတ်ပြားဆိုင်တွေ၊ ဗီဒီယိုအခွေငှားဆိုင်တွေ၊ လေကြောင်းလိုင်း ဖွင့်ရင်း နောက်ထပ် စီးပွားရေးလုပ်ငန်းတွေ အများကြီးထူထောင်တယ်။

Tuesday, January 23, 2018

ဖရန့်ရီဘာရီရဲ့ ဘဝဇာတ်ကြောင်း

 
 
ဖရန့်ရီဘာရီရဲ့ ဘဝဇာတ်ကြောင်း

“ဒီ ဒဏ်ရာက ကျွန်တော့် အတွက် စိတ်ဓါတ် ခွန်အားတွေ ပေးစွမ်း နိုင်ခဲ့ပါတယ်” လို့ ဆိုလာသူက ဘိုင်ယန် မြုးနစ် အသင်းရဲ့ တောင်ပံ ကစားသမားကြီး ဖရန့်ရစ်ဘာရီ ဖြစ်ပါတယ် ။ အသက် ၃၄ နှစ် ရှိပြီဖြစ် တဲ့ ရီဘာရီဟာ ငယ်စဉ်က မိဘတွေရဲ့ စွန့်ပစ် ခံခဲ့ရသူ ဖြစ်ပြီး သူ့ရဲ့ မွေးမိခင်၊ ဖခင်ကို သူမသိရှိခဲ့ရပါဘူး။ ဒါ့အပြင် အသက် ၂ နှစ် အရွယ်မှာ မတော်တဆ မှုကြောင့် ရရှိခဲ့တဲ့ မျက်နှာက အမာရွတ်ဒဏ်ရာဟာ သေရာပါခဲ့ပြီး သူ့ရဲ့ပုံပန်းသဏ္ဍာန်ကိုဆိုးရွား စေခဲ့ပါတယ်။ ဒါပေမဲ့ ကြမ်းတမ်းလှတဲ့ လောကဓံတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး ရီဘာရီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ ရီဘာရီဟာ ချန်ပီယံလိဂ်ချန်ပီယံ၊ ဘွန်ဒစ်လီဂါချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ရုံသာမက UEFA Player of the Year ဆုကိုလည်း ရရှိနိုင်ခဲ့ပါတယ်

Sunday, January 21, 2018

Steve Job ရဲ့အောင်မြင်ရေးသော့ချက် ၁၀ချက်



Challenge

Steve Job ရဲ့အောင်မြင်ရေးသော့ချက် ၁၀ချက်
၁။ ပုံမှန်ဘဝလေးနဲ့ ကျေနပ်မနေနဲ့
ကျွန်တော် ကလေးဘဝကတည်းက ကြားနေကျ စကားလေးကတော့ “ပုံမှန်လေးပဲနေ၊ ပိုက်ဆံစု၊ အလုပ်ကြိုးစားလုပ်၊ မိသားစုကို ပျော်အောင်ထား” ဆိုတဲ့စကားပါ။
နောက်ပိုင်း သဘောပေါက်လာတာကတော့ လောကမှာ တကယ့်ဘဝအစစ်အမှန်ကို ရှာဖွေတတ်ဖို့ပဲ။ လောကမှာ လူတွေက သူတို့ စည်းမျဉ်းနဲ့ သူတို့လုပ်ထားတတ်ကြတယ်။ ကြာတော့ ဒါတွေဟာ အမှန်ပါလို့ နောက်လူတွေကပါ ထင်လာကြတယ်။ ဒီတော့ ကိုယ့်ဘဝအတွက် စည်းမျဉ်းအမှန်ကိုရှာဖွေတတ်ဖို့လိုတယ်။

Thursday, January 18, 2018

Bruce Lee ပြောခဲ့တဲ့ မှတ်သားစရာစကားများ

Bruce Lee ပြောခဲ့တဲ့ မှတ်သားစရာစကားများ
👇👇👇👇👇👇👇👇👇👇👇👇👇👇

★ ကျွန်တော်ဟာ ကန်ချက် ၁၀၀၀ ကို တစ်ကြိမ်စီ လေ့ကျင့်ထားတဲ့သူကို မကြောက်ပါဘူး။ ဒါပေမယ့် ကန်ချက်တစ်မျိုးတည်းကို အကြိမ်တစ်ထောင်လေ့ကျင့်ထားတဲ့သူကိုတော့ ကြောက်တယ်"

★ ဟိုနည်းနည်း ဒီနည်းနည်းသိပြီး ဘာမှမထိရောက်တာထက်စာရင် တစ်ခုတည်းကို သေချာနှံ့စပ်စွာ တတ်မြောက်တာကမှ
တကယ်လေးစားဖွယ်ကောင်းတာပါ။

★ အောင်မြင်မှုရဲ့ပန်းတိုင်ဆိုတာ ပြီးဆုံးသွားတယ်လို တစ်နေရာရောက်ရင် နောက်တစ်နေရာကို ထပ်သွားရဦးမှာပါ။

★ သိရုံနဲ့ မလုံလောက်ဘူး။ အသုံးချရမယ်။ လုပ်ချင်စိတ်ရှိရုံနဲ့ မလုံလောက်ဘူး။ လုပ်ကိုလုပ်ရမယ်"

Sunday, January 14, 2018

သုညဘဝမှကမ္ဘာကျော်ခဲ့သောအနုပညာရှင်များ

သုညဘဝမှကမ္ဘာကျော်ခဲ့သောအနုပညာရှင်များ

#ရှာရွတ်ခန်း

*သာမာန်ဆင်းရဲသားမိသားစုကကလေးတစ်ဦး
အဖြစ်မွေးဖွားလာတယ်။စာမတော်ဘူး ဥာဏ်မ
ကောင်းဘူး။ဒါပေမယ့်ပညာတတ်ဖြစ်စေချင်တဲ့
ဖခင်ရဲ့သားအပေါ်ထားတဲ့မေတ္တာတရားကြောင့်
ကျောင်းကိုမနက်တိုင်းဖခင်မောင်းတဲ့ကုန်ကား
နဲ့သွားတက်ရင်းအထက်တန်းအောင်ခဲ့တယ်။

Thursday, January 11, 2018

တစ်ကမ္ဘာလုံးကို ရယ်မောအောင် လုပ်ပေးနိုင်တဲ့ ယောကျာ်းလေးတစ်ယောက်

တစ်ကမ္ဘာလုံးကို ရယ်မောအောင် လုပ်ပေးနိုင်တဲ့
ယောကျာ်းလေးတစ်ယောက်
.
ပျော်ရွင်မှုရဲ့ သင်္ကေတက ဘာလဲလို့မေးလာရင် အားလုံးက “အပြုံး” နဲ့ “ရယ်မောသံ” ကိုကြားသတိရပါလိမ့်မယ်
.
ယောကျာ်လေးတစ်ယောက် စိုက်ပျိုးရေးမိသားစုကနေမွေးပါတယ်
ဒါပေမဲ့ ကြိုးစားမှုကြောင့် ကမ္ဘာကျော် တက္ကသိုလ် Oxford University မှာ အင်ဂျင်နီယာလိုင်းတက်ခွင့် ရခဲ့ပါတယ်
.
တက္ကသိုလ်တက်နေတဲ့အတောအတွင်းမှာ သရုပ်ဆောင်တဲ့ဘက်ကို သူစိတ်ဝင်စားလာပါတယ်
ဒီနောက်ပိုင်း ဟာသဝိုင်းတစ်ဝိုင်းမှာ စာရင်းသွင်းခဲ့ပါတယ် ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူစကားပြောထစ်တဲ့အတွက် သူ့ကိုနှစ်သက်တဲ့သူ သိပ်မရှိခဲ့ပါဘူး

Wednesday, January 10, 2018

ဘရုစ်စ် စလီ (Bruce Lee) ပြောခဲ့တဲ့ မှတ်သားစရာစကားများ

ဘရုစ်စ် စလီ (Bruce Lee) ပြောခဲ့တဲ့ မှတ်သားစရာစကားများ
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■

"ကျွန်တော်ဟာ ကန်ချက် ၁၀၀၀ ကို တစ်ကြိမ်စီ လေ့ကျင့်ထားတဲ့သူကို မကြောက်ပါဘူး။ ဒါပေမယ့် ကန်ချက်တစ်မျိုးတည်းကို အကြိမ်တစ်ထောင်
လေ့ကျင့်ထားတဲ့သူကိုတော့ ကြောက်တယ်"
သင်ခန်းစာ- ဟိုနည်းနည်း ဒီနည်းနည်းသိပြီး ဘာမှမထိရောက်တာထက်စာရင် တစ်ခုတည်းကို သေချာနှံ့စပ်စွာ တတ်မြောက်တာကမှ
တကယ်လေးစားဖွယ်ကောင်းတာပါ။

Wednesday, January 3, 2018

အများနဲ့မတူလို့လဲ စိတ်ဓာတ်မကျနဲ့.....

အများနဲ့မတူလို့လဲ စိတ်ဓာတ်မကျနဲ့.....

ရူပဗေဒဆိုင်ရာအာကာသပညာရှင် Chandrasekhar ချန်ဒရာရှက်ခါဟာ သူ့ရဲ့ဘာသာရပ်ကိုသိပ်ချစ်မြတ်နိုးတယ်။ သူ့အတွေးအခေါ်တွေဟာ သိပ်ထူးဆန်းတဲ့အတွက် တခြားပညာရှင်တွေက နှစ်ပေါင်းများစွာကြာတဲ့အထိ သူ့ရဲ့အတွေးအခေါ်တွေကို လက်မခံခဲ့ကြဘူး။ သူဟာ သူစိတ်ဝင်စားတဲ့ အာကာသသိပ္ပံဘာသာရပ်ကို အထူးတလည်လေ့လာရင်း သူ့ဘဝကို မှေးမှိန်စွာဖြတ်သန်းနေခဲ့ပါတယ်။

Monday, January 1, 2018

၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက်ရဲ့ အိပ်မက်

#၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက်ရဲ့ အိပ်မက်

ကနေဒါနိုင်ငံက ၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက် (Ryan Hreljac) ဟာ ပထမတန်းမှာ စာသင်နေတုန်း အတန်းဆရာမ Mrs. Prest က အာဖရိကနိုင်ငံက တောရွာတွေမှာ ရေရှိလို့ လူတွေ နေမကောင်းဖြစ်နေကြတယ်။ တချို့ဆိုရင် သေဆုံးကုန်ကြတယ်။ လူတွေဟာ မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီး ရေသွားခပ်ကြရတယ်။ ဒါတောင် ရေညစ်ပတ်တွေပဲ ရတယ်တဲ့။

ဒါကို ကြားတဲ့ ရိုင်ယန်က စဉ်းစားတယ်။ သူ ရေသောက်ချင်ရင် အတန်းထဲကနေ ခြေလှမ်း ၁၀ လှမ်းလျှောက်လိုက်ရုံနဲ့ ရေပန်းမှာ ရေသောက်လို့ ရတယ်။ အရင်တုန်းက လူတွေဟာ သောက်ရေ သုံးရေကို လွယ်လွယ်ကူကူ ရနေတယ်လို့ ထင်နေခဲ့တယ်။ သူ အာဖရိက,က လူတွေကို ကူညီချင်တယ်။

ဘဝကို ပြောင်းလဲစေနိုင်လောက်တဲ့ Steve Jobsရဲ့ နာမည်ကျော်မိန့်ခွန်း

ဘဝကို ပြောင်းလဲစေနိုင်လောက်တဲ့ Steve Jobsရဲ့
နာမည်ကျော်မိန့်ခွန်း

“တစ်ခါတစ်လေမှာ လောကကြီးက သင့်ကိုအုတ်ခဲနဲ့
ပေါက်လိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ယုံကြည်ချက်တွေတော့
မပျောက်သွား ပါစေနဲ့။ သင်တစ်ခုခုကိုတော့ ယုံနေမှဖြစ်
မယ်။ သင့်ကိုယ်သင်၊ သင့်ယုံကြည် ချက်၊ သင့်ဘဝ၊
သင့်ကံကြမ္မာ ဘာပဲဖြစ်ဖြစ် သင့်မှာ ယုံကြည်ချက်
တစ်ခုတော့ ရှိနေဖို့လိုတယ်။ ကျွန်တော့် တစ်ဘဝလုံး
ကျွန်တော့်ကို ရှေ့ဆက်လျှောက်စေခဲ့တဲ့ အရာကတော့
ကျွန်တော် ချစ်မြတ်နိုးတာကို လုပ်ကိုင်ခဲ့ခြင်းပါပဲ။
သင်ကြိုက်နှစ်သက်တာကို သင်ရှာဖွေဖို့ လိုပါတယ်။