#၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက်ရဲ့ အိပ်မက်
ကနေဒါနိုင်ငံက ၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက် (Ryan Hreljac) ဟာ ပထမတန်းမှာ စာသင်နေတုန်း အတန်းဆရာမ Mrs. Prest က အာဖရိကနိုင်ငံက တောရွာတွေမှာ ရေရှိလို့ လူတွေ နေမကောင်းဖြစ်နေကြတယ်။ တချို့ဆိုရင် သေဆုံးကုန်ကြတယ်။ လူတွေဟာ မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီး ရေသွားခပ်ကြရတယ်။ ဒါတောင် ရေညစ်ပတ်တွေပဲ ရတယ်တဲ့။
ဒါကို ကြားတဲ့ ရိုင်ယန်က စဉ်းစားတယ်။ သူ ရေသောက်ချင်ရင် အတန်းထဲကနေ ခြေလှမ်း ၁၀ လှမ်းလျှောက်လိုက်ရုံနဲ့ ရေပန်းမှာ ရေသောက်လို့ ရတယ်။ အရင်တုန်းက လူတွေဟာ သောက်ရေ သုံးရေကို လွယ်လွယ်ကူကူ ရနေတယ်လို့ ထင်နေခဲ့တယ်။ သူ အာဖရိက,က လူတွေကို ကူညီချင်တယ်။
ရိုင်ယန်ဟာ အိမ်ရောက်တာနဲ့ သူ့အဖေနဲ့ အမေကိုလူညီပေးဖို့ ပြောတယ်။ သူ့အဖေက ပြောတယ်။ ဘေးအိမ်တွေက အလုပ်တွေကို ကူလုပ်ပေးရင် ဒေါ်လာ ၇၀ ရနိုင်တယ်။ ဒါဆိုရင် ရေတွင်းတစ်တွင်း တူးပေးလို့ ရတယ်တဲ့။ ရိုင်ယန်ဟာ ၄ လလောက် အလုပ်လုပ်လို့ ဒေါ်လာ ၇၀ ရလိုက်တယ်။ ဒါပေမဲ့ ဒီပိုက်ဆံလေးနဲ့ အာဖရိက,က လူတွေကို မကူညီနိုင်ဘူးဆိုတာ သူသိလိုက်တယ်။ ဒီတော့ သူ ဘာလုပ်သလဲ။ နောက်ထပ် ကျပန်းအလုပ်တွေ လုပ်ပြီး ငွေစုတယ်။ ကျောင်းတွေနဲ့ ဘုရားရှိခိုးကျောင်းတွေမှာဖ ရိက,က လူတွေအတွက် ရေရဖို့ ကူညီဖို့ ဟောပြောပြီး အလှူခံတယ်။
သူ အသက် ၈ နှစ်သားမှာ အလှူငွေ အတော်လေးရလို့ ယူဂန်ဒါနိုင်ငံ မြောက်ပိုင်းက ရွာတစ်ရွာမှာရေတွင်းတစ်တွင်း
စတူးပေးလိုက်တယ်။ နောက်တော့ သူဟာ Ryan's Well Foundation ကို
ထူထောင်လိုက်တယ်။ အဲဒီဖေါင်ဒေးရှင်းဟာ အလှူငွေ ဒေါ်လာ သန်းပေါင်းများစွာ
ကောက်ခံရရှိလို့ အာဖရိက ၁၆ နိုင်ငံမှာ ရေတွင်းပေါင်း ၈၇၈ တွင်း
တူးပေးခဲ့ပြီး အိမ်သာပေါင်း ၁၁၂၀ ကိုလည်း ဆောက်လုပ်ပေးခဲ့တယ်။ အဲဒါကြောင့်
အာဖရိကနိုင်ငံတွေက လူပေါင်း ၈ သိန်းကျော်ဟာ သန့်ရှင်းတဲ့ ရေနဲ့
မိလ္လာစနစ်ကို ရရှိသွားကြတယ်။
အခု အသက် ၂၃ နှစ်အရွယ် ရိုင်ယန်ဟာ ကနေဒါနိုင်ငံ University of King's College နေ ဘွဲ့ရပြီး သူထူထောင်ခဲ့တဲ့ ဖေါင်ဒေးရှင်းမှာ ဆက်လက်လုပ်ကိုင်နေသလို ကမ္ဘာလှည့်ပြီး ဟောပြောပွဲတွေမှာ လိုက်လံဟောပြောပေးနေပါတယ်။
လူဆိုတာ ပြင်းပြတဲ့ လိုအင်ဆန္ဒ (burning desire) ရှိရင် ဖြစ်အောင် လုပ်လို့ ရတယ်ဆိုတာကို လူငယ်လေး ရိုင်ယန်က သက်သေပြခဲ့ပါတယ်။ သင်ရော ဘယ်လိုလဲ။
ရေးပြထားတာကို မယုံမှာစိုးလို့ သူ့အကြောင်း video ပါ တွဲတင်ပေးလိုက်ပါတယ်။
Credit...ဗန်းမော်သိန်းဖေ
လေးစားစွာဖြင့်..
MYO MIN OO
ကနက်သီရိ
ကနေဒါနိုင်ငံက ၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက် (Ryan Hreljac) ဟာ ပထမတန်းမှာ စာသင်နေတုန်း အတန်းဆရာမ Mrs. Prest က အာဖရိကနိုင်ငံက တောရွာတွေမှာ ရေရှိလို့ လူတွေ နေမကောင်းဖြစ်နေကြတယ်။ တချို့ဆိုရင် သေဆုံးကုန်ကြတယ်။ လူတွေဟာ မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီး ရေသွားခပ်ကြရတယ်။ ဒါတောင် ရေညစ်ပတ်တွေပဲ ရတယ်တဲ့။
ဒါကို ကြားတဲ့ ရိုင်ယန်က စဉ်းစားတယ်။ သူ ရေသောက်ချင်ရင် အတန်းထဲကနေ ခြေလှမ်း ၁၀ လှမ်းလျှောက်လိုက်ရုံနဲ့ ရေပန်းမှာ ရေသောက်လို့ ရတယ်။ အရင်တုန်းက လူတွေဟာ သောက်ရေ သုံးရေကို လွယ်လွယ်ကူကူ ရနေတယ်လို့ ထင်နေခဲ့တယ်။ သူ အာဖရိက,က လူတွေကို ကူညီချင်တယ်။
ရိုင်ယန်ဟာ အိမ်ရောက်တာနဲ့ သူ့အဖေနဲ့ အမေကိုလူညီပေးဖို့ ပြောတယ်။ သူ့အဖေက ပြောတယ်။ ဘေးအိမ်တွေက အလုပ်တွေကို ကူလုပ်ပေးရင် ဒေါ်လာ ၇၀ ရနိုင်တယ်။ ဒါဆိုရင် ရေတွင်းတစ်တွင်း တူးပေးလို့ ရတယ်တဲ့။ ရိုင်ယန်ဟာ ၄ လလောက် အလုပ်လုပ်လို့ ဒေါ်လာ ၇၀ ရလိုက်တယ်။ ဒါပေမဲ့ ဒီပိုက်ဆံလေးနဲ့ အာဖရိက,က လူတွေကို မကူညီနိုင်ဘူးဆိုတာ သူသိလိုက်တယ်။ ဒီတော့ သူ ဘာလုပ်သလဲ။ နောက်ထပ် ကျပန်းအလုပ်တွေ လုပ်ပြီး ငွေစုတယ်။ ကျောင်းတွေနဲ့ ဘုရားရှိခိုးကျောင်းတွေမှာဖ
သူ အသက် ၈ နှစ်သားမှာ အလှူငွေ အတော်လေးရလို့ ယူဂန်ဒါနိုင်ငံ မြောက်ပိုင်းက ရွာတစ်ရွာမှာရေတွင်းတစ်တွင်
အခု အသက် ၂၃ နှစ်အရွယ် ရိုင်ယန်ဟာ ကနေဒါနိုင်ငံ University of King's College နေ ဘွဲ့ရပြီး သူထူထောင်ခဲ့တဲ့ ဖေါင်ဒေးရှင်းမှာ ဆက်လက်လုပ်ကိုင်နေသလို ကမ္ဘာလှည့်ပြီး ဟောပြောပွဲတွေမှာ လိုက်လံဟောပြောပေးနေပါတယ်။
လူဆိုတာ ပြင်းပြတဲ့ လိုအင်ဆန္ဒ (burning desire) ရှိရင် ဖြစ်အောင် လုပ်လို့ ရတယ်ဆိုတာကို လူငယ်လေး ရိုင်ယန်က သက်သေပြခဲ့ပါတယ်။ သင်ရော ဘယ်လိုလဲ။
ရေးပြထားတာကို မယုံမှာစိုးလို့ သူ့အကြောင်း video ပါ တွဲတင်ပေးလိုက်ပါတယ်။
Credit...ဗန်းမော်သိန်းဖေ
လေးစားစွာဖြင့်..
MYO MIN OO
ကနက်သီရိ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။