Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
Drop off ကို ဒီလိုတွေ သုံးလို့ရပါတယ်
……………
Comment မှားမေးတာလေးတွေကို ကျနော်က အသေအချာ ပြည့်ပြည့်စုံစုံ ဖြေပေးဖြစ်တာလေးတွေ ရှိပါတယ် ၊ အခုတင်ပေးတဲ့ သုံးစွဲပုံလေးက comment ကို ပြန်ဖြေပေးထားတာလေးဖြစ်ပါတယ် ၊ ခန့်ခန့်ညားညား Post လေးတွေ မတင်နိုင်ခင် ကြားအချိန်လေးမှာ အကြံကုန်ဂဠုန်ဆားချက်ဆိုသလို comment လေးကို post အဖြစ် တင်ပေးလိုက်ရပါတယ် .. 8|
လူလည်ကျနည်း သိသူတွေ ညာဏ်ကောင်းသူတွေ ကတော့ အဖြေမှန် အဖြေကောင်း ပေးတတ်သူတွေရဲ့ comment တွေကိုပါ လိုက်ဖတ်လေ့ ရှိကြတယ်ဆိုတာ သတိထားမိပါတယ် .. အသေးအဖွဲ လေးတွေကအစ ပြည့်စုံအောင်သိချင်လျှင် comment ကောင်းလေးတွေကိုလည်း ဖတ်ကြဖို့ ညွှန်းလိုပါတယ် ။ ကျနော်က လေ့လာသူတွေကို ဘာတွေလုပ်ပါ ဘယ်လိုလေ့ကျင့်ပါ ဆိုတာမျိုးတွေ ရေးလေ့မရှိပါဘူး
သို့သော် post တွေထဲမှာ နည်းနည်းစီ နည်းနည်းစီ ထည့်ပြီးညွှန်းပေးလိုက်တာလေးတွေ သဘောတရားလေးတွေရှိပါတယ် ၊ အဲဒါလေးတွေက တကယ့်အနှစ်လေးတွေပါ အနှစ်သာရလေးများကို ရှာဖွေအသုံးပြုနိုင်ကြစေချင်ပါတယ် ..
တစ်ဆက်တည်းမှာပဲ သင်ခန်းစာတွေ ရေးမတင်သော်လည်း Group ထဲမှ မေးခွန်းများကို ဖြေပေးနေကြသူများကိုလည်း ကျေးဇူးစကား ဆိုပါကြောင်း မှတ်တမ်းတင်လိုက်ပါတယ် ..
..
(၁ ) အောက်ကို ပြုတ်ကျတယ်
The box must have dropped off the back of the truck.
သေတ္တာက ကုန်တင်ကားရဲ့နောက်ပေါက်ကနေ အောက်ကိုကျသွားတာ ဖြစ်ရမယ်
.
(၂) (လူ/ ပစ္စည်း စသည်တို့ကို) လိုက်ပို့ပေးပြီး ထားခဲ့တာ
Can I drop you off somewhere in town?
ကျနော် ခင်ဗျားကို မြို့ထဲက တစ်နေရာရာကို လိုက်ပို့ပေးရမလား
We'll drop off the gifts at your house later.
နောက်တော့ ကျနော်တို့က လက်ဆောင်တွေကို ခင်ဗျားရဲ့ အိမ်ထိ ပို့ဆောင်ပေးမှာပါ
..
(၃) အလွယ်တကူ အိပ်ပျော်သွားတယ်
After I have eaten lunch, I dropped off for a while.
နေ့လည်စာ စားပြီးတဲ့နောက် ခဏတဖြုတ် အိပ်ပျော်သွားခဲ့တယ်
.
(၄) လျော့နည်း ကျဆင်းတယ်
Sales dropped off in December.
ဒီဇင်္ဘာလမှာ ရောင်းအားတွေ ပြုတ်ကျသလို ကျဆင်းသွားတယ်
……………...
မေတ္တာဖြင့်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။