ဖတ်ရန်ကြာချိန် (၃) မိနစ်
📣အခက်အခဲတိုင်းအတွက် အခွင့်အလမ်းတွေ စောင့်ကြိုနေ ပါတယ်။
========================== ================
🎯အခက်အခဲတိုင်းမှာ အခွင့်အလမ်းဆိုတာရှိပါတယ်။ ထိုနည်းတူဘဲ အခွင့်အလမ်းတိုင်းမှာလည်းအခ က်အခဲဆိုတာရှိ ပါတယ်။ အခွင့်အလမ်းကိုလိုချင်ရင် အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။
💪
💪
💪
🎯တချို့လူတွေက သူများတွေအောင်မြင်မှုရရှိနေ တာကို ကံကောင်းတယ်လို့ထင်တတ်ကြတယ် ။ သို့သော် အဲဒီအောင်မြင်မှုတွေနောက်ကွယ်မှာ ကျော်ဖြတ်ရတဲ့ အခက်အခဲပေါင်းမြောက်များစွာ ကို
မမြင်တတ်ကြပါဘူး။ အောင်မြင်ချင်ရင် အောင်မြင်တဲ့သူတွေရဲ့ နောက်ကွယ် Behind
the scenes ကိုမြင်အောင်ကြည့် နိုင်ဖို့ကြိုးစားရမှာ ဖြစ်ပါတယ်။
🎯လုပ်ငန်းခွင်ထဲမှာလည်း ထိုနည်းတူစွာပါဘဲ။ အခွင့်အလမ်း ကိုလိုချင်ရင် အခက်အခဲအတားအဆီးတွေကို Challenge လုပ်နိုင်အောင်ကြိုးစားရမှာ ဖြစ်ပါတယ်။
🎯ဒါ့အပြင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ် ဖို့ဆိုတာ အရှုံးတွေ ကိုလည်း ရင်ဆိုင်ရဲဖို့နဲ့ လူတွေရဲ့ဝေဖန်ကဲ့ရဲ့ မှုတွေကို လည်း ရင်ဆိုင်နိုင်ဖို့လိုအပ်ပါတ ယ်။
ဘ၀မှာ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာလည်း ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။
ဘယ်လို အကြောင်းမျိုးနဲ့မှလည်း အရှုံးမပေးလိုက်ပါနဲ့။ တကယ်တော့
ကျရှုံးခြင်းဆိုတာက အောင်မြင်ခြင်းရဲ့မူလအစဘဲဖြ စ်ပါတယ်။ မကျရှုံးဖူးတဲ့သူက မအောင်မြင်ဖူးပါဘူး။
🎯အမြင့်ကို
တက်ချင်ရင်တော့ ပြုတ်ကျမှာမကြောက်ပါနဲ့။ ပြုတ်ကျမှာကြောက်ရင်
အမြင့်ကိုလည်း ဘယ်တော့မှရောက်မှာ မဟုတ်ပါဘူး။ လောကမှာ
အောင်မြင်နေတဲ့သူတိုင်း အနည်းနဲ့ အများဆိုသလို ကျရှုံးဖူးပါတယ်။
သို့သော်အောင်မြင်တဲ့သူတွေ က အရှုံးတွေကို အကောင်းဆုံးသင်ခန်းစာအဖြစ်မှတ်ယူပြီး နောက်တစ်ကြိမ်ပြန်လည်ကြိုးစားကြပါတယ်။
🎯နောက်ပြီးတော့ လူတိုင်းဟာ အောင်မြင်မှုကို အခုလုပ်ပြီး အခုရယူချင်ကြပါတယ်။ တကယ်တော့ အောင်မြင်မှုဆိုတာ သစ်ပင်တစ်ပင်စိုက်သလိုပါဘဲ။ အခုစိုက် အခုမကြီးထွားပါဘူး။ အချိန်အတိုင်းအတာတစ်ခုထိတော့ 
စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်း ရပါတယ်။ တရုတ်ပြည်က
အချမ်းသာဆုံးသူဌေးကြီး Jack Ma ပြောခဲ့သလိုဘဲ အောင်မြင်မှုရဖို့အတွက်
ကြိုးစားနေချိန်မှာ "ဒီနေ့ဟာ ခက်ခဲမယ်.... မနက်ဖန်ဒီထက်ပိုပြီး
ခက်ခဲမယ်.... သန်ဘက်ခါမှာသာယာလှပလာလိမ့်မ ယ်" လို့ ပြောထားပါတယ်။
🎯နောက်ဆုံးအနေနဲ့ပြောချင်တာက တော့
အောင်မြင်ဖို့ကြိုးစား နေသူတစ်ယောက်အတွက် နာရီလေးသာင်း အနည်းဆုံးလိုပါ
တယ်။ နာရီ လေးသောင်းဆိုတာ နှစ်နဲ့တွက်ကြည့်ရင် အနည်း ဆုံး
၅နှစ်လောက်ကြာပါတယ်။ ဒါကြောင့် ဘယ်ကိစ္စမဆို စစ်မှန်တဲ့အောင်မြင်မှုကိုလိုချင်ရင် အနည်းဆုံး ၅နှစ်လောက် ကြိုးစားရမယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ လောကမှာ စိတ်ရှည်သည်းခံစွာနဲ့စောင့် ဆိုင်းတတ်သူတွေသာ အောင်မြင်မှု ကိုရလေ့ရှိပါတယ်။
😀
Credit. Success and Motivation

==========================











Credit. Success and Motivation
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။