Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 30, 2017

#ဝင်ငွေနဲ့ထွက်ငွေ အားလူံးမှတ်သားဆင်ခြင်ကျပါ ပြန်လည်Shareသွားပါ

#ဝင်ငွေနဲ့ထွက်ငွေ အားလူံးမှတ်သားဆင်ခြင်ကျပါ ပြန်လည်Shareသွားပါ

ဝင်ငွေထက် ထွက်ငွေများနေတဲ့သူကို ဆင်းရဲသားလို့ခေါ်ပြီး ....

ဝင်ငွေထက် ထွက်ငွေနည်းတဲ့သူကို ချမ်းသာသူလို့ ခေါ်လေ့ရှိပါတယ်။

တစ်နည်းအားဖြင့် မိမိရဲ့ ၀င်ငွေကိုလည်း သိမယ်၊ ထွက်ငွေကိုလည်း စိစစ်နိုင်ရမယ်။

အဲဒီလူဟာ အရည်အချင်းရှိတဲ့သူဖြစ်ပြီး လစဉ်လတိုင်း ထွက်ငွေဟာ ၀င်ငွေထက်များနေပြီဆိုရင်တော့ လူညံ့ သို့မဟုတ် အရည်အချင်းမရှိသူလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။

ခရီးသွားခြင်း

တချို့ကပြောတယ်...
ခရီးသွားခြင်းက မိန်းကလေးတွေအတွက်
အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုပါတဲ့။

တချို့ကလည်းပြောတယ်...
ခရီးသွားခြင်းက မိန်းကလေးတွေကို
ပိုရည်မွန်ကျက်သရေရှိစေသတဲ့

အဖြေအားလုံးက အတူတူလောက်ပါပဲ..
သေချာတာတစ်ခုက ခရီးသွားခြင်းက သူ့ဘဝကိုပိုလှပစေတာပါပဲ။

"မည်သည့်နည်းနဲ့သွားကိုက်ကိုက်"



စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ added 3 new photos.

ZG
"မည်သည့်နည်းနဲ့သွားကိုက်ကိုက်"
======================
အသုံးဝင်ထိရောက်စေသော သွားကိုက်သွားနာဆေးနည်းတစ်လက်မှာ
(၁) ကပ်စေးနှဲသီးများကို မီးဖြင့်ကျွမ်းအောင်လှော်
(၂) အမှုန့်ထောင်းပြီး ဖန်ပုလင်းထဲထည့်
(၃) ကိုက်ပါတယ်ဆိုတဲ့ သွားကို ဆေးမှုန့်သိပ် ပေးခြင်းဖြစ်ပါတယ်။
(၄) သွားဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားမည်ဟု ဆရာကြီးရန်ရှင်းကိုယ်တိုင် မှာလိုက်ကြောင်းဖေါ်ပြထားပါတယ်။

စိတ်ပျက် ကြေကွဲနေချိန်မှာ ပြုံးပါ.....

စိတ်ပျက် ကြေကွဲနေချိန်မှာ ပြုံးပါ.....

လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။
* အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။

* စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။

* နယ်ပယ်တစ်ခုမှာ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

Organic အော်ဂဲနစ်

 
 
Organic အော်ဂဲနစ်

တောလက်ဆောင်စာလေးအောက်မှာ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေခက်တဲ့နေရာတွေမှာ ခက်နေကြောင်းနဲ့ အမြန်နည်းတွေနဲ့ မှည့်အောင်လုပ်ကြောင်းရေးလာကြတယ်။ တမြန်နေ့လောက် ကျွန်တော့်ဇနီးက ဝက်မလွတ် ခေါ် သီးမွှေးငှက်ပျောသီး အစိမ်းရောင်တဖီးဝယ်လာလို့ ဘာလဲမေးရတယ်။ အိမ်မှာတင် သဘာဝနည်းနဲ့ မှည့်အောင် လုပ်မယ်တဲ့။ ကျွန်တော်တို့ငယ်ငယ်က မုံရွာနဲ့ မင်းရွာမှာ ငှက်ပျောက်သီးကို စဥ့်အိုးထဲမှာထည့်၊ အိုးကိုမြေကြီးထဲမြှုပ်၊ ငှက်ပျော်သီးတွေအပေါ်မှာ ပွဲ့လျက်ရေပုန်းဟောင်းကို အဖြတ်လေးတွေလုပ်၊ မီးရှို့ပြီး မှည့်စေခဲ့ရတာကို သတိရတယ်။

I AM NOT JESUS(Post ဟောင်းပြန်တင်ခြင်း


Christain Bible Wisdom added 2 new photos.

I AM NOT JESUS(Post ဟောင်းပြန်တင်ခြင်း
==============================
ယုံကြည်သူတွေအိမ်မှာ အမြတ်တနိုးနဲချိတ်ဆွဲထားသော ခရစ်တော်ပုံတော်နှင့်ပတ်ပြီး ခရစ်တော်နေရာကနေ ၁၉၇၇ ခုနစ်မှာ သရုပ်ထားသောRobert Powell က အိမ် တွေ ကျောင်းတွေ ရုံးတွေ ကားတွေ လူတွေရဲကိုယ်မှာတတ်တူးထိုးတာတွေ နေရာများစွာမှာသူပုံကိုခရစ်တော်လိုအဟုတ်မှတ်ပြီးတွေ့ ရလို သူစိတ်မကောင်းဖြစ်ပြီးသူအရမ်းနာကျင်နေရပါတယ်ဟုပြောထားပါသည်၊။သူကကျနော်သည်ယေရူမဟုတ်ပါ 

ကမ္ဘာကျော်တောင်းပန်မှုများ နဲ့ ကမ္ဘာကျော် မတောင်းပန်မှုများ



ကမ္ဘာကျော်တောင်းပန်မှုများ"
• ၁၉၅၄- မြန်မာဝန်ကြီးချုပ်ဦးနုက ထိုင်းနိုင်ငံကို ၁၈ ရာစု အယုဒ္ဓယဖျက်ဆီးခဲ့မှုအတွက် တောင်းပန်။
• ၁၉၅၇- ဂျပန်ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်က လွန်ကျူးမှုများအတွက် မြန်မာနိုင်ငံကိုတောင်းပန်။
• ၂၀၀၆- ဗြိတိန်ဝန်ကြီးချုပ်က ၁၉ ရာစုမတိုင်မီက ကျွန်ကုန်ကူးခဲ့မှုအတွက် လူမည်းများကိုတောင်းပန်။
• ၂၀၁၀- ဗြိတိန်ဝန်ကြီးချုပ်က ၁၉၇၂ မြောက်အိုင်ယာလန်ဆန္ဒပြသမားများကို ပစ်သတ်ခဲ့မှုအတွက် တောင်းပန်။

ဝန်ထမ်းပုံပြင်

👨‍💻👩‍💻 ဝန်ထမ်းပုံပြင်

ကျယ်ဝန်းတဲ့ မြေကွက်လပ်ကြီးတစ်ခုမှာ လူနှစ်ယောက်

အလုပ်လုပ်နေကြပါသတဲ့ တစ်ယောက်က မြေကျင်းတူးနေ

ပြီးတစ်ယောက်က တူးပြီးသားမြေစာတွေကို ကျင်းထဲပြန်

ဖို့နေတယ် အဲ့ဒီလို လုပ်နေရင်းကြာလာတော့ ဘေးကရပ်

ကြည့်နေတဲ့ လူတစ်ယောက်က မေးတာပေါ့ " နေပါဦး

“ဖေဖေ့ကိုချစ်တယ်”

အဲဒီမှာ ရေးထားတာက.. “ဖေဖေ့ကိုချစ်တယ်” တဲ့။ သူဘယ်လိုမှမခံစားနိုင်ပဲနောက်တစ်နေ့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တယ်........😅😅😅
😅

လူတစ်ယောက်က သူ့ရဲ့ကားအသစ်ကို ပေါလစ်တိုက်နေတယ် အဲဒီအချိန်မှာ သူ့ရဲ့(၆)နှစ်အရွယ် သမီးလေးဟာ ဝက်အူလှည့်နဲ့ ကားရဲ့ဘေးခြမ်းမှာ ခြစ်လိုက်တယ်။ သူတော်တော်စိတ်ဆိုးသွားပြီး သူ့သမီးလေးရဲ့လက်ကို သတိမထားမိပဲ
ဂွနဲ့ အချက်ပေါင်းများစွာ
ထုရိုက်မိသွားတယ်။

မကြွားပါနဲ့

 
 
မကြွားပါနဲ့
xxxxxxxx

သင်ချမ်းသာတယ်ဆိုပြီး မကြွားပါနဲ့
ဆေးရုံတက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ အတူတူပဲ
သင်အလုပ်ကောင်းတယ်ဆိုပြီး မကြွားပါနဲ့
သင်လဲသွားတဲ့ တစ်နေ့ သင့်ထက်ကောင်းအောင်
လုပ်နိုင်တဲ့လူ တစ်ပုံကြီးပါ။
သင်အိမ်ကောင်းမှန်း မကြွားပါနဲ့
သင်မရှိတော့ရင် သူများအသိုက်ဖြစ်သွားမှာပဲ
သင်ကားကောင်းမှန်း မကြွားပါနဲ့
သင်ထွက်ခွါသွားတဲ့တစ်နေ့၊ ကားသော့က သူများလက်ထဲမှာပါ။
တကယ်လို့ မကြွားရလို့ မနေနိုင်ခဲ့ဘူးဆိုရင်
သင့်ကျန်းမာရေးကို ကြွားနိုင်အောင်ကြိုးစားစမ်းပါ။

Wednesday, November 29, 2017

ကိုယ်လုပ်နိုင်တာကို ကိုယ့်မှာရှိတာနဲ့ ကိုယ်ရောက်နေတဲ့နေရာမှာပဲ မဖြစ်ဖြစ်အောင် လုပ်ပါ။

 
 
ကိုယ်လုပ်နိုင်တာကို ကိုယ့်မှာရှိတာနဲ့ ကိုယ်ရောက်နေတဲ့နေရာမှာပဲ မဖြစ်ဖြစ်အောင် လုပ်ပါ။

Do what you can, with what you have, right where you are. - Theodore Roosevelt

ကျွန်တော် အကြိုက်ဆုံး ဆောင်ပုဒ်တစ်ခုပါ။ အမေရိကန် သမ္မတဟောင်း သီရိုဒိုးရုစဘတ် ပြောခဲ့တဲ့ စကားတစ်ခွန်းပါ။

ပိတုန်းလို လူလား ဆင်လိုလူလား


သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်းဟာလေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။
ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။
သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။
ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။
ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပျံသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။
သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက
လုပ်လို့ရသွားတာပါ။

ပုံပြောခြင်း (Storytelling)

ပုံပြောခြင်း (Storytelling)
++++++++++++++++++

ရေးသူ - ဒေါက်တာထက်ဇံလင်း

လူသားတွေဟာ အသိဥာဏ်မြင့်မားပြီး တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားကြတာနဲ့အမျှ နယ်ပယ် အသီးသီးမှာ အချိန်နဲ့အမျှ အမြဲတိုးတက်ပြောင်းလဲနေပါတယ်။ ကမ္ဘာလောကကြီးနဲ့ ပတ်ဝန်း ကျင်ကို အကျိုးရှိစေတဲ့ တိုးတက်မှုတွေရှိသလို တန်ပြန်ဆိုးကျိုးတွေလည်း ရှိပါတယ်။ လူသား တွေဟာ တီထွင်ကြတယ်။ ဒါကို ပိုမိုကောင်းမွန်တဲ့ဖန်တီးမှု ဖြစ်လာဖို့အတွက် အရင်တီထွင်မှုကို ပြန်ဖျက်ဆီးဖို့ ကြိုးစားကြတယ်။ ဒီလိုနဲ့ ပိုပိုပြီးနယ်ပယ်အသီးသီးမှာ ဆန်းသစ်တဲ့ ကမ္ဘာလောကကြီးကို မွေးဖွားဖို့ပြင်ဆင်ကြတယ်။ ဒါပေမဲ့ လူတွေဟာ နယ် ပယ်အသီးသီး၊ ပညာ ရပ်အားလုံးကို သိဖို့ မဖြစ်နိုင်တော့ပါဘူး။

တစ်ကမ္ဘာလုံး၏ အသည်း ကို ကိုင်လှုပ်ခဲ့သည့်မြန်မာပြည်သားတစ်ဦး၏ အာဆီယံ အဆင့် ပထမဆုရစာမူ



ZawGyiဖြင့်ဖတ်ရန်
အာဆီယံအဆင့် ပထမဆုရ စာမူ
တစ်ကမ္ဘာလုံး၏ အသည်းကို ကိုင်လှုပ်ခဲ့သည့်မြန်မာပြည်သားတစ်ဦး၏ အာဆီယံအဆင့် ပထမဆုရစာမူ
တစ်ကမ္ဘာလုံး၏ ရင်ထဲအထိရှဆုံး ဘာသာ(၆)မျိုးဖြင့် ပြန်ဆိုထုတ်ဝေခြင်းခံရသည့် မိဘအပေါ် ထားရှိသည့် ဆရာ မင်းသွေးငယ်၏ အာဆီယံအဆင့် ဘဝကိုယ်တွေ့ ဖြစ်ရပ်မှန်စာပေပြိုင်ပွဲ (Genuine Experience Based Literature Contest) ပထမဆုရ ရသစာပေ Post လေးပါ
မုဒိတာနှလုံးသားထဲက တဖိမ့်ဖိမ့် တသိမ့်သိမ့် ယိုစိမ့်လာတဲ့ စကား အမေကြားစေသော်
စာရေးဆရာ မင်းသွေးငယ် (ရာမညမြေ)

တကယ်ချစ်မိတဲ့_ချစ်သူတွေဆိုတာ

#တကယ်ချစ်မိတဲ့_ချစ်သူတွေဆိုတာ
♡♡♡♡♡♡♡♡♡♡♡♡%

၁ -#အမြဲနားလည်ပေးဖို့_မလိုဘူး

တကယ်မလိုပါဘူး
ချစ်သူက ချစ်သူဆန်ဆန်သဘာဝကျကျလေးပဲ ရှိနေပေးရုံပဲ

*****

၂ - #လိုတိုးပိုလျော့လေး_ဖြစ်ရမယ်

ကိုယ်ကောက်ရင် သူချော့ပေါ့
သူကောက်ရင် ကိုယ်ချော့မှာပေါ့
( ဦးသူကောက်ကြေးပေါ့ )

အမြဲတမ်းငွေရှိနေသူတွေရဲ့ လျှို့ဝှက်ချက်များ


ကိုယ်တွေမှာ လခရတာချင်းအတူတူပေမယ့် လလယ်လောက်ဆို လက်ထဲခြူ တပြားမရှိ ချေးပါဦး ငှားပါဦးနဲ့။ တချို့တွေများကျတော့ ခပ်အေးအေးပဲ၊ အမြဲတမ်းလိုငွေကြေး လောက်လောက်ငှငှ ရှိနေတာမြင်ရတယ်နော်။ ဒီလိုလူတွေက မနာလိုစရာကောင်းလောက်အောင် ငွေကို ဘယ်လိုသုံးတတ်နေလဲဆိုတော့ …

သတိဆိုတဲ့နေအိမ်

🌾🌾🌾
ဘဝကို စမ်းတဝါးဝါးနေကြတာ များပါတယ်။ ရမ်းပြီးတော့လုပ်နေကြတာလည်း များတယ်။ မှန်းပြီးတော့လုပ်နေကြတာလည်း ရှိတယ်။ တစ်ခါတစ်လေ ကိစ္စတစ်ခုကိုလုပ်ချင်လွန်းလို့ လုပ်တယ်။ လုပ်ပြီးလို့ တော်တော်ကြာတဲ့အခါကျမှ မလုပ်ချင်တော့ဘူး။ တစ်ခုခု လိုချင်တယ်ဆိုပြီးတော့ ရအောင်လုပ်တယ်။ ရပြီးကာမှ မလိုချင်တော့ပြန်ဘူး။ အဲဒီလိုဖြစ်တာတွေ အင်မတန်များပါတယ်။ ကိုယ့်ဘဝကိုကိုယ်ကြည့်ရင် တွေ့နိုင်ပါတယ်။ ဘုန်းကြီးကိုယ်တိုင်လည်း လိုချင်လွန်းလို့ ဖြစ်ချင်လွန်းလို့ အချိန်တွေ နှစ်တွေ အင်အားတွေ အများကြီးအကုန်ခံပြီး အပင်ပန်းခံလုပ်ခဲ့တာတွေ ရှိတယ်။

ဆုမလိုဘူး စုပဲလိုတယ်

 
 
ဆုမလိုဘူး စုပဲလိုတယ်
.
.
ဒေါ်အောင်ဆန်းစုကြည်ထံမှ Freedom of Oxford ဂုဏ်ပြုဆုကို
အောက်စဖို့ဒ်မြို့က ပြန်ရုပ်သိမ်း
******************************************************
မြန်မာအရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ
Freedom of Oxford ဂုဏ်ပြုဆုကို အောက်စဖို့ဒ်မြို့က ပြန်ရုပ်သိမ်း
လိုက်ကြောင်း နိုဝင်ဘာ ၂၈ ရက် သတင်းများက ဖော်ပြသည်။

ကျွန်တော် အသက်ကြီးပါပြီ

#ကျွန်တော် အသက်ကြီးပါပြီ

တနေ့မှာ လူတစ်ယောက်က ကျွန်တော့်ကို ခုလို ပြောလာပါတယ်။
- "ဆရာရေးတဲ့ စိတ်ဓာတ်တက်ကြွစေတဲ့ စာတွေ၊ ကြီးပွားအောင်မြင်ရေးစာတွေ ဖတ်ရတာ အားတက်မိပါတယ်။ ဒါပေမဲ့ အဲဒါတွေက လူငယ်တွေအတွက်ပဲ ကောင်းပါတယ်။ ကျွန်တော်နဲ့တော့ မကိုက်ပါဘူး ဆရာ"
- "ဘာဖြစ်လို့လဲ။ ခင်ဗျားရဲ့ ဘဝတလျှောက်လုံးအတွက် ပူပန်စရာမလိုအောင် ကြီးပွားချမ်းသာနေပြီမို့လား"
- "မဟုတ်ပါဘူး ခင်ဗျ။ လက်ရှိဘဝဟာ ဝန်ထမ်းဘဝနဲ့ ရရစားစားပါဘဲ"
- ဟင်၊ ဒါဆို ကြီးပွားအောင်မြင်ရေးနည်းတွေဟာ ခင်ဗျားနဲ့ မကိုက်ဘူးလို့ ဘာကြောင့် ပြောရတာလဲ"
- "ကျွန်တော် အသက်ကြီးသွားပြီ ဆရာ"

လောက သစ္စာ တရား၏ ဒဏ်


Zawgyi ဖြင့်ဖတ်၇န်
ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့သို့ ခရီးကြုံရောက်ခဲ့ရပြန်သည်။ ၂၀၁၆ ခုနှစ်ကုန်အံ့ဆဲဆဲ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် WYမူးယစ်ဆေးပြား ၁၄ သန်းကို စံချိန်တင်ဖမ်းမိခဲ့သော ဖြစ်စဉ်ကို အမှတ်ရမိသည်။ ထို့အတူ ထမင်းထုပ်၊ ကွမ်းထုပ်နဲ့ တောထဲမှာ ၈ ရက်ကြာကင်းထောက်ခဲ့သူကို ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ၂၀၁၇ ဇန်နဝါရီလ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ၂၀၁၆ ဒီဇင်ဘာလ၏ ချီးကျူးဂုဏ်ပြုထိုက်သူဆုရရှိခဲ့သော ကိုရာဇာဟိန်းကို သတိရမိသည်။ ထို့ကြောင့် ကိုရာဇာဟိန်းတို့နေထိုင်ရာ ရုံးလမ်းကလေးထဲသို့ ချိုးကွေ့ဝင်လာခဲ့သည်။

အခွင့်အရေးဆုံးရူံးခြင်း

အခွင့်အရေးဆုံးရူံးခြင်း
++++++++++++++

အခွင့်အရေးများဟာ အောက်ပါ စကားများကြားမှာ ကျဆုံးသွားတတ်ပါတယ်။ သင်ကော တွေ့ကြုံဖူးပါသလား။
အဲဒီ စကားများကတော့……..

၁။ လိမ်တယ်ထင်တယ်။

သေသေချာချာ သိရှိအောင်မစူးစမ်းပဲ တိုက်ရိုက် ကောက်ချက်ချတာမျိုးကို ဆိုလိုပါတယ်။ လိမ်တယ်ထားပါအုံး။ သူများက ဘာလိမ်စရာ ရှိနေလို့လဲ။ အဆိုးဆုံးအခြေအနေ ကဘယ်လိုဖြစ်သွားမှာမို့လို့လဲ၊ ချက်ချင်းကောက်ချက်မပေးသင့်တာတော့ အမှန်ပါ။

သင့်အိပ်မက်တွေကို ၀ါးမျိုဖျက်ဆီးနေသောအရာများ ဆောင်းပါး အမှတ်စဉ်(၂)

သင့်အိပ်မက်တွေကို ၀ါးမျိုဖျက်ဆီးနေသောအရာများ ဆောင်းပါး အမှတ်စဉ်(၂)

သူတပါးကိုယ့်အပေါ်ထားရှိတဲ့သဘောထားအမြင်/ဝေဖန်မှုကဲ့ရဲ့မှုတွေကို အရေးတယူလုပ်နေတဲ့စိတ်ကို ဘယ်လို ဖယ်ရှားရမလဲ???

သူတပါးရဲ့အထင်အမြင်တွေနဲ့ ကိုယ့်ဘ၀ကိုဖြတ်သန်းနေခြင်းဟာ မိမိ၏နှလုံးသားဝိဥာဉ်ကို အခြားသူအား လွတ်လွတ်လပ်လပ် မုဒိမ်းကျင့်ခွင့်ပေးနေတာနဲ့ တူပါတယ်။

Hair saloon ဆံသဆိုင်နဲ့ ကူးစက်ရောဂါ

 
 
Hair saloon ဆံသဆိုင်နဲ့ ကူးစက်ရောဂါ

ကျွန်တော်ဆံပင်သွားညှပ်တာ Shaving equipment နဲ့ ရိတ်ပေးတာ ကျွန်တော့ခေါင်းမှာ အပူဖုလေးတွေပေါက်နေတာ ဆံပင်ရိတ်စက်နဲ့ နည်းနည်းထိပြီး သွေးထွက်သွားတာဆရာ။ ကျွန်တော်အခုလိုဖြစ်တာ HIV နဲ့ B ပိုး၊ C ပိုးအပြင် တခြား ရောဂါတွေကူးနိုင်သလားဆရာ။ သွေးနဲ့ပက်သတ်ပြီး ကူးစက်တဲ့ရောဂါတွေ ရှိမရှိ စစ်လိုရပြီမလားဆရာ။

Tuesday, November 28, 2017

အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ကျော်ဖြတ်ရမယ့် ရန်သူ (၅) မျိုး


သင်တို့မှာ အိပ်မက်တစ်ခုရှိလား၊ မွေးကတည်းက မက်ခဲ့ရတဲ့အိပ်မက်ကြီး ဖြစ်ဖို့မလိုပါဘူး။
အိပ်မက်ဆိုတာ မနေ့ကမှ မက်တာကလည်း အိပ်မက်ပါပဲ။ လူတိုင်းမှာ အိပ်မက်တွေရှိပါတယ်။ လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ ကလေးတစ်ယောက်မှာလည်း အိပ်မက်ရှိနေသလို ဘီလ်ဂိတ်မှာလည်း အိပ်မက်ရှိပါတယ်။ ပြောချင်တာက လူမှန်ရင် အိပ်မက် မက်တတ်တယ် ဆိုတာပါပဲ။

အရှုံးပေးခြင်းအနုပညာ. . . .

အရှုံးပေးခြင်းအနုပညာ. . . .

အရှုံးပေးတတ်သူဟာ. . သူတစ်ပါးရင်ထဲဝင်ကြည့်တတ်သူပါ။
ဒါပေမယ့် အရှုံးပေးသူကိုယ်တိုင်ဟာ. . .အရှုံးပေးလိုက်တာလား. . .
သူတစ်ပါးကိုကျေနပ်လိုက်စေတာလားဆိုတာကွဲကွဲပြားပြားသိဖို့လိုအပ်ပါတယ်။
တကယ်တော့တစ်ဘက်လူနဲ့ပြိုင်လာရင်. . .
ဘယ်လိုနည်းနဲ့မဆိုအနိုင်လိုချင်တဲ့သူလား. . .
သူ့အရည်အချင်းကိုယ့်အရည်အချင်းကို
အပြန်အလှန်မြင့်တင်ပေးမယ့်ပြိုင်ဘက်ကောင်းလား. . .
ဒီလိုမျိုးလေးသတိထားမိဖို့လိုအပ်ပါတယ်။

ပန်းဆယ်မျိုးအကြောင်း


Knowledge Village added 10 new photos.

ပန်းဆယ်မျိုးအကြောင်း
ပန်းဆယ်မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့်
(၁)ပန်းပု
(၂)ပန်းပွတ်
(၃) ပန်းတမော့
(၄) ပန်းတဉ်း
(၅) ပန်းယွန်း
(၆) ပန်းပဲ
(၇) ပန်းချီ
(၈) ပန်းတိမ်
(၉) ပန်းတော့
(၁၀) ပန်းရံ

ဘုရားမတင်၊ နတ်မ၀င်၊ လူတွင် ဆယ်ပွင့်ပန်း(သို့)ဘုရားမတင်၊ နတ်မ၀င်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုသည်။
ရာဇောဝါဒကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း ဟူ၍ ဖွဲ့ဆိုထားသည်။

Be a better than you

 
 
( အရမ်းကောင်းလွန်းလို့ ဝေမျှပေးတာပါ
ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ် )
Be a better than you

ကိစ္စတိုင်းကို နင်မှားတယ်၊
ငါမှန်တယ် လုပ်စရာမှမဟုတ်တာ။

အိမ်သူအိမ်သားနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၅၂၈ လျော့သွားတယ်။

ချစ်သူနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၁၅၀၀ လျော့သွားတယ်။

တွင်းတူးသောကြွက်နှင့်တွင်းမတူးသောကြွက်

 
 
တွင်းတူးသောကြွက်နှင့်တွင်းမတူးသောကြွက်
_____________________________________

တစ်ခါတုန်းက တောင်ပို့ ရ်လေးတစ်ခုမှာ ကြွက်မိတ်ဆွေ နှစ်ကောင်နဲ့ အခြားကြွက်များ နေထိုင်ကြပါတယ်။ ကြွက်
မိတ်ဆွေနှစ်ကောင်ကတော့ တစ်ကောင်က မိမိဘ၀ရပ်တည်မှုအတွက် လုံခြုံမှုရစေဖို့  တွင်းကို ကိုယ်တိုင်တူးပြီး
အခြားကြွက်တွေလို နေသတဲ့။

တစ်ကောင်ကတော့ ကိုယ်တိုင် တွင်းမတူးပဲ သူများတူးထားတဲ့ တွင်းအဟောင်းတွေမှာပဲ လိုက်ပြီး ခိုအောင်း
နေတဲ့ ကြွက်ဖျင်းတစ်ကောင်ပါတဲ့လေ။ တွင်းတူးပြီးဖို့ မလို တွင်းဟောင်းတွေ ခိုနေမယ်လို့ တွေးထားတာပါ။

"လိပ်ကလေးတွေ ထံမှ သင်ခန်းစာ "

 
 
"လိပ်ကလေးတွေ ထံမှ သင်ခန်းစာ "
========================
မိခင်လိပ်မကြီးက လိပ်ကလေးပေါက်ဖို့
လှိုင်းနဲ့ဝေးတဲ့ သဲသောင်မှာဥ ဥတယ် ပြီးတော့
သဲတွေနဲ့ဥကိုဖုံးပြီး ပင်လယ်ထဲကိုပြန်လာတယ်
ဥပေါက်ဖို့အတွက်အဝေးကပဲ မေတ္ထာပို့နေတာ ..

ဒေါ်လာ ဘီလီယံနဲ့ချီ ချမ်းသာလာအောင် Sara Blakely ကြိုးစားခဲ့ပုံတွေ


တခြားလူတွေ customer ကို ဂရုစိုက်တာထက် ပိုပြီးတော့ ဂရုစိုက်တယ်

Sara Blackely ဆိုတာ တစ်ချိန်တုန်းကတော့ fax machine တွေကို အိမ်တိုင်ရာရောက် လိုက်ရောင်းခဲ့တဲ့ အရောင်းစာရေးမတစ်ဦးပါပဲ။ ခုတော့ ဘီလျံနာတစ်ဦးဖြစ်နေပါပြီ။ ကိုယ့်အားကိုယ်ကိုးပြီး ဘီလျံနာဖြစ်လာတဲ့ အမျိုးသမီးငယ်တွေထဲက တစ်ဦးအဖြစ်နဲ့ Forbes က ချီးကျူးဖော်ပြဖူးပါတယ်။ ၁၄ နှစ်အတွင်းမှာ ဒီလိုမျိုး ဘီလျံနာတစ်ဦးဘဝ ရောက်လာအောင် ဘယ်လိုတွေ ကြိုးစားခဲ့တယ်ဆိုတာကို Forbes Under 30 Summit in Philadelphia မှာ ဘလိတ်ကလီက ပြောပြထားပါတယ်။

အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ

ဒါလည်း အဟောင်းလေးပါပဲ။

အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ
........................................................

တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး
ထက်မြက်တဲ့ ဘုရင်တပါးနန်းတက်ခဲ့တယ်……
ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး
စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…..

ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့
ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့
အတွေးအ ခေါ်တွေကို သဘောကျလို့
အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..
အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….

ဘယ်လောက်ကြာကြာစိတ်ညစ်မလဲ

 
 
ဘယ်လောက်ကြာကြာစိတ်ညစ်မလဲ

တစ်ခါတုန်းက စာသင်ခန်းတစ်ခုထဲမှာ
ပရော်ဖက်ဆာကြီး တစ်ယောက်ဟာ ရေထည့်ထားတဲ့
ဖန်ခွက်တစ်ခွက်ကို ကိုင်ထားပြီး ကျောင်းသားတွေရှေ့မှာ
ရပ်နေခဲ့ပါတယ်။သူက ရေဖန်ခွက်ကို အားလုံး မြင်အောင်
မြှောက်ပြလိုက်ပြီး “ဒီဖန်ခွက် ဘယ်လောက်လေးမယ်
ထင်လဲ” လို့ မေးလိုက်ပါတယ်။ ကျောင်းသားတွေကလည်း
၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၁၂၅ ဂရမ် အစရှိသဖြင့် အပြိုင်အဆိုင်
ခန့်မှန်းပြီး ဖြေကြ ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန်လို - ဒေါက်တာအောင်ထွန်းသက် -

စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန်လို
- ဒေါက်တာအောင်ထွန်းသက် -

နိုင်ငံတော် တိုးတက်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန် လိုကြောင်း ဆရာဒေါက်တာအောင်ထွန်းသက်က ပြောဆိုထားရာ ယင်းနှင့်ပတ်သက်ပြီး . . . .

လူငယ်တွေက သင်တန်းတွေတက်ပြီးရင် ဝန်ထမ်းပဲလုပ်ကြတယ်။ သူတို့တွေ ပညာသင်နေတာဟာ လစာကောင်းကောင်းရမယ့် အလုပ်လုပ်ဖို့ပဲ ဖြစ်နေတယ်။ အဲဒီအယူအဆကို ပြောင်းလဲရမယ်။

Monday, November 27, 2017

အပြုသဘောဆောင်သောပြောင်းလဲမှုတိုင်းအတွက် သော့ချက်(၆)ချက်

အပြုသဘောဆောင်သောပြောင်းလဲမှုတိုင်းအတွက် သော့ချက်(၆)ချက်
==============================================
(၁) Show up
ပိုကောင်းတဲ့ပတ်ဝန်းကျင်တခုတည်ဆောက်ဖို့ လူတွေကို ကူညီမယ်ဆိုတဲ့စိတ်ထားကို အခြေပြုပြီး ကိုယ်လုပ်နေတာတွေကို လုပ်မယ်ဆိုရင် ဘာပဲလုပ်လုပ်စိတ်ချမ်းသာစရာကောင်းမှာသေချာပါတယ်။
ကိုယ်လုပ်နိုင်တာလေးတခုဆီကို ဒီလိုစိတ်ထားလေးနဲ့ စတင်မယ်ဆိုရင် ဘယ်အလုပ်ကိုမဆို ပျော်ရွှင်စွာလုပ်လို့ ရပါပြီ။

ချစ်တင်းနှီးနှောပြီး နောက်တစ်ရက်မှာ ဆီးစပ်အောင့်နေတယ်ဆိုရင်


အထူးသဖြင့်တော့ ပထမဦးဆုံး အကြိမ် ယောကျာ်းနဲ့ အတူနေပြီးရင် အဲ့လိုမျိုး ဆီးခုံ၊ ဆီးစပ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။
ချစ်ချစ်နဲ့ ချစ်ကြရမယ့် ကိစ္စကလည်း အရေးကြီးတယ်နော်
Marry ရဲ့ သတို့သမီးလောင်းလေးတို့ရေ လက်ထပ်တော့မယ်ဆိုတာနဲ့ မင်္ဂလာပွဲ ကျင်းပတဲ့ ကိစ္စအပြင် ကိုယ့်ရဲ့ ချစ်ချစ်နဲ့ ချစ်ကြရမယ့် ကိစ္စကလည်း အရေးကြီးတယ်နော်။ ကိုယ့်ရဲ့ ခင်ပွန်းသည်နဲ့ ချစ်တင်းနှီးနှောတဲ့ ကိစ္စဟာ စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာ ကောင်းသလို သတိထားရမယ့် ကိစ္စတွေလည်း ရှိပါတယ်။ အိမ်ထောင်ရေး တစ်ခု အဆင်ပြေ ချောမွေ့ဖို့ဆိုတာ Sex ကိစ္စရဲ့ အရေးပါ အရာရောက်မှုကိုလည်း မေ့ထားလို့မှ မရတာဘဲနော်။

သင်မထင်မှတ်ထားတဲ့ ဘီယာရဲ့ကောင်းကျိုးများ


ဘီယာသောက်ခြင်းဟာ သင့်ရဲ့ လူမှုဆက်ဆံရေးအတွက် အကျိုးပြုပေးတာတင် မဟုတ်ပါဘူး။
ဟုတ်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ တကယ်လို့ ဘီယာကို သင့်တော်မျှတတဲ့ ပမာဏ သောက်သုံးပေးမယ်ဆိုရင် သင့်အနေနဲ့ ခုလို ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိမှာ ဖြစ်ပါတယ်။

သားမွေးတိုင်း မိန်းမမြတ် မဟုတ်သလို သမီးမွေးတိုင်း မိန်းမယုတ် မဟုတ်ကြပါဘူး


တချို့က ပြောကြတယ် ဘုန်းကံမရှိလို့ သမီးမိန်းခလေးမွေးတာတဲ့
ကျွန်မတော့အဲ့ဒါကိုလက်မခံပါဘူး
ပေတေလေလွင့်ပြီး ဆိုးသွမ်းနေတဲ့သားတွေကို မွေးထားမိတဲ့မိခင်တွေဆို ငါဟာမိန်းမမြတ်လို့ ဂုဏ်ယူနိုင်မယ် မထင်ပါဘူး
သားယောက်ျားလေးမွေးရင် သာသနာဘောင်သွတ်သွင်းခွင့်ရမယ်ဆိုပြီး မြင့်မြတ်တဲ့မိခင်တွေလို့သတ်မှတ်ကြတာပါ

ဘုန်းကြီးကိုဘီးဘယ်လိုရောင်းမလဲ?

 
 
ဘုန်းကြီးကိုဘီးဘယ်လိုရောင်းမလဲ?
(သို့)
သင့်အားအကျိုးပြုမည့် အရောင်းပညာပေး ပုံပြင်တစ်ပုဒ်
(ကျေးဇူးပြု၍ မားကတ်တင်းအမြင်သက်သက်ဖြင့်သာဖတ်ရှုပေးပါ)


ကုမ္ပဏီအကြီးကြီးတစ်ခုတွင် အရောင်းကျွမ်းကျင်သူ ၃ဦးအလုပ်လျှောက်ထားခဲ့ကြသည်။ သူတို့ ၃ဦး၏ အရည်အသွေးကလည်း တူညီနေသောကြောင့် အင်တာဗျူးမေးမြန်းသူလည်း အရောင်းပြိုင်ပွဲတစ်ခုကို ပြုလုပ်ရန်ဆုံးဖြတ်ခဲ့လေတော့သည်။ ထိုပြိုင်ပွဲတွင် အများဆုံးရောင်းနိုင်နိုင်သူသည် ဆုအဖြစ်ထိုအလုပ်ကို ရရှိမည်ဖြစ်သည်။

လိုချင်တဲ့ ရလဒ်ရဖို့ တုံ့ပြန်မှုကို ပြောင်းလဲပါ



ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.

#လိုချင်တဲ့ ရလဒ်ရဖို့ တုံ့ပြန်မှုကို ပြောင်းလဲပါ
လူတွေ အတော်များဟာ သူတို့ရောက်နေကြတဲ့ အခြေအနေကို မကျေနပ်တဲ့အခါ မိမိချုပ်ကိုင်စိုးမိုးလို့ မရတဲ့ ပတ်ဝန်းကျင် အခြေအနေကို အပြစ်တင်တတ်ကြတယ်။ သူတို့ ဆင်းဆင်းရဲရဲ ဖြစ်နေတာ မိဘတွေ ဆင်းရဲလို့၊ အစိုးရမကောင်းလို့၊ ပညာရေးစနစ် မကောင်းလို့၊ ကားတွေ ကြပ်လို့၊ ရာသီဥတု မကောင်းလို့ စသဖြင့် အပြစ်တင်တတ်ကြတယ်။ သူတို့စဉ်းစားမိသမျှ အားလုံးကို အပြစ်တင်တတ်ကြတယ်။ သူတို့ အပြစ်မတင်တာ သူတို့ကိုယ်တိုင်ကိုပါပဲ။ သင်လည်း အဲဒီလို လူမျိုးထဲမှာ ပါနိုင်ပါတယ်။

Sunday, November 26, 2017

☆မိတ်ဆွေကောင်းဟူသည်☆

☆မိတ်ဆွေကောင်းဟူသည်☆
¤¤¤¤¤¤¤¤《¤》¤¤¤¤¤¤¤¤

#အချိန်ရရင်အားလုံးကိုဖတ်စေချင်ပါတယ်

တခါတုန်းက တောတတောမှာ
တိရစ္ဆာန်ပေါင်းစုံ မိတ်ဆွေဖွဲ့၍နေကြသတဲ့
တနေ့သောအခါမှာ တခြား ဒေသမှ မြေခွေး တကောင်လာပြီး ဆိတ်ငယ်အား ဖမ်းစားရန်ကြံစည် ရှာသတဲ့....

ထိုအခါမှာ ဆိတ်ငယ်လေးမှာ တကောင်တည်းမို့
မိတ်ဆွေတို့ "ကယ်ကြပါဦး၂"လို့ အသံကုန်အောင်
အော်နေပါတော့တယ်....