စကားပြောကောင်းအောင် ဘယ်လိုပြောဆိုသင့်သလဲ…???
.......................... .......................... .......................... ....
စကားပြောကောင်းဖို့လိုသလို၊
အကောင်းတွေပြောဖို့ကလဲ လူမှုရေးစည်းကမ်းတခုပါပဲ။ စကားပြောနည်း အတက်ပညာဟာ
လူတိုင်းအတွက် နေ့စဉ်ပြုလုပ်နေရတဲ့ အချက်ဖြစ်သလို လုပ်ငန်းကိစ္စတွေ၊
မိတ်ဆွေသူငယ်ချင်းကိစ္စ၊ ပတ်ဝန်းကျင်ရေးရာ၊ ကိုယ်ရေးကိုယ်တာ၊
နေ့စဉ်ဆက်သွယ်ပြောဆိုမှုတွေရဲ့ (၈၀%) ဟာ ပြောဆိုဆက်ဆံရေးပင် ဖြစ်ပါတယ်။
အလုပ်များများလုပ်လာလေလေ လူအများနဲ့ဆက်ဆံပြောဆို ရလေဖြစ်တဲ့အခါ စကားပြောနည်းတွေကို လေ့လာထားဖို့လိုမှာဖြစ်ပါတယ်။
ကျောင်းသားအများစုက ကျွန်တော်စကားပြောရင် ရှင်းလင်းတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ ပြောကြတယ်၊ တကယ်တော့ ကျွန်တော်ဟာ စကားပြောကောင်းသူတဦးမဟုတ်ပဲ… စကားပြောနည်းအတက်ပညာအတိုင်း ပြောဆိုနေခြင်းကြောင့်သာဖြစ်ပါလိမ့်မယ်။ ဒီပညာဟာ လူတိုင်းလေ့ကျင့်ရမှာဖြစ်ပါ တယ်။
စကားပြောထူးချွန်ဖို့အတွက် စကားပြောကောင်းသူတွေရဲ့ အမူအရာ၊ ပြောဟန်ဆိုဟန်တွေကို လေ့လာရမှာဖြစ်ပါတယ်။ တခါက ဆရာကြီးမင်းသိင်္ခရဲ့ စကားပြောနည်းလမ်းညွှန်ချက်ကို
လေ့လာခဲ့ဖူးပါတယ်။ (စကားပြောရာမှာ - စိတ်ငြိမ်ရမယ်၊ ရုပ်ငြိမ်ရမယ်၊
အသံငြိမ်ရမယ်၊ လူတိုင်းရဲ့ ရင်ထဲရောက်အောင် ပြောနိုင်ရမယ်) ဒီအချက်တွေဟာ
လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်အောင် ကြိုးစားယူနိုင်မှာဖြစ်ပါတယ်။
(၁) တဖက်သူပြောရန် အားပေးပါ
(မေးခွန်းမေးခြင်းဖြင့် တပါးသူပြောဖို့ ကိုယ်နားထောင်လေ သူအားတက်လေပဲ)
(၂) ရိုးရိုးရှင်းရှင်း သဲသဲကွဲကွဲ တိုက်ရိုက်ပြောပါ
(နားလည်လွယ်တဲ့ လိုရင်းတိုရင်း ပြောတာ ပိုအကျိုးရှိစေပါတယ်)
(၃) စိတ်ရှည်လက်ရှည် နားထောင်ဖို့ကြိုးစားပါ
(ကိုယ့်ရဲ့နားထောင်မှုဟာ တဖက်ရဲ့စိတ်ကျေနပ်မှုကိုဖြစ် စေတယ်)
(၄) မဆန့်ကျင်ပဲ ကြားဖြတ်ပြောတာမျိုးသုံးပါ
(ကိုယ်တိုင်အပစ်တင်စကားမျိုးစပြီး အကြံပေးတာမျိုးဖြင့်သုံးစေပါ)
(၅) အဖြစ်အပျက်နဲ့ ဥပမာတွေကို အသုံးပြုပါ
(ဆင်တူရိုးမှားဖြစ်စေတဲ့ ဥပမာတချို့ဖြင့် လိုရင်းတိုရှင်းတင်ပြပါ)
(၆) တပါးသူအား မထိလေးစား မပြောမိပါစေနဲ့
(မခန့်လေးစားပြောရာမရောက်ဖို့ မထိမဲ့မြင် မပြောမိဖို့လိုပါတယ်)
(၇) အလျှင်စလို ဖုတ်ပူမီးတိုက် မပြောပါစေနဲ့
(ဖြည်းဖြည်းနဲ့မှန်မှန် သတိထားပြီး အေးဆေးတည်ငြိမ်စွာပြောပါ)
(၈) စကားများကို ခေတ္တရပ်ဆိုင်းမှု အသုံးပြုပါ
(ကိုယ် နဲ့ သူ စဉ်းစားချိန်အတွက် အနည်းငယ်နားဖို့ လိုပါတယ်)
(၉) သတင်းစကားတွေ အပိုအလျံမပေးမိပါစေနဲ့
(ကိုယ်စိတ်အားထက်သန်ပေမဲ့ တဖက်သူနားလျံမှု ဖြစ်နိုင်တယ်)
(၁၀) တဖက်သူဆီက ပြန်ကြားချင်တဲ့အသံ ကိုယ်ကအရင်ပေးပါ
(ကိုယ်ပေးတဲ့အတိုင်း တပါးသူပြန်ပေးပါလိ့မ်မယ်)
(၁၁) အသက်ဝင်ပြီး အားပါတဲ့ဟန်မျိုးထိန်းပါ
(တက်ကြွစွာပြောဆိုမှုဟာ တဖက်သူသို့ လွှမ်းမိုးအားဖြစ်စေတယ်)
(၁၂) တပါးသူထံမှ ခွင့်ပြုချက်တောင်းပါ
(ကိုယ် ဘာကူညီပေးနိုင်မလဲဆိုတဲ့ မေးခွန်းဟာ ရှေ့ဆက်ဆံရေးဖြစ်ပါတယ်)
(၁၃) ဒေါသနဲ့ ရန်လိုမှုကို သိမ်မွေ့စွာ တုန့်ပြန်ပါ
(အမုန်း-အမှန်မမြင်မှုကို မေတ္တာ-အမှန်မြင်မှုဖြင့် အနိုင်ယူပါတယ်)
(၁၄) အကြံတောင်းလာပါက ဆန္ဒမစောမိပါစေနဲ့
(ပိုကောင်းတဲ့ ရလဒ်ဆိုတာ အချိန်ခဏတာယူ တုန့်ပြန်ဖို့လိုတယ်)
(၁၅) စိတ်ဝင်စားမှုနဲ့ ကိစ္စအပေါ် အာရုံစိုက်ပါ
(သတိရှိရှိ အာရုံစိုက်နေခြင်းဟာ ပြောဆိုတုန့်ပြန်မှုကို အကျိုးရှိစေတယ်)
စကားအပြောကောင်းမွန်မှုနဲ့ ပတ်သတ်ပြီး (အဓိက) အချက်တွေကို တင်ပြရင်တော့… ကိုယ့်ပြောမည့်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ အကြံပေးစကားမျိုးပြောတာမျိုး၊
ပြောတဲ့သူအပေါ်မှာ မျက်လုံးစုံပြီး ခေါင်းညိတ်အမူအရာနဲ့
စိတ်ဝင်စားမှုပြနေတာမျိုး၊ တခါတခါ မေးခွန်းမေးပြီး သူရဲ့ပြောဆိုလာမှုကို
လက်ခံတာမျိုး၊ ပြောဆိုမှုရဲ့ အကြောင်းအရာအပေါ် လမ်းမလွဲအောင်
ဦးတည်ပြောတာမျိုး စတဲ့ စတဲ့ စကားပြောနည်း အတက်ပညာတွေကို ပေါင်းစပ်ပြီး
လူမှုဝန်းကျင်မှာ စကားပြောဆိုနေထိုင်ခြင်းဖြင့် သင့်ရဲ့လူမှုအောင်မြင်မှုတွေဟာ တိုးတက်လာမှာဖြစ်ပါတယ်။
ကျွန်တော်အတွေ့အကြုံအရ မြန်မာနိုင်ငံအနှံ့ မြို့များစွာ၊ လူပေါင်းသောင်းချီတဲ့ ဟောပြောသင်ကြားမှုတွေရဲ့ အောင်မြင်မှုတချို့ဟာ (စကားပြောနည်းအတက်ပညာက) များစွာ ကူညီစေခဲ့လို့ အားလုံးအတွက် ပြန်လည်မျှဝေပေးထားပါတယ်။ သိသွားတဲ့အချက်တွေကို လက်တွေ့ပြန်လည်အသုံးချကြည့် ပါ၊ ကျင့်ကြံပြောဆိုကြည့်ပါ၊ လူမှုဝန်းကျင်မှာ အကျိုးထူးလာပါလိမ့်မယ်။
တပါးသူလက်ခံလာအောင် ပြောဆိုခြင်းဟာ လူတဦးအပေါ်မှာ လွမ်းမိုးနိုင်စေဖို့ အကောင်းဆုံးသော ပညာပင်ဖြစ်ပါတယ်။ အကြောင်းအရာအတူတူ ပြောဆိုကြပေမဲ့ သင်ပြောဆိုမှုကို လူတိုင်းလက်ခံတာဟာ (စကားပြောနည်း) အတက်ပညာရဲ့ အကျိုးကျေးဇူးပင်ဖြစ်ပါလိမ့်မယ်။
စကားပြောကောင်းပြီး… ကောင်းတာတွေပြောပြီး… ကောင်းတဲ့ပတ်ဝန်းကျင်တခုမှာ အောင်မြင်ပါစေ… မျှဝေလျှက်ပါ။
ဆန္ဒမွန်ဖြင့်...
ဇင်ဖြိုးပိုင် (MESI Business Institute)
Credit. To. ကျောက်သင်ပုန်း
..........................
စကားပြောကောင်းဖို့လိုသလို၊
အလုပ်များများလုပ်လာလေလေ လူအများနဲ့ဆက်ဆံပြောဆို ရလေဖြစ်တဲ့အခါ စကားပြောနည်းတွေကို လေ့လာထားဖို့လိုမှာဖြစ်ပါတယ
ကျောင်းသားအများစုက ကျွန်တော်စကားပြောရင် ရှင်းလင်းတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ ပြောကြတယ်၊ တကယ်တော့ ကျွန်တော်ဟာ စကားပြောကောင်းသူတဦးမဟုတ်ပ
စကားပြောထူးချွန်ဖို့အတွက် စကားပြောကောင်းသူတွေရဲ့ အမူအရာ၊ ပြောဟန်ဆိုဟန်တွေကို လေ့လာရမှာဖြစ်ပါတယ်။ တခါက ဆရာကြီးမင်းသိင်္ခရဲ့ စကားပြောနည်းလမ်းညွှန်ချက်ကု
(၁) တဖက်သူပြောရန် အားပေးပါ
(မေးခွန်းမေးခြင်းဖြင့် တပါးသူပြောဖို့ ကိုယ်နားထောင်လေ သူအားတက်လေပဲ)
(၂) ရိုးရိုးရှင်းရှင်း သဲသဲကွဲကွဲ တိုက်ရိုက်ပြောပါ
(နားလည်လွယ်တဲ့ လိုရင်းတိုရင်း ပြောတာ ပိုအကျိုးရှိစေပါတယ်)
(၃) စိတ်ရှည်လက်ရှည် နားထောင်ဖို့ကြိုးစားပါ
(ကိုယ့်ရဲ့နားထောင်မှုဟာ တဖက်ရဲ့စိတ်ကျေနပ်မှုကိုဖြစ်
(၄) မဆန့်ကျင်ပဲ ကြားဖြတ်ပြောတာမျိုးသုံးပါ
(ကိုယ်တိုင်အပစ်တင်စကားမျို
(၅) အဖြစ်အပျက်နဲ့ ဥပမာတွေကို အသုံးပြုပါ
(ဆင်တူရိုးမှားဖြစ်စေတဲ့ ဥပမာတချို့ဖြင့် လိုရင်းတိုရှင်းတင်ပြပါ)
(၆) တပါးသူအား မထိလေးစား မပြောမိပါစေနဲ့
(မခန့်လေးစားပြောရာမရောက်ဖု
(၇) အလျှင်စလို ဖုတ်ပူမီးတိုက် မပြောပါစေနဲ့
(ဖြည်းဖြည်းနဲ့မှန်မှန် သတိထားပြီး အေးဆေးတည်ငြိမ်စွာပြောပါ)
(၈) စကားများကို ခေတ္တရပ်ဆိုင်းမှု အသုံးပြုပါ
(ကိုယ် နဲ့ သူ စဉ်းစားချိန်အတွက် အနည်းငယ်နားဖို့ လိုပါတယ်)
(၉) သတင်းစကားတွေ အပိုအလျံမပေးမိပါစေနဲ့
(ကိုယ်စိတ်အားထက်သန်ပေမဲ့ တဖက်သူနားလျံမှု ဖြစ်နိုင်တယ်)
(၁၀) တဖက်သူဆီက ပြန်ကြားချင်တဲ့အသံ ကိုယ်ကအရင်ပေးပါ
(ကိုယ်ပေးတဲ့အတိုင်း တပါးသူပြန်ပေးပါလိ့မ်မယ်)
(၁၁) အသက်ဝင်ပြီး အားပါတဲ့ဟန်မျိုးထိန်းပါ
(တက်ကြွစွာပြောဆိုမှုဟာ တဖက်သူသို့ လွှမ်းမိုးအားဖြစ်စေတယ်)
(၁၂) တပါးသူထံမှ ခွင့်ပြုချက်တောင်းပါ
(ကိုယ် ဘာကူညီပေးနိုင်မလဲဆိုတဲ့ မေးခွန်းဟာ ရှေ့ဆက်ဆံရေးဖြစ်ပါတယ်)
(၁၃) ဒေါသနဲ့ ရန်လိုမှုကို သိမ်မွေ့စွာ တုန့်ပြန်ပါ
(အမုန်း-အမှန်မမြင်မှုကို မေတ္တာ-အမှန်မြင်မှုဖြင့် အနိုင်ယူပါတယ်)
(၁၄) အကြံတောင်းလာပါက ဆန္ဒမစောမိပါစေနဲ့
(ပိုကောင်းတဲ့ ရလဒ်ဆိုတာ အချိန်ခဏတာယူ တုန့်ပြန်ဖို့လိုတယ်)
(၁၅) စိတ်ဝင်စားမှုနဲ့ ကိစ္စအပေါ် အာရုံစိုက်ပါ
(သတိရှိရှိ အာရုံစိုက်နေခြင်းဟာ ပြောဆိုတုန့်ပြန်မှုကို အကျိုးရှိစေတယ်)
စကားအပြောကောင်းမွန်မှုနဲ့ ပတ်သတ်ပြီး (အဓိက) အချက်တွေကို တင်ပြရင်တော့… ကိုယ့်ပြောမည့်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ အကြံပေးစကားမျိုးပြောတာမျို
ကျွန်တော်အတွေ့အကြုံအရ မြန်မာနိုင်ငံအနှံ့ မြို့များစွာ၊ လူပေါင်းသောင်းချီတဲ့ ဟောပြောသင်ကြားမှုတွေရဲ့ အောင်မြင်မှုတချို့ဟာ (စကားပြောနည်းအတက်ပညာက) များစွာ ကူညီစေခဲ့လို့ အားလုံးအတွက် ပြန်လည်မျှဝေပေးထားပါတယ်။ သိသွားတဲ့အချက်တွေကို လက်တွေ့ပြန်လည်အသုံးချကြည့်
တပါးသူလက်ခံလာအောင် ပြောဆိုခြင်းဟာ လူတဦးအပေါ်မှာ လွမ်းမိုးနိုင်စေဖို့ အကောင်းဆုံးသော ပညာပင်ဖြစ်ပါတယ်။ အကြောင်းအရာအတူတူ ပြောဆိုကြပေမဲ့ သင်ပြောဆိုမှုကို လူတိုင်းလက်ခံတာဟာ (စကားပြောနည်း) အတက်ပညာရဲ့ အကျိုးကျေးဇူးပင်ဖြစ်ပါလိမ့
စကားပြောကောင်းပြီး… ကောင်းတာတွေပြောပြီး… ကောင်းတဲ့ပတ်ဝန်းကျင်တခုမှာ
ဆန္ဒမွန်ဖြင့်...
ဇင်ဖြိုးပိုင် (MESI Business Institute)
Credit. To. ကျောက်သင်ပုန်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။