__________________________ ______
#မျှော်လင့်ခြင်းထမင်းသိုးများ
__________________________ ______
ညနေခင်းတွေဟာ
ဒီကမ္ဘာမြေပေါ်က မြို့ရွာတွေအပေါ်
ဘယ်လိုများ ကျရောက်ခဲ့သလဲ။
ဟော ဒီလိုများ
တစ်နေရာရာမှာတော့
ကျရောက်ခဲ့မယ် ထင်တာပဲ။
ငါးရှဥ့်သွေးရောင် ကောင်းကင်လမ်းမှာ
ငန်းမွေးရောင် ဘောင်းဘီ
မြင်းချေးရောင် ဖိနပ်
တိမ်သားရောင်စုံ ရှပ်အင်္ကျီကောင်းဝတ်လို့
ညနေခင်းဟာ
လေညှင်းခံထွက်နေတယ်။
အဲ့ဒီမှာ
လေညင်းကလည်း
နှင်းဆီခင်းတွေထဲ လူးလှိမ့်လာခဲ့လို့
နှင်းဆီနံ့တွေနဲ့
ကိုယ်လက်နှီးနှောခဲ့လို့မို့ 
ညနေခင်းဟာ မွှေးပြီးနေပါလိမ့်မယ်။
ဒါမှမဟုတ်ရင်လည်း
ဖန်ကလပ်ထဲမှာ
ဝိုင်ပုလင်းထဲမှာ
ညနေခင်းဟာ တစ်ကိုယ်လုံးဆင်းစိမ်ပြီး
စည်းစိမ်ယစ်မူး ပျော်ပါးနေတာလည်း
ကမ္ဘာမြေ တစ်နေရာက
မြို့တစ်မြို့မှာ
ရှိတန်ကောင်းရဲ့လေ။
ဒီမှာ
ဟောဒီမှာ
ရန်ကုန်အစွန်
ငမိုးရိပ်ချောင်းစပ်နားက၊
ထားပါ ...
လယ်ကွင်းတွေ ဝိုင်းရံထားလို့မို့
လယ်ကွင်းတွေနဲ့ ရန်ကုန်မှာပေါ့။
၇ ပေ၊ ၁၀ ပေ အခန်းတစ်ခုထဲမှာ
ညနေခင်းဟာ ...
ဆာလောင်ခြင်း ဒီရေတက်ပြီး
ညနေခင်းဟာ ...
လူဆန်ချင်နေရှာပါတယ်။
ဒီအခန်းမှာ
ညနေခင်းမှာ
ဝမ်းစာသင်္ဘောဟာလည်း
ဆိုက်ကပ်မလာခဲ့သေးပါဘူး။
ဒီမှာတော့
ညနေခင်းဟာ
အထိအခိုက် အကျ အရှုံးများစွာနဲ့
သူဆင်းရဲသား ဖြစ်ခဲ့ရှာရဲ့။
ဒီညနေခင်း
အလင်းဝပ်အား ပိန်ပိန်မှာ
နို့တိုက်နေတဲ့ ကလေးအမေ
အသက်ငယ်ငယ် အရွယ်အိုအို
လူသားအရောင်အဝါ မှိန်မှိန်
တစ်လွှာပြီး တစ်လွှာပေါ့
ဒီမိန်းမသားရဲ့ မျက်နှာမှာ
မျှော်လင့်ခြင်း အရေပြားတွေ ကွာကျ ၊
ဒီလိုမျိုး
မျှော်လင့်ခြင်းကို
ညနေခင်းကို
စောင့်မျှော်ခြင်းကို
ဆာလောင်ခြင်းကို
ဘဝကို
မျိုမျိုချ ခဲ့ရလွန်းလို့
စောင့်မျှော်ခြင်းနာရီများသာ
ခရီးထွက်သွားမယ်ဆိုရင်
ခုလောက်ဆို
နယူးယောက်မြို့ကို ရောက်လောက်ပြီလို့
ဒီလိုမျိုး တွေးမိလေသလား။
သားသည်အမေ အဘွားအိုမလေး
လမ်းမမျှော် သူ့မျက်နှာကို
ခါယမ်းလိုက်တာ
သူ့ကလေးတွေကို လှမ်းကြည့်မိရဲ့။
အခန်းထောင့် ဖျာကြမ်းစုတ်စုတ်မှာ
ဖျားနာနေတဲ့ ကလေး
စောင်ခြုံလို့၊
တကယ်တော့
ကလေးရော စောင်ပါ ဖျားနာနေခဲ့ပါပြီ။
ထမင်းဆာလွန်းတဲ့ ကလေး
တအီအီနဲ့ ဒီတက်လို့၊
ဒီမှာ
သူလက်လာတိုးတဲ့ သွေးက
သူ့ကလေးတွေ သူ့ရင်ခွင်မှာ
သူ့မျက်စိအောက်မှာပေမယ့်
သူ့ကလေးတွေနဲ့ သူနဲ့
ကမ်းဝေးနေတာ မြင်ရ
သူ့သက်ပြင်း မီးသင်္ဘောဟာ
မီးခိုးတအူအူနဲ့ ထွက်ခွာသွားတော့ရဲ့။
ဒီမှာ
သူ့အသက်ရှင်ခြင်းအပေါ်
ခပ်ရိုင်းရိုင်း ရိုက်ထားတဲ့
သံကျစ်ဆူးကြိုးကိုနှုတ်ဖို့ လှုပ်လိုက်တော့
"အိမ်ကထွက်သွားတဲ့ အိမ်သားဟာ
အသိုက်က ထွက်သွားတဲ့ ငှက်ပေါ့လေ"တဲ့
ငှက်ခတ်သမားနဲ့တွေ့လို့များ
အသက်ပါသွားလေသလား၊
မျက်လုံးတစ်ဘက်တည်းနဲ့ပဲ
အိမ်ပြန်လာလေမလား၊
လက်ကျိုးပြီးပြန်လာမလား၊
ခြေတစ်ဘက်တည်းနဲ့ပဲ အိမ်ပြန်လာမလား၊
သူ့နှလုံးသားကို
အဲဒီလို
သွားပွတ်သပ်မိရှာတယ်။
နောက်ဆုံး
အကောင်းဆုံး
ကလေးအမေ သူဆင်းရဲသားရဲ့မယား
ဒီလို တွေးရှာတယ်
အူဟောင်းလောင်းနဲ့ပေါ့
ဒီထက်ကောင်းတဲ့ ညစာမျိုး
မရှိတော့ပါဘူးတဲ့။
စားရေရိက္ခာတွေ
မပါလာရင်လည်း
(မိမွေးတိုင်း ဖမွေးတိုင်း)
ကောင်းမွန်ချောမောစွာ
အိမ်ပြန်ရောက်လာရင်ပဲ တော်ပါပြီ...တဲ့
ဒီလိုနဲ့
မျှော်လင့်ခြင်းဟာ
ထမင်းအသိုးများသာ ဖြစ်ခဲ့တယ်။
ဒီထမင်းအသိုးများပဲ
ချ ဉ်ခြင်းပြင်းစွာ ဖြစ်မိပါသတဲ့
အဆွေခင်ပွန်းကောင်း ညနေရေ။
#မောင်ချောနွယ်(၁၉၄၉-၂၀၀၂)
#မျှော်လင့်ခြင်းထမင်းသိုးမ
__________________________
ညနေခင်းတွေဟာ
ဒီကမ္ဘာမြေပေါ်က မြို့ရွာတွေအပေါ်
ဘယ်လိုများ ကျရောက်ခဲ့သလဲ။
ဟော ဒီလိုများ
တစ်နေရာရာမှာတော့
ကျရောက်ခဲ့မယ် ထင်တာပဲ။
ငါးရှဥ့်သွေးရောင် ကောင်းကင်လမ်းမှာ
ငန်းမွေးရောင် ဘောင်းဘီ
မြင်းချေးရောင် ဖိနပ်
တိမ်သားရောင်စုံ ရှပ်အင်္ကျီကောင်းဝတ်လို့
ညနေခင်းဟာ
လေညှင်းခံထွက်နေတယ်။
အဲ့ဒီမှာ
လေညင်းကလည်း
နှင်းဆီခင်းတွေထဲ လူးလှိမ့်လာခဲ့လို့
နှင်းဆီနံ့တွေနဲ့
ကိုယ်လက်နှီးနှောခဲ့လို့မို
ညနေခင်းဟာ မွှေးပြီးနေပါလိမ့်မယ်။
ဒါမှမဟုတ်ရင်လည်း
ဖန်ကလပ်ထဲမှာ
ဝိုင်ပုလင်းထဲမှာ
ညနေခင်းဟာ တစ်ကိုယ်လုံးဆင်းစိမ်ပြီး
စည်းစိမ်ယစ်မူး ပျော်ပါးနေတာလည်း
ကမ္ဘာမြေ တစ်နေရာက
မြို့တစ်မြို့မှာ
ရှိတန်ကောင်းရဲ့လေ။
ဒီမှာ
ဟောဒီမှာ
ရန်ကုန်အစွန်
ငမိုးရိပ်ချောင်းစပ်နားက၊
ထားပါ ...
လယ်ကွင်းတွေ ဝိုင်းရံထားလို့မို့
လယ်ကွင်းတွေနဲ့ ရန်ကုန်မှာပေါ့။
၇ ပေ၊ ၁၀ ပေ အခန်းတစ်ခုထဲမှာ
ညနေခင်းဟာ ...
ဆာလောင်ခြင်း ဒီရေတက်ပြီး
ညနေခင်းဟာ ...
လူဆန်ချင်နေရှာပါတယ်။
ဒီအခန်းမှာ
ညနေခင်းမှာ
ဝမ်းစာသင်္ဘောဟာလည်း
ဆိုက်ကပ်မလာခဲ့သေးပါဘူး။
ဒီမှာတော့
ညနေခင်းဟာ
အထိအခိုက် အကျ အရှုံးများစွာနဲ့
သူဆင်းရဲသား ဖြစ်ခဲ့ရှာရဲ့။
ဒီညနေခင်း
အလင်းဝပ်အား ပိန်ပိန်မှာ
နို့တိုက်နေတဲ့ ကလေးအမေ
အသက်ငယ်ငယ် အရွယ်အိုအို
လူသားအရောင်အဝါ မှိန်မှိန်
တစ်လွှာပြီး တစ်လွှာပေါ့
ဒီမိန်းမသားရဲ့ မျက်နှာမှာ
မျှော်လင့်ခြင်း အရေပြားတွေ ကွာကျ ၊
ဒီလိုမျိုး
မျှော်လင့်ခြင်းကို
ညနေခင်းကို
စောင့်မျှော်ခြင်းကို
ဆာလောင်ခြင်းကို
ဘဝကို
မျိုမျိုချ ခဲ့ရလွန်းလို့
စောင့်မျှော်ခြင်းနာရီများသ
ခရီးထွက်သွားမယ်ဆိုရင်
ခုလောက်ဆို
နယူးယောက်မြို့ကို ရောက်လောက်ပြီလို့
ဒီလိုမျိုး တွေးမိလေသလား။
သားသည်အမေ အဘွားအိုမလေး
လမ်းမမျှော် သူ့မျက်နှာကို
ခါယမ်းလိုက်တာ
သူ့ကလေးတွေကို လှမ်းကြည့်မိရဲ့။
အခန်းထောင့် ဖျာကြမ်းစုတ်စုတ်မှာ
ဖျားနာနေတဲ့ ကလေး
စောင်ခြုံလို့၊
တကယ်တော့
ကလေးရော စောင်ပါ ဖျားနာနေခဲ့ပါပြီ။
ထမင်းဆာလွန်းတဲ့ ကလေး
တအီအီနဲ့ ဒီတက်လို့၊
ဒီမှာ
သူလက်လာတိုးတဲ့ သွေးက
သူ့ကလေးတွေ သူ့ရင်ခွင်မှာ
သူ့မျက်စိအောက်မှာပေမယ့်
သူ့ကလေးတွေနဲ့ သူနဲ့
ကမ်းဝေးနေတာ မြင်ရ
သူ့သက်ပြင်း မီးသင်္ဘောဟာ
မီးခိုးတအူအူနဲ့ ထွက်ခွာသွားတော့ရဲ့။
ဒီမှာ
သူ့အသက်ရှင်ခြင်းအပေါ်
ခပ်ရိုင်းရိုင်း ရိုက်ထားတဲ့
သံကျစ်ဆူးကြိုးကိုနှုတ်ဖို့
"အိမ်ကထွက်သွားတဲ့ အိမ်သားဟာ
အသိုက်က ထွက်သွားတဲ့ ငှက်ပေါ့လေ"တဲ့
ငှက်ခတ်သမားနဲ့တွေ့လို့များ
အသက်ပါသွားလေသလား၊
မျက်လုံးတစ်ဘက်တည်းနဲ့ပဲ
အိမ်ပြန်လာလေမလား၊
လက်ကျိုးပြီးပြန်လာမလား၊
ခြေတစ်ဘက်တည်းနဲ့ပဲ အိမ်ပြန်လာမလား၊
သူ့နှလုံးသားကို
အဲဒီလို
သွားပွတ်သပ်မိရှာတယ်။
နောက်ဆုံး
အကောင်းဆုံး
ကလေးအမေ သူဆင်းရဲသားရဲ့မယား
ဒီလို တွေးရှာတယ်
အူဟောင်းလောင်းနဲ့ပေါ့
ဒီထက်ကောင်းတဲ့ ညစာမျိုး
မရှိတော့ပါဘူးတဲ့။
စားရေရိက္ခာတွေ
မပါလာရင်လည်း
(မိမွေးတိုင်း ဖမွေးတိုင်း)
ကောင်းမွန်ချောမောစွာ
အိမ်ပြန်ရောက်လာရင်ပဲ တော်ပါပြီ...တဲ့
ဒီလိုနဲ့
မျှော်လင့်ခြင်းဟာ
ထမင်းအသိုးများသာ ဖြစ်ခဲ့တယ်။
ဒီထမင်းအသိုးများပဲ
ချ ဉ်ခြင်းပြင်းစွာ ဖြစ်မိပါသတဲ့
အဆွေခင်ပွန်းကောင်း ညနေရေ။
#မောင်ချောနွယ်(၁၉၄၉-၂၀၀၂)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။