🇾🇪 လွတ်လပ်သောစိတ် 🇾🇪
🌾🌾🌾
သာမန်အားဖြင့် လူတွေဟာ စိတ်ဆိုးစရာ ဒေါသဖြစ်စရာ တစ်ခုခုဖြစ်လာပြီးဆိုရင် "ငါ စိတ်ဆိုးတယ်။ သူတို့က ငါ့ကိုစိတ်ဆိုးအောင် လုပ်တယ်" လို့ တွေးရင်လည်း တွေးတတ်တယ်။ စဉ်းစားကြည့်နော်။ ငါ စိတ်ဆိုးတယ်ဆိုတာ ငါ့စိတ်ကို ဒေါသကအနိုင်ယူသွားပြီဆိုတဲ့ အဓိပ္ပာယ်ပေါ်မနေဘူးလား။ အဲဒီအဓိပ္ပာယ် ပေါ်နေတယ်နော်။ ငါ့စိတ်ကို ဒေါသကအနိုင်ယူသွားပြီးဆိုရင် ငါဟာ လွတ်လပ်တဲ့သူဟုတ်ရဲ့လား။
🌾🌾🌾
ငါ့ကိုစိတ်ဆိုးအောင် သူတို့ကလုပ်တယ်ဆိုရင်လည်း ငါ့ကို သူတစ်ပါးကစိတ်ဆင်းရဲအောင်လု ပ်နေတယ်လို့ အဓိပ္ပာယ်ပေါက်နေတယ်။ ဒါဆိုရင် ကိုယ့်စိတ်ကို သူများက ထင်တိုင်းခြယ်လှယ်လို့ရနေပြီပေါ့။ ကိုယ့်စိတ်ကို သူများက ဝမ်းနည်းအောင် ဝမ်းသာအောင် လုပ်လို့ရနေပြီဆိုရင်ကိုယ်ပဲ ကိုယ်က သူတို့လက်ခုပ်ထဲကရေ ဖြစ်သွားပြီ။ ဒါဆိုရင် ကိုယ်ဟာ လွတ်လပ်တဲ့သူတစ်ယောက်ဟုတ်ရဲ့ လား။ မဟုတ်တော့ဘူးနော်။
🌾🌾🌾
ကိုယ့်စိတ်ကြောင့် ကိုယ့်မှာဒေါသဖြစ်ရတာဖြစ်စေ ၊ သူတစ်ပါးက ကိုယ့်ကိုဒေါသဖြစ်အောင်လုပ် သည်ဖြစ်စေ၊ ဒေါသဖြစ်နေတဲ့အချိန်မှာ အဲဒီလူဟာ လွတ်လပ်တဲ့သူမဟုတ်တော့ဘူး။
ထို့အတူ လောဘဖြစ်နေတဲ့အခါမှာ - တစ်ခုခုကို လိုချင်နေတယ်။ မရရင် မနေနိုင်ပါဘူးဆိုတာမျိုးဖြစ်နေတယ်။ လိုချင်နေတဲ့အရာဟာ ပစ္စည်းဖြစ်စေ၊ ရွှေငွေဖြစ်စေ၊ လူတစ်ယောက်ကိုဖြစ်စေ မရရင်မနေနိုင်ပါဘူးဆိုတာဖြစ်နေရင်
အဲဒီလူဟာ လွတ်လပ်တဲ့သူမဟုတ်တော့ဘူး။ သူ့စိတ်ကို လိုချင်တက်မက်ခြင်း
ဆိုတဲ့လောဘက လွှမ်းမိုးခြယ်လှယ်ထားပြီ။ မာန၊ မနာလိုဝန်တိုမှု
ဖြစ်နေတဲ့အခါမှာလည်း လွတ်လပ်မှုမရှိတော့ဘူး။
🌾🌾🌾
လွတ်လပ်မှုဆိုတာ စိတ်ထင်တိုင်းလုပ်လို့ရတာကို
မဆိုလိုဘူး။ သင့် မသင့် မှန် မမှန် ဆိုတာကိုဆုံးဖြတ်ပြီး ပုဂ္ဂိုလ်စွဲ
အတ္တစွဲ အုပ်စုစွဲ မပါပဲ အသင့်တော်ဆုံး အကောင်းဆုံး အမှန်ဆုံးလုပ်တာဟာ
လွတ်လပ်မှု။ ဒါ့ကြောင့် လွတ်လပ်မှုဆိုတာ သဘောထားကြီးမှုနဲ့
အမှန်ကိုသိမှုဆိုတဲ့ဥာဏ်ပညာေ ပ်ါမှာ အခြေခံပြီးမှဖြစ်ပေါ်လာတာပါ။ ဘယ်သူကမှ လွတ်လပ်မှုကိုပေးလို့မရဘူး။ မိမိဘာသာရအောင် လုပ်ယူမှရတယ်။
🌾🌾🌾
လူတိုင်း လွတ်လပ်မှုကိုလိုချင်တယ်လို့ ပြောကြတာပါပဲ။ ဘယ်လိုလွတ်လပ်မှုမျိုးကို လိုချင်တာလဲ။ လုပ်ချင်တာတွေအားလုံးကို စိတ်ထင်တိုင်းလုပ်ရတာကို လွတ်လပ်တယ်လို့ဆိုလိုတာလား။
အဲဒါဟာ ဥာဏ်မရှိတဲ့၊ ကလေးဆန်တဲ့လူတွေရဲ့ အထင်မှားမှုကြီးပဲ။ ဥာဏ်ရှိတဲ့သူ၊
သတိရှိတဲ့သူ၊ တရားကိုသိတဲ့သူဆိုရင် စိတ်ထဲမှာ ကိလေသာတစ်ခုခု
ဖြစ်ခွင့်ရနေတာဟာ မလွတ်လပ်တာပဲဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့သိနိုင်တယ်။
🌾🌾🌾
ကိလေသာတွေဖြစ်ခွင့်မရတဲ့အခါ ၊
သတိ သမာဓိကောင်းနေတဲ့အခါ၊ ဝိပဿနာဥာဏ် ဖြစ်နေတဲ့အခါမှာ စိတ်က လွတ်လပ်နေတယ်။
အေးချမ်းနေတယ်။ ဒီလို တရားကိုသိတဲ့သူဟာ ငြိမ်းချမ်းမှုနဲ့
မငြိမ်းချမ်းမှုကိုလည်း သိတယ်။ လွတ်လပ်မှုနဲ့ မလွတ်လပ်မှုကိုလည်း
ကွဲကွဲပြားပြားသိနေတယ်။
အဲဒီအတွေ့အကြုံမျိုးကို မခံစားဖူးတဲ့သူတွေအတွက်တော့
ကြားဖူးရုံသက်သက်နဲ့ သဘောမပေါက်နိုင်ဘူး။ တရားရဲ့လေးနက်မှုကို
တရားအားမထုတ်ပဲနဲ့ မသိနိုင်ဘူး။ တရားအားထုတ်တဲ့သူမှသာ
ကိုယ့်စိတ်ကိုပြန်ကြည့်ရင်း နဲ့ သဘောပေါက်လာတယ်။
🌜တကယ်ဥာဏ်ကြီးတဲ့သူဆိုရင် ဘယ်သူ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ့်စိတ်မှာ ကြမ်းတမ်းတဲ့စိတ်တွေအဖြစ်မခံဘူး။🌛
💢ဆရာတော်ဦးဇောတိက💢
🌱(မဟာမြိုင်တောရ)🌱
၏
💧လွတ်လပ်သောစိတ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်။
Credit. ဘဝ
🌾🌾🌾
သာမန်အားဖြင့် လူတွေဟာ စိတ်ဆိုးစရာ ဒေါသဖြစ်စရာ တစ်ခုခုဖြစ်လာပြီးဆိုရင် "ငါ စိတ်ဆိုးတယ်။ သူတို့က ငါ့ကိုစိတ်ဆိုးအောင် လုပ်တယ်" လို့ တွေးရင်လည်း တွေးတတ်တယ်။ စဉ်းစားကြည့်နော်။ ငါ စိတ်ဆိုးတယ်ဆိုတာ ငါ့စိတ်ကို ဒေါသကအနိုင်ယူသွားပြီဆိုတဲ့
🌾🌾🌾
ငါ့ကိုစိတ်ဆိုးအောင် သူတို့ကလုပ်တယ်ဆိုရင်လည်း ငါ့ကို သူတစ်ပါးကစိတ်ဆင်းရဲအောင်လု
🌾🌾🌾
ကိုယ့်စိတ်ကြောင့် ကိုယ့်မှာဒေါသဖြစ်ရတာဖြစ်စေ
ထို့အတူ လောဘဖြစ်နေတဲ့အခါမှာ - တစ်ခုခုကို လိုချင်နေတယ်။ မရရင် မနေနိုင်ပါဘူးဆိုတာမျိုးဖြစ
🌾🌾🌾
လွတ်လပ်မှုဆိုတာ စိတ်ထင်တိုင်းလုပ်လို့ရတာကိ
🌾🌾🌾
လူတိုင်း လွတ်လပ်မှုကိုလိုချင်တယ်လို့
🌾🌾🌾
ကိလေသာတွေဖြစ်ခွင့်မရတဲ့အခါ
အဲဒီအတွေ့အကြုံမျိုးကို မခံစားဖူးတဲ့သူတွေအတွက်တော့
🌜တကယ်ဥာဏ်ကြီးတဲ့သူဆိုရင် ဘယ်သူ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ့်စိတ်မှာ ကြမ်းတမ်းတဲ့စိတ်တွေအဖြစ်မခ
💢ဆရာတော်ဦးဇောတိက💢
🌱(မဟာမြိုင်တောရ)🌱
၏
💧လွတ်လပ်သောစိတ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်။
Credit. ဘဝ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။