Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 19, 2017

နှစ်လိုဖွယ်အိမ်ထောင်ရှင်မ( To be a Wonderful Wife)

နှစ်လိုဖွယ်အိမ်ထောင်ရှင်မ( To be a Wonderful Wife)
**********************************************
လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ အိမ်ထောင်ရေးဟာ လွယ်ကူတဲ့ အရာမဟုတ်ဘူးဆိုတာကို အိမ်ထောင်ရှင်တိုင်းသိကြပါတယ်။ " အတူတူနေရအောင်" လို့ စိတ်တူကိုယ်တူ ဆုံးဖြတ်ပြီးလို့ လက်ထပ်တဲ့နေ့မှ စတင်ပြီး ဘဝလမ်းခရီးကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လျှောက်လှမ်း ကြရတာမဟုတ်လား။ တစ်ယောက်ကို တစ်ယောက် စုံလုံးကန်းချစ်လွန်းလို့လက်ထပ်ထားသည်ဖြစ်စေ၊ သင့်တော်ကောင်းမွန်လို့ ရွေးချယ်ပြီး လက်ထပ်ထားသည်ဖြစ်စေ၊ မိဘက စေ့စပ်ပြီး လက်ထပ်ထားပေးသည်ဖြစ်စေ ကိုယ်လက်ခံတည်ထောင်လိုက်တဲ့ အိမ်ထောင်ရေးဟာ ကိုယ်တွေနှစ်ယောက်ရဲ့ ဘဝ ဖြစ်သွားပါတယ်။ တချို့က မယူခင် နှစ်ဦးနှစ်ဖက် ရှေ့ဆက်ရမယ့် ဘဝပန်းတိုင်၊ လူမှုရေး၊စီးပွားရေး စတာတွေကို သေချာ တိုင်ပင်ဆွေးနွေးပြီးမှ လက်ထပ်ကြတာရှိသလို အချစ်တစ်ခုတည်းကို ဦးစားပေးလို့ ချစ်တာတစ်ခုတည်းနဲ့ ယူကြတဲ့ သူတွေလည်းရှိမှာပါပဲ။

အိမ်ထောင်ပြုတယ်ဆိုကတည်းက နှစ်ယောက်တစ်ဘဝ တည်ထောင်တာဖြစ်လို့ ဒီအိမ်ထောင်ကို တည်မြဲအောင် စွမ်းဆောင်ဖို့ရာ နှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ တစ်ဦးတည်းက တစ်ဖက်သက် လိုက်လျောနေရတယ်၊ သည်းခံနေရတယ်၊ အလျော့ပေးနေရတယ်၊ ပြုစုလုပ်ကိုင်ပေးနေရတယ်ဆိုရင်တော့ ဘယ်လောက်ချစ်ပါတယ်ပြောခဲ့ပြောခဲ့ နှစ်တွေကြာလာရင် သည်းခံလိုက်လျောမှုတွေက အလိုမကျ မကျေနပ်မှုတွေ၊ရင်ထဲ အစိုင်အခဲတွေ အဖြစ်ပြောင်းလဲသွားပြီး အခက်အခဲဖြစ်နိုင်ပါတယ်။

သမီးရည်းစားဘဝမှာ သူ့အလို ကိုယ်လိုက် ၊ကိုယ့်အလို သူလိုက်မို့ ပျော်ရွှင်ကြည်နူးစရာ အပြည့်နဲ့ပေါ့။ အိမ်ထောင်ကျလို့ ပထမ တစ်နှစ် နှစ်နှစ်လည်း အများအားဖြင့် ချောမွေ့နေကြသေးတာပါပဲ။ ဆယ်စုနှစ်တစ်ခုက စလို့ ရှေ့ဆက်လာမယ့် ဆယ်စုနှစ်တွေများစွာကို ရေတွက်နိုင်ဖို့ ဆိုတာ တကယ်တော့ ကြိုးစားအားထုတ်မှုတွေ ရင်းနှီးပေးဆပ်မှုတွေ လိုအပ်ပါတယ်။ သာယာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်လာဖို့ရာ ထိုင်စောင့်ပြီး မျှော်လင့်နေလို့တော့ မရနိုင်ပါဘူး။ အိမ်ထောင်ဘက် နှစ်ဦး အတူတူ နားလည်မှုအပြည့်နဲ့ တည်ဆောက်ကြရမှာပါ။အတူတူ ဖန်တီးကြရမှာပါ။ထိုင်စောင့်နေပြီး၊ဆုတောင်းနေပြီးတော့ သာယာတဲ့ဘဝ ဖြစ်မလာနိုင်ပါဘူး။ ကံစမ်းမဲလိုလည်း ပေါက်တဲ့အတိုင်း ကျေနပ်နှစ်သိမ့် ကြိတ်မှိတ်ခံစရာလည်း မလိုပါဘူး။အကြောင်းအရာတော်တော်များများဟာ နှစ်ယောက်စလုံးရဲ့ အပြုအမူအနေအထိုင်နဲ့ ဖန်တီးပြောင်းလဲလို့ရနိုင်ပါတယ်။အပြန်အလှန် မျှတတဲ့ သဘောတွေရှိသင့်ပါတယ်။

အိမ်ထောင်ဦးအစမှာ နှစ်ဦးသဘောတူ အလိုတူခဲ့တာတွေဟာ နှစ်ကြာလာတာနဲ့ အမျှ အရင်လို သည်းခံခွင့်လွှတ်နိုင်မှုတွေ လျော့နည်းလာတတ်တာဟာ သဘာဝပါပဲ။ ချစ်လို့၊မပြောရက်လို့၊ အပြစ်မမြင်လို့ အလျှော့ပေးအလိုလိုက် ခွင့်လွှတ်မှုတွေဟာ ငြင်းခုန်ရန်ဖြစ်ပေါက်ကွဲ မှုတွေအဖြစ်ပြောင်းသွားနိုင်ပါတယ်။အိမ်ထောင်သက် ၁၀နှစ် ....၁၅ နှစ်....၂၀နှစ်ရောက်ရင် အိမ်ထောင်အများစုဟာ ရင်းနှီးနွေးထွေးမှုတွေ နည်းလာတတ်ပြီ။အရင်လို စိတ်တူကိုယ်တူ လုပ်တာတွေ ၊ တိုင်ပင်ဆွေးနွေးတာတွေ နည်းလာပြီ။။ ဆယ်နှစ်ဆိုတာ အိမ်ထောင်သက်တမ်းတစ်ခုရဲ့ အန္တရာယ်အရှိဆုံး သက်တမ်းနှစ်ပါတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကောင်းတွေရော ၊ အဆိုးတွေရော၊ သည်းခံလိုက်လျောမှုတွေဟာ ဒီ ဆယ်နှစ်မှာ အားလုံး ဖြစ်ပျက်ဖူးနေပြီဖြစ်လို့ သည်းခံစရာဆိုလည်း သည်းမခံနိုင်တော့ဘူး။အမျိုးသမီးဆိုရင် အိမ်ထောင်ရေးကို စိတ်ကုန်ပြီး ဖောက်ပြန်ချင်တဲ့ အမျိုးသားဆိုရင်လည်းသူဟာ ဖောက်ပြန်ချင်လာတတ်ပါတယ်။" အိမ်က မိန်းမက..." " အိမ်က အဖွားကြီး" စတဲ့ နာမ်စားတွေ ဖြစ်လာပြီ။ " ဒါမိန်းမကို ပြောလို့မရဘူး" " နားပူလို့...." ဆိုတာတွေလည်း ဖြစ်လာပါပြီ။

သားသမီးတွေ ထွန်းကားလာတဲ့ အခါမှာတော့ အိမ်ရှင်မတွေဟာ မယားတစ်ယောက်ရဲ့ ဝတ္တရားအပြင် သားသမီးကို စောင့်ရှောက်ရတဲ့ အမေတစ်ယောက်ရဲ့ ဝတ္တရားပါ တိုးလာပါတော့တယ်။ အိမ်ရှင်မ မိခင်တစ်ယောက်ရဲ့တာဝန်ဟာ အလွန်ပဲ များပြားပြီး ကြီးလေးလှပါတယ် အိမ်ရှင်မဟာ ဘဝကသင်ပေးတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ၊ သည်းခံခွင့်လွှတ်ပေးဆပ်ရတာတွေ၊ ကလေးတွေကို ကြီးပြင်းအောင် ပျိုးထောင်ရတာတွေစတဲ့ ဘဝအမောတွေကြောင့် ကိုယ့်အိမ်ထောင်ဘက်က " သိပ်ချစ်ပါတယ်" လို့ တချိန်က တခုတ်တရကြိုးစားပိုးပမ်းခဲ့တဲ့ မိမိကိုယ်ကိုယ်တောင် မမှတ်မိနိုင်အောင်ပဲ မောပန်းနွမ်းနယ်နေပါပြီ။

အိမ်ထောင်ရှင်အမျိုးသမီးတွေမှာ

ပညာတတ်ပြီး ကိုယ်ပညာကို သူ့နေရာနဲ့ သူအသုံးချပြီး ယောက်ျားနဲ့ မောင်တစ်ထမ်းမယ်တရွက် အလုပ်လုပ်နေသော အိမ်ရှင်မ၊
ပညာတတ်ထားပြီး ကိုယ်ပိုင် စီးပွားရေးကို ဦးဆောင်နေသော အိမ်ရှင်မ၊
ပညာတွေတတ်ထားပြီး သားကို သခင်၊ လင်ကို ဘုရားထုံးနှလုံးမူပြီး လက်ထပ်ပြီးကတည်းက ယောက်ျားအလိုကျ အလုပ်မလုပ်ပဲ ယောက်ျားနားမှာ အမေလို၊ညီမလို၊ ချစ်သူလို မေတ္တာမျိုးနဲ့ လုပ်ကျွေးပြုစုပြီးနေရတာကို နှစ်ခြိုက်တဲ့ မိန်းမ၊
အလုပ်လုပ်ချင်ပေမယ့်လည်း " မလုပ်ပါနဲ့ကွာ" " ကလေးတွေ ကြည့်ဖို့က မိခင်ကသာ ပိုတင့်တယ်" " အလုပ်လုပ်စရာမလိုဘူး ကိုယ်ရှိတာပဲ" စသဖြင့် အကြောင်းတွေကြောင့် အလုပ်မလုပ်ဖြစ်တဲ့အိမ်ရှင်မ
တကယ့်ကို ဘာမှ မလုပ်တတ်ပဲ ယောက်ျားကိုသာ အားကိုးတတ်တဲ့ အိမ်ရှင်မ
ဆိုပြီးအမျိုးမျိုးရှိမှာပါ။ အများကြီးလည်းကျန်နိုင်ပါသေးတယ်။

ကိုယ်ဟာ ဘုရင်မလို ထူးချွန်ထက်မြက်တဲ့ အိမ်ထောင်ရှင်မပဲဖြစ်ဖြစ်၊ မိဖုရားလို အားနွဲ့ပြီး အိမ်ထောင်ဦးစီးဦးဆောင်တဲ့နောက်လိုက်မယ့် အိမ်ထောင်ရှင်မပဲဖြစ်ဖြစ် မိမိရဲ့ အိမ်ထောင် ရှင်သန်အသက်ဝင်ပြီး တည်မြဲဖို့ရာ အိမ်ရှင်မဖြစ်တဲ့ မိမိမှာ ရာခိုင်နှုန်းတော်တော်များများ တာဝန်ရှိပါတယ်။" သားသမီးကြောင့် သည်းခံနေရတာ ထွက်ပေါက်မရှိဘူး" လို့ လမ်းဆုံးတွေးမယ့်အစား၊ စိတ်ညစ်စိတ်ဆင်းရဲစွာ အတူတူနေရမယ့်အတူတူ ပျော်ရွှင်စွာ အတူနေရတာက ပိုပြီးကောင်းမှာပါ။ အိမ်ရှင်မဆိုတာ အိမ်တစ်အိမ်ကို ရှင်သန်အောင် မ, ပေးရတဲ့ သူတွေပါ။ အိမ်တစ်အိမ်မှာ တကယ်တော့ မရှိမဖြစ် လိုအပ်တဲ့ သူတွေပါ။ကိုယ်ဟာ အလုပ်လုပ်နေတဲ့အိမ်ရှင်မဖြစ်စေ၊ မလုပ်တဲ့ အိမ်ရှင်မဖြစ်စေ လောလောဆယ် အသက်ရှုမရလောက်အောင်မွန်းကြပ်နေရတဲ့ ထွက်ပေါက်မရှိဘူးလို့ ထင်နေရလောက်အောင် ပြဿနာအမျိုးမျိုး ဖြစ်နေတယ်ဆိုတဲ့ အခြေအနေမျိုးတွေ မဖြစ်ရအောင် အိမ်ထောင်ရှင်မိန်းမများဟာ လိမ္မာပါးနပ်ကြရမှာပါ။ အိမ်ရှင်မ တော်ရင် လိမ္မာပါးနပ်ရင် အိမ်တစ်အိမ်ဟာ သိပ်ကို သိသာပါတယ်။

အိမ်ထောင်ရေး အဆင်မပြေတာဟာ အိမ်ထောင်သည် တစ်ယောက်ယောက်က ဖောက်ပြန်မှ အဆင်မပြေတာ မဟုတ်ပါဘူး။ ဘယ်သူနဲ့မှ မဖောက်ပြန်လည်း အဆင်မပြေ ဖြစ်နေကြတာတွေရှိတာပါပဲ။ သဘောထားမတိုက်ဆိုင်တော့တာ၊ တစ်ယောက်ကို တစ်ယောက်ရန်လိုအပြစ်မြင်တာ၊ ငွေကြေးအဆင်မပြေတာ၊ နှစ်ဘက်အသိုင်းအဝိုင်းအဆင်မပြေတာတွေ အမျိုးမျိုးရှိကြတာပါပဲ။ တချို့ကြတော့လည်း ဒီအတိုင်းပဲ အေးစက်သွားကြတာတွေလည်း ရှိပါတယ်။ ကိုယ့်လက်တွဲဖော်နဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဘဝနဲ့ ကိုက်ညီပြီး Balance ဖြစ်တဲ့ဘဝကို ဖန်တီးနိုင်မှ တော်ကာကျမှာပါ။

အိမ်ရှင်မ များ အနေနဲ့ အိမ်ထောင်ရေး သာယာအောင် ၊ မိမိကိုယ်တိုင်ရဲ့ စိတ်ကိုပျော်ရွှင်အောင်ထားရင်း ကိုယ့်ပတ်ဝန်းကျင်ကို အလှဆင်လို့ရပါတယ်။ အိမ်ရှင်မဟာ အိမ်ထောင်သက်တမ်း၊ ကိုယ့်ရဲ့ သက်တမ်း ကြီးလာတာနဲ့အမျှ ကိုယ့် မိသားစုကို ကောင်းကောင်း မွန်မွန်တည်ဆောက်ထားနိုင်တဲ့ လိမ္မာပါးနပ်ပြီး ကျက်သရေနဲ့ လှပနေအောင် နေနိုင်ရင် အကောင်းဆုံးပါပဲ။

🌸 လှလှပပနေပါ။
ဒါကတော့ နံပါတ်(၁) အရေးကြီးပါတယ်။ "မင်းကို ချစ်လို့ယူထားတာ လှလို့ မဟုတ်ဘူး" လို့ ပြောတာကို သာယာရင်လည်း ၄/၅ နှစ်ပေါ့။ တကယ်တော့ လှပနေခြင်းဟာ အမျိုးသားအတွက်ဆိုတာထက် မိမိကိုယ်တိုင်အတွက် ယုံကြည်မှုအတွက်ပါ။ ကိုယ်ဟာ ဖြူဖြူ၊ညိုညို၊ ဝဝ၊ ပိန်ပိန် ဘယ်လိုအသားအရည် ဘယ်လိုပုံစံ ဖြစ်နေပါစေ ကိုယ့်ရဲ့ ကိုယ်ပိုင် ဟန်အတိုင်း လှနေအောင်နေပါ။ တခါတလေ ရိုးရိုးယဉ်ယဉ်၊ တခါတလေ ဆွဲဆောင်မှုရှိတဲ့ပုံစံ၊ တခါတလေ ဂေါ်လီစတိုင်၊တခါတလေ သိမ်မွေ့တဲ့စတိုင် စသဖြင့် မိမိနဲ့ လိုက်ဖက်မယ့် အမြင်မရိုင်းတဲ့ ပြင်ဆင်မှုနဲ့ အမြဲ သစ်လွင်နေပါစေ။ ကိုကိုအိမ်ဦးနတ်တို့ မရိုးတဲ့အပြင် ကိုယ့်ရဲ့ မတူတဲ့ စတိုင်တွေကို မခန့်မှန်းနိုင်အံ့သြပြီး ပြုံးပြုံးကြီး ကျေနပ်နေမှာပါ။ အဲ.... ကိုယ်အိမ်ထောင်ဘက်ရဲ့ အကြိုက်နဲ့ မရိုင်းတဲ့ အပြင်အဆင်ဘောင်အတွင်းကတော့ ဖြစ်ရမှာပါ။အလှမကြိုက်တဲ့ ယောက်ျား မရှိသလောက်ရှားပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ် အတွင်းရော အပြင်ရောကို အလှ ထိန်းသိမ်းပေးပါတယ်။ ကလေးမွေးပြီးလို့၊ အသက်ကြီးလာလို့ လျော့ရဲလာတဲ့ ကြွက်သားတွေကို တင်းရင်းအောင် ထိန်းသိမ်းပေးပါတယ်။ တစ်နေ့ကို အနည်းဆုံး ၃၀ မိနစ် အချိန်ယူပြီးလုပ်ပါ။ နောက်ထပ်အရေးကြီးတာတခုက လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါ ပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ရေများများသောက်ပါ။ အချိုနဲ့ အဆီတွေကို ရှောင်ပါ။အိပ်ရေးဝအောင်အိပ်ပါ။

🌸 မိမိကိုယ်ကိုတန်ဖိုးထားပါ။
မိသားစုကိုချစ်ဖို့၊ဂရုစိုက်ဖို့ ၊စောင့်ရှောက်ဖို့ မိမိကိုယ်ကိုအရင်ဆုံး ချစ်ဖို့၊ဂရုစိုက်ဖို့ လိုပါတယ်။ မိသားစုမှာ မိမိရဲ့ အရေးပါမှုကို နားလည်ပြီး စိတ်ထားပြည့်ဝကျန်းမာနေမှ သာယာတဲ့ မိသားစုကိုမိမိက တည်ထောင်နိုင်မှာပါ။ မိမိကိုယ်တိုင်က စိတ်ဓါတ်ကျ အားငယ်၊ဝမ်းနည်း မကျေနပ်ဖြစ်နေရင် မိမိ မိသားစုကိုလည်း ပူလောင်မှုတွေကိုသာ ပေးနေမိမှာပါ။ ကိုယ်ဟာ ဒီမိသားစုလေးရဲ့ သာယာအေးချမ်း အောင်မြင်ပျော်ရွှင်မှုတွေရဲ့ ပဲ့ကိုင်ရှင်ဆိုတာကို မမေ့ပါနဲ့။

🌸အမြဲမပြတ်သင်ယူနေပါ။
သားသမီးတို့ကို ပြုစုဖို့ ကိုယ့်ရဲ့ ပညာတွေနဲ့အလုပ်မလုပ်ပဲ အိမ်မှာပဲနေပြီး သားသမီးနဲ့ လင်ယောက်ျားအတွက် အချိန်ပေးထားရတယ်ဆိုပေမယ့် ကိုယ့်ရဲ့ ဝါသနာပါရာ သင်ယူလေ့လာမှုကို မရပ်လိုက်ပါနဲ့ ။ သားသမီးရဲ့ ရည်မှန်းချက်ကို ပြည့်အောင် ဖြည့်ဆည်းပေးရင်း မိမိကိုယ်ပိုင် အိပ်မက် ကိုလည်း တချိန်မှာ အကောင်အထည်ဖော်နိုင်အောင် အားဖြည့်နေလို့ရပါတယ်။ သားသမီးတွေ လက်လွတ်သွားတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့။ တချိန်ကျရင် ကလေးတွေကြီးလာရင် ကိုယ်ဟာ ကိုယ့် သားသမီးတွေရဲ့ ဖွံ့ဖြိုးမှု အဆင့်တိုင်းကို လွတ်သွားတာမျိုးမရှိပဲ အနီးကပ် စောင့်ရှောက်ပြီး ချစ်ခွင့်ရတဲ့အပြင် ကိုယ့်ကိုယ်ပိုင် အတွေးအခေါ် အယူအဆတွေကိုလည်း ရှင်သန်နေအောင် အမြဲလုပ်ထားတဲ့ အတွက် ပျော်ရွှင်ပြည့်စုံမှုကို နှစ်ဆ ခံစားရမှာပါ။

🌸 စာများများဖတ်ပါ။
အိမ်မှာပဲနေရတဲ့ အိမ်ရှင်မတွေ ပိုပြီး စာဖတ်ဖို့ လိုပါတယ်။ စာဖတ်ခြင်းဟာ ဦးနှောက်နဲ့စိတ်ကို အာဟာရဖြည့်တင်းပေးနိုင်ပါတယ်။ စာပေ အလင်းနဲ့ မိမိကိုယ်ကို တောက်ပစေနိုင်ပါတယ်။

🌸 မိမိ ကိုးကွယ်ရာ ဘာသာရေးကို လိုက်စားပါ။
အိမ်ရှင်မဟာ ကိုယ်လှသလို စိတ်လှဖို့လည်း လိုပါတယ်။ ဉာဏ်ရည် ထက်မြက်သလို စိတ်ဓါတ်ထက်မြက်ဖို့လည်းလိုပါတယ်။ စိတ်အေးချမ်းပြီး ရုပ်တည်ကြည်ဖို့ ဘာသာရေးက အထောက်အကူပြုပေးပါတယ်။

🌸 ခွင့်လွှတ်ပါ။
ကိုယ်ဟာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ချင်တာဖြစ်တဲ့အတွက် ကိုယ့် အိမ်ထောင်ဖက်ရဲ့ အတိတ်က အပြစ်တွေကို ခွင့်လွှတ်ပါ။ မိမိ ကိုယ်ကိုလည်း ခွင့်လွှတ်ပါ။ ခွင့်လွှတ်လိုက်တာဟာ မိမိအလျော့ပေးလိုက်တာမဟုတ်ပဲ ပိုကောင်းတာတွေ လုပ်ဖို့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို လွှတ်ချလိုက်တာပါ။

🌸 နားလည်ပေးပါ။
ယောက်ျားလေးဘာသာဘာဝ အပေါင်းအသင်းမက်တာ၊ အသောက်အစားနည်းနည်းပါးပါးရှိတာ၊ ဘောလုံးပွဲ ကြည့်တာ စတာတွေကို အတိုင်းအတာတစ်ခု အထိ နားလည်ပေးပါ။ လုပ်ခွင့်ပေးပါ။ ကိုယ်လည်းမိန်းကလေး ဘာသာဘာဝ အလှပြင်ဆိုင်သွားတာ၊သူငယ်ချင်းနဲ့ ဈေးဝယ်ထွက်တာတွေရှိသင့်ပါတယ်။ အပြန်အလှန်ပေါ့။

🌸 ချစ်ပါ။
သူ့ကိုချစ်ပါ။ သူ့ ဝါသနာကို ချစ်ပါ။ သူ့ပတ်ဝန်းကျင်ကို ချစ်ပါ။ သူ့ မိဘကို ချစ်ပါ။ သူ့သားသမီးကို ချစ်ပါ။ဒါလည်းအပြန်အလှန်ပါပဲ။
( ဒီနေရာမှာ တချို့တွေအတွက် ကိုယ့်ကိုမှ မချစ်တဲ့ မကောင်းတဲ့ တစ်ဖက်အသိုင်းအဝိုင်းကို ဘယ်လိုချစ်ရမှာလဲ ဆိုပြီး ပြောစရာရှိပါတယ်။ သူတို့ မကောင်းတာက သူတို့ မကောင်းတာပဲမို့ ကိုယ်ကသာ ကောင်းဖို့ ပိုအရေးကြီးပါတယ်။ ကိုယ်က ကောင်းခြင်းက ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အရမ်းကြီး နားလည်မှုမရှိပဲ ဆိုးတဲ့ သူမျိုးဆိုရင်လည်း အရမ်းကြီး မုန်းပြီး မကောင်းအမြဲ ပြောနေစရာမလိုပဲ ပုံမှန် ဆက်ဆံရေးလောက်အဖြစ် ထိန်းထားနိုင်ပါတယ်။ ကိုယ့် အမျိုးသားကို ကျွေးမွေး စောင့်ရှောက်လာတဲ့ မိဘများဖြစ်လို့ မကောင်းရင်တောင် အမြဲတမ်းကြီးရင်ထဲထည့်ပြီး မုန်းနေစရာ မလိုပါဘူး။ မိမိက နားလည် ခွင့်လွှတ်ပြီး အမှားမလုပ်မှန်းကို သာမန် ကိုယ်ချင်းစာတရားရှိပြီး နားလည်မှုရှိတဲ့ အိမ်ထောင်ဘက်ဆိုရင် နားလည်ပါလိမ့်မယ်။) အားလုံး အဆင်ပြေပြီး နားလည်မှုနဲ့ တဖက်နဲ့တဖက် ပြေလည်ရင်တော့ အကောင်းဆုံးပါပဲ။

🌸 ဆွဲဆောင်မှုရှိပါ။
ခုတော့ သုံးဆယ်ကျော်လို့၊ လေးဆယ်ကျော်လို့ အဆီတွေပိုလာလို့ ဆွဲဆောင်မှု မရှိတော့ဘူးဆိုပြီး ကိုယ့်ကိုယ် ရုပ်ချပြီး မနေသင့်ပါဘူး။ ငယ်ငယ်က ဘယ်လိုလှတာဆိုပြီး ငယ်ငယ်က ဓါတ်ပုံတွေ ပဲ သတိရပြီး ပြန်ကြည့်နေမယ့်အစား အခုလက်ရှိပုံစံက ငယ်ငယ်ကထက် ပိုပြီး ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိပါတယ်ဆိုပြီး ဖြစ်အောင်နေရမှာပါ။ ပုရိသတို့ သဘောကျတတ်၊ ကြည့်တတ်တဲ့ အငယ်လေးတွေ၊sexy model လေးတွေ လောက်တော့ မိမိက သနားလို့ ပြုံးပြလိုက်မယ်ဆိုပြီး ပြောနိုင်အောင် ကိုယ်ကလည်း ကိုယ့် အရွယ်အလိုက် ဆွဲဆောင်မှု ရှိနေသင့်ပါတယ်။

🌸တာဝန်ကျေပါ။
အိမ်ထောင်တစ်ခုမှာ ယောက်ျားကလည်း မိမိ ပြုလုပ်သင့်တဲ့ မိသားစုကို ပံ့ပိုးစောင့်ရှောက်ဖို့တာဝန်ကျေရဖြစ်သလို အိမ်ထောင်ရှင်မိန်းမကလည်း မိမိရဲ့ အိမ်ထောင့်တာဝန်ကိုကျေရမှာပါ။ အိမ်ရှင်မဟာ မလုပ်ချင်ရင်သာနေရမယ် အချက်အပြုတ် စတဲ့ မီးဖိုချောင်အရေး၊ အိမ်အလှဆင်ရေး၊ သန့်ရှင်းသပ်ရပ်စွာနေတတ်ခြင်းစတဲ့ ပညာရပ်တွေကို တတ်မြောက်သင့်ပါတယ်။ ဒါတွေဟာ ဂုဏ်ယူစရာ ပညာရပ်တွေပါ။ အိမ်ဟာ သန့်ရှင်းသပ်ရပ်နေပြီး သာယာနေမှ နေချင်စရာကောင်းမှာပါ။

🌸 ပြောင်းလဲပါ။( Be flexible)
တခါတလေ စကားများများပြောပါ( နှစ်ယောက်တူတူ အေးအေးလူလူရှိနေတဲ့ အချိန်မျိုးပေါ့)။ တခါတလေ တိတ်ဆိတ်ပါ( သူစိတ်ညစ်၊ စိတ်ရှုပ်နေတဲ့အချိန်မျိုးပေါ့) ။ တခါတလေ နူးညံ့ပျော့ပျောင်းပါ( သူ အားငယ်နေတဲ့အချိန်မျိုးပေါ့)။ တခါတလေ မာကျောပါ( ဘဝ အခက်အခဲ ကြုံတဲ့ အခါမျိုးပေါ့)။ တခါတလေ စိတ်ကောက်ပါ( ချွဲနွဲ့ရမယ့် ကိစ္စမျိုးပေါ့)။ တခါတလေ သဘောထားကြီးပါ( သူ့မိသားစု၊ အပေါင်းအသင်းနဲ့ ပတ်သက်တဲ့အခါမျိုးပေါ့) ။တခါတလေ ကလေးဆန်ပါ( နှစ်ယောက်တည်းရှိတဲ့အချိန်တွေမှာပေါ့) ။ တခါတလေ ရင့်ကျက်ပါ( သူနဲ့ကိုယ် သဘောထားကွဲတတ်တဲ့ အခါမျိုးတွေမှာပေါ့)။

🌸မိန်းမဆန်ပါ။
အိမ်ရှင်မဟာ ချက်ပြုတ်ပြုစုစောင့်ရှောက်ရေးမှာ မိန်းမဆန်ပါ။ ငွေကြေးစုဆောင်းရေးမှာ မိန်းမဆန်ပါ။ အိမ်ထောင်ဘက်နဲ့ ချစ်တင်းနှောအတူနေချိန်မှာမိန်းမဆန်ပါ။ အိမ်ထောင်ဘက်ကို အခြားမိန်းကလေးကိစ္စနဲ့ ပတ်သက်လာရင် မိန်းမဆန်ပါ။ ( အနည်းငယ် သဝန်တိုပါ) သူပင်ပန်းနေချိန်မှာ မိန်းမဆန်ပါ(အားပေးပါ)သူဖျားနာနေချိန်မှာ မိန်းမဆန်ပါ ပြုစုပါ။

🌸 ယောက်ျားဆန်ပါ။
တခါတလေ ယောက်ျားဆန်ပါ။ သူတို့ စဉ်းစားသလို စဉ်းစားပြီး တချို့ကိစ္စတွေ မသိချင်ယောင်ဆောင်နေပါ။ သူ့ သူငယ်ချင်းတွေ နဲ့ အတူတွေ့ရမယ့်အချိန်မှာ ယောက်ျားဆန်ပါ။ သူ့အလုပ်အကြောင်းပြောပြလာရင် ယောက်ျားဆန်ပါ အတူခေါင်းစားပါ။ သူ့ဝါသနာအကြောင်း ပြောပြလာရင် ယောက်ျားဆန်ပါ။ သူမိဘနဲ့ ပတ်သက်လာရင် ( သူမြင်တဲ့ အတိုင်း သူစိတ်ထားတဲ့ အတိုင်း အနီးစပ်ဆုံး နားလည်အောင် ) ယောက်ျားဆန်ပါ။ ကိုယ်ဘာသာဆို ကိုယ်ဟာ ချွေးမတစ်ယောက် အနေနဲ့ပဲ စဉ်းစားမိနေမှာမို့လို့ အခက်အခဲရှိပါတယ်။

🌸 မျှတပါ။
မိမိ လိုချင်တာတွေ ဖြည့်ဆည်းပေးတာ ဖြစ်စေချင်သလို၊ မိမိကလည်း သူလိုချင်တာကိုဖြည့်ဆည်းပေးနိုင်မှ မျှတမှုရှိမှာပါ။ တစ်ယောက်ကိုတစ်ယောက် ရင်ထဲက အစိုင်အခဲမရှိပဲ ပြေလည်မှုတွေနဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ရာ နှစ်ဦးနှစ်ဖက် မျှတဖို့ အရေးကြီးပါတယ်။

🌸ပွင့်လင်းပါ။
နှစ်ယောက်ပေါင်းပြီး ထူထောင်ထားတဲ့ ဘဝမို့လို့ အိမ်ထောင်ဘက် အချင်းချင်း ပွင့်လင်းဖို့လိုပါတယ်။ ဝှက်ဖဲတွေ ရှိနေတဲ့ အိမ်ထောင်ရေးဟာ ဘယ်တော့မှ စစ်မှန်တဲ့ သာယာမှုကို ရမှာ မဟုတ်ပါဘူး။

🌸 အတူတူလုပ်ပါ
ဗိုက်ထဲမှာ အတူတူနေလာတဲ့ အမွှာတွေတောင် အကြိုက်တူတာတွေများတယ်ဆိုပေမယ့် မတူတာတွေလည်းရှိမှာပါ။ ရည်းစားဘဝက မိန်းကလေးကြိုက်တာကို အားလုံး လိုက်ကြိုက်တဲ့ပုံစံ သူကြိုးစားခဲ့ပေမယ့် အိမ်ထောင်သက်ကြာလာရင်တော့ သူဆက်မကြိုက်ပေးနိုင်တော့ပါဘူး။ ဒါကြောင့် အကြိုက်မတူတာတွေကို နှစ်ယောက်နားလည်ပေးပြီး တူတူ လုပ်လို့ရတဲ့ အရာတွေကို တူတူလုပ်ပါ။ လမ်းတူတူလျှောက်တာ၊ လေ့ကျင့်ခန်းတူတူလုပ်တာ၊ အိမ်သန့်ရှင်းရေးတူတူလုပ်တာ၊ ကော်ဖီဆိုင်လိုနေရာတွေမှာ အေးအေးလူလူ တူတူထိုင်တာ၊ ခရီးတူတူသွားကြတာ။

🌸ကိုယ်ပိုင်ချိန်(Me Time) ယူပါ

စိတ်တူကိုယ်တူ အားလုံးအကြိုက်တူတဲ့ လင်မယားတွေရှိသလို အကြိုက်သိပ်မတူတဲ့ လင်မယားတွေလည်းရှိမှာပါပဲ။ သူစိတ်ဝင်စားတာကို သူ့ဘာသာသွားလုပ်ခွင့်ပေးပြီး မိမိကလည်း မိမိစိတ်ဝင်စားတာကို ကိုယ့်ဘာသာလုပ်သင့်ပါတယ်။ ဒီလို နှစ်ယောက် ကိုယ်ပိုင်ချိန်သီးသန့်ယူထားရင် အတူတူနေရတဲ့ အချိန်မှာ ပိုပြီး တန်ဖိုးရှိ နွေးထွေးစေနိုင်ပါတယ်။ နှစ်ဦးစလုံးက ကိုယ်ပိုင် ကျေနပ်နှစ်သိမ့်မှု ရနေလို့ပါ။ အချုပ်အနှောင် အရမ်းကြီး မရှိတော့ စိတ်လွတ်လပ်မှုကို ရစေနိုင်ပါတယ်။

🌸ညှိနှိုင်းပါ။
မိသားစုအတွက် မိမိဖြစ်ချင်တာ၊ ဖြစ်စေချင်တာ၊ပြောင်းလဲဖို့ လိုအပ်တာတွေကို အကောင်းမြင်စိတ်နဲ့ ဆွေးနွေးပါ။ ညှိနှိုင်းပါ။ အဖြေရှာပါ။

🌸 ပြုပြင်ပါ။တောင်းပန်ပါ။
ကိုယ့်ရဲ့ အားနည်းချက်နဲ့ အမှားတွေကို ပြုပြင်ပါ။ တောင်းပန်စကားပြောဖို့ ဝန်မလေးပါနဲ့။

🌸 လေးစားပါ။
တစ်ယောက်ကို တစ်ယောက် အပြန်အလှန်လေးစားရမှာပါ။

🌸မပြောပါနဲ့
သူ့ရဲ့ မိဘ၊ ဆွေမျိုး မကောင်းကြောင်းကို သူ့ကို မပြောပါနဲ့။ လူတွေရှေ့မှာ သူ့ရဲ့ အပြစ်နဲ့ အားနည်းချက်ကို မပြောပါနဲ့။ သူရဲ့ သားသမီးတွေကို သူ့ရဲ့ အပြစ်နဲ့ အားနည်းချက်တွေကို မပြောပါနဲ့။

🌸 ပြောပါ။
သူရဲ့ ကြိုးစားမှုကို ချီးကျူးပေးပါ။ သူ့ရဲ့ ကောင်းတဲ့ အချက်တွေကို ချီးကျူးပေးပါ။ သူ့ကို ချစ်တယ်။ စိုးရိမ်တယ် ဆိုတာ မျိုးကို ပြောပေးပါ။

🌸🌸မိခင်ပီသပါ။(ဖခင်ပီသပါ)
သားသမီးရလာရင် မိန်းမတွေဟာ သဘာဝအလျှောက် မိခင်စိတ်ဖြစ်ပါတယ်။ မိခင်တစ်ယောက်ရဲ့ တာဝန်နဲ့ အလုပ်တွေဟာ ခက်ခဲနက်နဲလွန်းပါတယ်။ ကိုယ်ဟာ ကလေးနဲ့ ပတ်သက်ရင် အကောင်းဆုံးဖြစ်အောင်လုပ်မယ်၊ မသိတာကို သိအောင် သင်ယူမယ်၊ မိခင် အရမ်းပီသတယ်ဆိုရင် အိမ်ထောင်ဘက် အများစုဟာ မိမိကို မိခင်ကောင်းတစ်ယောက်အနေနဲ့ လေးစားချစ်ခင်တတ်ကြပါတယ်။

🌸သစ္စာရှိပါ။
အိမ်ထောင်တစ်ခု တည်မြဲဖို့ရာ သစ္စာတရားဟာ မရှိမဖြစ်ကို လိုအပ်တာပါ။

🌸 တဖန်ပြန်ချစ်ပါ။ ( fall in love again)
လွန်ခဲ့ တဲ့ ဆယ်နှစ်၊ နှစ်နှစ်ဆယ်က ရင်ခုန်စွာ ချစ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ကိုပဲ အခုလက်ရှိ သူရဲ့ပြောင်းလဲသွားတဲ့ အသိဉာဏ်၊စိတ်ဓါတ်၊ ရုပ်ရည်အတိုင်း ပြန်ချစ်ပါ။ ချစ်လာနိုင်မယ့် အတွေးမျိုး၊ အမြင်မျိုးနဲ့ မြင်ကြည့်ပေးပါ။ တဖန်ပြန်ချစ်ပါ။

အများအားဖြင့် ဒီလို နှစ်လိုဖွယ်ကောင်းတဲ့ အိမ်ရှင်မမျိုးကို အိမ်ထောင်ဦးစီးများက အချစ်ပိုတတ်ပါတယ်။ တန်ဖိုးထားပါတယ်။ နှစ်ယောက် တစ်ဘဝ တည်ဆောက်ထားတာဖြစ်လို့ တရားလွန်တဖက်သတ်အတ္တမျိုးက မရှိသင့်ပါဘူး။အိမ်ရှင်မအနေနဲ့ အရည်အချင်းတွေ၊မေတ္တာတွေ ၊ အလှအပတွေနဲ့ ပြည့်စုံပါလျက်နဲ့ ဝါသနာပါလို့ပဲဖြစ်ဖြစ်၊ ဝဋ်ကျွေးပါလို့ပဲဖြစ်ဖြစ် အသစ်ရှာချင်နေပါတယ်ဆိုရင်တော့လည်း ဘယ်လိုမှ မတတ်နိုင်ပဲ ကိုယ့်လမ်းကိုယ်လျှောက်ရုံသာ ရှိပါတော့တယ်လေ။ ဒါပေမယ့် အိမ်ရှင်မဟာ သူမရဲ့ အသိဉာဏ်နဲ့ နှလုံးသားကို ဝမ်းစာ ဖြည့်တင်းပြီး ဘဝကို ဖြတ်သန်းလာတာမို့ ဘဝနာစရာ၊ စိတ်နာစရာ အကြောင်းနည်းပါးမှာပါ။ ဒီလို ဖြစ်ရတာဟာ တဖက်လူရဲ့ ဘဝအကြောင်းသာ ဖြစ်ပါတယ်။ မိမိအနေနဲ့က တာဝန်ကျေခဲ့တယ်လေ။

အိမ်ထောင်ရှင် အမျိုးသမီးတိုင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ကို ဖန်တီးတည်ဆောက်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

( ဒါတွေကို နှစ်ဦးနှစ်ဖက်ပြုလုပ်ကြရင်တော့ အကောင်းဆုံးပါ။ တစ်ဖက်သတ်ဆိုရင်တော့ ပျော်စရာ ဘယ်ကောင်းပါ့မလဲနော်)

မေတ္တာဖြင့်
ကြိုးစားသင်ယူနေဆဲ
💞ယုငယ်💞(နီတိုးလေးမေမေ)
၂၂/၀၅/၂၀၁၆

#နီတိုးလေးမေမေ #မိခင်ဘဝ #ယုငယ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။