#ကျွန်တော် အသက်ကြီးပါပြီ
တနေ့မှာ လူတစ်ယောက်က ကျွန်တော့်ကို ခုလို ပြောလာပါတယ်။
- "ဆရာရေးတဲ့ စိတ်ဓာတ်တက်ကြွစေတဲ့ စာတွေ၊ ကြီးပွားအောင်မြင်ရေးစာတွေ ဖတ်ရတာ အားတက်မိပါတယ်။ ဒါပေမဲ့ အဲဒါတွေက လူငယ်တွေအတွက်ပဲ ကောင်းပါတယ်။ ကျွန်တော်နဲ့တော့ မကိုက်ပါဘူး ဆရာ"
- "ဘာဖြစ်လို့လဲ။ ခင်ဗျားရဲ့ ဘဝတလျှောက်လုံးအတွက် ပူပန်စရာမလိုအောင် ကြီးပွားချမ်းသာနေပြီမို့လား"
- "မဟုတ်ပါဘူး ခင်ဗျ။ လက်ရှိဘဝဟာ ဝန်ထမ်းဘဝနဲ့ ရရစားစားပါဘဲ"
- ဟင်၊ ဒါဆို ကြီးပွားအောင်မြင်ရေးနည်းတွေဟာ ခင်ဗျားနဲ့ မကိုက်ဘူးလို့ ဘာကြောင့် ပြောရတာလဲ"
- "ကျွန်တော် အသက်ကြီးသွားပြီ ဆရာ"
- "ခင်ဗျား အသက်ကြီးပုံလည်း မပေါက်ပါဘူး။ ဒါနဲ့ ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ"
- "အသက် ၄၀ ပါ ဆရာ"
- "ကျွန်တော် မေးခွန်းတစ်ခုမေးမယ်ဗျာ။ ဖြေနိုင်ရင် ဖြေပါ။ လူတစ်ယောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းအားဟာ အသက်ဘယ်လောက်မှာ ကုန်ဆုံးသလဲ"
- "ပုံမှန်အားဖြင့် ကျန်းမာတဲ့ လူတစ်ယောက်ဟာ အသက် ၇၀ အထိ အလုပ်လုပ်နိုင်ပါသေးတယ်"
- "ခင်ဗျားရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းအားကို ဘယ်နှနှစ်သုံးခဲ့ပြီးပြီလဲ"
- "ကျွန်တော် အသက် ၂၀ အရွယ်က အလုပ်စခဲ့တာ အခု အသက် ၄၀ ဆိုတော့ အနှစ် ၂၀ သုံးခဲ့ပြီးပြီ ဆရာ"
- "ဒါဆို ခင်ဗျား အခုချိန်ကနေ အလုပ်လုပ်နိုင်စွမ်းကုန်မယ့်  အသက် ၇၀ အထိ အလုပ်လုပ်နိုင်စွမ်းအား ဘယ်နှနှစ် ကျန်သေးသလဲ"
- "အနှစ် ၃၀ ပါ။ ဟာ ကျွန်တော် သဘောပေါက်သွားပြီဆရာ"
သူ သဘောပေါက်သွားပါတယ်။ သူ့ကိုယ်သူ အသက်ကြီးပြီဆိုပြီး ကြိုးစားချင်စိတ်ကို လျှော့ချထားလိုက်တယ်။ တကယ်တမ်း သူ့မှာ အလုပ်လုပ်နိုင်စွမ်းအားရှိတဲ့ နှစ်တွေ အများကြီး ကျန်နေသေးတယ်ဆိုတာကို သူမေ့နေတယ်။
တချို့လူတွေလည်း အသက် ၄၀ လောက်ရပြီဆိုတာနဲ့ ကြိုးစားချင်စိတ် လျှော့ချလိုက်တယ်။ လူ့ဘဝမှာ သေဖို့ရက် နီးလာပြီလို့ ယူဆလိုက်ကြတယ်။ ကြိုးစားအားထုတ်မှု မလုပ်ကြတော့ဘူး။ အဲဒီလူမှာ သားသမီးတွေကလည်း ပညာပြည့်စုံလို့ ပစ္စည်းဥစ္စာကလည်း လှုတန်းလို့ မကုန်အောင် ရှိနေရင် ဟုတ်တာပေါ့။ ကလေးတွေက ငယ်သေးတယ်။ မိသားစု စားဝတ်နေရေး မဖူလုံသေးတဲ့ ဘဝ အလုပ်လုပ်နိုင်တဲ့ နှစ်တွေ အများကြီးကျန်နေသေးတာကို အသက်ကြီးပြီဆိုပြီး ဘာမှမကြိုးစားခြင်းဟာ မှန်ကန်တဲ့ ဆင်ခြေလားဆိုတာ စဉ်းစားစေချင်ပါတယ်။
မှတ်ချက်။ David J. Schwartz, Ph.D ရေးတဲ့ "The Magic of Thinking Big" စာအုပ်ထဲက မှီးထားတာပါ။
ဗန်းမော်သိန်းဖေ
၂၉-၀၇-၂၀၁၇
တနေ့မှာ လူတစ်ယောက်က ကျွန်တော့်ကို ခုလို ပြောလာပါတယ်။
- "ဆရာရေးတဲ့ စိတ်ဓာတ်တက်ကြွစေတဲ့ စာတွေ၊ ကြီးပွားအောင်မြင်ရေးစာတွေ ဖတ်ရတာ အားတက်မိပါတယ်။ ဒါပေမဲ့ အဲဒါတွေက လူငယ်တွေအတွက်ပဲ ကောင်းပါတယ်။ ကျွန်တော်နဲ့တော့ မကိုက်ပါဘူး ဆရာ"
- "ဘာဖြစ်လို့လဲ။ ခင်ဗျားရဲ့ ဘဝတလျှောက်လုံးအတွက် ပူပန်စရာမလိုအောင် ကြီးပွားချမ်းသာနေပြီမို့လာ
- "မဟုတ်ပါဘူး ခင်ဗျ။ လက်ရှိဘဝဟာ ဝန်ထမ်းဘဝနဲ့ ရရစားစားပါဘဲ"
- ဟင်၊ ဒါဆို ကြီးပွားအောင်မြင်ရေးနည်းတေ
- "ကျွန်တော် အသက်ကြီးသွားပြီ ဆရာ"
- "ခင်ဗျား အသက်ကြီးပုံလည်း မပေါက်ပါဘူး။ ဒါနဲ့ ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ"
- "အသက် ၄၀ ပါ ဆရာ"
- "ကျွန်တော် မေးခွန်းတစ်ခုမေးမယ်ဗျာ။ ဖြေနိုင်ရင် ဖြေပါ။ လူတစ်ယောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းအားဟာ အသက်ဘယ်လောက်မှာ ကုန်ဆုံးသလဲ"
- "ပုံမှန်အားဖြင့် ကျန်းမာတဲ့ လူတစ်ယောက်ဟာ အသက် ၇၀ အထိ အလုပ်လုပ်နိုင်ပါသေးတယ်"
- "ခင်ဗျားရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းအားကို ဘယ်နှနှစ်သုံးခဲ့ပြီးပြီလဲ"
- "ကျွန်တော် အသက် ၂၀ အရွယ်က အလုပ်စခဲ့တာ အခု အသက် ၄၀ ဆိုတော့ အနှစ် ၂၀ သုံးခဲ့ပြီးပြီ ဆရာ"
- "ဒါဆို ခင်ဗျား အခုချိန်ကနေ အလုပ်လုပ်နိုင်စွမ်းကုန်မယ်
- "အနှစ် ၃၀ ပါ။ ဟာ ကျွန်တော် သဘောပေါက်သွားပြီဆရာ"
သူ သဘောပေါက်သွားပါတယ်။ သူ့ကိုယ်သူ အသက်ကြီးပြီဆိုပြီး ကြိုးစားချင်စိတ်ကို လျှော့ချထားလိုက်တယ်။ တကယ်တမ်း သူ့မှာ အလုပ်လုပ်နိုင်စွမ်းအားရှိတ
တချို့လူတွေလည်း အသက် ၄၀ လောက်ရပြီဆိုတာနဲ့ ကြိုးစားချင်စိတ် လျှော့ချလိုက်တယ်။ လူ့ဘဝမှာ သေဖို့ရက် နီးလာပြီလို့ ယူဆလိုက်ကြတယ်။ ကြိုးစားအားထုတ်မှု မလုပ်ကြတော့ဘူး။ အဲဒီလူမှာ သားသမီးတွေကလည်း ပညာပြည့်စုံလို့ ပစ္စည်းဥစ္စာကလည်း လှုတန်းလို့ မကုန်အောင် ရှိနေရင် ဟုတ်တာပေါ့။ ကလေးတွေက ငယ်သေးတယ်။ မိသားစု စားဝတ်နေရေး မဖူလုံသေးတဲ့ ဘဝ အလုပ်လုပ်နိုင်တဲ့ နှစ်တွေ အများကြီးကျန်နေသေးတာကို အသက်ကြီးပြီဆိုပြီး ဘာမှမကြိုးစားခြင်းဟာ မှန်ကန်တဲ့ ဆင်ခြေလားဆိုတာ စဉ်းစားစေချင်ပါတယ်။
မှတ်ချက်။ David J. Schwartz, Ph.D ရေးတဲ့ "The Magic of Thinking Big" စာအုပ်ထဲက မှီးထားတာပါ။
ဗန်းမော်သိန်းဖေ
၂၉-၀၇-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။