Credit...http://www.akhayar.com
ပန္းသီးရဲ႕ေနာက္ကြယ္
Apple က သူတို႔ရဲ႕လုိဂိုအမွတ္တံဆိပ္ဟာ နည္းပညာသူရဲေကာင္းတစ္ဦးျဖစ္တဲဲ့ Alan Turing ကိုဂုဏ္ ျပဳထားတာလို႔ ေျပာပါတယ္။ Alan Turing က သီအိုရီကြန္ျပဴတာသိပၸံနယ္ပယ္မွာ ေတာ့္ေတာ့္ကိုၾသဇာႀကီးခဲ့သူ တစ္ေယာက္ျဖစ္ခဲ့ေပမယ့္ အဆိပ္ရွိတဲ့ပန္းသီးကို စားၿပီးကိုယ့္ကုိယ္ကုိ သတ္ေသသြားခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုဂိုကို ေရးဆြဲေပးခဲ့တဲ့ ဒီဇိုင္နာ Ro Janoff ကေတာ့ သူ႔အေနနဲ႔ ပန္းသီးမွာတစ္ျခမ္းကိုက္အရာ ေဖာ္ခဲ့တာ တျခားလံုးဝန္းတဲ့အသီးေတြနဲ႔ ပံုသ႑ာန္ေရာေထြးမႈျဖစ္မွာ စုိးလို႔ပါတဲ့။
Ferrari ရဲ႕ျမင္းဆိုတာ
Ferrari ၿပိဳင္ကားအမွတ္တံဆိပ္မွာ ဟီေနတဲ့ ျမင္းတစ္ေကာင္ပံုကိုေတြ႔မွာပါ။ ေတာ္ေတာ္မ်ားမ်ားထင္တာက ဒီျမင္းက ျမင္းေကာင္ေရအား (Horse Power) သာလြန္ေကာင္းမႈကို ျပခ်င္လို႔လားေပါ့။ တကယ္ေတာ့ဒီလိုမဟုတ္ပါဘူး။ Ferrari ရဲ႕ဖခင္ႀကီး Enzo Ferrari ေျပာတာက ဒီအမွတ္တံဆိပ္ဟာ ပထမကမၻာစစ္တုန္းက အီတလီေလတပ္သူရဲေကာင္းတစ္ဦးျဖစ္တဲ့ Francesco Baracca ရဲ႕ေလယာဥ္ေပၚက အမွတ္တံဆိပ္ပါ။ သူၿပိဳင္ကားၿပိဳင္ပြဲမွာ အႏိုင္ရတုန္းက Francesco ရဲ႕အေမက ဒီတံဆိပ္ေလးသူ႔ကို လက္ေဆာင္ေပးခဲ့ဖူးပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီတံဆိပ္ဟာ ကမၻာေက်ာ္ Ferrari ၿပိဳင္ကားအမွတ္တံဆိပ္ျဖစ္လာခဲ့ပါတယ္။
တစ္ခုလိုေနတဲ့ Wikipedia
ကမၻာေက်ာ္အြန္လိုင္းစြယ္စံုက်မ္းႀကီးရဲ႕ အမွတ္တံဆိပ္က ကမၻာလံုးပံုျဖစ္ေနတယ္ဆိုတာကို သတိထားမိမွာပါ။ ပေဟဠိဆက္ရတဲ့ ေလးေထာင့္အတုံုးေလးေတြေပၚမွာ ဘာသာစကားအမ်ိဳးမ်ိဳးရဲ႕ စကားလံုးေတြကို ေရးထိုးထားပါတယ္။ ဒီစကားလံုးေတြအကုန္လံုးကို ဆက္လိုက္ရင္ “Wikipedia” စြယ္စံုက်မ္းရယ္လို႔ အဓိပၸာယ္ရပါတယ္။ ဒီကမၻာလံုးရဲ႕ထိပ္မွာေတာ့ ထပ္မံဆက္ဖို႔လိုေနတဲ့ေနရာေတြကို ေတြ႔ရမွာပါ။ အဲ့ဒီအဓိပၸာယ္က စြယ္စံုက်မ္းကို အၿမဲမျပတ္ထပ္မံျဖည့္စြက္ေနမယ္လို႔ ေျပာတာျဖစ္ပါတယ္။
Android ရဲ႕မွတ္မိလြယ္မယ့္ဒီဇိုင္း
ဂရပ္ဖစ္ဒီဇိုင္နာ Irina Blok နဲ႔ သူမရဲ႕အဖြြဲ႔သားေတြကို လိုဂိုဒီဇုိင္းတစ္ခုလာအပ္ပါတယ္။ အဲ့ဒီလိုဂိုပံုကိုေတာ့ မွတ္မိလြယ္ႏို္င္တဲ့ စက္ရုပ္ပံုျဖစ္ရမယ္လို႔ အလုပ္အပ္တဲ့သူေတြက ေျပာသြားပါတယ္။ ေတာ္ေတာ္ေတာ့ရယ္စရာေကာင္းပါတယ္။ ဒီလိုမ်ိဳးမွတ္မိလြယ္တဲ့စက္ရုပ္ျဖစ္ဖို႔ သူတို႔အဖြဲ႔သားေတြက အိမ္သာမွာ က်ား၊ မ ခြဲျခားျပတဲ့သေကၤတပံုေလးေတြကေန စိတ္ကူးဥာဏ္ရရွိခဲ့တာပါတဲ့။
McDonald’s က ဘာလို႔တြန္႔
Lacoste ရဲ႕ဇာတ္လမ္းအမွန္
၁၉၂၃ ခုႏွစ္တုန္းက Rene Lascoste ဟာ သူ႔အသင္းကပၸတိန္ Alan Moore နဲ႔အတူ လမ္းေလွ်ာက္ထြက္လာရင္း ဆိုင္တစ္ဆိုင္ရဲ႕ျပတင္းေပါက္မွာ ခင္းက်င္းျပသထားတဲ့ မိေခ်ာင္းသားေရခရီးေဆာင္အိတ္တစ္လံုးကို ေတြ႔ပါတယ္။ အဲ့ဒီအခ်ိန္မွာ Moore က Lascoste သာ ေနာက္ပြဲမွာ အႏိုင္ရခဲ့မယ္ဆိုရင္ အဲ့ဒီအိတ္ကို လက္ေဆာင္ ေပးမယ္လို႔ အေလာင္းအစားလုပ္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပြဲစဥ္မွာေတာ့ Lascoste အႏို္င္မရခဲ့ပါဘူး။ ဒီဇာတ္လမ္း ကို ၾကားသိထားတဲ့ ဂ်ာနယ္လစ္တစ္ေယာက္က အႏိုင္မရခဲ့ေပမယ့္ မိေခ်ာင္းတစ္ေကာင္လို ယွဥ္ၿပိဳင္သြားတဲ့တင္းနစ္သမားဆိုၿပီး သတင္းေရးခဲ့လို႔ နာမည္ေျပာင္အသစ္ပဲ ရခဲ့ပါတယ္။ ေနာက္ပိုင္း သူကိုယ္ပိုင္ကုမၸဏီေထာင္တဲ့အခ်ိန္မွာေတာ့ မိေခ်ာင္းပံုကို အမွတ္တံဆိပ္အျဖစ္ အသံုးျပဳခဲ့ပါတယ္။
ေလယာဥ္ပန္ကာမဟုတ္တဲ့ BMW
ေတာ္ေတာ္မ်ားမ်ားေျပာၾကတာက BMW ရဲ႕ လုိဂိုသေကၤတဟာ ေလယာဥ္ပန္ကာနဲ႔တူတယ္ဆိုၿပီးပါ။ ကုမၸဏီရဲ႕ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားကလည္း ဒီအျမင္ကို လက္ခံၾကပါတယ္။ တကယ္ေတာ့ အျဖဴ၊အျပာေလးကြက္ၾကားဆိုတာက ဂ်ာမဏီႏိုင္ငံ Bavaria ျပည္နယ္ရဲ႕အလံပါ။
Uber ရဲ႕ အဓိပၸာယ္
Uber က သူတို႔ရဲ႕လိုဂိုကို “U” ပံုစံကေန သတင္းအခ်က္အလက္ကိုျပတဲ့ bit သေကၤတ (သို႔) အက္တမ္ပံုစံကိုေျပာင္းလဲခဲ့ပါတယ္။ ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕လိုဂိုဒီဇိုင္းအသစ္ဟာ Bits နဲ႔ အက္တမ္ေတြကို ေနရာတိုင္းမွာ ေတြ႔ႏိုင္သလို သူတို႔ရဲ႕ကားေတြကိုလည္း ေနရာတိုင္းမွာေတြ႔ရမယ္ဆိုတဲ့ အဓိပၸာယ္ပါတဲ့။
ပင္ကို ထိပ္ဆံုးမွာတင္ထားတဲ့ Pinterest
Pinterest လိုဂိုရဲ႕ ထိပ္ဆံုးစကားလံုးကို သတိထားၿပီး ၾကည့္လိုက္ပါ။ “P” ကို ကၽြန္ေတာ္တို႔ စာရြက္ေတြ၊ ဓါတ္ပံုေတြမွာသံုးတဲ့ ပင္ပံုစံလုပ္ထားတာကိုေတြ႔ရပါလိမ့္မယ္။ Pinterest က ကၽြန္ေတာ္တို႔ နံရံမွာမွတ္သားစရာ တစ္ခုခုကို Pin နဲ႔ထိုးၿပီး မွတ္သားတဲ့ပံုစံမ်ိဳးကုိ အတုယူၿပီးလုပ္ထားတဲ့ Electronic စနစ္တစ္ခုပါ။
ေတာင္ပံုတစ္စံုနဲ႔ Nike
ကမၻာေပၚမွာလူတိုင္းလိုလိုသိေနတဲ့ လိုဂိုတစ္ခုက တကယ္ေတာ့ ေစ်းေပါေပါနဲ႔ရခဲ့တာပါ။ ဒီလုိဂိုကိုဆြဲဖို႔ ၃၅ ေဒၚ လာပဲကုန္က်ခဲ့ပါတယ္။ Carolyn Davidson လို႔ေခၚတဲ့ေက်ာင္းသူေလးတစ္ဦးကို ၁၉၇၁ ခုႏွစ္တုန္းက Phil Knight ကေရးဆြဲခိုင္းခဲ့တာပါ။ လိုဂိုပံုစံကို စစေတြ႔ခ်င္းေတာ့ သူသိပ္ၿပီးသေဘာမေတြ႔ပါဘူး။ ဒါေပမယ့္ ဒ ဒီလိုဂိုဟာ ေနာက္ပိုင္းမွာ အလြန္အမင္းေအာင္ျမင္ခဲ့ပါတယ္။ တကယ္ေတာ့ Nike ဆိုတာ ေအာင္ျမင္မႈနတ္ဘုရားရဲ႕ ေတာင္ပံနဲ႔ တူညီေအာင္ေရးဆြဲထားတာပါ။
အၿမီးႏွစ္ခြေရသူမ
Starbucks ရဲ႕လိုဂိုမွာ ေရသူမက သူရဲ႕အၿမီးႏွစ္ဖက္ကို လက္နဲ႔ကိုင္ထားပါတယ္။ ဒီပံုထဲကေရးသူမဟာ ဒ႑ာရီထဲက လူသားနဲ႔ခ်စ္ႀကိဳက္ခဲ့တဲ့ အၿမီးႏွစ္ခြရွိတဲ့ေရသူမ Melusine ပါ။ ၁၉၇၁ ခုႏွစ္ကာလပတ္ဝန္းက်င္က ေရသူမပံုကို ခြက္အျပည့္ေဖာ္ျပခြင့္ရခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဆင္ဆာဖ်က္ခံခဲ့ရပါတယ္။
ေရႊအခ်ိဳး နဲ႔ Pepsi
Pepsi ရဲ႕ရိုးရိုးရွင္းရွင္းလိုဂိုႀကီးကိုႀကီးၿပီးေတာ့ တန္ဖိုးမရွိဘူးမထင္ပါနဲ႔။ ဒီလိုဂိုေရးဆြဲခႀကီးပဲက ေဒၚလာ ၁ သန္းတန္ပါတယ္။ ဒီဇိုင္နာေတြဟာ ဒီလိုဂို လူသားေတြရဲ႕မ်က္လံုးနဲ႔သဟဇာတျဖစ္မယ့္ ေရႊအခ်ိဳး (Golden Ratio) ရေအာင္ ေသေသခ်ာခ်ာေရးဆြဲခဲ့ရတာပါ။
Ref: www.brightside.me
မင္းသုခ (အခရာ)
www.akhayar.com
[Unicode]
ပန်းသီးရဲ့နောက်ကွယ်ပန်းသီးရဲ့နောက်ကွယ်

Apple က သူတို့ရဲ့လိုဂိုအမှတ်တံဆိပ်ဟာ နည်းပညာသူရဲကောင်းတစ်ဦးဖြစ်တဲ့ Alan Turing ကိုဂုဏ် ပြုထားတာလို့ ပြောပါတယ်။ Alan Turing က သီအိုရီကွန်ပြူတာသိပ္ပံနယ်ပယ်မှာ တော့်တော့်ကိုသြဇာကြီးခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပေမယ့် အဆိပ်ရှိတဲ့ပန်းသီးကို စားပြီးကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဂိုကို ရေးဆွဲပေးခဲ့တဲ့ ဒီဇိုင်နာ Ro Janoff ကတော့ သူ့အနေနဲ့ ပန်းသီးမှာတစ်ခြမ်းကိုက်အရာ ဖော်ခဲ့တာ တခြားလုံးဝန်းတဲ့အသီးတွေနဲ့ ပုံသဏ္ဍာန်ရောထွေးမှုဖြစ်မှာ စိုးလို့ပါတဲ့။
Ferrari ရဲ့မြင်းဆိုတာ

Ferrari ပြိုင်ကားအမှတ်တံဆိပ်မှာ ဟီနေတဲ့ မြင်းတစ်ကောင်ပုံကိုတွေ့မှာပါ။ တော်တော်များများထင်တာက ဒီမြင်းက မြင်းကောင်ရေအား (Horse Power) သာလွန်ကောင်းမှုကို ပြချင်လို့လားပေါ့။ တကယ်တော့ဒီလိုမဟုတ်ပါဘူး။ Ferrari ရဲ့ဖခင်ကြီး Enzo Ferrari ပြောတာက ဒီအမှတ်တံဆိပ်ဟာ ပထမကမ္ဘာစစ်တုန်းက အီတလီလေတပ်သူရဲကောင်းတစ်ဦးဖြစ်တဲ့ Francesco Baracca ရဲ့လေယာဉ်ပေါ်က အမှတ်တံဆိပ်ပါ။ သူပြိုင်ကားပြိုင်ပွဲမှာ အနိုင်ရတုန်းက Francesco ရဲ့အမေက ဒီတံဆိပ်လေးသူ့ကို လက်ဆောင်ပေးခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ဒီတံဆိပ်ဟာ ကမ္ဘာကျော် Ferrari ပြိုင်ကားအမှတ်တံဆိပ်ဖြစ်လာခဲ့ပါတယ်။
တစ်ခုလိုနေတဲ့ Wikipedia

ကမ္ဘာကျော်အွန်လိုင်းစွယ်စုံကျမ်းကြီးရဲ့ အမှတ်တံဆိပ်က ကမ္ဘာလုံးပုံဖြစ်နေတယ်ဆိုတာကို သတိထားမိမှာပါ။ ပဟေဠိဆက်ရတဲ့ လေးထောင့်အတုံးလေးတွေပေါ်မှာ ဘာသာစကားအမျိုးမျိုးရဲ့ စကားလုံးတွေကို ရေးထိုးထားပါတယ်။ ဒီစကားလုံးတွေအကုန်လုံးကို ဆက်လိုက်ရင် “Wikipedia” စွယ်စုံကျမ်းရယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီကမ္ဘာလုံးရဲ့ထိပ်မှာတော့ ထပ်မံဆက်ဖို့လိုနေတဲ့နေရာတွေကို တွေ့ရမှာပါ။ အဲ့ဒီအဓိပ္ပာယ်က စွယ်စုံကျမ်းကို အမြဲမပြတ်ထပ်မံဖြည့်စွက်နေမယ်လို့ ပြောတာဖြစ်ပါတယ်။
Android ရဲ့မှတ်မိလွယ်မယ့်ဒီဇိုင်း

ဂရပ်ဖစ်ဒီဇိုင်နာ Irina Blok နဲ့ သူမရဲ့အဖွဲ့သားတွေကို လိုဂိုဒီဇိုင်းတစ်ခုလာအပ်ပါတယ်။ အဲ့ဒီလိုဂိုပုံကိုတော့ မှတ်မိလွယ်နိုင်တဲ့ စက်ရုပ်ပုံဖြစ်ရမယ်လို့ အလုပ်အပ်တဲ့သူတွေက ပြောသွားပါတယ်။ တော်တော်တော့ရယ်စရာကောင်းပါတယ်။ ဒီလိုမျိုးမှတ်မိလွယ်တဲ့စက်ရုပ်ဖြစ်ဖို့ သူတို့အဖွဲ့သားတွေက အိမ်သာမှာ ကျား၊ မ ခွဲခြားပြတဲ့သင်္ကေတပုံလေးတွေကနေ စိတ်ကူးဉာဏ်ရရှိခဲ့တာပါတဲ့။
McDonald’s က ဘာလို့တွန့်

၁၉၆၂ ခုနှစ်မှာတော့ McDonald က စိတ်ပညာရှင် Louis Cheskin ကို အကြံပေးအနေနဲ့ ငှားရမ်းခဲ့ပါတယ်။ သူကအရင်တုန်း က Speedee the Cook ဆိုတဲ့ လိုဂိုနေရာမှာ အတွန့်နှစ်တွန့်ပါတဲ့ “M” ကို အစားထိုးဖို့အကြံပေးခဲ့ပါတယ်။ သူပြောတာကတော့ အဲ့ဒီလိုမျိုး နှစ်တွန့် “M” ကို ရဲ့ပုံသဏ္ဍာန်ဟာ အမျိုးသမီးရဲ့ရင်သားတွေနဲ့တူတာမို့ ငယ်ဘဝကိုအမှတ်ရစေပြီး အစားစာချင်စိတ်ကို ဖြစ်စေပါမယ့်တဲ့။ ဒါပေမယ့် Cheskin က ဒီသင်္ကေတကို ထွင်ခဲ့တဲ့သူတော့မဟုတ်ပါဘူး။ ၁၉၅၀ ပတ်ဝန်းကျင်က စားသောက်ဆိုင်တွေမှာလည်း ဒီလိုမျိုးအမှတ်တံဆိပ် သင်္ကေတတွေ ရှိခဲ့ပါတယ်။
Lacoste ရဲ့ဇာတ်လမ်းအမှန်

၁၉၂၃ ခုနှစ်တုန်းက Rene Lascoste ဟာ သူ့အသင်းကပ္ပတိန် Alan Moore နဲ့အတူ လမ်းလျှောက်ထွက်လာရင်း ဆိုင်တစ်ဆိုင်ရဲ့ပြတင်းပေါက်မှာ ခင်းကျင်းပြသထားတဲ့ မိချောင်းသားရေခရီးဆောင်အိတ်တစ်လုံးကို တွေ့ပါတယ်။ အဲ့ဒီအချိန်မှာ Moore က Lascoste သာ နောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အဲ့ဒီအိတ်ကို လက်ဆောင် ပေးမယ်လို့ အလောင်းအစားလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပွဲစဉ်မှာတော့ Lascoste အနိုင်မရခဲ့ပါဘူး။ ဒီဇာတ်လမ်း ကို ကြားသိထားတဲ့ ဂျာနယ်လစ်တစ်ယောက်က အနိုင်မရခဲ့ပေမယ့် မိချောင်းတစ်ကောင်လို ယှဉ်ပြိုင်သွားတဲ့တင်းနစ်သမားဆိုပြီး သတင်းရေးခဲ့လို့ နာမည်ပြောင်အသစ်ပဲ ရခဲ့ပါတယ်။ နောက်ပိုင်း သူကိုယ်ပိုင်ကုမ္ပဏီထောင်တဲ့အချိန်မှာတော့ မိချောင်းပုံကို အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့ပါတယ်။
လေယာဉ်ပန်ကာမဟုတ်တဲ့ BMW

တော်တော်များများပြောကြတာက BMW ရဲ့ လိုဂိုသင်္ကေတဟာ လေယာဉ်ပန်ကာနဲ့တူတယ်ဆိုပြီးပါ။ ကုမ္ပဏီရဲ့ဝန်ထမ်းတော်တော်များများကလည်း ဒီအမြင်ကို လက်ခံကြပါတယ်။ တကယ်တော့ အဖြူ၊အပြာလေးကွက်ကြားဆိုတာက ဂျာမဏီနိုင်ငံ Bavaria ပြည်နယ်ရဲ့အလံပါ။
Uber ရဲ့ အဓိပ္ပာယ်

Uber က သူတို့ရဲ့လိုဂိုကို “U” ပုံစံကနေ သတင်းအချက်အလက် ကိုပြတဲ့ bit သင်္ကေတ (သို့) အက်တမ်ပုံစံကိုပြောင်းလဲခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့လိုဂိုဒီဇိုင်းအသစ်ဟာ Bits နဲ့ အက်တမ်တွေကို နေရာတိုင်းမှာ တွေ့နိုင်သလို သူတို့ရဲ့ကားတွေကိုလည်း နေရာတိုင်းမှာတွေ့ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့။
ပင်ကို ထိပ်ဆုံးမှာတင်ထားတဲ့ Pinterest

Pinterest လိုဂိုရဲ့ ထိပ်ဆုံးစကားလုံးကို သတိထားပြီး ကြည့်လိုက်ပါ။ “P” ကို ကျွန်တော်တို့ စာရွက်တွေ၊ ဓါတ်ပုံတွေမှာသုံးတဲ့ ပင်ပုံစံလုပ်ထားတာကိုတွေ့ရပါလိမ့်မယ်။ Pinterest က ကျွန်တော်တို့ နံရံမှာမှတ်သားစရာ တစ်ခုခုကို Pin နဲ့ထိုးပြီး မှတ်သားတဲ့ပုံစံမျိုးကို အတုယူပြီးလုပ်ထားတဲ့ Electronic စနစ်တစ်ခုပါ။
တောင်ပုံတစ်စုံနဲ့ Nike

ကမ္ဘာပေါ်မှာလူတိုင်းလိုလိုသိနေတဲ့ လိုဂိုတစ်ခုက တကယ်တော့ ဈေးပေါပေါနဲ့ရခဲ့တာပါ။ ဒီလိုဂိုကိုဆွဲဖို့ ၃၅ ဒေါ် လာပဲကုန်ကျခဲ့ပါတယ်။ Carolyn Davidson လို့ခေါ်တဲ့ကျောင်းသူလေးတစ်ဦးကို ၁၉၇၁ ခုနှစ်တုန်းက Phil Knight ကရေးဆွဲခိုင်းခဲ့တာပါ။ လိုဂိုပုံစံကို စစတွေ့ချင်းတော့ သူသိပ်ပြီးသဘောမတွေ့ပါဘူး။ ဒါပေမယ့် ဒ ဒီလိုဂိုဟာ နောက်ပိုင်းမှာ အလွန်အမင်းအောင်မြင်ခဲ့ပါတယ်။ တကယ်တော့ Nike ဆိုတာ အောင်မြင်မှုနတ်ဘု ရားရဲ့ တောင်ပံနဲ့ တူညီအောင်ရေးဆွဲထားတာပါ။
အမြီးနှစ်ခွရေသူမ

Starbucks ရဲ့လိုဂိုမှာ ရေသူမက သူရဲ့အမြီးနှစ်ဖက်ကို လက်နဲ့ကိုင်ထားပါတယ်။ ဒီပုံထဲကရေးသူမဟာ ဒဏ္ဍာရီထဲက လူသားနဲ့ချစ်ကြိုက်ခဲ့တဲ့ အမြီးနှစ်ခွရှိတဲ့ရေသူမ Melusine ပါ။ ၁၉၇၁ ခုနှစ်ကာလပတ်ဝန်းကျင်က ရေသူမပုံကို ခွက်အပြည့်ဖော်ပြခွင့်ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆင်ဆာဖျက်ခံခဲ့ရပါတယ်။
ရွှေအချိုး နဲ့ Pepsi

Pepsi ရဲ့ရိုးရိုးရှင်းရှင်းလိုဂိုကြီးကိုကြီးပြီးတော့ တန်ဖိုးမရှိဘူးမထင်ပါနဲ့။ ဒီလိုဂိုရေးဆွဲခကြီးပဲက ဒေါ်လာ ၁ သန်းတန်ပါတယ်။ ဒီဇိုင်နာတွေဟာ ဒီလိုဂို လူသားတွေရဲ့မျက်လုံးနဲ့သဟဇာတဖြစ်မယ့် ရွှေအချိုး (Golden Ratio) ရအောင် သေသေချာချာရေးဆွဲခဲ့ရတာပါ။
Ref: www.brightside.me
မင်းသုခ (အခရာ)
www.akhayar.com












No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။