လွှတ်ချလိုက်ပါ
---------------------
ငိုတယ်... ငိုတယ်....
မျက်လုံးတွေ ကွဲထွက်မတတ်ငိုတယ်...
နှလုံးသားတွေ ပေါက်ထွက်မတတ် ငိုတယ်...
အသက်ရှူတွေ ရပ်လောက်အောင် ငိုတယ်...
ကဲ... မေးပြီ...
ငိုလိုက်ရင် ပြသနာအားလုံး ပြီးသွားပြီလား ကလေးလေး...
မင်းစိတ်ညစ်နေတာတွေအကု န် ပြေလည်သွားမှာလား...
ခေါင်းခါနေပီဟုတ်?...
မင်းရဲ့ပျော်ရွှင်မှုဟာ သူတပါးအပေါ်မှီတည် နေသရွေ့တော့ မပျော်ရွှင်မှုတွေပဲ ရနေလိမ့်မယ်...
ကဲ... မင်းအခုငိုနေတာ ဘာကြောင့်လဲ...
အဖြစ်အပျက်တခုကြောင့်လား...
လူတယောက်ကြောင့်လား...
ငိုချင်နေသေးလား...
ငို... ငို... ဝအောင်ငိုနော်...
ငိုပြီးရင်တော့ လွှတ်ချလိုက်ပါတော့...
အဖြစ်အပျက်ဆိုရင်လဲ မေ့ပစ်လိုက်ပါတော့...
လူတယောက်ဆိုရင်လဲ စွန့်လွှတ်လိုက်ပါတော့.. .
သက်ပြင်းတွေအခါခါ ချနေတဲ့ နှလုံးနုနုလေးကို အနားပေးလိုက်ပါတော့နော် ...
အသက်ကိုဝအောင်ရှူ...
စိတ်ကလေး ငြိမ်ငြိမ်လေးထား...
မင်းဘာမှားခဲ့သလဲ...
ဒါမှမဟုတ် မင်းမမှားဘဲ အနိုင်ကျင့်နေကြတာလား...
သနားစရာကလေးရယ်...
မှားခဲ့မိတယ်ဆိုလဲ အားလုံးကို လွှတ်ချပြီး သင်ခန်းစာယူ... ဘဝကို ယုံကြည်ချက်နဲ့ ရှေ့ဆက်ပါတော့...
အနိုင်ကျင့်နေတယ် ဆိုလဲ ခွင့်လွှတ်ပေးလိုက်ပါ...
သူတို့ဟာ သူတပါးကို မျက်ရည်ကျအောင်လုပ်မှ ပျော်တတ်တဲ့သူတွေလေ...
သနားစရာလူတွေကို နားလည်ပေးလိုက်ပါ...
ဒီဝဋ်ကြွေးတွေ အခုကြေအောင်မဆပ်ရင် နောင်ဘနဘဝ ထပ်သယ်ရဦးမလဲ မသိ...
ကျေကျေနပ်နပ်ကြီး ဆပ်လိုက်ပါ...
ပြုသူအသစ် ခံသူအဟောင်း...
အမညီမလေး ခံစားရသလို သူတို့ပြန်မခံစားရပါစေနဲ့ လို့ အမထပ်လောင်း ဆုတောင်းပေးလိုက်ပါတယ် ...
ပင်ပန်းနေတဲ့ အမ ကလေးလေ...
စိတ်လေးလျှော့ မျက်လုံးလေးမှိတ်ပြီး အိပ်လိုက်တော့...
နိုးလာရင် အားလုံးကို လွှတ်ချလိုက်တော့...
ထားခဲ့လိုက်တော့...
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေကို ချန်ရစ်လိုက်ပါတော့...
အိပ်နေတဲ့ခြင်္သေ့မလေး နိုးပါတော့ကွယ်...
မင်းဟာ သိပ်အရည်အချင်းရှိတဲ့ ကလေးမှန်း အမသိတာပေါ့လို့....
ချစ်သဉ္ဇာ
၂၃.၁၁.၁၇
---------------------
ငိုတယ်... ငိုတယ်....
မျက်လုံးတွေ ကွဲထွက်မတတ်ငိုတယ်...
နှလုံးသားတွေ ပေါက်ထွက်မတတ် ငိုတယ်...
အသက်ရှူတွေ ရပ်လောက်အောင် ငိုတယ်...
ကဲ... မေးပြီ...
ငိုလိုက်ရင် ပြသနာအားလုံး ပြီးသွားပြီလား ကလေးလေး...
မင်းစိတ်ညစ်နေတာတွေအကု
ခေါင်းခါနေပီဟုတ်?...
မင်းရဲ့ပျော်ရွှင်မှုဟာ သူတပါးအပေါ်မှီတည် နေသရွေ့တော့ မပျော်ရွှင်မှုတွေပဲ ရနေလိမ့်မယ်...
ကဲ... မင်းအခုငိုနေတာ ဘာကြောင့်လဲ...
အဖြစ်အပျက်တခုကြောင့်လာ
လူတယောက်ကြောင့်လား...
ငိုချင်နေသေးလား...
ငို... ငို... ဝအောင်ငိုနော်...
ငိုပြီးရင်တော့ လွှတ်ချလိုက်ပါတော့...
အဖြစ်အပျက်ဆိုရင်လဲ မေ့ပစ်လိုက်ပါတော့...
လူတယောက်ဆိုရင်လဲ စွန့်လွှတ်လိုက်ပါတော့..
သက်ပြင်းတွေအခါခါ ချနေတဲ့ နှလုံးနုနုလေးကို အနားပေးလိုက်ပါတော့နော်
အသက်ကိုဝအောင်ရှူ...
စိတ်ကလေး ငြိမ်ငြိမ်လေးထား...
မင်းဘာမှားခဲ့သလဲ...
ဒါမှမဟုတ် မင်းမမှားဘဲ အနိုင်ကျင့်နေကြတာလား...
သနားစရာကလေးရယ်...
မှားခဲ့မိတယ်ဆိုလဲ အားလုံးကို လွှတ်ချပြီး သင်ခန်းစာယူ... ဘဝကို ယုံကြည်ချက်နဲ့ ရှေ့ဆက်ပါတော့...
အနိုင်ကျင့်နေတယ် ဆိုလဲ ခွင့်လွှတ်ပေးလိုက်ပါ...
သူတို့ဟာ သူတပါးကို မျက်ရည်ကျအောင်လုပ်မှ ပျော်တတ်တဲ့သူတွေလေ...
သနားစရာလူတွေကို နားလည်ပေးလိုက်ပါ...
ဒီဝဋ်ကြွေးတွေ အခုကြေအောင်မဆပ်ရင် နောင်ဘနဘဝ ထပ်သယ်ရဦးမလဲ မသိ...
ကျေကျေနပ်နပ်ကြီး ဆပ်လိုက်ပါ...
ပြုသူအသစ် ခံသူအဟောင်း...
အမညီမလေး ခံစားရသလို သူတို့ပြန်မခံစားရပါစေနဲ့
ပင်ပန်းနေတဲ့ အမ ကလေးလေ...
စိတ်လေးလျှော့ မျက်လုံးလေးမှိတ်ပြီး အိပ်လိုက်တော့...
နိုးလာရင် အားလုံးကို လွှတ်ချလိုက်တော့...
ထားခဲ့လိုက်တော့...
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေကို ချန်ရစ်လိုက်ပါတော့...
အိပ်နေတဲ့ခြင်္သေ့မလေး နိုးပါတော့ကွယ်...
မင်းဟာ သိပ်အရည်အချင်းရှိတဲ့ ကလေးမှန်း အမသိတာပေါ့လို့....
ချစ်သဉ္ဇာ
၂၃.၁၁.၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။