Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 30, 2017

Organic အော်ဂဲနစ်

 
 
Organic အော်ဂဲနစ်

တောလက်ဆောင်စာလေးအောက်မှာ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေခက်တဲ့နေရာတွေမှာ ခက်နေကြောင်းနဲ့ အမြန်နည်းတွေနဲ့ မှည့်အောင်လုပ်ကြောင်းရေးလာကြတယ်။ တမြန်နေ့လောက် ကျွန်တော့်ဇနီးက ဝက်မလွတ် ခေါ် သီးမွှေးငှက်ပျောသီး အစိမ်းရောင်တဖီးဝယ်လာလို့ ဘာလဲမေးရတယ်။ အိမ်မှာတင် သဘာဝနည်းနဲ့ မှည့်အောင် လုပ်မယ်တဲ့။ ကျွန်တော်တို့ငယ်ငယ်က မုံရွာနဲ့ မင်းရွာမှာ ငှက်ပျောက်သီးကို စဥ့်အိုးထဲမှာထည့်၊ အိုးကိုမြေကြီးထဲမြှုပ်၊ ငှက်ပျော်သီးတွေအပေါ်မှာ ပွဲ့လျက်ရေပုန်းဟောင်းကို အဖြတ်လေးတွေလုပ်၊ မီးရှို့ပြီး မှည့်စေခဲ့ရတာကို သတိရတယ်။

ထမင်းဘယ်ကရသလဲ၊ ထမင်းအိုးထဲကရတယ်လို့ ရီစရာပြောကြတယ်။ လူစားတဲ့အစားအစာတွေက ဘယ်ကလာသလဲ မေးရင် မဖြေတတ်သူများလာတယ်။ ကိုယ့်နယ်မြေဒေသမှာ စိုက်တာတွေလား၊ စိုက်ပျိုးမွေးမြူရေးခြံတွေကလား၊ စားကျက်မြက်ခင်းမွေးတွေလား၊ မြေသြဇာတွေ ပိုးသတ်ဆေးတွေ သုံးသလား၊ အဲတာတွေသိမှ လူတော်။

အော်ဂဲနစ် အကြောင်းလေး ရေးပါမယ်။ လူသည် အစုံစားသတ္တဝါဖြစ်၏။ အသား-ငါး၊ အသီး-အရွက်၊ ပဲစား၏လို့ အထွေထွေသိပ္ပံမှာသင်ရတယ်။ လူ့ခန္ဓာက အသား၊ အဆီ၊ သကြား၊ ဆား၊ အကုန်စားဘို့လိုသည်လို့ ဆေးသိပ္ပံမှာ သင်ရတယ်။ အော်ဂဲနစ် ဆိုတာဘာလဲ။ ကာဗွန်ပါတာတွေကို လေ့လာတဲ့ အော်ဂဲနစ် ဓါတုဗေဒကို ဆေးကျောင်း ရောက်စမှာ သင်ရတယ်။ စားစရာလဲမဟုတ်ပါလား။ နောက်မှသိလာတာက ဈေးလည်းကြီး၊ သီးသီးသန့်သန့်လည်း ရောင်းတဲ့ စားစရာတွေကို ခေါ်ကြတာကိုး။

ဆူပါမားကက်က ဟာတွေ ဝယ်မစားဘဲ၊ လတ်လတ်ဆတ်ဆတ် ခြံထွက်စားပါ။ ကိုယ်သိတဲ့ ခြံသမား-လယ်သမား ဆီကဟာ ဝယ်စားတာ ကောင်းတယ်။ ဆိုကြပေမဲ့ အဲလိုစားနိုင်တာ အမေရိကားမှာ အခုမှ ၃% ရှိသေးတယ်။ ဘာ ပိုကောင်းလို့လဲ။ အာဟာရဓါတ်ကတော့ သိပ်မကွာလှဘူး။ အရသာကြ သူတမျိုးပြော၊ ငါတမျိုးပြောကြတယ်။ ဈေး မနည်းပေမဲ့ အဆီနည်းတယ်။ ကျန်းမာရေး ပိုကောင်းပါတယ်။

အော်ဂဲနစ် အစာက ဈေးပိုကြီးတာကိုးလို့ ပြောနေသူတွေက SUV ကားတော့ ဝယ်စီးနေကြ မဟုတ်လား။ သူများအမြင် ကောင်းဘို့သာ ချမ်းသာပြလုပ်နေကြပြီး၊ ကျန်းမာတာကိုမလုပ်ကြတာ ဖြစ်နေတယ်။

အသီးအနှံတွေမှာ ပိုးမျိုးစုံသတ်ဆေးမပါတာက ကျန်းမာရေးအရကောင်းတယ်။ အသားတွေမှာ အပိုဆောင်း ပါနေတာက ဟော်မုန်းသာမက ပဋိဇီဝဆေးတွေပါနေတယ်။ ဆေးတွေပါတာ ကောင်းတယ်မထင်ပါနဲ့။ MRSA ရောဂါဆေးယဉ်တာ ဖြစ်စေတယ်။ ကျန်းမာရေး သမားတွေကို ကျေးဇူးတင်ဘို့ ကောင်းတယ်။ ဒီအစ်ရှူးခေတ်စားလာမှ Organic vs Inorganic ဆိုတာကို ပြန်ဆန်းသစ်လာကြတယ်။ အရင်က အော်ဂဲနစ် ဆိုတာ ဇီဝအခြေခံနဲ့ အင်-အော်ဂဲနစ်က ဓါတ်ဆားအခြေခံလို့ မှတ်ယူခဲ့တယ်။ နောက်တော့ အတုနဲ့အစစ်သဘောဆန်ဆန် မြင်လာကြတယ်။

အော်ဂဲနစ် အစာဆိုတာ အတုတွေနည်းနိုင်သမျှ နည်းအောင်လုပ်ထားတာလို့ အကြမ်းပြောရင်ရတယ်။ စိုက်ပျိုးရေး အကြောင်း လူတွေ စသိကြတုံးကတော့ အော်ဂဲနစ် အစစ်ပါဘဲ။ အတုကိစ္စ အပြစ်ချရင် ၂ဝ ရာစုကလူတွေဘဲ။

ပိုးသတ်ဆေးသုံးရာမှာ စနစ်ကျအုံးတော့ လူကိုသာမက ပါတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိစေတယ်။ Organophosphate pesticides ပိုးသတ်ဆေးတွေကြောင့် ဗိုက်နာရောဂါ၊ ခေါင်းမူးတာ၊ ပျို့-အန်တာ၊ အရေပြားနဲ့ မျက်စိ ထိခိုက်တာတွေ ရစေတယ်။ ပိုဆိုးရင် မှတ်ဥာဏ် ထိခိုက်တာ၊ ကင်ဆာ၊ စိတ်ကျရောဂါ၊ ကိုယ်ဝန်ပျက်၊ မွေးရာပါချို့ယွင်းတဲ့ကလေး မွေးတာတွေ ဖြစ်စေနိုင်တယ်။

၂ဝဝ၉ ခုနှစ် ဥရောပ-ကော်မရှင်ကနေ ၅ နှစ်တာ အော်ဂဲနစ် ဟုတ်တာနဲ့ မဟုတ်တာ ဘာကွာသလဲ လေ့လာမှု တခု လုပ်ခဲ့တယ်။ သိသိသာသာ ကွာပါသတဲ့။ (၁) ဗီတာမင်၊ အဆိပ်ပျယ်ဓါတ်၊ အိုမီဂါ ၃-၆ အချိုးအစားများတယ်။ (၂) မလိုလားအပ်တဲ့ Heavy metals, Mycotoxins, Pesticide residues and Glyco-alkaloids နည်းတယ်။ (၃) ဝမ်းကနေကူးပြီး ရောဂါရစေတဲ့ ဆယ်လ်မိုနဲလား တိုက်ဖွိုက်ပိုးပါတာတွေမှာ ကွာတယ်လို့ ဆိုပါတယ်။

ခင်ဗျားတို့စားနေတဲ့အစာက ခင်ဗျားတို့ကို သတ်ပြစ်နေတယ်လို့ပြောရင် စော်ကားတာလား။ နာမည်ကြီးအောင် အော်တာလား မေးနိုင်တယ်။ ဆက်ပြောသေးတယ် ခင်ဗျားတို့တင် ဘယ်ကမလဲ၊ ကမ္ဘာဂြိုဟ်ကြီးကိုပါ သတ်နေတာတဲ့။

အခုခေတ်မှာ ရာသီစာ-အသီးအနှံဆိုတာတွေ ရာသီမရွေး ရနေလို့ အစားတွေကို မိုင် ရာ-ထောင်ချီဝေးရာကနေ လေယျာဉ်-ကား-ရထား-သင်္ဘောတွေနဲ့ သယ်ပို့ရတာမို့ ကာဗွန်တွေ လောင်စာတွေ ကုန်စေတယ်။ သိုလှောင်တာကလဲ အအေးခန်းမို့၊ CCF တွေများ၊ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်နေတာ စက္ကန့်မလပ် မဟုတ်ပါလား။

တရုပ်ကနေလာတဲ့ နို့မှုံ့လဲ မဝယ်ရဲကြတော့ပါ။ လူတွေ ပိုဝလာနေကြတာဟာ စားတာတွေထဲမယ် ဖရပ်တို့စ်ပါ အချိုရည်နဲ့ ဆားတွေများလို့ပါ။ လူတယောက်မှာလိုတဲ့ ကယ်လိုရီက ၂၃၅ဝ ပေမဲ့ စားနေတာက ၃၈ဝဝ၊ ပိုတာတွေက ဗိုက်စူ၊ လူဝစေတယ်။ မိန်းကလေးတွေ ၇ နှစ် သမီးနဲ့ အရွယ်ရောက်လာနေတာ ဒါကြောင့်လို့ လက်ညှိုးထိုးထားတယ်။

အော်ဂဲနစ် နွားနို့ဆိုတာ နွားအစစ်ကနေ ညှစ်တာ၊ အဲဒီနွားကို အော်ဂဲနစ် အစာကြွေး မွေးထာတာ၊ ဟော်မုန်း တိုက်မထားဘူး။ ရောဂါရရင်လဲ တားထားတဲ့ဆေးနဲ့ မကုဘူး။ နွားထားတဲ့ ခြံကလည်း ကျယ်ကျယ်လွင့်လွင့် သန့်သန့် ပြန့်ပြန့် ရှိရမယ်။ အကောင်တွေ သယ်ပို့တာကအစ တိရစ္ဆာန်ကို လူလောက်နီးနီး ဆက်ဆံသင့်တယ်။

ဒါကြောင့် အော်ဂဲနစ် မွေးမြူရေး၊ အော်ဂဲနစ် အဝတ်အစား၊ အော်ဂဲနစ် ဥယျာဉ်၊ အော်ဂဲနစ် ကျောက်၊ အော်ဂဲနစ် နေထိုင်နည်း၊ အော်ဂဲနစ် စတိုးဆိုင်၊ အော်ဂဲနစ် ကုန်ပစ္စည်း၊ အော်ဂဲနစ် ဘဏ္ဍာရေး၊ စုံနေအောင်ရှိနေပြီ။ အော်ဂဲမနစ်ရင် ခေတ်မမီဘူး။ သေခြာတာကတော အော်ဂဲနစ် စစ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ခင်ဗျားဘာစားသလဲဆိုတာ ခင်ဗျားရဲ့အဆင့်အတန်းပဲတဲ့။ အဆင့်ရှိချင်ရင် Go organic အော်ဂဲနစ် လုပ်ပါတဲ့။ ငယ်ငယ်ကစားခဲ့ရတဲ့ ပင့်ထက်မှာ ငှက်ပျောသီး၊ သဘောင်္သီးတွေကို အမှတ်ရနေတယ်။ ကျွန်တော့်အဆင့်အတန်းက တောသား။

Dr. တင့်ဆွေ
၂၉-၁၁-၂ဝ၁၆
၂၉-၁၁-၂ဝ၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။