Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 27, 2017

ဘုန်းကြီးကိုဘီးဘယ်လိုရောင်းမလဲ?

 
 
ဘုန်းကြီးကိုဘီးဘယ်လိုရောင်းမလဲ?
(သို့)
သင့်အားအကျိုးပြုမည့် အရောင်းပညာပေး ပုံပြင်တစ်ပုဒ်
(ကျေးဇူးပြု၍ မားကတ်တင်းအမြင်သက်သက်ဖြင့်သာဖတ်ရှုပေးပါ)


ကုမ္ပဏီအကြီးကြီးတစ်ခုတွင် အရောင်းကျွမ်းကျင်သူ ၃ဦးအလုပ်လျှောက်ထားခဲ့ကြသည်။ သူတို့ ၃ဦး၏ အရည်အသွေးကလည်း တူညီနေသောကြောင့် အင်တာဗျူးမေးမြန်းသူလည်း အရောင်းပြိုင်ပွဲတစ်ခုကို ပြုလုပ်ရန်ဆုံးဖြတ်ခဲ့လေတော့သည်။ ထိုပြိုင်ပွဲတွင် အများဆုံးရောင်းနိုင်နိုင်သူသည် ဆုအဖြစ်ထိုအလုပ်ကို ရရှိမည်ဖြစ်သည်။

အရောင်းပြိုင်ပွဲမှာ တောင်တန်းများပေါ်ရှိ မည်သည့်ကျောင်းတော်မှ ဘုန်းကြီးများကိုမဆို ဘီးများရောင်းချရန်ဖြစ်လေသည်။

" ခင်ဗျားတို့ အချိန်၃ရက် ရမယ်။ အများဆုံးရောင်းနိုင်ခဲ့တဲ့သူက အလုပ်ရမယ် " လို့အင်တာဗျူးမေးမြန်းသူက ပြောခဲ့ပါတယ်။သုံးရက်အကြာမှာတော့ အလုပ်လျှောက်ထားသူ ၃ယောက်ဟာ ပြန်လာပြီးသူတို့ရဲ့ရလဒ်တွေကိုပြန်တင်ပြခဲ့ကြပါတယ်။


ပထမလျှောက်ထားသူက ဒီလိုဆိုပါတယ်။ ကျွန်တော်တော့ ဘီးတစ်ချောင်းရောင်းနိုင်ခဲ့ပါတယ်။ ဘုန်းဘုန်းတွေကသူတို့ကို သက်သက်မဲ့လာနောက်ပြောင်တာလို့ ကျွန်တော့်ကိုဆူကြပါတယ်။ စိတ်ပျက်ပြီးတော့ လက်လျှော့ပြန်လာခဲ့ရပါ
တယ်။ ဒါပေမယ့် အပြန်လမ်းမှာ ခပ်ငယ်ငယ်ဘုန်းဘုန်းတစ်ပါး သူ့ဦးရေပြားကို အယားပြေကုတ်တံနဲ့ အဆက်မပြတ်ကုတ်နေတာတွေ့လို့ ဒီဘီးဟာ သူ့အတွက်ခေါင်းကုတ်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ပြောပြတော့ သူကတစ်ချောင်းဝယ်ထားလိုက်ပါတယ်။


ဒုတိယလျှောက်ထားသူက ဒီလိုဆိုပါတယ်။ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ၁၀ချောင်းဆိုတော့ ပိုကောင်းအောင်ရောင်းနိုင်ခဲ့တာပေါ့။ အင်တာဗျူးမေးမြန်းသူက ဘယ်လိုများရောင်းနိုင်ခဲ့တာလဲလို့ စိတ်လှုပ်ရှားစွာနဲ့ မေးခဲ့ပါတယ်။ ဒုတိယမြောက်အလုပ်လျှောက်သူက ဒီလိုဖြေခဲ့ပါတယ်။ ကျွန်တော်လေ့
လာကြည့်တဲ့အခါမှာ ဘုရားဖူးတွေဟာ ဘုရားကျောင်းကိုအလာမှ ပြင်းထန်တဲ့လေကြောင့် ဆံပင်တွေရှုပ်ပွကုန်တာတွေ့ရပါတယ်။ ဒါကြောင့်မို့ ဘီးတွေသာထားပေးရင် ဘုရားဖူးတွေဟာ ဆံပင်တွေဖြီးသင်ပြီး သပ်သပ်ရပ်ရပ်နဲ့
ပိုကောင်းစွာဘုရားဝတ်ပြုနိုင်မှာလို့ ဘုန်းဘုန်းကို လက်ခံ
အောင် လျှောက်ထားနိုင်ခဲ့လို့ပါ။


တတိယမြောက်အလုပ်လျှောက်သူကလည်း ကျွန်တော်သူတို့နှစ်ယောက်ထက် ပိုပြီးရောင်းနိုင်ခဲ့ပါတယ်လို့ မတ်တပ်ရပ်ရင်းပြောခဲ့ပါတယ်။ အင်တာဗျူးမေးသူက ဘယ်လောက်ရောင်းနိုင်ခဲ့သလဲလို့မေးတဲ့အခါမှာ သူကဘီး အချောင်းတစ်ထောင်ရောင်းခဲ့ပါတယ်လို့ ဖြေပါတယ်။ဘယ်လိုများရောင်းခဲ့တာလဲလို့ အင်တာဗျူးမေးသူက တအံ့တသြကို မေးမြန်းခဲ့ရပါတယ်။
ကျွန်တော်ဒီက အကြီးဆုံးကျောင်းတော်တွေထဲကတစ်ခုကို သွားခဲ့ပါတယ်။ ဘုန်းဘုန်းကြီးတွေထဲကတစ်ပါးကို လူတွေအတွက် မြင့်မြတ်တဲ့ဝတ်ပြုဖွယ်နေရာတစ်ခုပေးစွမ်းနိုင်တာရယ်၊ ဝတ်ပြုခွင့်ပေးတာရယ်အတွက် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဘုန်းဘုန်းက အလွန်ပဲဖော်ရွေပြီး သူကဘုရားဖူးတွေရဲ့လှူဒါန်းမှု၊ ကိုးကွယ်ဆည်းကပ်မှုတွေအတွက် ကျေးဇူးတင် အသိအမှတ်ပြုချင်တယ်လို့ပြောခဲ့ပါတယ်။ ကျွန်တော်ကလည်း အကောင်းဆုံးနည်းလမ်းကတော့ ဘုရားရဲ့အဆုံးအမတွေနဲ့ အမှတ်တရတစ်ခု ဘုရားဖူးတွေကို အမှတ်တရပေးတာဖြစ်မယ်လို့အကြံပေးခဲ့ပါတယ်။

ကျွန်တော်လည်း ဘုန်းဘုန်းကို ဘုရားရှင်ရဲ့ဆုံးမစာတွေ
ရေးထွင်းထားတဲ့ သစ်သားဘီးတွေကိုပြခဲ့ပြီး လူတွေဟာနေ့စဉ်ဒီလို ဘီးတွေကိုအသုံးပြုကြမယ်ဆိုရင်ကုသိုလ်ပြုဖို့လအဆက်မပြတ်တိုက်တွန်းပေးသလိုဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဘုန်းဘုန်းလည်း ဒီအကြံကိုသဘောကျပြီး ဘီးအချောင်းတစ်ထောင်မှာခဲ့ပါတယ်။


အလုပ်လျှောက်သူတွေထဲကတစ်ယောက်က မင်းကံကောင်းတာပဲလို့ မနှစ်မြို့စွာပြောပါသေးတယ်။



ကံကောင်းတာမဟုတ်ပါဘူးလို့ အင်တာဗျူးမေးသူက ပြောလိုက်ပါတယ်။ သူ့မှာသွားကတည်းက ကြိုတင်ပြီးရေးထွင်းထားတဲ့ဘီး ပါသွားခဲ့တယ်။ အကယ်ကျောင်းတော်တစ်ခုက လက်မခံရင်တောင်နောက်ကျောင်းတော်တစ်ခု
ကကျိန်းသေလက်ခံပါလိမ့်မယ်။


ဒီထက်ပိုကောင်းတာတစ်ခုက မနေ့က ကျွန်တော်အဲဒီ
ကျောင်းတော်ကိုဘုန်းဘုန်းတို့အခြေအနေကို ကြည့်ဖို့ပြန်သွားခဲ့ပါတယ်။ ဧည့်သည်တွေက သူတို့မိသားစုနဲ့မိတ်ဆွေတွေကို ဘုရားဆုံးမစာတွေရေးထိုး
ထားတဲ့ဘီးတွေအကြောင်းပြောပြကြတယ်၊အခုဆို နေ့စဉ်ဘုရားဖူးတွေပိုပြီးတိုးလာနေပြီး လူတိုင်းကလည်း ဘီးကိုတောင်းကြပါတယ်။ ရက်ရောတဲ့လှူဒါန်းမှုတွေလည်းပြုကြပါတယ်။ ကျောင်းတော်ဟာ အရင်ကထက်ပိုပြီးနာ
မည်ကျော်ကြားလာနေပါတယ်။ နောက်တစ်လလောက်ဆို ဘီးတွေကုန်ပြီးထပ်မှာရတော့မယ်လို့ ဘုန်းဘုန်းကြီးကပြောလိုက်တဲ့အကြောင်းကို တတိယမြောက်အလုပ်လျှောက်သူက ပြုံးရင်းပြောပါတယ်။


သင်ယူရမည့်အချက်များ


ဒီမတူညီတဲ့အလုပ်လျှောက်ထားသူ ၃ယောက်ဟာ ကွဲပြား
ခြားနားတဲ့ အရောင်းစွမ်းရည်တွေကို ကျွန်ုပ်တို့ကိုပြသခဲ့ပါ
တယ်။

ပထမဆုံးသူဟာ ပုဂ္ဂလိကလိုအပ်ချက်ကို မျှော်လင့်တဲ့ သာမန်အဆန်ဆုံးအဆင့်ကိုပြခဲ့ပါတယ်။ ဦးရေပြားယားယံနေတဲ့ ဘုန်းဘုန်းရဲ့လိုအပ်ချက်ဟာ သူနဲ့သာသက်ဆိုင်တဲ့

တစ်ကိုယ်ရည်သီးသန့် မျှသာဖြစ်ပါတယ်။

ဒုတိယလူကတော့ နောက်တစ်ဆင့်ကိုပြသနိုင်ခဲ့ပါတယ်။ အလားအလာရှိသူအတွက် ကြိုတင်ပြင်ဆင်ပြီး လိုအပ်ချက်အသစ်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ သို့ပေမယ့်ဘုန်းဘုန်းတွေမှာ ဘီးကိုသိသာစွာလိုလားသွားစေတာမျိုး
မရှိခဲ့ပါဘူး။ အဲဒီအတွက် သူ့ကိုဘယ်လိုများအကျိုးရှိစေနိုင်မှာပါလဲ။ သင်ဟာ သင့်ဆီက ဝယ်ယူဖို့အလားအလာရှိသူကိုသူ့လုပ်ငန်းအတွက် ဖြစ်နိုင်ချေနဲ့ အကျိုးကျေးဇူးအသစ်တွေကို သင်ပြပေးနိုင်မှသာလျှင် သင်ဟာအခြားသောပြိုင်ဘက်တွေထက် သာလွန်နိုင်မှာဖြစ်ပါတယ်။



တတိယမြောက် အလုပ်လျှောက်ထားသူကတော့အားလုံးထဲမှာ အကောင်းဆုံးအဆင့်ကိုပြသနိုင်ခဲ့ပါတယ်။ ဆက်ပြီးညွှန်းပေးမယ့်သူတွေနဲ့ အကြိမ်ကြိမ်ဆက်ရောင်းရမယ့် ရှေ့ဆက်အကျိုးရှိမယ့်ရလဒ်တစ်ခုပါပဲ။ ဘုန်းဘုန်း၊ ဘုရားဖူးတွေ၊ တတိမြောက်အလုပ်လျှောက်သူနဲ့ အင်တာဗျူးမေးသူတို့ လူတိုင်းဟာ အကျိုး
ရှိသူတွေဖြစ်ခဲ့ကြပါတယ်။ ဈေးဝယ်ဖို့အလားအလာရှိသူတွေကို အမြင့်ဆုံးစံနှုန်းကိုဖန်တီးပြီး သူတို့အကျိုးကျေးဇူးရှိစေဖို့ ကူညီပေးပါ။ ဈေးဝယ်သူတစ်ယောက်တည်းကို မကြည့်ဘဲနောက်ထပ်သူတို့ရဲ့အဆက်အသွယ်၊ သူတို့ရဲ့အသိုင်းအဝိုင်းကိုကြည့်ပါ။ ဈေးဝယ်သူ တစ်ဦးချင်းစီကို တစ်ကြိမ်စာအရောင်းအတွက်မကြည့်ဘဲ တစ်သက်စာဖောက်သည် အဖြစ်မြင်ပါ။


ကျွန်ုပ်တို့ရဲ့ယုံကြည်မှုနဲ့ အတွေးအခေါ်များဟာ ကျွန်ုပ်တို့
ရဲ့အပြုအမူနဲ့ အဆုံးပြောရရင် ရလဒ်တွေအထိပုံဖော်ပေး
နေတာပါ။


စိန်ခေါ်မှုတစ်ခုကြုံရတဲ့အခါ သင်ဘယ်လိုတုန့်ပြန်ပါသလဲ ?


ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ပါသလဲ ?


သင့်ရဲ့စီးပွားဖက်နဲ့ သူတို့ရဲ့ဖောက်သည်တွေအကျိုးရှိမယ့်
လိုအပ်ချက်အသစ်တွေကို သင်ဘယ်လိုဖန်တီးပါသလဲ ?


အားလုံးအကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။


လေးစားစွာဖြင့်
ပြေခိုင်

Asia's Top Success Coach
1st NLP Trainer and Executive Director of John Maxwell Team
Master Trainer at Myanmar Excellence Institute

#EmpoweringLivesEveryDay
#EmpoweringLeadersEveryDay
#MEI

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။