သားအတွက် စံပြဖေဖေ
✅သားရေ
အမျိုးသမီးများကို မနှိမ်ရ၊ အနိုင်မကျင့်ရ၊ အမျိုးသမီးများကို
လေးစားတန်သည် လေးစားပါ၊ အားကျတန်က အားကျပါ၊ ဖေးမတန်လျှင် ဖေးမပါဟု
ဆုံးမလျှင် ကလေးက တကယ်နားလည်ဖို့ ခက်လှသည်။
✅သို့သော်
ဖခင်က သားရှေ့တွင် မိခင်ကို လေးစားခြင်း၊ ချစ်ခင်ကြင်နာခြင်း၊
အကာအကွယ်ပေးခြင်းတို့ ပြုလျှင် သားယောက်ျားလေးက အလိုလို သင်ယူပါလိ့မ်မည်။
ဇနီးမယားအပေါ် အစွန်းရောက်သော ချုပ်ချယ်မှု၊ ကြမ်းတမ်းသော ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်း၊ စိတ်ဓာတ်ကျအောင် ဆဲဆိုနှိမ့်ချခြင်းတို့ကို သားယောက်ျားလေးအား သင်ကြားပြသော ဖခင် မဖြစ်ပါစေနှင့်။
⛔️နိုင်ငံတကာမှ လူမျိုးအသီးသီးတို့
စွန့်ပစ်သင့်သော ရှေးရိုးစွဲတစ်ခုမှာ အမျိုးသမီးများကို နှိမ့်ချခြင်းဖြစ်သည်။ အမျိုးသမီးများက အမျိုးသားများထက် နိမ့်ကျသည်၊ အမျိုးသမီးများက အမျိုးသားများလောက် ဘုန်းကံမရှိ၊ အမျိုးသမီးက အမျိုးသားကို ကြောက်ရွံ့ ရမည် အစရှိသော အယူများက အကျည်းတန်လွန်းသည်။
✅မေမေက
အိမ်ပြင်ထွက်၍ အမျိုးသားနှင့်တန်းတူ အလုပ်လုပ်နေသော မိသားစုတွင် ဖေဖေကလည်း
အိမ်အလုပ်များကို ကူညီလုပ်ဖို့ မရှက်မရွံ့ ပဲ အဆင်သင့်ရှိနေကြောင်း သားလေး
တွေ့ရှိ အတုယူနိုင်ပါစေ။
✅အမျိုးသမီးများသည်
နိုင်ငံအုပ်ချုပ်ရေး၊ နိုင်ငံကာကွယ်ရေးတို့အတွက် အမျိုးသားများနှင့်
တန်းတူ စွမ်းဆောင်နိုင်ကြောင်း သားလေးကို ကြုံလျှင်ပြောပြပါ။
နိုင်ငံများစွာတွင် လေယာဉ်ပျံမောင်းသူမိန်းကလေး ၊
မီးသတ်သမီး၊ ရဲမေများက တာဝန်အတွက် အသက်စွန့်ဖို့ ဝန်မလေးသော
သတ္တိရှိနေချိန်တွင် အမျိုးသမီးကို နည်းတစ်မျိုးမျိုးနှင့် အနိုင်ကျင့်ဖို့
ကြိုးစားသော အမျိုးသား၏ စိတ်ဓာတ်မှာ ရှက်ဖွယ်အလွန်ကောင်းကြောင်း သားလေး သိပါစေ။
🤝
🤝
🤝
အမျိုးသမီးများကို မြင်သောအမြင်၊ လက်ခံမှု အတိုင်းအတာ၊ အမျိုးသားများနှင့် တပြေးညီ ဆက်ဆံမှု၊ အမျိုးသမီးများကို လေးစားမှုနှင့် ပတ်သက်ပြီး ဖခင်တိုင်းက သားတိုင်းအတွက် စံပြဖေဖေများ ဖြစ်စေရန် ရည်ရွယ်ရေးပါသည်။
နေနေမိုးဆွေ (Child Health Myanmar)
Photos Credit to Google
#naynaymoeswe
www.childhealthmyanmar.com



စွန့်ပစ်သင့်သော ရှေးရိုးစွဲတစ်ခုမှာ အမျိုးသမီးများကို နှိမ့်ချခြင်းဖြစ်သည်။ အမျိုးသမီးများက အမျိုးသားများထက် နိမ့်ကျသည်၊ အမျိုးသမီးများက အမျိုးသားများလောက် ဘုန်းကံမရှိ၊ အမျိုးသမီးက အမျိုးသားကို ကြောက်ရွံ့ ရမည် အစရှိသော အယူများက အကျည်းတန်လွန်းသည်။





အမျိုးသမီးများကို မြင်သောအမြင်၊ လက်ခံမှု အတိုင်းအတာ၊ အမျိုးသားများနှင့် တပြေးညီ ဆက်ဆံမှု၊ အမျိုးသမီးများကို လေးစားမှုနှင့် ပတ်သက်ပြီး ဖခင်တိုင်းက သားတိုင်းအတွက် စံပြဖေဖေများ ဖြစ်စေရန် ရည်ရွယ်ရေးပါသည်။
နေနေမိုးဆွေ (Child Health Myanmar)
Photos Credit to Google
#naynaymoeswe
www.childhealthmyanmar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။