

ဘဂျမ်းတို. ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆိုရင် စွန်လွှတ်ကြတယ်။စာဖတ်သူလည်း မှတ်မိပါလိမ့်မယ်။ ယခုခေတ်ကလေးတွေတော့ မသိ . . .
သူတို.က ကျောင်းစာတွေ, iPad တွေနှင့် အလုပ်များတတ်ကြတတ်သည်ကိုး
စွန်လွှတ်ကြတော့ ခေါင်းကြိုး အမှီးကြိုးတွေ တတ်ရသည်… ကြိုးကိုလည်း ကော်ရည်တွေ ကြက်ဥခွံတွေ မှန်စတွေ အစရှိသည်ဖြင့် စွန်ခြင်းတိုက်လျှင် ကိုယ့်စွန်အနိုင်ရအောင် လုပ်ကြသည်။
ဘဂျမ်းရဲ.သူငယ်ချင်း ကိုနေကတော့ စွန်လွှတ်ရင်း သူ.အဖေကို ပြောပြနေတယ်။
ဖေဖေ ဘာကြောင့်မို. စွန်ကို ကြိုးနဲ.ချည်ထားရမှာလဲ ?
စွန်ကလေး အပေါ်တက်သွားပြီဆိုရင် ကြိုးကို လွှတ်လိုက်ရင် စွန်ကလေး ပိုပြီး လွတ်လပ်မသွားဘူးလား?
အပေါ်ကို ပိုပြီးရောက်နိုင်တာဘဲနော
သူ.အဖေ ဦးလွန်းက တော့ အေးအေးဆေးဆေးသမားဆိုတော့ သူ.သားကို ပြန်မေးတယ်. .
“သားနေ မင်း အဲဒီစွန်ကို ကြိုးကနေလွတ်လိုက်ရင် အပေါ်တော့ တက်ချင်တက်မယ် ဒါပေမယ့် ခဏပေါ့ကွ ၊ အချိန်ကြာတာနှင့်အမျှ မြေပေါ်ကို ပြန်ကျလာမှာပဲ”
ကိုနေက “ဟုတ်တယ်နော် ဖေဖေ”
ဦးလွန်းက ဆက်ပြောတယ် … ဒီတစ်ခါ ဘဂျမ်းကိုပါ ကြည့်ပြီးတော့
“ဒီမှာသားတို. မင်းတို. ငါတို.တွေက စွန်ကလေးတွေနဲ.တူတယ် .. ကြိုးဆိုတာကတော့ ငါတို.ကို ထိန်းကျောင်းပေးနေတဲ့ လူ.ကျင့်ဝတ်တွေ စည်းကမ်းတွေပေါ့၊
တချို.က တခါတလေမှာ စဉ်းစားတယ် အဲဒီစည်းကမ်းဆိုတာကြီးတွေ မရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ ဆိုပြီးတော့ . .
အဲဒီစည်းကမ်းတွေ ၊ ကျင့်ဝတ်တွေ သာမရှိရင် ငါတို.က အောင်မြင်လဲ ခဏဘဲကွ ၊ ပြီးရင်တော့ စွန်ကလေး မြေပေါ်ခ သလိုပဲ သာမန် ဘ၀ကို အချိန်မရွေး ပြန်ရောက်သွားနိုင်တယ်”
ဘဂျမ်းတို. သူငယ်ချင်း နှစ်ယောက် စွန်လွှတ်ရင်း အဲဒီနေ.က တော့ ဘ၀သင်ခန်းစာ တစ်ခုရသွားတယ်။
စာဖတ်သူ မိတ်ဆွေကော ဘယ်လိုလဲ? တစ်ကယ်လို.သာ စာဖတ်သူမိတ်ဆွေဟာ မိသားစု တစ်ခုကို ဦးဆောင်နေရသူဆိုရင် ၊ ဒါမှမဟုတ် အဖွဲ.အစည်း တစ်ခုမှာ ဦးဆောင်လုပ်နေရသူဆိုလျှင်
လေးစားစွာဖြင့်
ပြေခိုင်
Asia's Top Success Coach
1st NLP Trainer and Executive Director of John Maxwell Team
Master Trainer at Myanmar Excellence Institute
#EmpoweringLivesEveryDay
#EmpoweringLeadersEveryDay
#MEI
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။