ကမ္ဘာပေါ်မှာရှိသမျှ ဇစ်တွေရဲ့ တစ်ဝက်လောက်မှာ ဒီစာလုံးတွေပါတယ်။
YKK ဆိုတဲ့ စာလုံးလေးသုံးလုံးဟာ “Yoshida Kogyo Kabushikikaisha.” ရဲ့ အတိုကောက် ဖြစ်ပါတယ်။ Yoshida ကုမ္ပဏီလိမိတက်လို့ ဂျပန်လို ရေးထားတာပါ။ ဇစ်တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ့။ ကမ္ဘာပေါ်မှာရှိသမျှ ဇစ်တွေရဲ့ တစ်ဝက်လောက်ကို ဒီကုမ္ပဏီက ထုတ်လုပ်ပေးနေပါတယ်။ နှစ်စဉ် ဇစ်ပေါင်း ၇ သန်းလောက် ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
ဒီလောက်အချိန်တွေကြာတာတောင် ဘာကြောင့် YKK ကုမ္ပဏီကို ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ဘက် ပေါ်မလာသေးပါဘူး။ ဘာကြောင့်လဲဆိုရင် အဖြေက ရှင်းရှင်းလေးပဲ။ ဒီဇိုင်နာတွေဟာ YKK ဇစ်တွေကို ၁၉၃၄ ခုနှစ်ကတည်းက ယုံယုံကြည်ကြည်နဲ့ သုံးစွဲခဲ့ကြလို့ပါ။
မှာလိုက်တိုင်းလည်း အပျက်အစီးမရှိ ပို့ပေးသလို အရောင်စုံ၊ ပစ္စည်းစုံ၊ ပုံစံစုံနဲ့ ရနိုင်ပြီး ဈေးပြိုင်လျှော့ရောင်းတာမျိုးလည်း တစ်ကြိမ်တစ်ခါမှ မလုပ်လို့ပါတဲ့။ ဈေးပေါတဲ့ဇစ်တွေကို သုံးလိုက်တိုင်း ပြဿနာတက်ရလို့ ဒီဇိုင်နာတွေဟာ ခုချိန်ထိအောင် YKK ဇစ်တွေကိုပဲ သုံးနေကြတာဖြစ်ပါတယ်။
Source : RD
http://www.duwun.com.mm

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။