အဖေ
<3 <3 <3
အဖေ……
သားသမီးတိုင်းက အဖေ့ကို
လူကြမ်းကြီးလို့  ထင်မြင်တက်ကြပေမယ့်
အပုံဖော်ပြီး ထုဆစ်လို့  လူလုံးပေါ်လာတာကြတော့
ဘာလို့ များမသိကြတာလည်း ……အဖေ။
အဖေ……
သားသမီးတိုင်းက အဖေ့ကို
လူစိမ်းကားကြီးလို့  ထင်မြင်တက်ကြပေမယ့်
မျက်ကွယ်မှာ ရုန်းကန်ကျွေး
ခွန်အားကို တွန်းကာထုတ်
ဘဝကိုစတေးပုံပေးခဲ့တာကြတော့
ဘာလို့ များမမြင်ကြတာလည်း ……အဖေ။
အဖေ ……
သားသမီးတိုင်းက အဖေ့ကို
အကြင်နာမဲ့လူသားကြီးလို့  ထင်မြင်တက်ကြပေမယ့်
တီတီတာတာ လူမမယ်လေး
အရွယ်မလာသေး ကလေးဘဝက စ
မမြင်ကွယ်ရာ စိတ်တော်ရယ်မချလို့ 
စောင့်ရှောက်ကာ ဖေးမကူ
မပြေလည်တာ တွေ့ မြင်လို့ သာဖြင့်
ပုံးကွယ်ရာလေးက ခိုးရှိုက်လို့  ငိုကြွေးတဲ့အသံတွေကို
ဘာလို့ များမကြားမိကြတာလည်း ……အဖေ။
အဖေ……
သားသမီးတိုင်းက အဖေ့ကို
အချစ်မရှိတော့တဲ့လူကြီးလို့  ထင်မြင်တက်ကြပေမယ့်
အိမ်မှုရဲ့ခေါင်းဆောင် သားသမီးအတွက်အမှုဆောင်လို့ 
ပန်းလာသမျှ သားသမီးအရိပ်မြင်လိုက်ရရင်
အမောတွေပြေသွားစေတာက အချစ်တွေကြောင့်ဆိုတာကို
ဘာလို့ များမသိဟန်ပြုမူကြတာလည်း…… အဖေ။
အဖေ……
သားသမီးတိုင်းက အဖေ့ကို
ပညာမဲ့လူသားကြီးလို့  ထင်မြင်တက်ကြပေမယ့်
အသွား အလာကိုကြည့် ပြောဆိုမှုတဲ့ ဟန်ပန်
လေသံကိုကြားသိလိုက်တာနဲ့ 
ငါ့သားသမီး ဘာဖြစ်တော့မယ်
ကြိုတင်ကာ ကာကွယ်လို့  ဆောင်ရွက်ပေးနေကတည်းက
အဖေဟာ သားသမီးတွေရဲ့ "သုတေသန"ပညာရှင်ဆိုတာကို
ဘာလို့ များမသိကြတာလည်း ……အဖေ။
" အဖေ"
အဖေဟာ အိုမင်းလို့  ခါးကိုင်း
ပြိုတော့မတက် တည်းရိပ်အို
သားပျိုကို တစ်လှည့်ထန်းခွင့်ပေးပါတော့ လား။
မှတ်ချက်/ စာဖတ်ကောင်းစေရန်အတွက်
သားသမီးတိုင်းဟု သုံးနှုံးထားပါသဖြင့်
တစ်ချို့ သောသားသမီးအတွက်သာ
ရည်ရွယ်ပါသည်။
Credit:ဖန်ခါးမြေအရှင်
<3 <3 <3
အဖေ……
သားသမီးတိုင်းက အဖေ့ကို
လူကြမ်းကြီးလို့  ထင်မြင်တက်ကြပေမယ့်
အပုံဖော်ပြီး ထုဆစ်လို့  လူလုံးပေါ်လာတာကြတော့
ဘာလို့ များမသိကြတာလည်း ……အဖေ။
အဖေ……
သားသမီးတိုင်းက အဖေ့ကို
လူစိမ်းကားကြီးလို့  ထင်မြင်တက်ကြပေမယ့်
မျက်ကွယ်မှာ ရုန်းကန်ကျွေး
ခွန်အားကို တွန်းကာထုတ်
ဘဝကိုစတေးပုံပေးခဲ့တာကြတော့
ဘာလို့ များမမြင်ကြတာလည်း ……အဖေ။
အဖေ ……
သားသမီးတိုင်းက အဖေ့ကို
အကြင်နာမဲ့လူသားကြီးလို့  ထင်မြင်တက်ကြပေမယ့်
တီတီတာတာ လူမမယ်လေး
အရွယ်မလာသေး ကလေးဘဝက စ
မမြင်ကွယ်ရာ စိတ်တော်ရယ်မချလို့ 
စောင့်ရှောက်ကာ ဖေးမကူ
မပြေလည်တာ တွေ့ မြင်လို့ သာဖြင့်
ပုံးကွယ်ရာလေးက ခိုးရှိုက်လို့  ငိုကြွေးတဲ့အသံတွေကို
ဘာလို့ များမကြားမိကြတာလည်း ……အဖေ။
အဖေ……
သားသမီးတိုင်းက အဖေ့ကို
အချစ်မရှိတော့တဲ့လူကြီးလို့  ထင်မြင်တက်ကြပေမယ့်
အိမ်မှုရဲ့ခေါင်းဆောင် သားသမီးအတွက်အမှုဆောင်လို့ 
ပန်းလာသမျှ သားသမီးအရိပ်မြင်လိုက်ရရင်
အမောတွေပြေသွားစေတာက အချစ်တွေကြောင့်ဆိုတာကို
ဘာလို့ များမသိဟန်ပြုမူကြတာလည်း……
အဖေ……
သားသမီးတိုင်းက အဖေ့ကို
ပညာမဲ့လူသားကြီးလို့  ထင်မြင်တက်ကြပေမယ့်
အသွား အလာကိုကြည့် ပြောဆိုမှုတဲ့ ဟန်ပန်
လေသံကိုကြားသိလိုက်တာနဲ့ 
ငါ့သားသမီး ဘာဖြစ်တော့မယ်
ကြိုတင်ကာ ကာကွယ်လို့  ဆောင်ရွက်ပေးနေကတည်းက
အဖေဟာ သားသမီးတွေရဲ့ "သုတေသန"ပညာရှင်ဆိုတာကို
ဘာလို့ များမသိကြတာလည်း ……အဖေ။
" အဖေ"
အဖေဟာ အိုမင်းလို့  ခါးကိုင်း
ပြိုတော့မတက် တည်းရိပ်အို
သားပျိုကို တစ်လှည့်ထန်းခွင့်ပေးပါတော့
မှတ်ချက်/
သားသမီးတိုင်းဟု သုံးနှုံးထားပါသဖြင့်
တစ်ချို့ သောသားသမီးအတွက်သာ
ရည်ရွယ်ပါသည်။
Credit:ဖန်ခါးမြေအရှင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။