ရှင်သန်ခွင့်
@@@@@@@@@
လူတွေဟာ အိပ်မက်တွေနဲ့ ရှင်သန်နေသူတွေ
တချို့ တချို့မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ
အကောင်အထည်ပေါ်လာတာရှိတယ်..။
ပျက်သုဉ်းသွားတာရှိတယ်..။
လမ်းတစ်ဝက်မှာ ရပ်တန့်လိုက်ရတာ ရှိတယ်..။
လက်တွေမှာ လူသားအားလုးံဟာ အိပ်မက်အပြင်ဘက် လောကထဲမှာ ရှင်သန်နေတယ်..။
ဆောင်းလေကြမ်းကြမ်း နှင်းဝရမ်းတွေက
မျက်နှာပေါ် လာဖြတ်တိုက်တဲ့အခါ
အေးစက်စက် မျက်နှာထားအချို့ကြောင့်ထင် ပါရဲ့
အေးချမ်းမှုက လှောင်ပြောင်သွားလေရဲ့..။
တင်းမာအေးစက်နေတဲ့ မျက်နှာထားရဲ့အောက်မှာ
ပူလောင်နေတဲ့ အငွေ့အသက်တွေ သူခံစားလိုက်ရတယ်ထင်တယ်..။
်အိပ်မက်တွေရှင်သန်ရင်း အရာအားလုးံကို
ချစ်တဲ့မျက်စိနဲ့ ရှုနိုင်အောင် ကြိုးစားရင်း..
တခါတရံ မမြင်နိုင်တဲ့ ကံတရားက အလစ်ငိုက်ထိုးချ
လာတဲ့အခါ အရှိုက်ထိသည်အထိ အမျိုးအမည်မသိ ခံရခက်တဲ့ဝေဒနာ တွေ စီးဝင်လာတယ်..။
အံဝင်ခွင်ကျမဟုတ်တဲ့ ရင့်ထော်ကြမ်းတမ်းတဲ့
ဘဝတွေမှာ နူးညံ့ခြင်းတွေ ရောက်မလာတာ မထူးဆန်းပေမဲ့ တခါတရံ လူသားတစ်ယောက်ပီပီ
တမ်းတမိတာတော့ ဆင်းရဲခြင်းဒဏ်ကို ခါးစီးခံနေရတဲ့ တောင့်တမှုတစ်ခု လေလား..။
ဘဝကို လက်တွေ့တွေကျကျလျှောက်လှမ်း ကြည့်တဲ့အခါ
ပူလောင်ခြင်းက မိတ်ဆွေဖြစ်နေပါ့လား..။
ရှောင်ထွက်ဖို့ကြိုးစားတဲ့အ ခါ နှောင်တွယ်ခြင်းက
လက်ဆွဲထားတယ်..။
အတ္တနဲ့ မာန ကိုအိပ်ကပ်ထဲ့ထည့်ထားသ၍ ပူလောင်ခြင်း
က ခွဲရခက်မှာပဲ လို့သူပြောတယ်..။
ပျင်းရိခြင်းနဲ့အတူရှိနေသ၍ အောင်မြင်က လက်ပြသွားလိမ့်မယ်တဲ့..။
အတော်အသင့် လောဘနဲ့ ဝိရိယ ကိုပဲမိတ်ဆွေဖွဲ့ပါ။
ပြင်းပြတဲ့ဆန္ဒနဲ့သာ အရိုးထုပ်မယ်ဆိုရင်
ပန်းပွင့်လေးတွေ လှတာ မင်းခံစားရလိမ့်မယ်..
ပျားပုတုန်းတွေ ချစ်စကားဆိုနေတာကြားရလိမ့်မ ယ်..
လိပ်ပြာလေးတွေရှက်သွေးဖြန်း လို့ ပန်းခင်းတွေကြား
ဝင်ပုန်းနေတာတွေ့မြင်လာရင် မင်းလောကကြီးထဲ
ရှင်သန်ခွင့် ရတာ ဂုဏ်ယူတတ်လာမယ်တဲ့..။
အိပ်မက်တွေက သာယာတယ်
လက်တွေ့ဘဝက မုန်တိုင်းထန်တယ်..
ဒါပေမဲ့ အိပ်မက်တွေ ဆက်မက်နေရမယ်..
မက်နေရင်းနဲ့ ဘဝတစ်ခု ထုဆစ်အကောင်အထည်ပေါ်လာတဲ့အခါ
လောက ကြီးကသာယာတယ်ဆိုတာ ခံစားမိလာမယ်..။
ရှင်သန်ခွင့်အတွက် တနေ့ လက်မထောင်လာပါလိမ့်မယ်..။
မပို ( ထီးလင်း )
@@@@@@@@@
လူတွေဟာ အိပ်မက်တွေနဲ့ ရှင်သန်နေသူတွေ
တချို့ တချို့မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ
အကောင်အထည်ပေါ်လာတာရှိတယ်..။
ပျက်သုဉ်းသွားတာရှိတယ်..။
လမ်းတစ်ဝက်မှာ ရပ်တန့်လိုက်ရတာ ရှိတယ်..။
လက်တွေမှာ လူသားအားလုးံဟာ အိပ်မက်အပြင်ဘက် လောကထဲမှာ ရှင်သန်နေတယ်..။
ဆောင်းလေကြမ်းကြမ်း နှင်းဝရမ်းတွေက
မျက်နှာပေါ် လာဖြတ်တိုက်တဲ့အခါ
အေးစက်စက် မျက်နှာထားအချို့ကြောင့်ထင်
အေးချမ်းမှုက လှောင်ပြောင်သွားလေရဲ့..။
တင်းမာအေးစက်နေတဲ့ မျက်နှာထားရဲ့အောက်မှာ
ပူလောင်နေတဲ့ အငွေ့အသက်တွေ သူခံစားလိုက်ရတယ်ထင်တယ်..။
်အိပ်မက်တွေရှင်သန်ရင်း အရာအားလုးံကို
ချစ်တဲ့မျက်စိနဲ့ ရှုနိုင်အောင် ကြိုးစားရင်း..
တခါတရံ မမြင်နိုင်တဲ့ ကံတရားက အလစ်ငိုက်ထိုးချ
လာတဲ့အခါ အရှိုက်ထိသည်အထိ အမျိုးအမည်မသိ ခံရခက်တဲ့ဝေဒနာ တွေ စီးဝင်လာတယ်..။
အံဝင်ခွင်ကျမဟုတ်တဲ့ ရင့်ထော်ကြမ်းတမ်းတဲ့
ဘဝတွေမှာ နူးညံ့ခြင်းတွေ ရောက်မလာတာ မထူးဆန်းပေမဲ့ တခါတရံ လူသားတစ်ယောက်ပီပီ
တမ်းတမိတာတော့ ဆင်းရဲခြင်းဒဏ်ကို ခါးစီးခံနေရတဲ့ တောင့်တမှုတစ်ခု လေလား..။
ဘဝကို လက်တွေ့တွေကျကျလျှောက်လှမ်း
ပူလောင်ခြင်းက မိတ်ဆွေဖြစ်နေပါ့လား..။
ရှောင်ထွက်ဖို့ကြိုးစားတဲ့အ
လက်ဆွဲထားတယ်..။
အတ္တနဲ့ မာန ကိုအိပ်ကပ်ထဲ့ထည့်ထားသ၍ ပူလောင်ခြင်း
က ခွဲရခက်မှာပဲ လို့သူပြောတယ်..။
ပျင်းရိခြင်းနဲ့အတူရှိနေသ၍ အောင်မြင်က လက်ပြသွားလိမ့်မယ်တဲ့..။
အတော်အသင့် လောဘနဲ့ ဝိရိယ ကိုပဲမိတ်ဆွေဖွဲ့ပါ။
ပြင်းပြတဲ့ဆန္ဒနဲ့သာ အရိုးထုပ်မယ်ဆိုရင်
ပန်းပွင့်လေးတွေ လှတာ မင်းခံစားရလိမ့်မယ်..
ပျားပုတုန်းတွေ ချစ်စကားဆိုနေတာကြားရလိမ့်မ
လိပ်ပြာလေးတွေရှက်သွေးဖြန်း
ဝင်ပုန်းနေတာတွေ့မြင်လာရင် မင်းလောကကြီးထဲ
ရှင်သန်ခွင့် ရတာ ဂုဏ်ယူတတ်လာမယ်တဲ့..။
အိပ်မက်တွေက သာယာတယ်
လက်တွေ့ဘဝက မုန်တိုင်းထန်တယ်..
ဒါပေမဲ့ အိပ်မက်တွေ ဆက်မက်နေရမယ်..
မက်နေရင်းနဲ့ ဘဝတစ်ခု ထုဆစ်အကောင်အထည်ပေါ်လာတဲ့အခါ
လောက ကြီးကသာယာတယ်ဆိုတာ ခံစားမိလာမယ်..။
ရှင်သန်ခွင့်အတွက် တနေ့ လက်မထောင်လာပါလိမ့်မယ်..။
မပို ( ထီးလင်း )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။