ရင်ဖွင့်စာ
@@@@@@
အမေ...
အခက်ခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ .
ပြေးခိုလိုက်ချင်တာ မိဘရင်ခွင်ပါ....
ပူလောင်လွန်းတဲ့ ဒီလောက.
မာယာများတဲ့ ဒီလောက.
မျက်နှာဖုးံများစွာနဲ့ ဒီလောက..
စရိုက်မျိုးစုံ အဖုံဖုံကို ရင်ဆိုင်ကျော်ဖြတ်ဖို့
ခက်ခဲလွန်းလှတယ် အမေရယ်..
ပူလောင်လှတဲ့ လောကီထဲမှာ
အပူရုပ်ကို ဟန်လုပ်ပြီး
နေရတဲ့ အလုပ်ဟာလဲ သမီးအတွက် အရမ်းးပင်ပန်းတယ်အမေ...
မာယာတွေနဲ့ အလှဆင်ထားတဲ့
ဒီလောကကြီးမှာ ..
ကိုယ်က သားကောင်မဖြစ်ဖို့.
ကြောက်လန့်မှုတွေဖုံးကွယ်
ကြိုးစားအားမွေးရင်း ရပ်တည်နေရတယ်..
ဒါတင်မကသေးဘူးအမေ..
မျက်နှာဖုးံတွေနဲ့ ပြည့်နေတဲ့ လောကကြီးထဲမှာ
ပုံရိပ်စစ်ကိုမြင်နိုင်ဖို့ .
ထွင်းဖောက်ကြည့်နေရတယ်.
ဖြစ်နိုင်ခွင့်သာရမယ်ဆိုရင် ..
သမီးလေ..
ဟိုး........ ငယ်ဘဝကစားခဲ့ရတဲ့
ဘာဟင်းမှ မပါ ကြောင်ဆီ ကျားဆီဆိုတဲ့ ထမင်းဖြူဆုပ်ကလေးကို စားရင်း..
ဖြူစင်တဲ့ ကလေးဘဝလေးနဲ့..
အမေ့ရင်ခွင်မှာ
ခိုလုံခွင့် ရချင်နေမိတယ်...
မပို ( ထီးလင်း )
7:09 AM
@@@@@@
အမေ...
အခက်ခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ .
ပြေးခိုလိုက်ချင်တာ မိဘရင်ခွင်ပါ....
ပူလောင်လွန်းတဲ့ ဒီလောက.
မာယာများတဲ့ ဒီလောက.
မျက်နှာဖုးံများစွာနဲ့ ဒီလောက..
စရိုက်မျိုးစုံ အဖုံဖုံကို ရင်ဆိုင်ကျော်ဖြတ်ဖို့
ခက်ခဲလွန်းလှတယ် အမေရယ်..
ပူလောင်လှတဲ့ လောကီထဲမှာ
အပူရုပ်ကို ဟန်လုပ်ပြီး
နေရတဲ့ အလုပ်ဟာလဲ သမီးအတွက် အရမ်းးပင်ပန်းတယ်အမေ...
မာယာတွေနဲ့ အလှဆင်ထားတဲ့
ဒီလောကကြီးမှာ ..
ကိုယ်က သားကောင်မဖြစ်ဖို့.
ကြောက်လန့်မှုတွေဖုံးကွယ်
ကြိုးစားအားမွေးရင်း ရပ်တည်နေရတယ်..
ဒါတင်မကသေးဘူးအမေ..
မျက်နှာဖုးံတွေနဲ့ ပြည့်နေတဲ့ လောကကြီးထဲမှာ
ပုံရိပ်စစ်ကိုမြင်နိုင်ဖို့
ထွင်းဖောက်ကြည့်နေရတယ်.
ဖြစ်နိုင်ခွင့်သာရမယ်ဆိုရင်
သမီးလေ..
ဟိုး........ ငယ်ဘဝကစားခဲ့ရတဲ့
ဘာဟင်းမှ မပါ ကြောင်ဆီ ကျားဆီဆိုတဲ့ ထမင်းဖြူဆုပ်ကလေးကို စားရင်း..
ဖြူစင်တဲ့ ကလေးဘဝလေးနဲ့..
အမေ့ရင်ခွင်မှာ
ခိုလုံခွင့် ရချင်နေမိတယ်...
မပို ( ထီးလင်း )
7:09 AM
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။