" သားမိန်းမယူတော့မယ် အဖေ...
#ဒါဆို သား အဖေ့ကိုတောင်းပန်လေ..
" ဘာအတွက်ကြာင့် သားတောင်းပန်ရမှာလဲ အဖေ...
#အဖေက သားကိုတောင်းပန်စေချင်လို့ပါ...
" သားသိပါတယ်အဖေ သားက ဘာတွေလုပ်ပြီး
ဘာတွေမှားမိလည်းဆိုတာ မသိပဲ ဘယ်လို တောင်းပန်ရမလဲ
သားနားမလည်ဘူးအဖေ...
#ဘာမှ မသိချင်ပါနဲ့ ငါက တောင်းပန်ဆိုတောင်းပန်ပေါ့ကွာ...
" ဟာဗျာ....အဖေဟာကလည်း တမျိုးဗျာ
ဟုတ်ကဲ့ ရပါတယ် အဖေကဒီလောက်တောင် တောင်းပန်ခံချင်မှတော့ သားတောင်းပန်ရမှာပေါ့...
အဖေ သားကို "ခွင့်လွှတ်ပါဗျာ သားတောင်းပန်တယ်"....
#ကဲ ဒါဆို ငါ့သားသဘောအတိုင်း မိန်းမယူလို့ရပြီး....
" ဟာဗျာ အဖေ့ဟာကလည်း အရင်းမသိအဖျားမသိ
ဘာမှန်းမသိပဲ တောင်းပန်ခိုင်းတယ် ဘာအကြောင်းချက်မှ
မရှိပဲလည်း ခွင့်ပြုတယ် သားနားလည်ရခက်တယ် အဖေ...
# အေး သားမသိဘူးဆိုရင် အဖေပြောပြမယ်
အိမ်ထောင်တခုပြုတော့မယ်ဆိုရ င် ချစ်ရုံ ကြိုက်ရုံနဲ့တင်
မပြီးဘူး ငါ့သား ဒီနေ့ဒီချိန်မှာ သားနဲ့သမီးတို့က တဦးကိုတဦး
ဘယ်လောက်ထိချစ်, ဘယ်အတိုင်းတာထိ နားလည်နေပါစေ
အတူတကွ နေလာကြတဲ့အခါ မထင်မှတ်တဲ့ ပြသနာတွေက
သားတို့နှစ်ဦးကြား တမျိုးပြီးတမျိုး မရိုးနိုင်အောင်
ဝင်လာကြမှာ ဖြစ်ပါတယ်....
ဒါ့ကြောင့် အဲလိုပြသနာပေါင်း များစွာကို ရင်ဆိုင် ဖြေရှင်းတဲ့နေရာမှာ သာယာတဲ့မိသားစုတစုကနေ ဥကွဲ
သိုက်ပျက်မဖြစ်အောင် ဘာအကြောင်းမှမရှိလည်း
တောင်းပန် တတ်ထားရမယ်သား...
ဥပမာ
လင်မယားနှစ်ယောက် စိတ်ဆိုးစိတ်ကောက် ဖြစ်လာတဲ့အခါ
အကြောင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
သူမှားသည်ဖြစ်စေ ကိုယ်မှားသည်ဖြစ်စေ
ကိုယ်ဘက်က အရင်တောင်းပန်တတ်ရမယ်သား...
ကိုယ်ကစပြီး တောင်းပန်တယ်ဆိုတာဟာ သူအပေါ်မှာ
ကိုယ့်ရဲ့အလျော့ပေးလိုစိတ်, ကိုယ့်ရဲ့သီးခံစိတ်
ကိုယ့်ရဲ့အနစ်နာခံလိုစိတ်က ဖြစ်ပေါ်လာတဲ့
ချစ်ခြင်းမေတ္တာတရားကို သူနားလည်အောင်
ဖော်ပြပေးရာ ရောက်တယ် သား....
သူကစပြီး တောင်းပန်တယ်ဆိုတာလည်း
သူ့အမှားကို သူလက်ခံပြီး ပြုပြင်လိုစိတ်နဲ့သာ
တောင်းပန်ချင်း ဖြစ်တဲ့အတွက်ခွင့်လွှတ်ဖို့လ ည်း
အဆင်သင့်ဖြစ်နေရမယ် သား....
လောကမှာ အနိုင်ယူချင်တိုင်း အနိုင်မရတဲ့အရာတွေရှိသလို
အလျော့ပေးတိုင်းလည်း အရူံးမဖြစ်တဲ့အရာတွေရှိတယ်
ဒါ့ကြောင့် ဘဝကိုအရူံးမပေးပါနဲ့ မိသားစုအရေးမှာ
အကြောင်းမဲ့ ရန်ဖြစ်ကြလည်း မိသားစုဘဝ မဆုံးရူံးဖို့အတွက်
တခါတလေ အရူံးပေးပြီး တောင်းပန်တတ်ရမယ် သား....
မိသားစုရေးမှ အကြောင်းမဲ့ အရူံးပေးခြင်းတွေက
ရည်ရှည်မှာ အကျိုးရှိတဲ့ အရူံးပေးခြင်းတွေ ဖြစ်လာမယ်ဆိုတာ
တနေ့ အဖေ့သားလည်း မြင်တွေ့လာမှာပါ....
ဘာအကြောင်းကြောင့်ဖြစ်ပါစေ
စိတ်ဆိုးစိတ်ကောက်ခြင်းရဲ့ လိုရင်းက
တောင်းပန်တယ်ဆိုတဲ့ စကားတခွန်းပဲ ဖြစ်တယ် သား...
.
စွယ်စုံ- ကျွဲကျောင်းသား
Photo..credit..
#ဒါဆို သား အဖေ့ကိုတောင်းပန်လေ..
" ဘာအတွက်ကြာင့် သားတောင်းပန်ရမှာလဲ အဖေ...
#အဖေက သားကိုတောင်းပန်စေချင်လို့ပ
" သားသိပါတယ်အဖေ သားက ဘာတွေလုပ်ပြီး
ဘာတွေမှားမိလည်းဆိုတာ မသိပဲ ဘယ်လို တောင်းပန်ရမလဲ
သားနားမလည်ဘူးအဖေ...
#ဘာမှ မသိချင်ပါနဲ့ ငါက တောင်းပန်ဆိုတောင်းပန်ပေါ့က
" ဟာဗျာ....အဖေဟာကလည်း တမျိုးဗျာ
ဟုတ်ကဲ့ ရပါတယ် အဖေကဒီလောက်တောင် တောင်းပန်ခံချင်မှတော့ သားတောင်းပန်ရမှာပေါ့...
အဖေ သားကို "ခွင့်လွှတ်ပါဗျာ သားတောင်းပန်တယ်"....
#ကဲ ဒါဆို ငါ့သားသဘောအတိုင်း မိန်းမယူလို့ရပြီး....
" ဟာဗျာ အဖေ့ဟာကလည်း အရင်းမသိအဖျားမသိ
ဘာမှန်းမသိပဲ တောင်းပန်ခိုင်းတယ် ဘာအကြောင်းချက်မှ
မရှိပဲလည်း ခွင့်ပြုတယ် သားနားလည်ရခက်တယ် အဖေ...
# အေး သားမသိဘူးဆိုရင် အဖေပြောပြမယ်
အိမ်ထောင်တခုပြုတော့မယ်ဆိုရ
မပြီးဘူး ငါ့သား ဒီနေ့ဒီချိန်မှာ သားနဲ့သမီးတို့က တဦးကိုတဦး
ဘယ်လောက်ထိချစ်, ဘယ်အတိုင်းတာထိ နားလည်နေပါစေ
အတူတကွ နေလာကြတဲ့အခါ မထင်မှတ်တဲ့ ပြသနာတွေက
သားတို့နှစ်ဦးကြား တမျိုးပြီးတမျိုး မရိုးနိုင်အောင်
ဝင်လာကြမှာ ဖြစ်ပါတယ်....
ဒါ့ကြောင့် အဲလိုပြသနာပေါင်း များစွာကို ရင်ဆိုင် ဖြေရှင်းတဲ့နေရာမှာ သာယာတဲ့မိသားစုတစုကနေ ဥကွဲ
သိုက်ပျက်မဖြစ်အောင် ဘာအကြောင်းမှမရှိလည်း
တောင်းပန် တတ်ထားရမယ်သား...
ဥပမာ
လင်မယားနှစ်ယောက် စိတ်ဆိုးစိတ်ကောက် ဖြစ်လာတဲ့အခါ
အကြောင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
သူမှားသည်ဖြစ်စေ ကိုယ်မှားသည်ဖြစ်စေ
ကိုယ်ဘက်က အရင်တောင်းပန်တတ်ရမယ်သား...
ကိုယ်ကစပြီး တောင်းပန်တယ်ဆိုတာဟာ သူအပေါ်မှာ
ကိုယ့်ရဲ့အလျော့ပေးလိုစိတ်,
ကိုယ့်ရဲ့အနစ်နာခံလိုစိတ်က ဖြစ်ပေါ်လာတဲ့
ချစ်ခြင်းမေတ္တာတရားကို သူနားလည်အောင်
ဖော်ပြပေးရာ ရောက်တယ် သား....
သူကစပြီး တောင်းပန်တယ်ဆိုတာလည်း
သူ့အမှားကို သူလက်ခံပြီး ပြုပြင်လိုစိတ်နဲ့သာ
တောင်းပန်ချင်း ဖြစ်တဲ့အတွက်ခွင့်လွှတ်ဖို့လ
အဆင်သင့်ဖြစ်နေရမယ် သား....
လောကမှာ အနိုင်ယူချင်တိုင်း အနိုင်မရတဲ့အရာတွေရှိသလို
အလျော့ပေးတိုင်းလည်း အရူံးမဖြစ်တဲ့အရာတွေရှိတယ်
ဒါ့ကြောင့် ဘဝကိုအရူံးမပေးပါနဲ့ မိသားစုအရေးမှာ
အကြောင်းမဲ့ ရန်ဖြစ်ကြလည်း မိသားစုဘဝ မဆုံးရူံးဖို့အတွက်
တခါတလေ အရူံးပေးပြီး တောင်းပန်တတ်ရမယ် သား....
မိသားစုရေးမှ အကြောင်းမဲ့ အရူံးပေးခြင်းတွေက
ရည်ရှည်မှာ အကျိုးရှိတဲ့ အရူံးပေးခြင်းတွေ ဖြစ်လာမယ်ဆိုတာ
တနေ့ အဖေ့သားလည်း မြင်တွေ့လာမှာပါ....
ဘာအကြောင်းကြောင့်ဖြစ်ပါစေ
စိတ်ဆိုးစိတ်ကောက်ခြင်းရဲ့ လိုရင်းက
တောင်းပန်တယ်ဆိုတဲ့ စကားတခွန်းပဲ ဖြစ်တယ် သား...
.
စွယ်စုံ- ကျွဲကျောင်းသား
Photo..credit..

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။