စိတ်တော့ဝင်စားစရာလေးပဲဗျ။ ဘာလို့လဲဆိုရင် ရေခဲဆိုတာ ရေကနေ
ဖြစ်လာတာလေ။ မီးတော့မပြောနဲ့ အပူနဲ့တွေ့ရင်ကို အရည်ပျော်သွားတာမလား။
အဲဒီလိုအရာနဲ့ ဘယ်လိုလုပ်ပြီးများ မီးမွှေးမတုန်း။
ဒီမေးခွန်းက ရယ်စရာများဖြစ်နေမလား။ မရယ်လိုက်နဲ့ဗျ။ တကယ့်လက်တွေမှာလည်း မီးမွှေးလို့ရတယ်။ ဒါဆိုဘယ်လိုမွှေးကြမလဲ။ စိတ်တော့ဝင်စားစရာလေးပဲဗျ။ ဘာလို့လဲဆိုရင် ရေခဲဆိုတာ ရေကနေ ဖြစ်လာတာလေ။ မီးတော့မပြောနဲ့ အပူနဲ့တွေ့ရင်ကို အရည်ပျော်သွားတာမလား။ အဲဒီလိုအရာနဲ့ ဘယ်လိုလုပ်ပြီးများ မီးမွှေးမတုန်း။ ရတယ်ဆိုတော့ အံ့သြဖို့သိပ်ကောင်းနေသလို ယုံချင်စရာလည်း မရှိဘူးမလား။ ဒါပေမဲ့ ကျနော်တို့တွေ မယုံရင် လက်တွေ့စမ်းသပ်လို့လည်းရတယ်ဗျ။
သူ ရှင်းလင်းသက်သေပြဆိုထားတာလေးက သိပ်ကို ရိုးရှင်းပြီး သဘောကျစရာလေးပဲဗျ။ ယုတ်တိလည်း ရှိတယ်။ တရုတ်ရှေးဟောင်းကျမ်းတွေထဲမှာလည်း ရေးမှတ်ထားတာတွေ ရှိတယ်ဆိုပဲ။ ပြီးတော့ စိတ်ဝင်စားရင်လည်း လက်တွေ့လုပ်ကြည့်နိုင်တယ်တော့ ပိုနိစ်တာပေါ့ဗျာ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်ဗျ။ ကျနော်တို့ အသုံးပြုမယ့် ရေခဲတုံးက ကြည်လင်ပြီး မျက်နှာပြင်ချောမွေ့နေရမယ်လို့ ပြောထားတယ်။
ကျနော်တို့မှာ အဲဒီလို ကြည်လင်ပြီးမျက်နှာပြင်ချောမွေ့တဲ့ ရေခဲရှိပြီဆိုရင် အရင်ဆုံးလုပ်ရမှာက သူ့ကို ဘောလုံးခြမ်းသဏ္ဌာန် ရေခဲတုံးလေးဖြစ်သွားအောင် လုပ်ပေးရမယ်ဆိုပဲ။ ဒါဆိုရင် ဘောလုံးခြမ်းပုံစံ ခွက်လေးတစ်ခုလောက်ရှိနေရင် ရေကြည်ကြည် သန့်သန့်လေးကိုထည့်ပြီး အအေးခံလိုက်လို့လည်း ရတာပေါ့ဗျာ။ အမှန်တော့ ဒါဟာ ရေခဲမှန်ဘီလူးလုပ်ခိုင်းလိုက်တာပဲဗျ။
ဘာလို့လဲဆိုတော့ မှန်ဘီလူးတွေကို အလင်းဖြတ်သန်းလိုက်တဲ့အခါ အလင်းယိုင်သွားပြီး လောင်စာတွေကို လောင်ကျွမ်းနိုင်တယ် မဟုတ်လား။ အခုလည်း ဒီလိုပါပဲ။ ရေခဲက ကြည်လည်းကြည်နေမယ်၊ ဘောလုံးခြမ်းပုံစံလည်း ဖြစ်နေမယ်ဆိုရင် သူ့ကို အလင်းဖြတ်တဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် အလင်းယိုင်သွားပြီး တစ်နေရာမှာ အလင်းလာစုသွားမှာပဲလေ။ အဲဒီအလင်းစုနေတဲ့နေရာမှာ လောင်စာထားလိုက်တော့ မှန်ဘီလူးတွေနဲ့ မီးမွှေးသလိုပဲ အလွယ်တကူ မီးလောင်နိုင်ပြီပေါ့ဗျာ။ တစ်ခုတော့ရှိတာပေါ့။ ကျနော်တို့ထားတဲ့ လောင်စာက မီးလောင်လွယ်တဲ့အရာဖြစ်ဖို့တော့ လိုတာပေါ့ဗျာ။
Reference: Primitive Ways, အဘယ်ကြောင့်တစ်သိန်း(ကြည်ကြည်မာ)
http://www.duwun.com.mm
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။