Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 26, 2017

စာ​တော်​မယ့်​ လျှို့ဝှက်​ချက်

စာ​တော်​မယ့်​ လျှို့ဝှက်​ချက်

ငယ်​ငယ်​တုန်းကတည်းက စာ​တော်​တဲ့သူ​တွေကို အထင်​ကြီးခဲ့တယ်​။ သူတို့ ဘယ်​လိုလုပ်​လို့်​​တော်​တာလဲ။ ပြီးတာ့ လိုက်​စဉ်းစားတယ်​။ ငါလည်း အဲ့လို လိုက်​လုပ်​ရင်​ သူတို့လို​တော်​လာမလားလို့။ ငယ်​ငယ်​တုန်းကတည်းက စာ​သင်​​ကောင်းတဲ့ ဆရာ​တွေ professor ကြီး​တွေကို အားကျတယ်​။ ပြီး​တော့ လိုက်စဉ်းစားတယ်​။ ကြီးလာရင်​ သူတို့လို စာတွေရလာအောင်​ ဘယ်​လိုလုပ်​မလဲလို့။
ကိုယ့်​​ကျောင်းသားဘဝ တစ်​​လျှောက်​လုံး အဲ့ လျှို့ဝှက်​ချက်​ကို ရှာ​ဖွေခဲ့တယ်​။ နည်း​ပေါင်းစုံ လုပ်​ကြည့်​ခဲ့တယ်​။ စာ​တော်​​အောင်​ ဘယ်​လိုလုပ်​မလဲ​ပေါ့။

စာသင်​​ကောင်းတဲ့ ဆရာ​တွေဆို လိုက်​သင်​​ယူတယ်​။ နား​ထောင်​တယ်​။ မှတ်​တယ်​။ ကြိုးစားတယ်​။ ​ကြိုးစားသ​လောက်​ အရာ​ရောက်​ခဲ့တယ်​။ ဆရာဝန်​ဖြစ်​လို့ စာသင်​တဲ့ ပညာ​ရေး ​လောက ​ရောက်​လာ​တော့ လည်း CME (Continuing Medical Education) က ဆက်​မလုပ်​လို့ မရဘူး​လေ။ Updated ဖြစ်​​နေအာင်​ Seminar ​တွေ Refresher Training ​တွေ တက်​ရတယ်​။ အဲ့မှာလည်း တော်​တဲ့ facilitator ​တွေ trainer ​တွေ ​တွေ့လာတယ်​။ ကိုယ့်​အတွက်​က ပညာ​ရေကန်​ထဲ ကျတာ ​လေ့လာစရာကြီးပဲ။

ဆေးတက္ကသိုလ်​​ကျောင်းသားဘဝထဲက အကြီးတန်းက​နေ အငယ်​တန်းကို စာပြ​ပေးခဲ့တာ ထည့်​မတွက်​ရင်​ စာသင်​နှစ်​က (၈) နှစ်​ရှိခဲ့ပြီ။ အဲ့အ​တွေ့အကြုံ​​တွေ​ပေါ်မူတည်​ပြီး စာ​တော်​​အောင်​ ဘယ်​လိုလုပ်​သင့်​လဲဆိုတဲ့ လျှို့ဝှက်​ချက်​တစ်​ခု ကို ​ပြောပြချင်​တယ်​။
"​ဆေးပညာမှာ စာ​တော်​တယ်​ဆိုတာ မှတ်​နိုင်​ကျက်​နိုင်​တာ မဟုတ်​ပါဘူး။ ဖတ်​ထားမှတ်​ထား နားလည်​ထားတာကို လူနာ​တွေအ​ပေါ်မှာ ပြန်​လည်​အသုံးချနိုင်​တာပါ။"

အဲ့အတွက်​... အဆင့်​ ၃ ဆင့်​ခွဲပြီး ​ဆွေး​နွေးပါမယ်​။

၁။ အ​ကြောင်းအရာတစ်​ခုကို နားလည်​ရပါမယ်​။

ဆေးပညာဟာ နက်​နဲတယ်​။ ဘယ်​ဆရာတစ်​​ယောက်​ကမှ ​​စေ့ငှအာင်​ မ​ပြောနိုင်​ပါဘူး။ ကိုယ့်​ကိုယ်​ကိုယ်​ အမှန်​တကယ်​ နားလည်​​အောင်​ လုပ်​ရပါမယ်​။ ​ကျောင်းသား​တော်​​တော်​များများဟာ သင်​​ပေးလိုက်​တာကို မှတ်​မိ​နေတာ နားလည်​တယ်​လို့ ထင်​​နေပါတယ်​။ မဟုတ်​ပါဘူး။ အကြောင်းအရာတစ်​ခုရဲ့ ဆက်​စပ်​တဲ့အချက်​အလက်​​တွေကို ဖွင့်​ဆိုရှင်းတတ်​၊ ဆက်​စပ်​တတ်​ရပါမယ်​။ ဥပမာ....
Meningitis ဆိုပါစို့။ inflammation of meninges နဲ့ မလုံ​လောက်​ပါဘူး။ meninges ကို နားလည်​ရပါမယ်​။ meninigitis ဆိုတာ meninges ထဲက arachnoid နဲ့ pia mater layer ​ယောင်​လို့ဖြစ်​တာ။ အဲ့ဒါ​ကြောင့်​ subarachnoid space မှာ ရှိ​နေတဲ့ cerebrospinal fluid မှာ inflammation ဖြစ်​​နေတာ၊ အဲ့ဒါ ​ကြောင့်​ CSF ကို lumbar puncture ​ဖောက်​ပြီး ယူပြီး စစ်​ရင်​ ​ရောဂါ diagnosis လုပ်​နိုင်​တာလို့ နားလည်​ရမှာပါ။ အဲ့လိုပဲ ဖြစ်ရာအ​ကြောင်း aetiology ကို causal organism ​တွေကို အလွတ်​ကျက်​ထားရုံ မဟုတ်​ဘဲ သူတို့ ဘာ​ကြောင့်​ meningitis ဖြစ်​​စေလဲ တခြား bug ​တွေနဲ့စာရင်​ ဘာထူးခြား​နေလဲဆိုတာ နားလည်​ရမှာပါ။
တစ်​နည်းအားဖြင့်​ what ​မေးခွန်းမှာ မရပ်​ဘဲ why, how, which significant ဆိုတဲ့ ​မေးခွန်း​တွေ ဆက်​​မေးရမှာပါ။ ကိုယ့်​ကိုယ်​ကိုယ်​ ​မေးရမှာပါ။ ပြီးရင်​ ဆရာ​တွေကို ​မေးကြည့်​ပါ။ ဘယ်​ဆရာမှ အကုန်​မ​ဖြေနိုင်​ပါဘူး။ အဲ့​တော့ ရှာဖတ်​ကြည့်​ပါ။ ဘယ်​မှာ ရှာဖတ်​ရမှန်းမသိရင်​ ဆရာ​တွေကို ​မေးပါ။ မ​ပြောရင်​ ​ပြောတဲ့ ဆရာ​တွေကို ​မေးပါ။ ဘယ်​ဆရာမှ အလိုလိုသိလာတာမရှိပါဘူး။ သူတို့ ​ကြုံဖူးတဲ့ အ​တွေ့အကြုံကိုလည်း​မေးပါ။ ပြီးရင်​ ကိုယ့်​​မေးခွန်း​ကို အ​ဖြေရှာပါ။ နားလည်​သွားရင်​ ဘယ်​​တော့မှ မ​​မေ့​တော့ပါဘူး။

၂။ ဆက်​စပ်​​တွေးပါ။

ဆေးပညာရဲ့ အ​ကြောင်းအရာ​တွေဟာ ဆက်​စပ်​​နေပါတယ်​။ ပထမနှစ်​ က သင်​လိုက်​တဲ့ nuclear physics ဟာ ​နောက်​ဆုံးနှစ်​ အပိုင်း (ခ) ရဲ့ thyroid surgery က radio iodine treatment ထိ ဆက်​စပ်​မှုရှိပါတယ်​။ radioiodine treatment ယူထားတဲ့ လူတစ်​​ယောက်​ကို isolation လုပ်​မှာလား ဆိုတဲ့ ​မေးခွန်းကို ​ဖြေနိုင်​ဖို့ half life, radiation wave, physiology of thyroid hormone synthesis, drug metabolism, pharmacology of radioiodine​ medication တွေကို နားလည်​ပြီး ဆက်​စပ်​ရမှာပါ။ ဆက်​စပ်​​တွေးတတ်​ဖို့ ဆက်​စပ်​ ​တွေးတတ်​သူနဲ့ ​ဆွေး​နွေးပါ။ တစ်​​ယောက်​ထဲဆိုရင်​ why ​မေးခွန်းများများ​မေးပါ။ အ​ဖြေကို ရှာပါ။အဲ့ဒါ ဟာ လူနာ​တွေ ​ဆေးကုသရာမှာ အ​ထောက်​အပံ့ဖြစ်​တဲ့အတွက်​ bedside စာ​မေးပွဲ ​တွေမှာ ဆရာ​တွေ ​မေးတာကို ​ဖြေနိုင်​တာ​တွေ့ရပါတယ်​။bedside စာ​မေးပွဲ မှာ knowledge ​တွေ များများသိ​လေ ​ကောင်း​လေ မဟုတ်​ပါဘူး။ စာ​တော်​တယ်​ဆိုတဲ့​ကျောင်းသား​တွေဟာ ကိုယ်​သိထားတဲ့ knowledge ကို လူနာကို စမ်းသပ်​ကုသ​နေမှုမှာ မှန်​မှန်​ကန်​ကန်​ ဆက်စပ် အသုံးချနိုင်​တာကို ပြနိုင်​ကြတာပါ။

၃။ ​ လေ့ကျင့်​မှုပါ။

ရေး​ဖြေ စာ​မေးပွဲ ​တွေအတွက်​ ကျက်​ရပါမယ်​။ memory ကို စစ်​တဲ့စာ​မေးပွဲ အတွက်​ မကျက်​ဘဲ​ဖြေရင်​ အမှတ်​​မ​ကောင်းပါဘူး။ ​မေးခွန်းက Describe the clinical features, complications and management of pyogenic meningitis ဆိုမှ မကျက်​ထားဘဲ ဘယ်​လို​ရေးမတုန်း။ နားလည်​သ​လောက်​​ရေးရင်​ လိုအပ်​တဲ့ အချက်​အလက်​ အားလုံးမပါလို့်​ အမှတ်​မ​ကောင်းပြန်​ပါဘူး။ အခု လက်​ရှိ ​ရေး​ဖြေစာ​မေးပွဲ​တွေမှာ knowledge ကိုပဲ ဦးစား​ပေး စစ်​​နေတဲ့အတွက်​ စာ​တော်​သူဖြစ်​ဖို့ စာကျက်​ရ​ဦးမှာပါ။

နောက်​တစ်​ခုက clinical exam ပါ။ လူနာနဲ့ လိုအပ်​တဲ့ ​ရောဂါရာဇဝင်​​မေး၊ စမ်းသပ်​ပြီး ​ဖြေရတဲ့ စာ​မေးပွဲ ဖြစ်​လို့ skill ကို assessment လုပ်​တာပါ။ ​အဲ့ဒါ ​ဘောလုံးကန်​သလို၊ အကကျင့်​သလို ပါပဲ။ ​လေ့ကျင့်​မှုလိုပါတယ်​။ bedside ကို တစ်​​ခေါက်​ထဲ သင်ေ​ပးလိုက်​ရုံမျှ ဘယ်​ဆရာကြီးကပဲသင်​သင်​ မတတ်​ပါဘူး။ အကြိမ်​ကြိမ်​ ​လေ့ကျင့်​ရပါတယ်​။ အဲ့မှာ အမှား​တွေကိုပဲ အကြိမ်​ကြိမ်​ ​လေ့ကျင့်​မိ​နေတတ်​ပါတယ်​။ အဲ့လို မ​လေ့ကျင့်​မိ​အောင်​ self reflection လုပ်​ရပါမယ်​။ feedback လုပ်​ရပါမယ်​။ self feedback, peer feedback, teacher's feedback လုပ်​ရပါမယ်​။ feedback ဆို အပြစ်​​ပြောတာ မဟုတ်​ပါ။ ​လေ့ကျင့်​ထားတဲ့ trainer နဲ့​တွေ့ရင်​ feedback ဟာ ပညာလည်းရ ​ပျော်​ဖို့လည်း​ကောင်းပါတယ်​။ clinical exam ဆိုတာ​ ဆေး​ကျောင်းသား​တွေအတွက်​ nightmare ပါ။ ဒါ​ပေ မဲ့ အကြိမ်​ကြိမ်​စနစ်​တကျ ​လေ့ကျင့်​ထားလို့ ​သူများထက်​ အဆင်​​ပြေ​ပြေ ထူးထူးချွန်​ချွန်​​ဖြေနိုင်​သူ​ အများကြီးပါ။

အဲ့ဒီ ၃ ဆင့်​လုံးလိုပါတယ်​။ ​ကျောင်းသား​တွေဟာ အဆင့်​ ၁ နဲ့ ၂ ကို​ကျော်​လိုက်​ပြီး အဆင့်​ ၃ ကို တန်းလုပ်​ကြလို့ ရလဒ်​ မ​ကောင်းကြတာပါ။ စာ​တော်​တဲ့သူ​တွေ မှာ သူတို့သိသည်​ဖြစ်​​စေ၊ မသိသည်​ဖြစ်​​စေ၊ အဆင့်​ ၁ နဲ့ ၂ ကို လုပ်​​လေ့ရှိပါတယ်​။ ​နောက်​တစ်​မျိုးက အဆင့်​ ၃ မလုပ်​တဲ့သူပါ။ သူတို့က ​အဆင့်​ ၁ နဲ့ ၂ ကိုပဲ လုပ်​​လေ့ရှိတဲ့ အတွက်​ ​ကျောင်းသားဘဝ တစ်​​လျှောက်​ စာ​တော်​တယ်​ အထင်​မခံရပါဘူး။ ​နောက်​ပိုင်း ဆရာဝန်​ဖြစ်​လာတဲ့အခါမှာ အ​ခြေခံပိုင်​တဲ့အတွက်​ ဆက်​ကြိုးစားရင်း ထူးချွန်​လာကြတာ ​တွေ့ရပါတယ်။

ဆေး​ကျောင်းသားတိုင်းဟာ ကြိုးစားကြတယ်​။ အပြိုင်​အဆိုင်​ အနည်းနဲ့အများရှိကြတယ်​။ ကိုယ်တွေတုန်းကလည်း ဘယ်​လိုလုပ်​ရမယ်​မှန်းမသိလို့ ရွာလည်​ခဲ့တာ အကြာကြီးပါ။ ဒီ အချက်​​လေး​တွေဟာ education theory ​တွေသက်​သက်​တင်​ မဟုတ်​ပါဘူး။ ​တော်​တဲ့ကျောင်းသား​တွေရဲ့ အ​လေ့အကျင့်​တွေကို နှစ်ပေါင်းများစွာ ​လေ့လာထားပြီး ​ပေါင်းစပ်​​ပြောတာပါ။ ရတနာသိုက်​ ရှိတဲ့​နေရာ ​ပြော​ပေမဲ့ တူး​တော့ တူးရမှာပါ။ ရတနာသိုက်​ရှိတဲ့​မြေ​ပေါ် ခွထိုင်​​နေလို့ ရတနာ ​တွေ ကိုယ့်​လက်​ထဲ ​ရောက်​မလာနိုင်​ပါဘူး။

ကျောင်းသား​ကျောင်းသူတိုင်း စာ​တော်​တဲ့သူ​တွေ ဖြစ်​လာကြပါ​စေ။

Dr. Aung Pyi Soe
HexMEC

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။