☆မိတ်ဆွေကောင်းဟူသည်☆
¤¤¤¤¤¤¤¤《¤》¤¤¤¤¤¤¤¤
#အချိန်ရရင်အားလုံးကိုဖတ်စေ ချင်ပါတယ်
တခါတုန်းက တောတတောမှာ
တိရစ္ဆာန်ပေါင်းစုံ မိတ်ဆွေဖွဲ့၍နေကြသတဲ့
တနေ့သောအခါမှာ တခြား ဒေသမှ မြေခွေး တကောင်လာပြီး ဆိတ်ငယ်အား ဖမ်းစားရန်ကြံစည် ရှာသတဲ့....
ထိုအခါမှာ ဆိတ်ငယ်လေးမှာ တကောင်တည်းမို့
မိတ်ဆွေတို့ "ကယ်ကြပါဦး၂"လို့ အသံကုန်အောင်
အော်နေပါတော့တယ်....
ဒါကို အနီးနားမှာရှိတဲ့ မိတ်ဆွေတောဝက်ကြီး ကြားတဲ့အခါ
ဆိတ်ငယ်အော်ရာ အပြေးအလွှားလာချိန် မလှမ်းမကမ်းမှ
မြေခွေးကို လှမ်းမြင်မိရာ တောဝက်ကြီးမှာ
"အမယ်လေးမြေခွေး"ပါဆိုပြီး မမြင်သလို မကြားသလိုနဲ့
လှည့်ထွက်သွားသတဲ့.....
ထိုမှတဖန် မိတ်ဆွေယုန်ကလေးရောက်လာပြန် သတဲ့
တောဝက်နည်းတူ မြေခွေးကိုမြင်ပြီးကြောက်တာ နဲ့
မမြင်သလို မကြားသလိုလုပ်ပြီး လှည့်ပြန်သွားသတဲ့..
တောနွားကြီးလည်းရောက်လာပြီး သူများတွေလိုဘဲ
မြေခွေးကြောက်ပြီးပြန်သွားရှာသတဲ့
ထိုနည်းတူ အခြားသောတောတွင်း မိတ်ဆွေများကလည်း
အပြေးလာပြီး မြေခွေးကိုတွေ့တာနဲ့ အလန့်တကြားဖြစ်ပြီး
အမြန်သာ ပြေးပြန်သွားကြပါတော့တယ်... .
အဲဒီချိန်မှာ ရွာထဲမှ လူများရိုက်နှက်၍ တောတွင်းသို့
ပြေးဝင်လာသော ခွေးဝဲစားတကောင်ရှိသတဲ့
ထိုခွေးဝဲစား မှာ အလွန်အမင်မှညစ်ပေနေသောကြောင့်
ရောဂါပိုးများ ကူးစပ်မှာကြောက်၍ တောတွင်းတိရစ္ဆာန် များကလည်း
တောတွင်းထဲသို့ ဝင်ခွင့်မပြုရဲကြတာကြောင့် ရွာအပြင် တောစပ်နားမှာ
တကိုယ်တည်း အထီးကျန်စွာ နေ နေရရှာတယ် ...
ခွေးဝဲစားဟာ ဆိတ်ငယ်လေးရဲ့ အသံကိုကြားကာ
အခြားသောတိရစ္ဆာန်များနည်းတူ အပြေးအလွှား ရောက်လာပြီး မြေခွေးကို ဆိတ်ငယ်လေးနှင့်အတူ
နှစ်ကောင်သားပူးပေါင်းပြီး မြေခွေးကို ရင်ဆိုင်တိုက်ထုတ်
နိုင်ခဲ့ပါတယ်...
ဆိတ်ငယ်လေး လွတ်မြှောက်လာ၍ တောဝက် တောနွား
ယုန်အစရှိတဲ့ တိရစ္ဆာန်များအားလုံးဟာ အလွန်ပင် ဝမ်းမြှောက်နေကြပါတယ်....
ဒီအချိန်မှာ တောဝက်က "မင်းဘာလို့ ငါ့ကို မခေါ်တာလည်းကွာ ဒီမြေခွေးကို ဗိုက်ပေါက်အောင်
ငါ့အစွယ်နဲ့ ပြေးဝင် ပက်,သတ်ပစ်ရမှာကွ..တောက်.!
ငါမတွေ့တာ နာသကွာ...."
တောနွားကြီးမှာလည်း ထိုနည်းတူ "မင်းဘာလို့ငါ့ကို.
မခေါ်တာလည်းကွာ...ဒီကောင်ကို ငါ့ဂျို(ချို)နဲ့ အူပေါက်အောင် ရှောက်သတ်ပစ်ရမှာကွ...!
ယုန်ငယ်ကလည်းအားကျမခံ မင်းဘာလို့ ငါ့ကို မခေါ်တာလည်းကွာ တတောလုံးမှာရှိတဲ့ တိရစ္ဆာန်တွေကို
ငါအပြေးလိုက်ခေါ်ပြီး ဒီကောင်ကို အမှုတ်ကြိတ်ပစ်ရမှာကွ
ထိုသို့ ဆိတ်ငယ်ရဲ့ လွတ်မြှောက်မှုအစီစဉ်မှာ သူ့နဲ့ငါ
နုတ်ဖြစ် လူစွမ်းကောင်းတွေလုပ်ပြီး ညံဆူနေချိန် ခွေးဝဲစား
ခမျာမှာတော့ ဘယ်သူကိုမှ ဘာမှမပြောဘဲ မသိသလိုသာနေပြီး တောစပ်နားမှာ ခွေခွေကလေး
ပြန်အိပ်နေရှာသတဲ့....
ဒီခေတ်ကြီးမှာလည်း ဒီအတိုင်းပါဘဲ တယောက်ယောက်
ဒုက္ခရောက်နေချိန် သူ့နဲ့ငါမသိသလိုသာ နေထိုင်တတ်ကြပြီး
အဲဒီလူကောင်းစားတဲ့ချိန်မှာ တော့ သူ့အပေါ် ငါဘယ်လို ကောင်းခဲ့ဖူးလည်း ဘာတွေလုပ်ပေးခဲ့ဖူးလည်းဆြို ပီး
အရေမရ အဖတ်မရ ဂုဏ်ဖော်နေတတ်ကြတယ်...
တယ်ကယ်တမ်း မိတ်ဆွေကောင်းတို့မည်သည်မှာ
မိမိဘဝသာယာနေချိန်မှာ မသိသလိုသာဥပေက္ခာပြု၍
နေတတ်ကြပေမယ့် မိမိဘဝဒုက္ခတွေနဲ့ ရေတိမ်နစ်ချိန်
ဝါးကူထိုးပေးဖို့ လက်မနှေးကြတဲ့ သူတွေပါ...
👉မိတ်ဆွေစစ်ဆိုသည်မှာ
နားကြားကောင်းအောင် စကားလုံးလှလှတွေပြောပြီး ပေါင်းသင်းနေသူမဟုတ်ဘဲ လုပ်ရပ်ကိုအကြောင်းပြုပြီး
သက်သေပြ ပေါင်းစည်းနေထိုင်တတ်သူကို ဆိုလို၏...။
ရေးသမျှပုံပြင်ထဲက အကြားမရှိ အတွေ့မရှိဘဲ
စိတ်ကူးယဉ်သက်သက် ရမ်းရေးထားတာကြောင့်
အမှားပါလျှင် ခွင့်လွှတ်ပေးကြပါ....။
🖋လေးစားစွာဖြင့်
@စွယ်စုံ-ကျွဲကျောင်းသား
03/08/2017
Credit. To. စွယ်စုံ-ကျွဲကျောင်းသား
¤¤¤¤¤¤¤¤《¤》¤¤¤¤¤¤¤¤
#အချိန်ရရင်အားလုံးကိုဖတ်စေ
တခါတုန်းက တောတတောမှာ
တိရစ္ဆာန်ပေါင်းစုံ မိတ်ဆွေဖွဲ့၍နေကြသတဲ့
တနေ့သောအခါမှာ တခြား ဒေသမှ မြေခွေး တကောင်လာပြီး ဆိတ်ငယ်အား ဖမ်းစားရန်ကြံစည် ရှာသတဲ့....
ထိုအခါမှာ ဆိတ်ငယ်လေးမှာ တကောင်တည်းမို့
မိတ်ဆွေတို့ "ကယ်ကြပါဦး၂"လို့ အသံကုန်အောင်
အော်နေပါတော့တယ်....
ဒါကို အနီးနားမှာရှိတဲ့ မိတ်ဆွေတောဝက်ကြီး ကြားတဲ့အခါ
ဆိတ်ငယ်အော်ရာ အပြေးအလွှားလာချိန် မလှမ်းမကမ်းမှ
မြေခွေးကို လှမ်းမြင်မိရာ တောဝက်ကြီးမှာ
"အမယ်လေးမြေခွေး"ပါဆိုပြီး မမြင်သလို မကြားသလိုနဲ့
လှည့်ထွက်သွားသတဲ့.....
ထိုမှတဖန် မိတ်ဆွေယုန်ကလေးရောက်လာပြန်
တောဝက်နည်းတူ မြေခွေးကိုမြင်ပြီးကြောက်တာ
မမြင်သလို မကြားသလိုလုပ်ပြီး လှည့်ပြန်သွားသတဲ့..
တောနွားကြီးလည်းရောက်လာပြီး
မြေခွေးကြောက်ပြီးပြန်သွားရ
ထိုနည်းတူ အခြားသောတောတွင်း မိတ်ဆွေများကလည်း
အပြေးလာပြီး မြေခွေးကိုတွေ့တာနဲ့ အလန့်တကြားဖြစ်ပြီး
အမြန်သာ ပြေးပြန်သွားကြပါတော့တယ်...
အဲဒီချိန်မှာ ရွာထဲမှ လူများရိုက်နှက်၍ တောတွင်းသို့
ပြေးဝင်လာသော ခွေးဝဲစားတကောင်ရှိသတဲ့
ထိုခွေးဝဲစား မှာ အလွန်အမင်မှညစ်ပေနေသောကြောင
ခွေးဝဲစားဟာ ဆိတ်ငယ်လေးရဲ့ အသံကိုကြားကာ
အခြားသောတိရစ္ဆာန်များနည်းတူ
နှစ်ကောင်သားပူးပေါင်းပြီး မြေခွေးကို ရင်ဆိုင်တိုက်ထုတ်
နိုင်ခဲ့ပါတယ်...
ဆိတ်ငယ်လေး လွတ်မြှောက်လာ၍ တောဝက် တောနွား
ယုန်အစရှိတဲ့ တိရစ္ဆာန်များအားလုံးဟာ အလွန်ပင် ဝမ်းမြှောက်နေကြပါတယ်....
ဒီအချိန်မှာ တောဝက်က "မင်းဘာလို့ ငါ့ကို မခေါ်တာလည်းကွာ ဒီမြေခွေးကို ဗိုက်ပေါက်အောင်
ငါ့အစွယ်နဲ့ ပြေးဝင် ပက်,သတ်ပစ်ရမှာကွ..တောက်.!
ငါမတွေ့တာ နာသကွာ...."
တောနွားကြီးမှာလည်း ထိုနည်းတူ "မင်းဘာလို့ငါ့ကို.
မခေါ်တာလည်းကွာ...ဒီကောင်ကို
ယုန်ငယ်ကလည်းအားကျမခံ မင်းဘာလို့ ငါ့ကို မခေါ်တာလည်းကွာ တတောလုံးမှာရှိတဲ့ တိရစ္ဆာန်တွေကို
ငါအပြေးလိုက်ခေါ်ပြီး ဒီကောင်ကို အမှုတ်ကြိတ်ပစ်ရမှာကွ
ထိုသို့ ဆိတ်ငယ်ရဲ့ လွတ်မြှောက်မှုအစီစဉ်မှာ သူ့နဲ့ငါ
နုတ်ဖြစ် လူစွမ်းကောင်းတွေလုပ်ပြီး ညံဆူနေချိန် ခွေးဝဲစား
ခမျာမှာတော့ ဘယ်သူကိုမှ ဘာမှမပြောဘဲ မသိသလိုသာနေပြီး တောစပ်နားမှာ ခွေခွေကလေး
ပြန်အိပ်နေရှာသတဲ့....
ဒီခေတ်ကြီးမှာလည်း ဒီအတိုင်းပါဘဲ တယောက်ယောက်
ဒုက္ခရောက်နေချိန် သူ့နဲ့ငါမသိသလိုသာ နေထိုင်တတ်ကြပြီး
အဲဒီလူကောင်းစားတဲ့ချိန်မှာ
အရေမရ အဖတ်မရ ဂုဏ်ဖော်နေတတ်ကြတယ်...
တယ်ကယ်တမ်း မိတ်ဆွေကောင်းတို့မည်သည်မှာ
မိမိဘဝသာယာနေချိန်မှာ မသိသလိုသာဥပေက္ခာပြု၍
နေတတ်ကြပေမယ့် မိမိဘဝဒုက္ခတွေနဲ့ ရေတိမ်နစ်ချိန်
ဝါးကူထိုးပေးဖို့ လက်မနှေးကြတဲ့ သူတွေပါ...
👉မိတ်ဆွေစစ်ဆိုသည်မှာ
နားကြားကောင်းအောင် စကားလုံးလှလှတွေပြောပြီး ပေါင်းသင်းနေသူမဟုတ်ဘဲ လုပ်ရပ်ကိုအကြောင်းပြုပြီး
သက်သေပြ ပေါင်းစည်းနေထိုင်တတ်သူကို ဆိုလို၏...။
ရေးသမျှပုံပြင်ထဲက အကြားမရှိ အတွေ့မရှိဘဲ
စိတ်ကူးယဉ်သက်သက် ရမ်းရေးထားတာကြောင့်
အမှားပါလျှင် ခွင့်လွှတ်ပေးကြပါ....။
🖋လေးစားစွာဖြင့်
@စွယ်စုံ-ကျွဲကျောင်းသား
03/08/2017
Credit. To. စွယ်စုံ-ကျွဲကျောင်းသား
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။