မြေခွေးတွေက ဘယ်တော့မှ မငြီးညူကြပါဘူး။
ဘယ်တော့မှလည် ၀မ်းမနည်းကြပါဘူး။
ကိုယ်ဖြစ်ချင် တာတွေကို ရအောင် ကြိုးစားကြပါတယ်။
သူတို့တွေ က ကျရှုံးမှုကို မသိကြပါဘူး။
လက်ရှိလုပ်နေတဲ့ အရာကိုသာ ပြီးမြောက်အောင် ကြိုးစားကြပါတယ်။
သူတို့က သန်မာကြပါတယ်။ သူတို့လုပ်ရမယ့်အလုပ်ကို ဘယ်တော့မှလက်မလျှော့ ကြပါဘူး။
သူတို့ရဲ့ရှင်သန်မှု၊အောင်မြင်မှုက ကိုယ်ဖြစ် ချင်တဲ့တာဝန်ကိုပဲ ပြီးဆုံးအောင် လုပ်ဆောင်ကြပါ တယ်။
သူတို့မှာ အချိန်တွေပိုမနေပါဘူး။ သူတို့က ကံတရားက ဘာတွေပေးမလဲဆိုတာကို မျှော်လင့် မနေကြပါဘူး။
ကိုယ်ဖြစ်ချင်တဲ့ အရာကို ရအောင် ယူကြပါတယ်။ မြေခွေးတွေက သန်မာကြ ပါတယ်။
သူတို့ရဲ့အမိန့်ကိုပြီးမြောက်အောင် ကြိုးစား ကြပါတယ်။
သူတို့အသက်အတွက် ဇဝေဇ၀ါတွေ ဖြစ်မနေကြပါဘူး။
မြေခွေးတွေက မလျော့သော ဇွဲလုံ့လတွေနဲ့ ရပ်တည်ကြပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့အလုပ်အတွက် မြေခွေးတွေလိုပဲ
မလျော့သောဇွဲလုံ့လ ၀ီရိယတွေနဲ့ ရပ်တည်ကြ ရအောင်လို့ ပြောလိုပါတယ်။
ပုံပြင်ထဲကလို မြေခွေးတွေဟာ မကောက်ကျစ်ပါဘူး။
တကယ့် Discovery channels မှ ထုတ်လွှင့်သော တောရိုင်းသဘာဝတွေကို ကြည့်ရှုရင်းဖြင့် မြေခွေးတွေ ရဲ့ သဘာဝဇရိုက်ကို ပိုမိုနားလည် ခံစားမိလာမှာပါ။
ဝေယံမင်းသစ် – (LL.B)
၁၅ ၊ နိုဝင်ဘာလ ၊ ၂၀၁၇ ဗုဒ္ဓဟူးနေ့ ။
— watching Discovery.
http://www.mmbookcity.com/?p=1087
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။