Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 29, 2015

" ဒေါ်လာစား"



" ဒေါ်လာစား"
~~~~~~~~~~~~~~~~~~~~~

ဒေါ်လာတွေရတာပဲ
မကြည့်နဲ့
စိတ်ညစ်ရင်
ဘယ်သူ့မျက်နှာပြေးကြည့်ရမှန်းမသိဘူး

ဖျားတာ နာတာလား
အပြင်းဖျားဖို့စိတ်မကူးနဲ့
ကိုယ့်ခြေကိုယ့်လက်နိုင်အောင်ကြိုးစား
ဆေးခန်းကိုယ့်ပါသာသွား
ကိုယ်စားမဲ့ဆန်ပြုတ် ကိုယ့်ပါသာပြုတ်
ဆေး..ကိုယ့်ပါသာသောက်နိုင်အောင်ကြိုးစားထား
ရက်ဆက်ဖျားမယ် စိတ်မကူးနဲ့
ဘယ်သူမှ တစ်ရက်ထက်ပိုပြီး
လာကြည့်မပေးနိုင်ဘူး

NLD ကို မဲပေးချင်တာ အဲ့ဒါတွေကြောင့်ပဲ



NLD ကို မဲပေးချင်တာ အဲ့ဒါတွေကြောင့်ပဲ
-----------------------------------------------------

ခင်များတို့ လုပ်တတ်တာ ဘာရှိလဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
လျှပ်စစ်တွေ ထုတ်တယ်
ပြည်သူအများစု မသုံးရဘူး
.
ဆံစပါးအများကြီး ထွက်တယ်
ပြည်သူတွေ ဝဝလင်လင်မစားရဘူး
.
တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
ခြံစည်းရိုးမရှိဘူး
.
ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်
ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ဘူး

Jack Ma … လူငယ်တွေကို ဘာပြောခဲ့သလဲ….။ (ကိုရီးယားမှာ)



Jack Ma … လူငယ်တွေကို ဘာပြောခဲ့သလဲ….။ (ကိုရီးယားမှာ)

------------------
Jack Ma ဆိုတဲ့ပုဂိ္ဂုလ်အကြောင်း အကျယ်ဖွင့်ပြီး ပြောနေစရာလိုလိမ့်မယ် မထင်တော့ပါဘူး။ Alibaba Group လို့ခေါ်တဲ့ တရုတ် E-commence ကုမ္ပဏီတစ်ခုရဲ့  CEO ဆိုတာ အားလုံးနီးပါးသိပြီးကြလောက်ပါပြီ။ သူရဲ့  ဒီထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အကောင်အထည်ဖော်နိုင်ခဲ့ပြီး အင်အားကောင်းလာခဲ့ တဲ့ Alibaba ဟာ ပြိုင်ဘက် ကမ္ဘာကျော် E-commence လုပ်ငန်းကြီးများဖြစ်တဲ့ Amazon, Ebayတို့ကို ကျော်ဖြတ်ကာ 2014 စက်တင်ဘာလထဲမှာ New York Stock Exchange (NYSE) ရဲ့  ကမ္ဘာ့စံချိန်ချိုး အကြီးမားဆုံးသော စတော့ရှယ်ယာ ထုတ်ရောင်းနိုင်ဆုံး ကုမ္ပဏီအဖြစ် မှတ်တမ်းတင်ခံ ခဲ့ရပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုသိမ်မြို့တွင် စက်ဘီးစီးရသည့် အကြောင်းအရင်း


ဒေါ်အောင်ဆန်းစုကြည်ပုသိမ်မြို့တွင် စက်ဘီးစီးရသည့် အကြောင်းအရင်း
************************************************************************
၁၉၈၉ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ ရောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ ရောက်သောအခါ ထိုစဉ်ကဧရာဝတီတိုင်း၊ တိုင်းမှူးအဖြစ် တာဝန်ထမ်း ဆောင်နေသောတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က အမိန့် အမျိုးမျိုးထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ လူထုမတွေ့နိုင်အောင်လုပ်သည်။ ဒေါ်အောင်ဆန်းစု ကြည် ပုသိမ်မြို့ပေါ်က ကားတွေငှားမရအောင် နည်း အမျိုးမျိုးဖြင့် ပိတ်ပင်သည်။ ယာဉ်ပိုင်ရှင်တွေကို ခြိမ်း ခြောက်သည်။ လူ ငါးယောက်ထက်ပိုမစုရဟု အမိန့် ထုတ်သည်။ ယင်းသို့ဆောင်ရွက်သည့်အတွက် ဒေါ်အောင် ဆန်းစုကြည်တစ်ယောက် သူတည်းခိုရာနေအိမ်မှ ပုသိမ်မြို့ထဲသို့ ဝင်မရ၊ ပုသိမ်မြို့ခံများနှင့်လည်း တွေ့ဆုံခွင့်ရလိမ့်မည်မဟုတ်ဟုတိုင်းမှူး ဗိုလ်ချုပ်မြင့် အောင်က တွက်ဆထားပုံရသည်။

"သံမဏိနှင်းဆီ...အမေ"

"သံမဏိနှင်းဆီ...အမေ"
(၁၉-၆-၂၀၁၅)

ကဗျာတံခွန်
မင်းသုဝဏ်၏
နွေရာသီတွင်း
ပူရှိန်ညှင်းသည့်
ပျဉ်းမငုတ်တို
သစ်ပင်အိုသည်
စစ်ကိုလည်းကြုံ
ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ
နေလျှံလည်းခိုက်
လေပြင်းတိုက်လည်း
မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းကျကြွေ
ရွက်သစ်ဝေလျက်
လေပြေထဲတွင်
ငယ်ရုပ်ဆင်သို့...
တိုင်းခွင်မြန်မာ
တိုးတက်သာဘို့
ရောက်လာသည့်ဒဏ်
ကြံ့ကြံ့ခံသည့်
နိုင်ငံချစ်သည့်
သံမဏိနှင်းဆီ...အမေ။
အမေစုတွက်
မွေးနေ့ရက်မှာ
သက်ရာကျော်ကာ
ကျန်းမာစေကြောင်း
အောင်စေကြောင်းလို့
ဆုတောင်းလိုက်ပါ၏။

................Aye Lin

(မွေးနေ့ဆုတောင်း ကဗျာတွေထဲက ကြိုက်နှစ်သက်မိတဲ့ ကဗျာတပုဒ်)

fb မှာတော့ ပါးစပ်နဲ့ မှိုင်းမတိုက်ဘူး၊ လက်ချောင်းလေးတွေနဲ့ တို့ထိပြီး မှိုင်းတိုက်လို့.


အစဉ်အဆက် လူဖြူတွေသာ အုပ်ချုပ်တဲ့ အမေရိကန် နိုင်ငံမှာ
လူမဲ အိုဘားမား အုပ်ချုပ်လိုက်တဲ့အခါ လူမဲတွေ ကြီးစိုးတဲ့
လူမဲနိုင်ငံ ဖြစ်သွား သတဲ့ လား ?

လူမဲနိုင်ငံ ဖြစ်မသွားတဲ့ အပြင် 

ပထမဆုံး နိုဗယ်ဆု ဆွတ်ခူးတဲ့ အမေရိကန် သမ္မတဖြစ်သွားတော့
အမေရိကန်ရဲ့ ဂုဏ်သိက္ခာ တက်သွားရောတဲ့.....။

အစဉ်အဆက် ဟိန္ဒူတွေသာ အုပ်ချုပ်တဲ့ အိန္ဒိယနိုင်ငံမှာ
အစ္စလာမ် ကိုးကွယ်တဲ့ အဗ္ဗဒူကလမ် (ဒုံးပျံပညာရှင်) သမ္မတဖြစ်သွားတော့
အစ္စလာမ် နိုင်ငံဖြစ်သွားသတဲ့လား ?

ရုံပတီသီးကို ဘာကြောင့်ပုံမှန်စားသုံးသင့်သလဲ?


Job seekers တို့ ထမင်းစားရာမှာ တို့စရာအဖြစ်သော်လည်းကောင်း၊ ဟင်းလျာအဖြစ်ကြော်စားရာတွင် သော်လည်းကောင်း စားသုံးလေ့ရှိတဲ့ ရုံပတီသီးရဲ့ ကောင်းကျိုးတွေကိုသိပါသလား။ ရုံပတီသီးကို ကြိုက်နှစ်သက်လို့ပဲဖြစ်စေ၊ မကြိုက်နှစ်သက်သည်ဖြစ်စေ တတ်နိုင်သမျှ ပုံမှန်စားသုံးပေးမယ်ဆိုရင် အောက်ပါဖော်ပြပါအတိုင်း ကျန်းမာရေးနှင့်အလှအပဆိုင်ရာကောင်းမွန်မှုတွေကို ရရှိစေမှာဖြစ်ပါတယ်။

‘ ရုံပတီသီးဟာ အာဟာရများနှင့် ပြည့်နှက်နေသော အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်မြင့်မားစွာပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများရှိတာကြောင့် သင့်ဆံကေသာနှင့် အသားအရေထိန်းသိမ်းမှုအတွက် ကောင်းမွန်စေပါတယ်။ နေ့စဉ်အစားအစာများတွင် ရုံပတီသီးကို ပုံမှန်ထည့်သွင်းစားသုံးသင့်သော အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ’

(JOB seekers Journal အတွဲ ၄ အမှတ် ၂တွင်ပါရှိသော ရုံပတီသီးကို ဘာကြောင့်ပုံမှန်စားသုံးသင့်သလဲ? ဆောင်းပါးမှ ကောက်နုတ်ချက်ဖြစ်ပါတယ်။)

အောင်မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်း


အောင်မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်း
============================

- ကောင်းဆက်နိုင်

လူတစ်ယောက် ထူးထူးခြားခြား အောင် မြင်ဖို့က ပတ်ဝန်းကျင်ကောင်းတစ်ခု တော့လိုတယ်။ အောင်မြင်မယ့်သူဟာ အဲဒီပတ်ဝန်းကျင် သူ့မှာ အရင်ကမရှိခဲ့ရင်လည်း ရှိအောင် ဖန်တီးဖို့ ကြိုးစားကြတယ်။ တစ်ခါတစ်ရံ ကိုယ်မသိလိုက် ဘဲနဲ့တောင် အဲဒီလို ပတ်ဝန်းကျင်ကောင်းကို မသိစိတ် ရဲ့ဦးဆောင်မှုနဲ့ ဖန်တီးတတ်ကြတယ်။ အဲဒါကိုပဲ ကံတ ရားလို့ ခေါ်ကြတယ်။

ဘုရားတောင်မှ အမှီရှိမှဖြစ်တယ်ဆိုတဲ့ စကား ရယ်၊ အရှင်အာနန္ဒာကို ဗုဒ္ဓက ဟောဖူးတဲ့ 'မိတ်ဆွေ ကောင်းရရှိခြင်းဟာ အောင်မြင်မှုအတွက် ၁ဝဝ ရာခိုင် နှုန်း သေချာတယ်'လို့ ဟောကြားချက်ရယ်၊ တွေးကြည့် လိုက်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်း၊ မိသားစုကောင်း နဲ့ မိတ်ဆွေကောင်းတွေဟာ လူတစ်ယောက်အောင်မြင် မှုအတွက် အထောက်အကူဖြစ်တာ သေချာတယ်။

ကော်စေ့ဖြင့်ချက်ထားသော ထမင်း


ကော်စေ့ဖြင့်ချက်ထားသော ထမင်း
______________________
ဦးခင်ညွန့်
လက်မတထောင်ထောင်နဲ့ ဗီဒီယိုဖိုင်
တက်လာတုန်းက ပိုအံ့သြမိတာ
သူ ပြောတာကို ထောက်ခံနေသူတွေပါ။
ဦးခင်ညွှန့်အပါအဝင်
စစ်ခေါင်းဆောင်တော်တော်များများဟာ
'မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ'
ဆိုတာကို ပြောလေ့ရှိကြပါတယ်။
သူတို့ဟာ
ယဉ်ကျေးမှုနဲ့ နိုင်ငံရေး
မတူတဲ့ ဘာသာရပ်နှစ်ခုကို
ရောချနေကြခြင်း ဖြစ်ပါတယ်။
မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီဆိုတာ
မရှိပါဘူး။
ဒီလိုပါပဲ
ကုလားနည်း ကုလားဟန်ဒီမိုကရေစီ
တရုတ်နည်း တရုတ်ဟန်ဒီမိုကရေစီ
ဆိုတာတွေလည်း မရှိပါဘူး။
ဒီမိုကရေစီဟာ
နိုင်ငံရေးစနစ်တစ်ခုသာလျှင်ဖြစ်ပါတယ်။

ကိုဂျီလတ် ပြောပြတဲ့ "သူ့ရဲ့  ဂီတသမားဘဝ အကြောင်းများ"


ကိုဂျီလတ် ပြောပြတဲ့
"သူ့ရဲ့  ဂီတသမားဘဝ အကြောင်းများ"
.
.
.
"ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့အချိန်မှာပဲ သီချင်းတွေ စလုပ်ခဲ့ရတယ်။ အဲဒီတုန်းက အသက်က (၁၉)နှစ်တောင် မပြည့်သေးပါဘူး။ အဲဒီလိုနဲ့ပဲ သီချင်းတွေရေးလိုက် တီးလိုက်နဲ့ ကိုယ့်ဘာသာကိုယ် သီချင်းတွေလုပ်ဖြစ်တယ်။ အဲဒီမှာ ကျောင်းတွေက ပိတ်ထားလို့ ကျောင်းက မတက်ဖြစ်ဘူး။ ယောင်တောင်တောင် ဖြစ်နေတာပေါ့။ ဘာလုပ်ရမှန်းမသိဘူး။ ကိုယ်ကလည်း ငယ်သေးတော့ ကိုယ့်ဘာသာ မဆုံးဖြတ်တတ်သေးဘူး။ အဲဒီမှာ ဘုရားကျောင်းက သီချင်းတွေနဲ့တွေ့ပြီး သီချင်းလေး စလုပ်ဖြစ်တယ်။ အဲဒီကနေ တစ်ဆင့် ဘုရားကျောင်းက သူငယ်ချင်းတွေက အဖွဲ့လေး ဖွဲ့ပြီး သီချင်းခွေလုပ်ကြမယ်လို့ပြောတယ်။ ပိုက်ဆံစုကြမယ်ဆိုပြီး ပိုက်ဆံတွေစုကြတယ်။ ကိုယ်ကျတော့ အလုပ်အကိုင်လည်း မရှိတော့ ပိုက်ဆံကမစုနိုင်ဘူး။ အဲဒီမှာတင် အခုလန်ဒန်ရောက်တဲ့ အစ်ကိုက နေပြီးတော့ ငါပိုက်ဆံပေးမယ်။ လုပ်မယ်ဆိုရင်တော့ ဖြစ်အောင်လုပ်ဆိုပြီးတော့ ပိုက်ဆံထုတ်ပေးတယ်။

ဘာဘဲပြောပြော ဖြူဖြူကျော်သိန်းဟာ တာဝန်ကျေယုံထက်ပိုသော အနုပညာရှင်တယောက်ဖြစ်ကြောင်း ကျနော်ကတော့လက်ခံပါတယ်

ဒီနေ့ တော့ ဖြူဖြူကျော်သိန်းကို
လော်ဘို့ စဉ်းစားထားတယ်
သူပလပ်ကျွတ်တာကတပိုင်း
မဲစာရင်းအတွက် ပရိတ်သတ်ကို
တိုက်တွန်းတာကတပိုင်းဘဲ

သူမက ဘာဘဲပြောပြော
ကိုယ်တွေထက် ဆယ်လီ fan ပရိတ်သတ်များပြားသူ
ကိုယ့်စကားတခွန်းထက်
သူမစကားတခွန်းကပိုတာသွားတယ်

အပြောမတတ်လို့ ဆဲသလိုဖြစ်ပေမယ့်
ပရိတ်သတ်ကြီးကျေးဇူးဆိုပီး
ပါးစပ်ကတဖွဖွပြော ဘယ်ဗိုလ်ချုပ် ဘယ်ဗိုလ်မှူးဆီက
မြေကွက်ရမလဲ ကားပါမစ်ရမလဲဆိုပီး
အချောင်လိုက်နေတဲ့ အနုပညာရှင်တွေတပုံကြီး
ဒီလောက်သေရေးရှင်ရေး တိုင်းပြည်ကိုကျွန်သက်ရှည်အောင်
ဆွဲဆန့် မယ့်မဲစာရင်းကို တိုက်တိုက်တွန်းတွန်းကြည့်အောင်
လူထုကိုပြောတဲ့အနုပညာရှင်ကအနည်းစု

ဒီထဲကမှကိုယ့်မဲစာရင်းပါမပါကို
ကိုယ်တိုင်သွားကြည့်တဲ့သူက ပိုနည်းသေးတယ်

Tuesday, June 23, 2015

အောင်ဆန်းစုကြည်ရဲ့အသက်(၇၀)ပြည့်မွေးနေ့မိန့်ခွန်း

 

“အသက် (၇၀)ဆိုတော့ နောင်ကျွန်မတို့ နေရတယ်ဆိုလို့ရှိရင် နှစ်(၂၀)လောက် နေရတယ်ဆိုလို့ရှိရင်တောင် အင်မတန်အသက်ရှည်တယ်လို့ ပြောရမှာပါ။ ဒီ နောင်နေနိုင်မယ့် နှစ်(၂၀)လောက်အတွင်းမှာ ဒီနိုင်ငံ တိုးတက်တာ၊ ဖွံ့ဖြိုးတာ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေဟာတကယ့် ကို ကမ္ဘာကနေပြီးတော့ လေးစားရမယ့်၊ တန်ဖိုးထားရမယ့်ပုဂ္ဂိုလ်များ ဖြစ်စေချင်ပါတယ်။ အဲဒီလို ဖြစ်တာကို ကျွန်မတို့ မြင်တွေ့သွားချင်ပါတယ်။…”
----- ----- ----- -----...

စကားအရာကျွမ်းကျင်လှပြီး ပညာရှိပီပီဖြေသွားလိုက်တာ

 
 
စကားအရာကျွမ်းကျင်လှပြီး
ပညာရှိပီပီဖြေသွားလိုက်တာ

သတင်းထောက်တွေရဲ့ ချောင်ပိတ်မေးခွန်းတွေကို
ပညာသားပါပါ ဖြေထားပါတယ်...


အားလုံး ဖတ်သင့် လေ့လာသင့်သဖြင့်
ပြန်လည်ဝေမျှပါသည်
-----

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝါရှင်တန်ပိုစ့် အင်တာဗျူး (၁၆-၆-၂၀၁၅)
.
မေး။ တရုတ်ခရီးစဉ်ကနေဘာတွေရခဲ့ပါသလဲ။
ဖြေ။ ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးပွဲလေးတစ်ခုပါဘဲ။ အိမ်နီးချင်းဆိုတာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညီညီ ညွတ်ညွတ် နေကြရမယ်ဆိုတာ ကျွန်မတို့ အားလုံးနားလည်ထားကြပြီးသားပါဘဲ။
-
မေး။ အခုဖမ်းဆီးထောင်ချခံထားရတဲ့ တရုတ်နိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo အကြောင်းခင်ဗျားဆွေးနွေးခဲ့သေးလား။

ကတ်သီးကတ်သတ် အင်္ဂလိပ်စကားလုံးများ

 

ကတ်သီးကတ်သတ် အင်္ဂလိပ်စကားလုံးများ
====================
မေး။ ဇာတ်တော်တွေထဲမှာ ပါနေတတ်တဲ့ ခရုသင်း ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ ၊ ခရုသင်းမှုတ်တဲ့ ပညာရပ်ကိုရော ဘယ်လိုခေါ်ပါသလဲ။

ဖြေ။ ခရုသင်းကို ရုပ်ပြစာအုပ်တွေ ရာဇဝင်တွေထဲမှာ အင်္ဂလိပ်လို .. Conch လို့ခေါ်ပါတယ်။ ခရုသင်းမှုတ်တဲ့ပညာရပ်ကတော့ အင်္ဂလိပ် အသုံးအနှုန်းမှာ မတွေ့ဖူးသေးပါဘူး .. ခရုခွံတို့ ယောက်သွားတို့လို အခွံမာတွေအပေါ်လေ့လာတဲ့ ပညာရပ်တော့ရှိတယ်။ Conchology...
လို့ခေါ်တယ်။ ခင်ဗျားက ဘာကိစ္စ ဒါကိုစိတ်ဝင်စားနေတာတုန်း .. သူများအရေပြားပေါ်ပေါက်နေတဲ့ ခရုသင်းကိုတော့ သွားမမှုတ်နဲ့ပေါ့ဗျာ။

သူတို့စကား

 

သူတို့စကား

ထိုင်းလို ချမ်းသာမယ်ဆိုရင် !!
ကျနော်တို့ ၁၀ ဂိုးလောက်ပြန်သွင်းပြစ်မယ်
...

( ဦးသန်းတိုးအောင် )

ကျုပ်ပြောလိုက်မယ်
ဒီ အစိုးရ အာဏာရနေသရွေ့ …
ကမ္ဘာကို ရင်ဘောင်တန်းနိုင်ဖို့ မြန်မာတွေ စိတ်ကူးမယဉ်နဲ့

စည်သူမောင် ( 88 မျိုးဆက် )

မဲစာရင်းကြည့်ဖို့တောင် မအားဖူး ဆိုရင် !!
အာဏာရှင်ကို အသက်ရှည်ဆေး ကျွေးတာနဲ့ အတူတူပဲ

( ရူဘီရတနာ )

“ခင်ပွန်းရဲ့ချစ်သူ”

 

“ခင်ပွန်းရဲ့ချစ်သူ”

လှည့်စားတတ်တဲ့ ကံကြမ္မာက သူ့ကိုကစားနည်းတစ်မျိုးနဲ့ ကျီစားခဲ့တယ်။ အခုအချိန်မှာ ခင်ပွန်းရဲ့ချစ်သူက သူ့ရှေ့ ခွဲစိပ်ကုတင်ပေါ် ရောက်နေခဲ့ပါပြီ။ ဒီမိန်းမကြောင့် ခင်ပွန်းက သူ့ကိုခွဲသွားခဲ့တယ်။ အခုမျက်စိရှေ့က ဒီမိန်းမကို သူအရမ်းမုန်းခဲ့မိတယ်......
----------
...

ဝတ်စုံဖြူဝတ်နတ်သမီးတွေမှာလည်း လူ့ဒုက္ခတွေခံစားရတဲ့အချိန်ရှိပါတယ်။

၂ဝဝ၂ ခုနှစ် နိုဝင်ဘာလရဲ့ ဆောင်းညတစ်ည... မြောက်အရပ်မှာ ဒီဆောင်းရဲ့နှင်းတွေ ပထမဆုံးအကြိမ်ကျနေခဲ့တယ်။ အသက် ၃ဝကျော် သားဖွားမီးယပ်ဆရာဝန်ယွန်းက ဒီညမှာ နိုက်ဂျူတီကျတယ်။ ရုတ်တရက် အရေးပေါ်လူနာတစ်ဦးကို ၁၁ဝကပို့လာတဲ့သတင်း သူရလိုက်တယ်။

ဗိုလ်ခင်ညွန့်တို့ တုန်လှုပ်နေတယ်..။

 
ဗိုလ်ခင်ညွန့်တို့ တုန်လှုပ်နေတယ်..။
မီဒီယာဟာ တစ္ဆေသရဲမဟုတ်၊
ကြေးမုံမှန်တချပ်သာဖြစ်တယ်၊
ကိုယ့်ပုံရိပ်ကိုယ်..မထိတ်လန့်ပါနဲ့..။
...

အတိတ်က ကိုယ်မတရားပြုခဲ့တာတွေ..ကိုယ်တိုင်ပြန်မကြားရဲတော့တာ..
ဦးခင်ညွန့်မှမဟုတ်၊ စစ်အာဏာရှင်တွေ အားလုံးပဲ.။

အကြောင်း နဲ့ အကျိုး တရားကို လက်မခံနိုင်ရင် ဘယ်တရားကို ယုံကြည်သလဲလို့ မေးခွန်းထုတ်ရမယ်။
အကြောင်းမရှိပဲ ဘယ်အရာမှ အကျိုးမဖြစ်ထွန်းဘူး။
သူတို့ ယုံကြည်တဲ့ဆိုတဲ့ ဗုဒ္ဓရှင် ကိုယ်တိုင်ဟောကြားခဲ့တဲ့ ဓမ္မစစ်ကို လက်မခံနိုင်ပဲ ငါတို့က ထေရ၀ါဒ ဗုဒ္ဓဘာသာလို့ ကြွေးကြော်မနေပါနဲ့..။

ချင်းသမိုင်း



ချင်းသမိုင်း
===================
===================

ချင်းဟူသော အမည်နာမ : ချင်းဟူသော အမည်နာမကို အစဦးကတည်းက
ချင်းတို့ကိုယ်တိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ ကချင်လူ မျိုး၊ ရှမ်းလူမျိုး၊
ဗမာလူမျိုးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
ချင်းလူမျိုးတို့၏ ချင်းလူမျိုးဆိုင်ရာ နှုတ်ရာဇ၀င်တွင် ချင်းနှင့် ကချင်သည်

မွေးချင်းညီအကိုများဖြစ်ကြပြီး တရုတ်ပြည်မှတဆင့်
ဟူကောင်းတောင်ကြားမှသည် ဗမာပြည်ထဲသို့ဝင်ရောက်လာခဲ့စဉ်က ညီဖြစ် သူ
ကချင်သည် အလေးသွားနေခိုက် အကိုဖြစ်သူ ချင်း သည် ညီကို မစောင့်ပဲ
ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင် တောငှက်ပျောပင်ကို ခုတ်ဖြတ်ခဲ့သည်။
ညီဖြစ်သူ က အကို ဖြတ်ခဲ့သော ငှက်ပျောအူတိုင် အတော်အတန်
ထွက်လာသည်ကို ကြည့်ပြီး အကို့ကို မှီနိုင် တော့မှာ မဟုတ်ဟု ဆိုပြီး
ကချင်ပြည်တွင် နေရစ်သွားခဲ့သည်။ အကိုဖြစ်သူ၏ ခြေရာ ကိုကြည့်ပြီး Khang
(ခြေရာ)ဟု ခေါ်ဆိုခဲ့သည်။

တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ (Competency Iceberg Model)

 

တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ (Competency Iceberg Model)
=======================================
ရေးသူ-အစိုင်း
Competency ရဲ့ အနက်အဓိပ္ပါယ်ကို ကျွမ်းကျင်လိမ္မာမှုလို့ မြန်မာမှုပြု ကောက်ယူလိုက်ပါတယ်။ Iceberg ဆိုတာကတော့ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ရေခဲတုံးပေါ့၊ အတ္တလန္တိတ် သမုဒ္ဒရာက ရေခဲတုံးကြီးတွေ ပင်လယ်မှာမျောနေတာ တိုက်တန်းနစ်ကားထဲမှာ တွေ့ဖူးကြမှာပေါ့။ ရေခဲတုံးဆိုတော့ ပေါ်တဲ့အပိုင်းက ပေါ်ပြီး မြုပ်တဲ့ ...
အပိုင်းက မြုပ်နေတယ်မဟုတ်လား။ ဒါကြောင့် “တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ”လို့ ခေါင်းစဉ် ပေးလိုက်ပါတယ်။

Wednesday, June 17, 2015

ဝဲယားနာအကြောင်း သိကောင်းစရာအဖြာဖြာ

 
 
ဝဲယားနာအကြောင်း သိကောင်းစရာအဖြာဖြာ
------------------------------------------

ဝဲစွဲတယ်၊ ၀ဲကုတ်နေရတယ် ဆိုတာဟာ စာရေးသူတို့ နေ့တစ်ဓူဝ ပတ်ဝန်းကျင်မှာ ရှိတတ်ပါတယ်။ တိုးတက်ဆဲနိုင်ငံဖြစ်နေတဲ့ အတွက် ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ၀ဲဖြစ်တာ အင်မတန် များကြပါတယ်။ ၀ဲရောဂါဖြစ်ပြီဆိုရင် ဒီလူ မသန့်ရှင်းလို့ပဲဆိုပြီး လူအများက သတ်မှတ်တတ်ကြပေမဲ့ တကယ်တမ်းပြောရရင် ၀ဲ ဖြစ်တိုင်းလည်း ညစ်ပတ်လို့မဟုတ်နိုင်ပါဘူး။ ဘာလို့လည်းဆိုရင် ၀ဲ ဟာ ကူးစက်လွယ်တဲ့ အရေပြားရောဂါ တစ်ခုဖြစ်နေတာမို့ ၀ဲ တွေနဲ့ပါလားဆိုပြီး နှာခေါင်းရှံ့ချင်ရင်တောင်မှ မရှံ့ကြပါနဲ့၊ မကူးစက်အောင်နေထိုင်ကြပါ၊ ဖြစ်နေသူကိုလည်း ကျန်းမာရေး ဗဟုသုတ အသိလေးတွေ မျှဝေပေးပါလို့ တိုက်တွန်းရင်းနဲ့ ဒီတစ်ပတ် အရေပြားမှာဖြစ်တတ်တဲ့ ၀ဲ Scabies အကြောင်းလေး လေ့လာကြည့်ကြရအောင်။
>> ၀ဲ ဘာကြောင့် ဖြစ်ရသလဲ

ဗုဒ္ဓလမ်းစဉ် နှင့် အစွန်းရောက်အစိုးရ

ဗုဒ္ဓလမ်းစဉ် နှင့် အစွန်းရောက်အစိုးရ
ဂိုလ်ရှယ်လေး
ကျနော်တို့ တိုင်းပြည်အား နိုင်ငံတကာ စတေးတပ်အရ ထေရ၀ါရ ဗုဒ္ဓဘာသာအား ၉၀ ရာနုန်းကျော် ကိုးကွယ်ကြသော တိုင်းပြည်ဟု ဆိုလေသည်မှာ လွတ်လပ်ရေးမရခင်နှင့် လွတ်လပ်ရေး ရပြီးထိတိုင်ပင် ရှိနေခဲ့သည်။
ဗုဒ္ဓ၏ အလယ်လတ်လမ်းစဉ် အား ဆရာတော်များစွာမှ ဟောကြားထားပြီးခဲ့လေပြီ ၊ သို့သော် တဖက်နားမှဝင် အခြားတဖက်နားမှ ထွက်သွားကြလေသည်ဟုမြင်ပါသည်။
ယခုတွင် စာရေးသူမှ ထိုအလယ်လမ်းစဉ်အား မိမိဖတ်ရှု့မိသော စာအုပ်မှ ဒသနပညာရှင် ဘဂါဝရန် ရှာရီး၏ ဗုဒ္ဓထံမေးခွန်းတင်သော ဖီလော်ဆော်ဖီ ပညာရှိတဦးအကြောင်း တင်ပြလိုပါသည်။ ၄င်းစာစဉ်အား တင်ပြထားသော ဘဂါဝရန်ရှာရီး၏ NO WATER NO MOON စာအုပ်မှ အကျဉ်းရုံးကောက်နုတ်တင်ပြနိုင်းယှဉ်ထားပါသည်။

ငှက်ပစ်သူ ကရင်သုံးဦးအား ဒဏ်ငွေ ဒေါ်လာ ၅၀ စီချမှတ်

 

ငှက်ပစ်သူ ကရင်သုံးဦးအား ဒဏ်ငွေ ဒေါ်လာ ၅၀ စီချမှတ်
-------
မက်ဆာချူးဆက်ပြည်နယ်၊ စပရင်းဖီးလ်မြို့ရှိ လူထုအပန်းဖြေ ပန်းခြံထဲတွင် လေးခွဖြင့် ကျေးငှက်သားကောင်ပစ်သောကြောင့် ဖမ်းဆီးအရေးယူခံထားရသော ကရင်အမျိုးသားသုံးဦးအား ဇွန်လ ၁၁ ရက်၊ ကြာသပတေးနေ့တွင် တရားရုံးက ဒဏ်ငွေ ဒေါ်လာ ၅၀ စီ ချမှတ်လိုက်ပါသည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ ပြောင်းရွှေ့လာသော ကရင်အမျိုးသား ပက်တီ ပူး (၅၄ နှစ်)၊ ခဲနီ မူး (၃၈ နှစ်) နှင့် ဆာဝ...
ါး (၆၀ နှစ်) တို့ကို မေလ ၂၇ ရက်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့၏ အမှုကို စစ်ဆေးရန် ဘာသာစကား အခက်အခဲရှိသောကြောင့် ဇွန်လ ၁၁ ရက်သို့ ရွှေ့ဆိုင်းခဲ့ရသည်။ ဘာသာစကား အခက်အခဲကြောင့် ၎င်းတို့ကို ဖမ်းဆီးချုပ်နှောင်ခြင်း မပြုဘဲ အချုပ်လွတ် တရားစီရင်ခဲ၏။

"လေးစားရသော တေးရေး၊ တေးဆို ကိုမောင်မောင်ဇော်လတ် (The Ants) ရဲ့ ငယ်ဘဝဇာတ်ကြောင်း တစေ့တစောင်း"

 

"လေးစားရသော တေးရေး၊ တေးဆို
ကိုမောင်မောင်ဇော်လတ် (The Ants) ရဲ့ 
ငယ်ဘဝဇာတ်ကြောင်း တစေ့တစောင်း"
{ဆောင်းပါးကို ရေးသားခဲ့သူကတော့
စာရေးဆရာ ဆရာနိုင်ဇော် ဖြစ်ပါသည်}...


==========================

စတုတ္တတန်းရောက်သောနှစ်တွင် မောင်မောင်ဇ်ာလတ် ဂစ်တာကို စပြီး စမ်းတီးကြည့်ခဲ့သည်။ အိမ်မှာ ဝမ်းကွဲအစ်ကိုဖြစ်သူ ကိုသန်းထွဋ် (ဆရာ စောင်းဦးမြင့်မောင်၏ သား) က လူပျိုပေါက် ဖြစ်နေပြီ။ ဂစ်တာကို တီးခတ်ကစားတတ်နေပြီဖြစ်၍ အစ်ကို လုပ်သလို သူလည်း လိုက် စမ်းတီးကြည့်ခြင်း ဖြစ်သည်။ ကိုသန်းထွဋ်က လက်အနေအထား အခြေခံ ကိုင်တွယ် တီးခတ်ပုံလေးတွေ သင်ပေးသည်။ ရပ်ကွက်ထဲက တီးတတ်နေသော အစ်ကိုကြီးတွေ၊ သူငယ်ချင်းတွေဆီကလည်း သင်ယူရသည်။

အောင်မြင်ချင်ရင်တော့ သူများနိုင်ငံလိုပဲ ပံ့ပိုး ဖြည့်ဆည်းပေးဖို့ လိုတယ် လို.

 
အောင်မြင်ချင်ရင်တော့ သူများနိုင်ငံလိုပဲ ပံ့ပိုး ဖြည့်ဆည်းပေးဖို့ လိုတယ် လို.
ပြောကြားလိုက်တဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နဲ. အင်တာဗျူး။
================================================
၈ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် မြန်မာ ယူ-၂၃ ဘောလုံး အသင်းကို မြန်မာပြည်သူ
သန်းပေါင်းများစွာက အားပေးခဲ့ကြသော်လည်း ထိုင်းအသင်းကို ၃ ဂိုး၊ ဂိုးမရှိဖြင့်
ရှုံးနိမ့် ခဲ့ကာဒုတိယဆု ငွေတံဆိပ်နှင့်သာ ကျေနပ်ခဲ့ရသည်။ မျှော်လင့်ချက်များစွာ
ဖြင့် ပြည်သူလူထုတရပ်လုံး၏ စိတ်ဝင် စားမှုကို ဆွဲဆောင်နိုင်ခဲ့သော မြန်မာ
ယူ ၂၃ ဘောလုံးအသင်း၏ ရှုံးနိမ့်မှုအတွက် အများစု စိတ်မကောင်းဖြစ် ကြသော်
လည်း လိုအပ် ချက် ပေါင်းများစွာရှိနေသည့်ကြားမှ ဗိုလ်လုပွဲထိတိုင် တက်ရောက်
နိုင်မှုကို ပြည်သူများက ဂုဏ်ယူကြောင်း ပြောဆို ကြသည်။ ဆီးဂိမ်းဘောလုံး
ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော မြန်မာ ဘောလုံးအသင်းနှင့်ပတ်သက်၍ စင်ကာပူ နိုင်ငံရောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို
ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်း ထား သည်။

သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "

 

သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "
********************************* ^^^^^^^^^^^^^^^^^^^^^^^
ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို...

ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

ပလ္လင်ပေါ်ကသူခိုး

 
 
ပလ္လင်ပေါ်ကသူခိုး
တစ်နေ့တော့ ဗြဟ္မဒတ်မင်းကြီးဟာ ရုပ်ဖျက်ပြီး ပြည်သူတွေကြားထဲဆင်းလာတယ်။ အဲဒါ ဟိုးရှေးခေတ်က ဘုရင်တွေ လုပ်နေကျပဲ။ မင်းဆိုတာ သာမန်ပြည်သူတွေက မော်လို့မဖူးရသူတွေဆိုတော့ သူ့ရုပ်ကိုလည်း မြင်ဖူး သူက ခပ်ရှားရှားပဲ။
မင်းကြီးက ဇရပ်တစ်ဆောင်မှာထိုင်နေတုန်း သူခိုးတစ်ယောက် ရောက်လာတယ်။ သူခိုးက
"အဆွေ .. ဘာများ လုပ်ကိုင်ပါသနည်း" လို့ မေးလိုက်တယ်။ ဒီတော့ ဘုရင်ကလည်း
"ငါသည် သူခိုး တစ်ယောက်ဖြစ်တယ်" လို့ပြောတယ်။ သူခိုးကလည်း...

"သင်နဲ့ငါ ဘ၀တူတွေ ဖြစ်တယ်။ ဒါကြောင့် ဒီည ငါတို့ အတူတူ ခိုးကြစို့" လို့ပြောလိုက်တယ်။ ဒါပေမဲ့ သူခိုးက သူခိုးယောင်ဆောင်ထားတဲ့ မင်းကို
"သင့်အား ငါမေးခွန်း နည်းနည်း မေးပါရစေ" လို့ပြောလိုက်တယ်။ သူခိုးတုကလည်း "မေးလေ" လို့ ဆိုလိုက် တော့ သူခိုးက

ဘားမားကမှ လိပ်ပြာသန့်တယ်..။

 
ဘားမားကမှ လိပ်ပြာသန့်တယ်..။
မြန်မာကို ကမ္ဘာက သိတဲ့အထဲမှာ ယဉ်ကျေးမှု ရှေးဟောင်း အနုပညာလက်ရာတွေပါတယ်ဆိုပေမယ့် ၁၉၉၀ကျော် နောက်ပိုင်း ကမ္ဘာ့ လူတော်တော်များများ သိတာကတော့ ဒေါ်အောင်ဆန်းစုကြည်နာမည်ဆိုတာလည်း ငြင်းလို့မရပါဘူး။
ဘားမားလို့ ပြောရင် တိုင်းတပါးသားတွေက အူကြောင်ကြောင်တွေနဲ့..အောင်ဆန်းစုကြည်..နိုဘယ်လ်ဝင်းနား လို့ပြောမှ..အို့..ရက်စ်..ဘားမား..ဒီမိုကရေစီ..ဆိုပြီး သူတို့ သိတဲ့အကြောင်း နောက်ဆက်တွဲ ၀ိသေသနနဲ့ တွေ တွဲပြီးပြောလာတယ်။

Saturday, June 13, 2015

ဆရာမပြောတဲ့ စင်ဒရဲလားပုံပြင်

 
ဆရာမပြောတဲ့ စင်ဒရဲလားပုံပြင်
---------------------------------------

“စင်ဒရဲလား” ပုံပြင်ကို လူတိုင်းဖတ်ဖူး၊ ကြားဖူး၊ ကြည့်ဖူးကြမှာပါ။ “စင်ဒရဲလား” ပုံပြင်ကို အနောက်နိုင်ငံ အမေရိကားမှာရှိတဲ့ ကျောင်းတစ်ကျောင်းက ဆရာမတစ်ဦးက သူ့အတန်းသားတွေကို ဒီလို ပြောပြခဲ့ပါသတဲ့....
...

ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာမက ကလေးတစ်ယောက်ကို အတန်းရှေ့ထွက်ပြီး “စင်ဒရဲလား” ပုံပြင်ကို အပြောခိုင်းခဲ့တယ်။ ကလေးလေးက အလွတ်နီးပါးရနေတဲ့ပုံပြင်ကို အတန်းသားအားလုံး ကြားအောင် ပြောလိုက်တယ်။ ပုံပြင်ပြီးတော့ ဆရာမက မေးခွန်းစထုတ်တော့တယ်။

ခရုသင်းရောဂါနှင့် ဧကရာဇ်မြစ်

 
ခရုသင်းရောဂါနှင့် ဧကရာဇ်မြစ်
post by :KayanTimes

ခရုသင်းရောဂါ ရှိလျှင် ဆေးနည်းမှာ.... ဧကရာဇ်မြစ် အစို (၂၀)ကျပ်သား နှင့် ထန်းလျက် (၁)ပိဿာအား ရေအနည်း ငယ်ထည့်၍ လက်ကော်ရ အောင် ကျိုချက်ပါ။

၎င်းအား နံနက် နှင့် ည ဟင်းစားဇွန်း(၂)ဇွန်းစီ နေစဉ်သောက်
ပေးပါက အရေပြားတွင် ဆွတ်ဆွတ်ဖြူသော (သမင်ဖြူ) ခရုသင်း နာအား တစ်နေ့တခြား လျော့ပါးစေသည်။ တစ်ကိုယ်လုံး ငုံနေသော ဝေဒနာရှင်များအဖို့ ဆေးဖုံများစွာ ဇွဲရှိရှိ သောက်သုံးရန် လိုလေသည်။

ဟင်းသီး ဟင်းရွက် အခေါ်အဝေါ်များ

 

ဟင်းသီး ဟင်းရွက် အခေါ်အဝေါ်များ
▬▬▬▬▬▬▬▬▬▬
၁။ ချဉ်ပေါင်ရွက် = Sour green, Roselle, Sorrel kenaf
၂။ ဂေါ်ရခါးသီး = Chayote/ Marrow/ Chaico
၃။ ဂေါ်ဖီထုပ် = Cabbage...

၎။ ကညွတ် = Asparagus
၅။ ဟင်းနုနွယ် = Spinach
၆။ ခရမ်းသီး = Egg plant
ရ။ မျှစ် = Bamboo shoot/ elephant bamboo shoot

ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း သိကောင်းစရာ လေးများ

 


ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း သိကောင်းစရာ လေးများ

လူ့ ခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နိုင်သော ကြွက်သား
နှင့် (၂) မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။ ဥပမာ
ခြေ နှင့် လက်တို့  မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို...

့ပြုလုပ်ချိန်မှာ သုံးနိုင်သည့်ကြွက်သားကို ထိန်းချုပ်နိုင်သောကြွက်သားဟု
ခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို့ ဖြစ်စေနိုင်သော
ကြွက်သားကိုတော့ မထိန်း ချုပ်နိုင်သော ကြွက်သားလို့ ခေါ်ပါတယ်။

Useful Organizational Terms (အသုံးများသော အဖွဲ့အစည်းအခေါ်အဝေါ်များ)

 

Useful Organizational Terms (အသုံးများသော အဖွဲ့အစည်းအခေါ်အဝေါ်များ)
==================================================
1. Goal - (ပန်းတိုင်။)
2. Vision - (ရေရှည် ရည်ရွယ်ချက်။)
3. Mission - (ရေလတ် ရည်ရွယ်ချက်။)...

4. Objective - (ရည်ရွယ်ချက်။)
5. Project - (စီမံကိန်း။)
6. Organization - (အဖွဲ့အစည်း။)
7. Management - (စီမံခန့်ခွဲမှု။)